Kawao Newsgroup

  • Home
  • Kawao Newsgroup

Kawao Newsgroup Committed to social justice, peace and democracy in Burma. The media will expose the truth and those who are there to expose the errors.

Our aim is to provide an in-depth analysis that will help to promote lasting change and peace
မြန်မာနိုင်ငံတွင် လူမှုတရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးတို့ကို အထူးလိုအပ်နေသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ရေရှည်တည်တံ့သော အပြောင်းအလဲနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေမည့် သုတေသန၊ မှတ်တမ်းပြုစုခြင်းနှင့် ခွဲခြမ်းစိတ်ဖြာနိုင်ရန် အချက်အလက်များကို ပံ့ပိုးပေးရန် ဖြစ်သည်။

____________________________

Editorial

The role of the media has become important in today’s internet-connected age. Media platforms, whether traditional or digital, focus on awareness; Focusing on expert opinion and not playing an important role in protecting democratic principles. The Journal of Fine Journalism focuses on everything from corruption to holding government groups and individuals accountable to parliaments and to bringing change to light on social injustices. In today’s hyper-reported world, media literacy is critical in combating disinformation without a bias. Media should strive for comprehensive and truthful reporting. Trusted civic journalism standards oversight and validation are also important for news media organizations. The media can influence corporate; trips and guides, including idealism and distrust. In conclusion, as media practitioners, we develop media literacy, and media organizations are held accountable for their standards of conduct, with a more informed and cognizant recognition of the power and responsibility of the media


Regards,

Editor

KAOWAO NEWS GROUP

Tel: + 66 8617 561 67 (Thailand),

Email: [email protected]

http://www.kaowao.asia Burmese Version

www.mon.kaowao.asia Mon Version

www.en.kaowao.asia English Version

http://www.burmalibrary.org/show.php?cat=1215&lo=d&sl=0

Online Burma Library — http://www.burmalibrary.org

ABOUT US

Kaowao Newsgroup is committed to social justice, peace, and democracy in Burma. We hope to be able to provide an in-depth analysis that will help to promote lasting change and peace within Burma. Editors, reporters, writers, and overseas volunteers are dedicated members of the Mon activist community based in Thailand. Our motto is “working together for change and lasting peace.”
_________________________________

ကောင်းဝါ အယ်ဒီတာ့အာဘော်

အင်တာနက်ကွန်ရက်ဆက်ကြောင်းများဖြင့် ချိတ်ဆက်နေသော ယနေ့ခေတ် ကမ္ဘာကြီးတွင် မီဒီယာများ၏ အခန်းကဏ္ဍသည် ပို၍အရေးပါလာပါသည်။ သမားရိုးကျဖြစ်စေ ဒစ်ဂျစ်တယ်ဖြစ်စေ မီဒီယာပလက်ဖောင်းများသည် အသိအမြင်ကို မြှင့်တင်ရန်၊ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်နှင့် ဒီမိုကရေစီအခြေခံမူများကို အကာအကွယ်ပေးရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။

ထို့ပြင် မီဒီယာသည် အမှန်တရားကို ဖော်ထုတ်ရန်နှင့် အမှားအယွင်းများကို ဖော်ထုတ်ရန် စောင့်ကြည့်နေသူများလည်း ဖြစ်သည်။ စုံစမ်းစစ်ဆေးရေး ဂျာနယ်လစ်ဇင်မှတဆင့် မီဒီယာများသည် အဂတိလိုက်စားမှုများမှအစ အစိုးရများ၊ အဖွဲ့အစည်းများနှင့် လူတစ်ဦးချင်းစီ၏ လုပ်ဆောင်ချက်များအတွက် တာဝန်ယူမှုကို ချုပ်ကိုင်ရာတွင်လည်းကောင်း လူမှုရေးမမျှတမှုများကို အလင်းပေးခြင်းဖြင့် အပြောင်းအလဲအတွက် အထောက်အကူဖြစ်စေသည်။

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ၊ ကျင့်ဝတ်ဆိုင်ရာဂျာနယ်လစ်ဇင်စံနှုန်းများ၊ အချက်အလက်စစ်ဆေးခြင်းနှင့် အတည်ပြုခြင်းလုပ်ငန်းစဉ်များသည်လည်း မီဒီယာအဖွဲ့အစည်းများအတွက် အရေးကြီးပါသည်။

သို့သော်လည်း မီဒီယာများသည် ကော်ပိုရိတ်သြဇာလွှမ်းမိုးမှု၊ စိတ်ကူးယဉ်ဆန်မှုနှင့် ယုံကြည်မှု ပျက်ပြားမှုတို့အပါအဝင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ နိဂုံးချုပ်အနေဖြင့် မီဒီယာသမားများ ကျွန်ုပ်တို့သည် မီဒီယာတတ်မြောက်မှုကို ပြုစုပျိုးထောင်ပြီး မီဒီယာအဖွဲ့အစည်းများသည် ၎င်းတို့၏ကျင့်ဝတ်စံနှုန်းများအတွက် တာဝန်ခံမှုရှိရမည်ဖြစ်သည်။ မီဒီယာ၏ ပါဝါနှင့် တာဝန်ကို အသိအမှတ်ပြုခြင်းဖြင့် ပိုမိုအသိဥာဏ်ရှိသော၊ တရားမျှတပြီး ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းကိုဖန်တီးရန်နှင့် ကောင်းမွန်သောအနာဂတ်ကို ကျွနုပ်တို့တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
_________________________________

ဂလာန်ညးဒါန်လိက်ကဴဝဴ

ဂကူမန်တံဝွံ ဗီုကောန်ဍုင်အရင် ဂကူတၞဟ်ဟ်တံကီု သွက်သ္ဂောံဒက်ပတန်တွဵုရးမဍိုက်ပေင်ကဵုအဝဵုပရေင်အုပ်ဓုပ် မပ္တံကဵုကံကုသဵုဇကု ဇကုဖန်ဖက်ကေတ်မာန်တံဂှ် သၞာံကာလဗွဲမလံလ နကဵုပေါဲဗတိုက်နာနာ ဂိုတ်ဂစာန်လွဳပရာကၠုင်မံင်ဟဂှ်ရ။

အဓိကတန်ရန်တၟံဂကူမန်တံမတွံမ္ဂး တွဵုရးမန်မဍိုက်ပေင်ကဵုအဝဵုပရေင်အုပ်ဓုပ်၊ အဝဵုမခၞံဗ္ဒျ်သၞောဝ်ကေုာံ အဝဵုစဳရေင်ပြုပြင်ကုတ်ဒဏ်သၞောဝ်တံဟေင် သွက်ဂွံမင်မွဲထိင်ဒဝ်အာ အာဲကၟာဲယေန်သၞာင်ဇုဇဗဴလတံရောင် စှ်ေလဝ်စိုတ်ရ။

