Mudon ပရိဘောဂ နှင့် ပန်းပုပစ္စည်းများ

  • Home
  • Myanmar
  • Lashio
  • Mudon ပရိဘောဂ နှင့် ပန်းပုပစ္စည်းများ

Mudon ပရိဘောဂ နှင့် ပန်းပုပစ္စည်းများ ကျွန်း ပိတောက်ကျီးပေါင်းသား တမလန်းနှင်းဆီသား ပရိဘောဂပစ္စည်း များနဲ့ ပန်းပု့ထည်များ လက်လီလက်ကား

လူကြီးလူကောင်းသူဌေးမင်း များဟာ စီးပွားရေးmeeting  ဖြစ်စေ အရေးကြီးမိတ်ဆွေများနဲ့ တွေ့ဆုံရာမှာဖြစ်စေ အလုပ်သဘောအရဖြစ်စေ ဧည်...
15/07/2023

လူကြီးလူကောင်းသူဌေးမင်း များဟာ စီးပွားရေးmeeting ဖြစ်စေ အရေးကြီးမိတ်ဆွေများနဲ့ တွေ့ဆုံရာမှာဖြစ်စေ အလုပ်သဘောအရဖြစ်စေ ဧည့်သည်များကို တည်ခင်းဧည့်ခံရာမှာ ဂုဏ်သိက္ခာတက်အောင် ဧည့်ခံဗန်းများကိုရွေးချယ်တတ်ကြပါတယ်။ ဒီလိုဗန်းတွေဟာလည်း ဆိုင်တိုင်းမှာ၀ယ်လို့မရတဲ့ ရှားပါး rare ဖြစ်တဲ့ဗန်းများကိုပိုပြီးစိတ်၀င်စားကြပါတယ်။ ဒီလိုဗန်းများကို ကိုယ်တိုင်သုံးလို၍ဖြစ်စေ လက်ဆောင်ပေးလို၍ဖြစ်စေ ရှာဖွေနေရင်တော့ ကျနော့ဆီမှာ ရှားပါး နဂါးဇာမဏီရေနွေးဗန်းများ ရောင်းရန်အသင့်ရှိပါတယ်။ ၀ယ်ယူအားပေးလိုပါက Chatbox Messenger သို့မဟုတ် ဖုန်း 09786265470 ကိုဆက်သွယ်နိုင်ပါတယ်။

ဂျပန်စတိုင် ကျွန်းစလိုက်ဘီဒိုတွေ အသစ်ထွက်တယ်နော်။ အလျား ၆ပေခွဲ အမြင့် ၆ပေခွဲ လုံးထည်အရမ်းကျယ်ပါတယ်။ premium ဆေး quality ...
01/06/2023

ဂျပန်စတိုင် ကျွန်းစလိုက်ဘီဒိုတွေ အသစ်ထွက်တယ်နော်။ အလျား ၆ပေခွဲ အမြင့် ၆ပေခွဲ လုံးထည်အရမ်းကျယ်ပါတယ်။ premium ဆေး quality အာမခံ၊ သစ် quality အာမခံပါတယ်။
အတွင်း အံဆွဲ တစ်ခုပါမယ်။ဘယ်ဘက်ခြမ်း အဆင့်၃ဆင့်။ ညာဘက်ခြမ်း အကျီချိတ်လို့ရပါမယ်။ ဖုန်း 09786265470 cb messenger မှလည်း၀ယ်ယူအားပေးနိုင်ပါတယ်။

သိသင့်သိထိုက်တဲ့ ဖုန်းရွှေ ပညာ"( ၁ )ခုတင်မှာကတော့ ဖုန်းရွှေနဲ့ပက်သက်တဲ့ ဂမ္ဘီရပညာတွေပါ ။လိုက်နာနိူင်ရင် အကျိုးရှိပါတယ် ။...
25/05/2023

သိသင့်သိထိုက်တဲ့ ဖုန်းရွှေ ပညာ"( ၁ )

ခုတင်မှာကတော့ ဖုန်းရွှေနဲ့
ပက်သက်တဲ့ ဂမ္ဘီရပညာတွေပါ ။
လိုက်နာနိူင်ရင် အကျိုးရှိပါတယ် ။

( ၁ )ဧည့်ခန်းမှာ ငါးမွေးကန်ရှိပါစေ

တရုတ်တွေက ငါးမွေးတာကိုလာဘ်ကောင်း
တယ်လို့ယုံကြည်ကြတယ် ။ ငါးကရှင်သန်
ကူးခတ်နေတဲ့ သတ္တဝါ…ရေကလည်း
လာဘ်လာဘသရုပ်ကိုဆောင်ပါတယ်။
ငါးတွေက ရေထဲမှာ ကူးခတ်နေခြင်းဟာ
ငွေတွေမအိပ်ပဲနဲ့ရှင်သန်ဝင်ရောက်လာခြင်း
ကို ပြဆိုပါတယ် ။