သာ်ဏံသၟးဟွံက ဂကူမန်ဝွံ မၞုံဍိုက်ပေင်ကဵု မပိုင်ပြဳကၠုင်တိဍာ်ကၟိန်ဍုင် သီုကဵုစရာဲရာဇဝင် ကေုာံ အာဲကၟာဲလိက်ပတ်ယေန်သၞာင်ကွတ်ပညာနာနာတံဟီုမ္ဂး သၞာံဗွဝ်ကၠံဗွဲမဂၠိုင် ပြာကတ်တန်တဴကၠုင်လဝ် အလုံတိုက်အာယှမွဲဏံ ညံင်ဂွံဆက်တန်တဴပြာကတ်တိုန်ကၠုင်ပၠန်ဂှ် အရာကိစ္စဇၞော်သွက်ဂကူပိုဲရောင်။

ဟိုတ်ဂှ်ရ နကဵုလက်ျှန်ဝိသေသတၟေင် ဂကူဇၞော်မွဲမွဲ အကြာဂကူကောန်ဍုင်အရင်ဂမၠိုင် အကြောဂကူ ညးမွဲကုညးမွဲ သွက်သ္ဂောံသ္ပအဲပရဲစၟတ်သမ္တီ နကဵုသကေႅတ သၞောတ်ပရေင်ဍုင်ကွာန်ချိုတ်ပၠိုတ်မွဲမွဲဂှ် ညးဍုင်ကွာန်မန်တံသီုဖအိုတ် နွံမံင်ပၟိက်ဆန္ဒပေင်င်ရောင်။

“ဍုင်မန်ပံင်ကောံဟာ-ဍုင်မန်တၞဟ်ခြာဟာ” အကြာဂကူမန်တံ လညာတ်ဒုင်ဂိုင်ကေတ် တၞဟ်ခြာညးသ္ကံဒှ်မာန်ကီုလေဝ် ဆန္ဒဍာံဍာံဒးဟီုမ္ဂး နွံမံင်ပၟိက်ကု ပရေင်အုပ်ဓုပ်ဇကုဇေတ်တ် ပရေင်အုပ်ဓုပ်ဇကုဍိုက်က်ပေင်ပေင်ဟေင်မဒှ်တုဲ သွက်ဂွံထိင်ဒဝ်မင်မွဲသၠုင်ပတိုန်အာ အာဲကၟာဲယေန်သၞာင်ပြဝေဏဳအခိုက်ကၞာမန် ဒၞာဲတိဍာ်ဇုဇမန်တံ ဗွဲလအိတ်ရောင်။

ကၞေတ်တဲဂကူမွဲကဵုမွဲ ဒုင်သဇိုင်ကဵုအခေါင်တုပ်သၟဟ်၊ ပရေင်သ္ပစၟတ်သမ္တီကေုာံ ကံပရေင်ဇကု ဇကုဖန်က်ကေတ်မာန် ညံင်ဂွံဒက်ပတန်အာမာန်ဂှ် ဆန္ဒညးဍုင်ကွာန်မန်ဍာံဍာံဇေတ်တ်ရောင် ကဴဝဴကလေင်ဆဝ်ဗ္ရုဟ်ဏာ ကောန်ဂကူမန်အလုံဂၠးကဝ်တံရအဴ။

နွန်ထဘူရီကျောင်းပစ်ခတ်မှုတွင် ၈ ဦးသေဆုံး၊ ဖြစ်စဉ်အသေးစိတ်အချက်အလက်များနွန်ထဘူရီ - ဩဂုတ် (၇)ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင...
07/08/2026

နွန်ထဘူရီကျောင်းပစ်ခတ်မှုတွင် ၈ ဦးသေဆုံး၊ ဖြစ်စဉ်အသေးစိတ်အချက်အလက်များ
နွန်ထဘူရီ - ဩဂုတ် (၇)

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်ရှိ ဒက်ဖ်စီရင် (Debsirin) ကျောင်းမှာ သောကြာနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုဟာ ထိုင်းနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ကျောင်းတွင်းပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့ပြီး သေနတ်သမား ကျောင်းသားရဲ့ အဘိုးအဘွားများအပါအဝင် စုစုပေါင်း ၈ ဦး သေဆုံးကာ ၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ သိရှိထားရတဲ့ အသေးစိတ်အချက်အလက်တွေမှာ -

တိုက်ခိုက်မှုဖြစ်စဉ်
ပစ်ခတ်မှုဟာ ဩဂုတ်လ ၇ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ နွန်ထဘူရီခရိုင်၊ ဘန်ကရွေမြို့နယ်ရှိ ဒက်ဖ်စီရင်ကျောင်းမှာ စတင်ခဲ့တာပါ။

သေနတ်သံတွေ ထွက်ပေါ်လာချိန်မှာ ဆရာတွေက ကျောင်းသားတွေကို ဘေးလွတ်ရာကို အမြန်ရွှေ့ပြောင်းပေးခဲ့ရသလို၊ တချို့ကလည်း စာသင်ခန်းထဲမှာ တံခါးပိတ်အောင်းနေခဲ့ကြရပါတယ်။

အထူးရဲတပ်ဖွဲ့ (Arintharaj 26) နဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေက ကျောင်းဝင်းကို ချက်ချင်းဝိုင်းပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရပါတယ်။

သေဆုံးနှင့် ဒဏ်ရာရရှိမှု
အာဏာပိုင်တွေရဲ့ အတည်ပြုချက်အရ သေဆုံးသူ ၈ ဦးရှိပြီး ၎င်းတို့မှာ -

• ကျောင်းဆရာ/ဆရာမ ၅ ဦး
• အသက် ၁၄ နှစ်အရွယ် သေနတ်သမားကျောင်းသား (မိမိကိုယ်ကိုယ် အဆုံးစီရင်)
• သေနတ်သမားရဲ့ အဘိုးနှင့် အဘွား (နေအိမ်၌ အသတ်ခံရသူများ)
ဒဏ်ရာရရှိသူ အနည်းဆုံး ၂၂ ဦးရှိပြီး အဲ့ဒီအထဲက ဆရာ ၂ ဦးနဲ့ ကျောင်းသား ၇ ဦး၊ စုစုပေါင်း ၉ ဦးဟာ အခြေအနေ စိုးရိမ်ရတာကြောင့် ဖရာနန်ကလောင်ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။

နေအိမ်၌ အဘိုးအဘွားများ အသတ်ခံရမှု
ရဲတပ်ဖွဲ့က သေနတ်သမားရဲ့ ဘန်ဘွားထောင်မြို့နယ်ရှိ နေအိမ်ကို သွားရောက်ရှာဖွေရာမှာ အဘိုးနဲ့ အဘွားဖြစ်သူတို့ရဲ့ ရုပ်အလောင်းတွေကို ခေါင်းမှာ သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ပါတယ်။ သေနတ်သမားဟာ ငယ်စဉ်ကတည်းက မိဘတွေကွဲနေလို့ အဘိုးအဘွားတွေနဲ့အတူ နေထိုင်လာခဲ့သူဖြစ်ပြီး ကျောင်းကိုမလာခင်မှာ သူတို့ကို အရင်ဆုံး ပစ်သတ်ခဲ့တာလို့ ယူဆရပါတယ်။

အသုံးပြုခဲ့သည့် လက်နက်
ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ သေနတ်ဟာ အငြိမ်းစားကျောင်းဆရာဖြစ်သူ အဘိုးဖြစ်သူအမည်နဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ လက်နက်ဖြစ်ပါတယ်။

ကျောင်းသားဟာ အိမ်ကဗီဒိုထဲမှာ သိမ်းထားတဲ့ သေနတ်ကို ခိုးယူလာခဲ့တာဖြစ်ပြီး ကျည်ဆန် ၉၈ တောင့်လောက် ယူဆောင်လာခဲ့ပါတယ်။ ပစ်ခတ်မှုအပြီးမှာ သူ့ရဲ့လွယ်အိတ်ထဲမှာ ကျည်ဆန် ၃၀ ကျော် ကျန်ရှိနေသေးတာကို တွေ့ရပါတယ်။

ကျောင်းတွင်းဖြစ်စဉ်
သေနတ်သမားဟာ ပထမဆုံး စာသင်ချိန်ကို ပုံမှန်အတိုင်း တက်ရောက်ခဲ့ပြီးမှ သေနတ်ထုတ်ကာ စတင်ပစ်ခတ်ခဲ့တာပါ။

ပထမဆုံး အပစ်ခံရသူဟာ တခြားဆရာတစ်ဦးကိုယ်စား ဝင်ရောက်သင်ကြားပေးနေတဲ့ သင်္ချာဆရာတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် ကျောင်းတလျှောက် ပတ်ပစ်ခဲ့ပြီး ရဲတွေမရောက်ခင်မှာပဲ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

လွတ်မြောက်လာသူများ၏ ပြောပြချက်
၁၂ တန်းကျောင်းသားတစ်ဦးက "ပထမတော့ ငှက်ခြောက်တဲ့ အသံအောက်မေ့တာ၊ နောက်မှ ဆရာမတစ်ယောက် အပစ်ခံရပြီလို့ အော်သံကြားတော့မှ အတန်းထဲမှာ တံခါးပိတ်၊ မီးပိတ်ပြီး စားပွဲကုလားထိုင်တွေနဲ့ ကာထားခဲ့ရတာ" လို့ ပြောပါတယ်။

သန့်ရှင်းရေးဝန်ထမ်းတစ်ဦးကလည်း သေနတ်သမားဟာ သေနတ်ကိုင်ပြီး လမ်းလျှောက်နေချိန်မှာ အရမ်းတည်ငြိမ်နေပြီး ထိတ်လန့်တဲ့ပုံ လုံးဝမပြဘူးလို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုများ
သေနတ်သမားရဲ့ ကွန်ပျူတာကို စစ်ဆေးရာမှာ သူဟာ US က ကျောင်းပစ်ခတ်မှုတွေကို အရင်ကတည်းက လေ့လာထားတာ တွေ့ရပါတယ်။

ဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ် ကတော့ ဒီကျောင်းသားဟာ စာမေးပွဲဖိအားတွေကြောင့် စိတ်ဖိစီးပြီး အခုလို ကြိုတင်ကြံစည်လုပ်ဆောင်ခဲ့တာလို့ ကနဦး ယူဆထားပါတယ်။ ဒါပေမဲ့ တိကျတဲ့ အကြောင်းရင်းကိုတော့ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Crd- Khaosod English

#နွန်ထဘူရီ #ကျောင်းတွင်းပစ်ခတ်မှု #ထိုင်းသတင်း #မှုခင်းသတင်း #အနိုင်ကျင့်မှုကာကွယ်ရေး

နွန်ထဘူရီကျောင်းပစ်ခတ်မှုတွင် သေဆုံးသူတစ်ဦးလျှင် ဘတ် ၁ သန်းစီ လျော်ကြေးပေးရန် အစိုးရအတည်ပြုနွန်ထဘူရီ - ဩဂုတ် (၇)နွန်ထဘူရ...
07/08/2026

နွန်ထဘူရီကျောင်းပစ်ခတ်မှုတွင် သေဆုံးသူတစ်ဦးလျှင် ဘတ် ၁ သန်းစီ လျော်ကြေးပေးရန် အစိုးရအတည်ပြု
နွန်ထဘူရီ - ဩဂုတ် (၇)

နွန်ထဘူရီခရိုင်၊ ဒက်ဖ်စီရင် (Debsirin) ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးသွားသူတွေအတွက် တစ်ဦးလျှင် ဘတ် ၁ သန်းစီ လျော်ကြေးပေးဖို့ ထိုင်းအစိုးရက ဒီကနေ့မှာ အတည်ပြုလိုက်ပါတယ်။

ဒီဖြစ်ရပ်ကို အရင်က ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေအတိုင်း "အများပြည်သူဆိုင်ရာ ဘေးအန္တရာယ်" (Public Disaster) အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဩဂုတ်လ ၇ ရက် ညနေပိုင်းမှာ ဝန်ကြီးချုပ်ရုံးဝန်ကြီး Paradorn Prissananantakul ဦးဆောင်တဲ့ ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ရန်ပုံငွေကော်မတီက အစည်းအဝေးပြုလုပ်ပြီး ဒီလျော်ကြေးငွေတွေကို အမြန်ဆုံး ပေးအပ်နိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

လက်ရှိမှာ အဲ့ဒီရန်ပုံငွေအဖွဲ့မှာ ဘတ် ၂၅၄ သန်း အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။

လျော်ကြေးပေးမယ့် စံနှုန်းတွေကတော့ -
သေဆုံးသူ (၇ ဦး) အတွက်: တစ်ဦးလျှင် ဘတ် ၁ သန်း

အမြဲတမ်း မသန်စွမ်းဖြစ်သွားသူများအတွက်: ဘတ် ၇ သိန်း

ပြင်းထန်ဒဏ်ရာရသူများအတွက်: ဘတ် ၂ သိန်း

ဒဏ်ရာအနည်းငယ်ရသူများအတွက်: ဘတ် ၁ သိန်း

ဒါ့အပြင် သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် အသုဘစရိတ်အဖြစ် ဘတ် ၅ သောင်း၊ နေထိုင်စရိတ် အကူအညီ ဘတ် ၃ သောင်းနဲ့ အသက် ၂၅ နှစ်အောက် ကလေးရှိတဲ့ မိသားစုတွေအတွက် နောက်ထပ် ဘတ် ၅ သောင်းစီကိုလည်း ထပ်တိုးပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဝန်ကြီး Paradorn ကတော့ ဒီလျော်ကြေးတွေကို ရက်ပိုင်းအတွင်း ရရှိအောင် အမြန်ဆုံး ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ အစိုးရတာဝန်ရှိသူတွေကလွဲလို့ ကျန်တဲ့သူတွေကို လူသူထူထပ်တဲ့နေရာမှာ သေနတ်ကိုင်ဆောင်ခွင့် လုံးဝပိတ်ပင်ထားပြီး၊ သေနတ်ဥပဒေ (Fi****ms Act) ကိုလည်း ပိုမိုတင်းကျပ်သွားဖို့ လွှတ်တော်မှာ တင်ပြသွားမယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုဟာ တစ်ဦးတစ်ယောက်က ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ပေမဲ့ ဆရာတွေနဲ့ ကျောင်းသားတွေ ပုံမှန်စာသင်ကြားနေတဲ့ စာသင်ကျောင်းထဲမှာ ဖြစ်ပွားခဲ့တာကြောင့် အများပြည်သူဆိုင်ရာ ဘေးအန္တရာယ်အဖြစ် သတ်မှတ်ပြီး အစိုးရက အခုလို ကူညီပေးတာ ဖြစ်ပါတယ်။