( ၂ ) ဧည့်ခန်းမှာ အဝါရောင် ( သို့မဟုတ် )
ပန်းရောင်ကို သုတ်ပါ

ဒီအရောင်တွေက အပြုသဘောဆောင်တဲ့
အရောင်တွေပဲ ဖြစ်တယ်။ ဒီအရောင်တွေ
ရှိတဲ့ ဧည့်ခန်းကို လာတဲ့လူတိုင်းဟာ
စိတ်ကျန်းမာရွှင်လန်း ချမ်းသာကြလိမ့်မယ် ။

( ၃ )ခြံဝင်းထဲမှာ ဓာတ်ကြီးငါးပါး
ကိုယ်စားပြုပစ္စည်းတွေကို ထားပါ

ဓာတ်ကြီးငါးပါးရဲ့ကိုယ်စားပြုပစ္စည်းတွေကို
ထားမှသာ ဟန်ချက်ညီခြင်း။ သဟဇာတဖြစ်ခြင်း။အဆင်ပြေခြင်း။ လိုရာဆန္ဒပြည့်ခြင်းတို့ကို
ဖြစ်စေတတ်တယ် ။

ကျောက်တုံး ( သို့မဟုတ်)ပန်းအိုးက မြေကြီးဓာတ်။ရေကန်ကရေဓာတ်။မီးတိုင်
( သို့မဟုတ် )သလင်းကျောက်ကမီးဓာတ်။
သတ္ထုထိုင်ခုံ။သံတိုင်။ဆည်းလည်းတွေက
သတ္ထုဓာတ်။အပင်ကသစ်သားဓာတ်စသဖြင့်
သူ့နေရာနဲ့သူ စုံအောင်ထားရမယ် ။

( ၄ ) ဧည့်ခန်းမှာရုပ်ပုံကိုးပုံချိတ်ဆွဲပါ

ကိုးဂဏန်းကို ပြီးပြည့်စုံပြီး
မင်္ဂလာအရှိဆုံးဂဏန်းလို့ သတ်မှတ်ကြတယ်။ပျော်ရွှင်စရာသရုပ်ကို
ဆောင်တဲ့ ရုပ်ပုံ ကိုးပုံဖြစ်ရပါမယ် ။

( ၅ )ဧည့်ခန်းမှာပရိဘောဂကိုးမျိုးထားပါ

ဒါက ကိုးဂဏန်းရဲ့စွမ်းအင်ကို ထပ်လောင်း
အားဖြည့်တဲ့သဘောပါပဲ ။
ဥပမာ-စားပွဲတစ်လုံး။
ကုလားထိုင်လေးလုံး။စာအုပ်စင်တစ်ခု။
မှန်ဗီရိုတစ်လုံး။မီးတိုင်တစ်တိုင်။
ပန်းအိုးထားတဲ့ စင်တစင် စသဖြင့်ရှိရပါမယ်။

ပရိဘောဂ၉မျိုးအတွက် ၀ယ်ယူဖို့ တွေးနေရင်တော့ မုဒုံပရိဘောဂကို သတိရလိုက်ပါ။ လူကြီးမင်းတို့ အတွက် အကောင်းဆုံး အရည်အသွေးမြင့် ပရိဘောဂများနဲ့ ပန်းပုပစ္စည်းများကို၀ယ်ယူရရှိနိုင်ပါသည်။၀ယ်ယူလိုပါက chat box Messenger (သို့မဟုတ်) ဖုန်း 09786265470

လူကြီးများကိုလက်ဆောင်ပေးပေး မိမိအိမ်တွင်ပဲထားထား ကျက်သရေ မဂ်လာနဲ့ ပြည့်၀စေမယ့် ပန်းပုပစ္စည်းများပစ္စည်းမှန် စျေးမှန် qua...
24/05/2023

လူကြီးများကိုလက်ဆောင်ပေးပေး မိမိအိမ်တွင်ပဲထားထား ကျက်သရေ မဂ်လာနဲ့ ပြည့်၀စေမယ့် ပန်းပုပစ္စည်းများ
ပစ္စည်းမှန် စျေးမှန် quality ကောင်းမွန်သော ပန်းပုလက်ရာ များ၀ယ်ယူရရှိနိုင်ပါသည်။မှာယူရန် Chat box Messenger (or) ဖုန်း 09786265470