Crd- Khaosod English

#နွန်ထဘူရီ #ကျောင်းတွင်းပစ်ခတ်မှု #ထိုင်းအစိုးရ #လျော်ကြေးငွေ #သေနတ်ဥပဒေ

ကျောင်းပစ်ခတ်မှုကျူးလွန်သူ၏ ကွန်ပျူတာတွင် သေနတ်ပစ်နည်းနှင့် ကျောင်းပစ်ခတ်မှု ဗီဒီယိုမှတ်တမ်းများ တွေ့ရှိနွန်ထဘူရီ - ဩဂုတ...
07/08/2026

ကျောင်းပစ်ခတ်မှုကျူးလွန်သူ၏ ကွန်ပျူတာတွင် သေနတ်ပစ်နည်းနှင့် ကျောင်းပစ်ခတ်မှု ဗီဒီယိုမှတ်တမ်းများ တွေ့ရှိ
နွန်ထဘူရီ - ဩဂုတ် (၇)

နွန်ထဘူရီခရိုင်၊ ဒက်ဖ်စီရင် (Debsirin) ကျောင်းမှာ သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ ကျောင်းသားရဲ့ ကွန်ပျူတာကို ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ ပြည်ပက ကျောင်းတွင်းပစ်ခတ်မှု ဖြစ်စဥ်တွေ၊ လူအစုလိုက်အပြုံလိုက် ပစ်ခတ်သူတွေအကြောင်း ဗီဒီယိုတွေနဲ့ Roblox ဂိမ်းထဲက သေနတ်ကိုင်တွယ်ပုံ သင်ခန်းစာလင့်ခ်တွေကို YouTube Watch History ထဲမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီကနေ့ ဩဂုတ်လ ၇ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ နွန်ထဘူရီခရိုင်၊ ဘန်ဘွားထောင် (Bang Bua Thong) မြို့နယ်ရှိ နေအိမ်တစ်လုံးမှာ လူ ၂ ဦး သေနတ်နဲ့ အပစ်ခံရကြောင်း သတင်းရလို့ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။ အသက် ၇၃ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မီးဖိုချောင်ထဲမှာ သေဆုံးနေပြီး၊ အသက် ၇၄ နှစ်အရွယ် သူ့ရဲ့ဇနီးကတော့ အိမ်ရဲ့ ဒုတိယထပ်က ကုတင်ပေါ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။

သေဆုံးသူ ဇနီးမောင်နှံဟာ ဒက်ဖ်စီရင်ကျောင်းမှာ ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသားရဲ့ အဘိုးနဲ့ အဘွား ဖြစ်ကြပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့ အဆိုအရ ဒီကျောင်းသားဟာ သောကြာနေ့ မနက်စောစောပိုင်းမှာ သူ့အဘိုးပိုင်တဲ့ ၉ မမ ပစ္စတိုသေနတ်ကို အသုံးပြုပြီး အဘိုးနဲ့ အဘွားကို အရင်ဆုံး ပစ်သတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှ ကျောင်းကိုသွားပြီး လူအများအပြားကို ထပ်မံပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

နေအိမ်ကို ရှာဖွေရာမှာတော့ ဒက်စတော့ (Desktop) ကွန်ပျူတာတစ်လုံးကို တွေ့ရှိခဲ့ပြီး အဲ့ဒီထဲက ရှာဖွေမှုမှတ်တမ်း (Search History) တွေအရ ဇူလိုင်လ ၃၀ ရက်နေ့ကတည်းက ပြည်ပက ကျောင်းတွင်းပစ်ခတ်မှု ဗီဒီယိုတွေကို ကြည့်ရှုခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ဒီကနေ့ ပစ်ခတ်မှုမတိုင်ခင် တစ်ပတ်ကျော်ကတည်းက ကြိုတင်လေ့လာ ပြင်ဆင်ထားတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

ထို့အတူ ကျောင်းသားရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ အိမ်ဘေးမှာ ချိတ်ဆွဲထားတဲ့ နာဇီ (N**i) အလံတစ်ခုကို ထပ်မံတွေ့ရှိခဲ့ပါတယ်။

Crd- Khaosod English

#နွန်ထဘူရီ #ကျောင်းတွင်းပစ်ခတ်မှု #ထိုင်းသတင်း #မှုခင်းသတင်း #မြန်မာ့သတင်း

ကျောင်းသားက နွန်ထဘူရီကျောင်းမှာ လာမပစ်ခတ်မီ အဘိုးအဘွားများကို အရင်ပစ်သတ်ခဲ့နွန်ထဘူရီ - ဩဂုတ် (၇)နွန်ထဘူရီခရိုင်၊ ဒက်ဖ်စီ...
07/08/2026

ကျောင်းသားက နွန်ထဘူရီကျောင်းမှာ လာမပစ်ခတ်မီ အဘိုးအဘွားများကို အရင်ပစ်သတ်ခဲ့
နွန်ထဘူရီ - ဩဂုတ် (၇)

နွန်ထဘူရီခရိုင်၊ ဒက်ဖ်စီရင် (Debsirin) ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ သေနတ်သမား ကျောင်းသားဟာ ကျောင်းကို မလာခင်မှာ သူ့ရဲ့ အဘိုးနဲ့ အဘွားဖြစ်သူကို နေအိမ်မှာတင် အရင်ဆုံး ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သောကြာနေ့ (ဩဂုတ် ၇ ရက်) မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

သေနတ်သမားဟာ ၈ တန်း (Mathayom 2) ကျောင်းသားတစ်ဦးဖြစ်ပြီး ဘန်ဘွားထောင် (Bang Bua Thong) မြို့နယ်ရှိ နေအိမ်မှာ အဘိုးအဘွားတွေနဲ့အတူ နေထိုင်သူ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က အဲ့ဒီနေအိမ်ကို သွားရောက်စစ်ဆေးရာမှာ အဘိုးနဲ့ အဘွားဖြစ်သူတို့ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ သူတို့ကို သတ်ဖြတ်ခဲ့တဲ့ သေနတ်ဟာ ကျောင်းမှာ ပစ်ခတ်ခဲ့တဲ့ အဘိုးဖြစ်သူအမည်နဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ CZ ၉ မမ ပစ္စတိုသေနတ်ပဲ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

လက်ရှိမှာတော့ ကျောင်းအတွင်း အခြေအနေကို ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။

သေနတ်သမားရဲ့ အပြုအမူနဲ့ နောက်ခံအကြောင်းအရင်းတွေကို အသေးစိတ် စုံစမ်းနေဆဲဖြစ်လို့ ပစ်ခတ်ရတဲ့ အကြောင်းရင်း (Motive) ကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။

အဓိက စစ်ဆေးနေတာကတော့ ဒီကျောင်းသားဟာ အဘိုးဖြစ်သူ သိမ်းဆည်းထားတဲ့ သေနတ်နဲ့ ကျည်ဆန်တွေကို ဘယ်လိုနည်းနဲ့ ရယူခဲ့သလဲဆိုတာပဲ ဖြစ်ပါတယ်။

ထိုင်းရဲချုပ်ကတော့ အခင်းဖြစ်ရာနေရာကို သေချာစစ်ဆေးဖို့နဲ့ စိတ်ပညာရှင်များ၊ စိတ်ကျန်းမာရေးကျွမ်းကျင်သူများကို ကျောင်းဆီ စေလွှတ်ဖို့ ညွှန်ကြားထားပါတယ်။

ဒါဟာ စိတ်ဒဏ်ရာရသွားတဲ့ ဆရာတွေ၊ ကျောင်းသားတွေနဲ့ မိသားစုဝင်တွေကို ကူညီပေးဖို့နဲ့ ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ လျော့နည်းသွားအောင် လုပ်ဆောင်ပေးဖို့အတွက် ဖြစ်ပါတယ်။

Crd- The Nation

#နွန်ထဘူရီ #ကျောင်းတွင်းပစ်ခတ်မှု #ထိုင်းသတင်း #မှုခင်းသတင်း #မြန်မာ့သတင်း

နွန်ထဘူရီကျောင်းပစ်ခတ်မှုတွင် ၇ ဦးသေဆုံး၊ အနိုင်ကျင့်ခံရမှုကို ကလဲ့စားချေခြင်းဖြစ်ဟုဆိုနွန်ထဘူရီ - ဩဂုတ် (၇)နွန်ထဘူရီခရိ...
07/08/2026

နွန်ထဘူရီကျောင်းပစ်ခတ်မှုတွင် ၇ ဦးသေဆုံး၊ အနိုင်ကျင့်ခံရမှုကို ကလဲ့စားချေခြင်းဖြစ်ဟုဆို
နွန်ထဘူရီ - ဩဂုတ် (၇)

နွန်ထဘူရီခရိုင်၊ ဒက်ဖ်စီရင် (Debsirin) ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်တွေအရ သေနတ်သမား ၉ တန်းကျောင်းသားဟာ ကျောင်းမှာ အမြဲတမ်း အနိုင်ကျင့်လှောင်ပြောင်ခံရတာကို မကျေနပ်လို့ အခုလို လာရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ထိတ်လန့်စရာကောင်းတာကတော့ ဒီကျောင်းသားဟာ ကျောင်းကိုမလာခင်မှာ သူ့ရဲ့အဘိုးနဲ့ အဘွားဖြစ်သူကိုလည်း အိမ်မှာတင် အရင်ဆုံးပစ်သတ်ခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ဒီကျောင်းသားဟာ ငယ်စဉ်ကတည်းက မိဘတွေကွဲနေလို့ အဘိုးအဘွားတွေနဲ့အတူ နေထိုင်လာခဲ့သူဖြစ်ပါတယ်။ သူပစ်ခတ်ဖို့ အသုံးပြုခဲ့တဲ့ သေနတ်ဟာ သူ့အဘိုးပိုင်တဲ့ CZ အမျိုးအစား အော်တိုပစ္စတိုဖြစ်ပြီး၊ သူ့ရဲ့လွယ်အိတ်ထဲမှာလည်း အသုံးမပြုရသေးတဲ့ ကျည်ဆန် ၃၄ တောင့်နဲ့ ကျည်ကတ် ၂ ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စုံစမ်းချက်တွေအရ သူဟာ သူ့ကိုအမြဲနှိပ်စက်တဲ့ အတန်းဖော်တွေကို ကလဲ့စားချေဖို့ သေနတ်ယူလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအတန်းဖော်တွေကို ဆရာဖြစ်သူက ဘေးလွတ်ရာကို ခေါ်ထုတ်သွားတာကြောင့် သူက ဒေါသထွက်ပြီး ဆရာတွေကို ပြန်လည်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ဒီဖြစ်ရပ်မှာ စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး အဲ့ဒီအထဲမှာ ဆရာ ၃ ဦး၊ ကျောင်းသား ၃ ဦးနဲ့ သေနတ်သမား ကျောင်းသားကိုယ်တိုင် ပါဝင်ပါတယ်။

ဒက်ဖ်စီရင်ကျောင်းမှ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက ကျောင်းသားတစ်ဦး ဝုန်းဒိုင်းကြဲဝင်ရောက်ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အချိန်ကို ပြန်ပြောင်းပြောပြခဲ့ရာတွင် ကျောင်းသားမှာ တည်ငြိမ်နေပြီး ထိတ်လန့်မှုတစ်စုံတစ်ရာမပြကြောင်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည့်အချိန်အထိ
၎င်းသည် တည်ငြိမ်စွာဖြင့် ဖြစ်ရပ်ကို ဆက်လက်လုပ်ဆောင်နေခဲ့တာလို့ ဆိုပါတယ်။

ကျောင်းမှာ နှစ် ၂၀ ကြာ အလုပ်လုပ်ကိုင်ခဲ့တဲ့ သက်တမ်းတစ်လျှောက် အခုလိုမျိုး အကြမ်းဖက်မှုကို တစ်ခါမျှ မကြုံဖူးကြောင်း ၎င်းက ဖွင့်ဟပြောကြားခဲ့ပါတယ်။

Crd- Khaosod / News Agencies

#နွန်ထဘူရီ #ကျောင်းတွင်းပစ်ခတ်မှု #ထိုင်းသတင်း #မှုခင်း #ကလဲ့စားချေမှု

နွန်ထဘူရီကျောင်း၌ ကျောင်းသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်၊ ကျောင်းဆရာအပါအဝင် ၇ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်းဒဏ်ရာရနွန်ထဘူရီ - ဩဂ...
07/08/2026

နွန်ထဘူရီကျောင်း၌ ကျောင်းသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်၊ ကျောင်းဆရာအပါအဝင် ၇ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်းဒဏ်ရာရ
နွန်ထဘူရီ - ဩဂုတ် (၇)

ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်ရှိ နာမည်ကြီး အထက်တန်းကျောင်းတစ်ခုမှာ ဒီကနေ့ သောကြာနေ့မနက်ပိုင်းက ကျောင်းသားတစ်ဦး သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် ကျောင်းဆရာအပါအဝင် ၇ ဦး သေဆုံးပြီး အနည်းဆုံး လူ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါပစ်ခတ်မှုတွင် ကျောင်းဆရာ ၃ ဦး၊ ကျောင်းသား ၃ ဦး သေဆုံးပြီး တခြားလူ ၁၅ ဦးခန့်ကို ဒဏ်ရာရစေခဲ့ကာ သေနတ်သမား ကျောင်းသားကတော့ အခင်းဖြစ်နေရာမှာတင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ဒေသတွင်း သတင်းအချို့မှာတော့ ဒဏ်ရာရသူ ၂၀ ဦးအထိ ရှိနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။

ဒီဝမ်းနည်းစရာဖြစ်ရပ်ဟာ ဩဂုတ်လ ၇ ရက် မနက် ၁၀ နာရီခွဲကျော်ခန့်မှာ ဘန်ကရွေ (Bang Kruai) မြို့နယ်ရှိ Debsirin Nonthaburi ကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းသားတွေနဲ့ ဆရာတွေကြားမှာ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်ခဲ့ပါတယ်။

သေနတ်သံတွေ ထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့၊ လူနာတင်ကားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ကျောင်းထဲကို ချက်ချင်းရောက်ရှိလာပြီး ပိတ်မိနေသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသလို ဒဏ်ရာရသူတွေကိုလည်း အရေးပေါ် ဆေးကုသမှုပေးခဲ့ရပါတယ်။

ကနဦးသတင်းတွေအရ သေနတ်သမားဟာ အဲ့ဒီကျောင်းမှာ တက်ရောက်နေတဲ့ အဌမတန်း (Mathayom 3) ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။

လက်နက်ကိုင်ရဲတပ်ဖွဲ့က ကျောင်းဝန်းကျင်ကို ပိတ်ဆို့ပြီး သေနတ်သမားကို ရှာဖွေခဲ့စဉ်အတွင်း ကျောင်းအဆောက်အအုံထဲမှာ ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ အဲ့ဒီကျောင်းသားဟာ စာသင်ခန်းတစ်ခုထဲမှာ မိမိကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတာကို ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်က ပြည်ထဲရေးဒုဝန်ကြီး Phonphir Suwannachawi ကို အခင်းဖြစ်နေရာဆီ ချက်ချင်းသွားရောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
နွန်ထဘူရီခရိုင် အုပ်ချုပ်ရေးမှူးကလည်း ကျောင်းထဲကို ရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်နေပါတယ်။

လက်ရှိမှာတော့ ကျောင်းဝန်းတစ်ခုလုံးကို ပိတ်ထားပြီး ရဲတပ်ဖွဲ့ရဲ့ မှုခင်းဆေးပညာရှင်တွေက ပစ်ခတ်ရတဲ့ အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးနေပါတယ်။

Crd- The Nation / News Agencies

#နွန်ထဘူရီ #ကျောင်းတွင်းပစ်ခတ်မှု #ထိုင်းသတင်း #မှုခင်းသတင်း

ပတ္တရား ၅ လောင်းပြိုင်လူသတ်မှု - သေဆုံးသူများအတွက် နောက်ဆုံးနှုတ်ဆက်ပွဲပြုလုပ်ပတ္တရား - ဩဂုတ် (၆)ချွန်ဘူရီခရိုင်အတွင်း အ...
06/08/2026

ပတ္တရား ၅ လောင်းပြိုင်လူသတ်မှု - သေဆုံးသူများအတွက် နောက်ဆုံးနှုတ်ဆက်ပွဲပြုလုပ်
ပတ္တရား - ဩဂုတ် (၆)

ချွန်ဘူရီခရိုင်အတွင်း အသတ်ခံခဲ့ရတဲ့ ရုရှားမောင်နှမနှစ်ဦးနဲ့ ထိုင်းမိသားစု ၃ ဦး၊ စုစုပေါင်း ၅ ဦးတို့အတွက် နောက်ဆုံးနှုတ်ဆက်တဲ့ အောက်မေ့ဖွယ်အခမ်းအနားကို ဒီကနေ့မှာ ကျင်းပသွားမှာဖြစ်သလို၊ ရဲတပ်ဖွဲ့ကလည်း အလောင်းဖျောက်ဖျက်ထားတဲ့နေရာကို ခေတ်မီစက်ကိရိယာတွေနဲ့ ထပ်မံစစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။

အသတ်ခံရတဲ့ ရုရှားမောင်နှမ Diana နဲ့ Roman တို့ရဲ့ မိခင်ဖြစ်သူဟာ သူတို့မောင်နှမနှစ်ဦးရဲ့ ပျော်ရွှင်နေတဲ့ ဗီဒီယိုမှတ်တမ်းလေးကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီးနောက်၊ အသတ်ခံရတဲ့ ထိုင်းမိသားစု ၃ ဦးရဲ့ ဆွေမျိုးတွေနဲ့အတူ ပူးပေါင်းပြီး အများပြည်သူ တက်ရောက်နိုင်တဲ့ ဆုတောင်းပွဲကို ဖိတ်ကြားခဲ့တာပါ။ ဒီအခမ်းအနားကို ကြာသပတေးနေ့ (ဒီကနေ့) မနက် ၁၀ နာရီမှာ ကျင်းပမှာဖြစ်ပြီး တက်ရောက်လာသူတွေအနေနဲ့ ပန်းများချကာ ငြိမ်သက်ဆုတောင်းပေးနိုင်တယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ရဲတပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့တွေဟာ အလောင်းတွေတွေ့ရှိခဲ့တဲ့ ဘန်လမွန်ခရိုင်၊ ဟွေ့ယိုင်ကျေးရွာက တောအုပ်အတွင်းမှာ အပင်တွေကို ရှင်းလင်းပြီး စစ်ဆေးဖို့ ပြင်ဆင်နေကြပါတယ်။ ဖမ်းဆီးထားတဲ့ သံသယရှိသူ Pong နဲ့ Thong တို့ နှစ်ဦးဟာ စစ်မေးချိန်မှာ နေရာအတိအကျနဲ့ ပတ်သက်ပြီး တစ်ဦးနဲ့တစ်ဦး ထွက်ဆိုချက် ကွဲလွဲနေတာကြောင့် ရဲတပ်ဖွဲ့က ခေတ်မီစကင်နာစက်တွေသုံးပြီး မြေအောက်မှာ တခြားသက်သေခံပစ္စည်းတွေ ရှိနေဦးမလားဆိုတာကို ထပ်မံရှာဖွေသွားမှာပါ။

မြေနေရာရှင်းလင်းချိန်မှာတော့ တောထဲကနေ တီရှပ်တစ်ထည်၊ ရေသန့်ဗူးတစ်ဗူးနဲ့ အစားအသောက်ထည့်တဲ့ဗူးတစ်ခုကို တွေ့ရှိခဲ့ပေမဲ့ ဘယ်သူ့ပစ္စည်းလဲဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

သံသယရှိသူ Pong နဲ့ Thong တို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က ဆိုင်ကယ်အိုခရိုင်၊ ဝမ်ဆုံဘွန်မြို့နယ်မှာ ကမ္ဘောဒီးယားနယ်စပ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေစဉ် ဖမ်းဆီးရမိခဲ့တာပါ။ သူတို့က ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီးနောက် ရဲတပ်ဖွဲ့ကို အလောင်းဖျောက်ထားတဲ့နေရာဆီ လိုက်လံပြသခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာပဲ ၁ မီတာခန့် အနက်မှာ မြှုပ်ထားတဲ့ ရုရှားမောင်နှမနှစ်ဦးရဲ့ အလောင်းနဲ့အနီးမှာပဲ ဇူလိုင် ၇ ရက်နေ့ကတည်းက ပျောက်ဆုံးနေတဲ့ ထိုင်းမိသားစု ၃ ဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာတော့ ဟွေ့ယိုင်ရဲစခန်းက ရဲအရာရှိနှစ်ဦးရဲ့ ဓာတ်ပုံတွေကို ဘုတ်ပြားပေါ်ကနေ ဖြုတ်ချထားတာဟာ သံသယရှိသူ Pong နဲ့ ပတ်သက်နေလို့လားဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ကတော့ ဒီရဲအရာရှိနှစ်ဦးဟာ အခြားယူနစ်တွေကို အရင်ကတည်းက ပြောင်းရွှေ့သွားတာဖြစ်လို့ ပုံမှန်လုပ်ထုံးလုပ်နည်းအရ ဓာတ်ပုံဖြုတ်ထားတာဖြစ်ပြီး အခုအမှုနဲ့ ပတ်သက်မှုမရှိကြောင်း ရှင်းလင်းထားပါတယ်။

Crd- News Agencies / Local News

#ပတ္တရား #၅လောင်းပြိုင်လူသတ်မှု #ထိုင်းသတင်း #မှုခင်းသတင်း

ဂျပန်သို့ မူးယစ်ဆေးပို့မှုနှင့် ဆက်စပ်သည့် ဗီယက်နမ် ငွေလိမ်ဂိုဏ်းကို ဘန်ကောက်တွင် ဖြိုခွင်းဘန်ကောက် - ဩဂုတ် (၆)ဘန်ကောက်မ...
06/08/2026

ဂျပန်သို့ မူးယစ်ဆေးပို့မှုနှင့် ဆက်စပ်သည့် ဗီယက်နမ် ငွေလိမ်ဂိုဏ်းကို ဘန်ကောက်တွင် ဖြိုခွင်း
ဘန်ကောက် - ဩဂုတ် (၆)

ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ဟာ ဂျပန်နိုင်ငံကို ပါဆယ်ထုတ်အတွင်း ရေခဲ (Ice) မူးယစ်ဆေးဝါးတွေ ဝှက်ပြီး ပို့ဆောင်တဲ့အမှု၊ ကျောင်းသားတွေကို ပြန်ပေးဆွဲဟန်ဆောင်ပြီး ငွေညှစ်တဲ့အမှုတွေနဲ့ ဆက်စပ်နေတဲ့ ဗီယက်နမ် ကောလ်စင်တာ (Call Center) ဂိုဏ်းကို ဝင်ရောက်စီးနင်း ဖြိုခွင်းခဲ့ပါတယ်။

မက်ထရိုပိုလစ်တန်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး သိရဒက် သမ္မသုသီ နဲ့အဖွဲ့ဟာ နဝမင်း (Nawamin) အရပ်က ဟိုတယ်တစ်ခုမှာ အခြေစိုက်နေတဲ့ ဗီယက်နမ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးခဲ့တာပါ။ သူတို့ဟာ လိမ်လည်လို့ရတဲ့ ငွေတွေကို ရွှေတုံးတွေ၊ လက်ကိုင်ဖုန်းတွေအဖြစ် ပြောင်းလဲပြီး ပြည်ပကို ပြန်ပို့တဲ့ ငွေကြေးခဝါချမှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဖမ်းမိသူထဲက တစ်ဦးဖြစ်တဲ့ Hien ရဲ့ ထွက်ဆိုချက်အရ သူဟာ Telegram ကနေတစ်ဆင့် HOA ဆိုသူရဲ့ ခိုင်းစေချက်နဲ့ တစ်ရက်ကို အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာစားနဲ့ ရွှေဆိုင်တွေမှာ ရွှေသွားဝယ်ပေးရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို အခုလိုအလုပ်မျိုးနဲ့ ၃ ကြိမ်မြောက် လာရောက်ခဲ့တာဖြစ်ပြီး ကြိုတင်လွှဲထားတဲ့ ငွေလွှဲဖြတ်ပိုင်းတွေနဲ့ ရွှေဆိုင်တွေမှာ ရွှေသွားထုတ်ပေးရတာလို့ သိရပါတယ်။

ဒီဂိုဏ်းရဲ့ လိမ်လည်ပုံကတော့ ဖုန်းကုမ္ပဏီဝန်ထမ်း ဒါမှမဟုတ် ရနောင်းမြို့နယ်ရဲစခန်းက ရဲအရာရှိတွေအဖြစ် ဟန်ဆောင်ပြီး "ခင်ဗျားရဲ့ မှတ်ပုံတင်က ငွေကြေးခဝါချမှုမှာ ပါဝင်နေတယ်" ဆိုကာ တရားရုံးအမိန့်စာအတုတွေနဲ့ ခြိမ်းခြောက်ပြီး ငွေလွှဲခိုင်းတာ ဖြစ်ပါတယ်။ လူတစ်ဦးကို ဘတ် ၂ သိန်းအထိ လိမ်လည်ခဲ့တာမျိုးတွေ ရှိပါတယ်။

သံသယရှိသူတွေကို ခိုခရမ် (Khok Khram) ရဲစခန်းမှာ စစ်ဆေးနေစဉ်မှာပဲ အသက် ၃၉ နှစ်အရွယ် ဗီယက်နမ်အမျိုးသမီး Le Thi ဆိုသူဟာ ရောက်ရှိလာပြီး အဖမ်းခံရသူတွေကို ပြန်လွှတ်ပေးဖို့အတွက် ငွေသား ဘတ် ၁ သိန်းခွဲနဲ့ လာရောက်လာဘ်ထိုးခဲ့ပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က သူ့ကိုပါ နိုင်ငံ့ဝန်ထမ်းကို လာဘ်ထိုးမှုနဲ့ နေရာတင် ချက်ချင်း ဖမ်းဆီးလိုက်ပါတယ်။

လက်ရှိမှာတော့ သူတို့အားလုံးကို ပြည်သူကို လိမ်လည်မှု၊ လာဘ်ထိုးမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

Crd- The Reporters

မြန်မာသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ တရားဝင်ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုဘန်ကောက် - ဩဂုတ် (၆)မြန်မာသမ...
06/08/2026

မြန်မာသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ တရားဝင်ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို
ဘန်ကောက် - ဩဂုတ် (၆)

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာပြီး၊ ဒီကနေ့ မနက်ပိုင်းမှာ ထိုင်းအစိုးရအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ခမ်းခမ်းနားနား ကြိုဆိုခြင်း ခံခဲ့ရပါတယ်။

ဒီကနေ့ ဩဂုတ်လ ၆ ရက် မနက် ၁၀ နာရီ ၂၅ မိနစ်မှာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ် က မြန်မာသမ္မတ ဦးမင်းအောင်လှိုင် ကို အစိုးရအိမ်တော်မှာ နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။

အဲ့ဒီနောက် နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အစိုးရအိမ်တော်ရှေ့ မြက်ခင်းပြင်မှာ ဂုဏ်ပြုတပ်ဖွဲ့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပါတယ်။

ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုပြီးနောက်မှာတော့ ဝန်ကြီးချုပ် အနုတင် က မြန်မာသမ္မတကို အစိုးရအိမ်တော်အတွင်းရှိ Thai Khu Fah ဆောင်ဆီ ဖိတ်ခေါ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း၊ အစိုးရဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ရေးထိုးခြင်းနဲ့ နှစ်နိုင်ငံ အမှတ်တရလက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ Thai Khu Fah ဆောင်မှာပဲ ဦးဦးဖျားဖျား သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ မနက် ၁၁ နာရီ ၂၀ မိနစ်မှာတော့ အစိုးရအိမ်တော် အစိမ်းရောင်ခန်းမ၌ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့အတူ အပြည့်အစုံ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်မှာတော့ နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ (MoU) များ လက်မှတ်ရေးထိုးခြင်းနဲ့ အကူအညီပေးရေး အစီအစဉ်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို နှစ်နိုင်ငံခေါင်းဆောင်တွေ ရှေ့မှောက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲကို ထိုင်းဘက်က ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟဆက် ဖူအန်ကတ်ကဲအို၊ ဘဏ္ဍာရေးဝန်ကြီး ဧကနိ နိတိထန်ပရာဖတ်၊ စီးပွားရေးဝန်ကြီး ဆုဖာကျီ သုထမ္မဖွန်း၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အဒူလ် ဘွန်သမ္မကျရွန်၊ တရားရေးဝန်ကြီး ရုသဖွန် နောင်ဝရတ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး သုချတ် ချွန်ကလင်၊ အလုပ်သမားဝန်ကြီး ကျုလဖန် အမွန်ဝိဝပ်၊ စွမ်းအင်ဝန်ကြီး ဧကနတ် ဖရွန်ဖန်း၊ ပို့ဆောင်ရေးဒုဝန်ကြီး ဖတ်ထရဖွန်း ဖတ်ထရပရာဆစ်၊ ပြည်ထဲရေးဒုဝန်ကြီး ကျစေသ် ထိုင်းစေသ် တို့ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့မှာတော့ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်၊ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ဆွေ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုး၊ ပို့ဆောင်ရေးဒုဝန်ကြီး ဦးထွန်းလူ၊ ပြည်ထဲရေးဒုဝန်ကြီး ဦးမင်းသူ နဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး တို့ ပါဝင်ခဲ့ကြပါတယ်။

Crd- Thairath
#မြန်မာသမ္မတဦးမင်းအောင်လှိုင် #အနုတင် #ထိုင်းခရီးစဉ် #အစိုးရအိမ်တော် #မြန်မာ့နိုင်ငံရေး

စက်ရုံရှေ့ ဈေးရောင်းနေသည့် မြန်မာလုပ်သား ၉ ဦး ကန်ချနဘူရီတွင် ဖမ်းဆီးခံရကန်ချနဘူရီ - ဩဂုတ် (၅)ကန်ချနဘူရီခရိုင်အတွင်းမှာ ထ...
06/08/2026

စက်ရုံရှေ့ ဈေးရောင်းနေသည့် မြန်မာလုပ်သား ၉ ဦး ကန်ချနဘူရီတွင် ဖမ်းဆီးခံရ
ကန်ချနဘူရီ - ဩဂုတ် (၅)

ကန်ချနဘူရီခရိုင်အတွင်းမှာ ထိုင်းနိုင်ငံသားတွေပဲ လုပ်ပိုင်ခွင့်ရှိတဲ့ အလုပ်တွေကို နိုင်ငံခြားသားတွေ ဝင်ရောက်လုပ်ကိုင်နေတာမျိုး မရှိစေဖို့ အာဏာပိုင်တွေက လိုက်လံစစ်ဆေးနေရာမှာ ဒီကနေ့မှာတော့ ဈေးရောင်းနေတဲ့ မြန်မာလုပ်သား ၉ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ကန်ချနဘူရီခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တာဝန်ခံ ဝိရိယ ထောင်လော့ ဦးဆောင်တဲ့အဖွဲ့ဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BPP 13)၊ လုံခြုံရေးတပ်ဖွဲ့ (ISOC) တို့နဲ့ ပူးပေါင်းပြီး ထားမကာမြို့နယ်၊ အုလုတ်စီမွန်ကျေးရွာရှိ နာမည်ကြီး "ထိုင်းဖုဒ်" (Thai Foods) စက်ရုံရှေ့ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တာပါ။

အဲ့ဒီစက်ရုံရှေ့မှာ ဈေးဆိုင်ဖွင့်ပြီး ဈေးရောင်းနေကြတဲ့ နိုင်ငံခြားသား ၉ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး၊ သူတို့အားလုံးဟာ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ "တားမြစ်ထားသော အလုပ်" ကို လုပ်ကိုင်နေတာကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၁၇ ခုနှစ် နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေအရ လမ်းဘေးဈေးရောင်းတာ ဒါမှမဟုတ် ဆိုင်ဖွင့်ဈေးရောင်းတဲ့ အလုပ်မျိုးဟာ နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့ အလုပ်တွေ ဖြစ်ပါတယ်။ အခုဖမ်းမိတဲ့သူ ၉ ဦးစလုံးကို "မိမိလုပ်ပိုင်ခွင့်မရှိတဲ့ အလုပ်ကို လုပ်ကိုင်မှု" နဲ့ အမှုဖွင့်ပြီး ဥပဒေအရ အရေးယူနိုင်ဖို့ ထားမကာရဲစခန်းကို ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

အာဏာပိုင်တွေဘက်ကတော့ အခုလို ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်ကို လာရောက်လုယူသလို ဖြစ်နေတဲ့ တရားမဝင် ဈေးရောင်းမှုတွေကို ခရိုင်အတွင်း ဆက်လက်စစ်ဆေး အရေးယူသွားမယ်လို့ သိရပါတယ်။

Crd- ကန်ချနဘူရီခရိုင် ပြန်ကြားရေးဌာန

#ကန်ချနဘူရီ #ဈေးရောင်းခြင်း #တားမြစ်အလုပ် #ထိုင်းသတင်း #မြန်မာလုပ်သား

Address

Soi Ramkhamhaeng 140

10240

Alerts

Be the first to know and let us send you an email when Kawao Newsgroup posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Kawao Newsgroup:

Shortcuts

  • Want your establishment to be the top-listed Arts & Entertainment?

Share