အိမ်တစ်အိမ်၏ အဓိကကျသော အိမ်ခန်းများအား ဖုန်းရွှေ အခြေခံ ဆင်ယင်ခြင်း သင့်အခန်းတွေကို ဘယ်လိုဖွဲ့စည်းထားတာလဲနဲ့ သင့်အိမ်ကို...
23/05/2023

အိမ်တစ်အိမ်၏ အဓိကကျသော အိမ်ခန်းများအား ဖုန်းရွှေ အခြေခံ ဆင်ယင်ခြင်း

သင့်အခန်းတွေကို ဘယ်လိုဖွဲ့စည်းထားတာလဲနဲ့ သင့်အိမ်ကို ဘယ်လို ထိန်းသိမ်းထားတာလဲ ဆိုတာတွေကို သေချာစဉ်းစားရမှာပါ။ အရာရာတိုင်းမှာ စွမ်းအင်ရှိပါတယ်။ သက်ရှိတွေတင်မကဘဲ သက်မဲ့ တွေမှာပါ စွမ်းအင်ရှိတယ်လို့ဆိုလိုလိုက်တာပါ။

ဖုန်းရွှေ ဘာလဲ?

ဖုန်းရွှေဆိုတာ 'ကျွန်ုပ်တို့နေထိုင်တဲ့ အိမ်တွေဟာ ကျွန်ုပ်တို့စိတ်ထဲ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို မြင်တွေ့ရမယ့် မှန်တစ်ချပ်ပါ'ဆိုတဲ့ အယူအဆကို အခြေခံထားတဲ့ အလေ့အထတစ်ခုပါပဲလို့ အတွင်းပိုင်းဒီဇိုင်းပညာရှင်နဲ့ ဖုန်းရွှေဆရာတစ်ဦးဖြစ်တဲ့ ကက်သရင်းဘရော်ဖီကတော့ ဆိုထားပါတယ်။
ဖုန်းရွှေရဲ့ရည်ရွယ်ချက်ကိုက သင်နဲ့ သင်ရောက်ရှိလိုတဲ့ နေရာတွေကို သင့်ပတ်ဝန်းကျင်နဲ့ တစ်ပြေးတည်းဖြစ်စေဖို့ပါ။ သင့်စွမ်းအင်နဲ့ သင့်အိမ်ရဲ့စွမ်းအင်ကို လိုက်ဖက်စေတဲ့ သဘောပါပဲ။

ဘယ်လိုလုပ်ရမှာလဲ?

သင့်အိမ်ထဲကို ဘာယူဆောင်လာတာလဲ၊ သင့်အခန်းတွေကို ဘယ်လိုဖွဲ့စည်းထားတာလဲနဲ့ သင့်အိမ်ကို ဘယ်လိုထိန်းသိမ်းထားတာလဲ ဆိုတာတွေကို သေချာစဉ်းစားရမှာပါ။ အရာရာတိုင်းမှာ စွမ်းအင်ရှိပါတယ်။ သက်ရှိတွေတင်မကဘဲ သက်မဲ့တွေမှာပါ စွမ်းအင်ရှိတယ်လို့ ဆိုလိုလိုက်တာပါ။ အဲဒီ စွမ်းအင်တွေကို ဖုန်းရွှေက ကူညီလမ်းပြပေးပြီး သင့်အိမ်ထဲ လွတ်လပ်စွာ စီးဆင်းစေမှာပဲဖြစ်ပါတယ်။

ဧည့်ခန်း

ဆိုဖာခုံကို နံရံကပ်ပြီးထားမယ်ဆိုရင် နံရံနဲ့ လက်မ အနည်းငယ်ခွာထားပါ။ အခန်းရဲ့ အလယ်လိုနေရာမျိုး (နံရံနဲ့ ခပ်လှမ်းလှမ်း) မှာထားမယ်ဆိုလည်း သင်ခုံမှာထိုင်တဲ့အခါ သင့်နောက်မှာ ဘယ်သူဆိုတာ သိနိုင်ဖို့ ထိုင်ခုံနဲ့မျက်နှာချင်း ဆိုင်မှာ မှန်တစ်ချပ်ထားပါ။ နောက်အခန်းတစ်ခန်းသွားဖို့ ဆိုဖာခုံနောက်ကဖြတ်ရတာမျိုးတော့ လုံးဝမဖြစ်စေပါနဲ့။ ကော်ဖီ စားပွဲအပါအဝင် အခြားပရိဘောဂတွေကလည်း အဝိုင်း၊ တြိဂံ၊ စတုရန်း၊ ထောင့်မှန်စတုဂံ၊ ဘဲဥပုံ စသဖြင့် ပုံစံမျိုးစုံနဲ့ တစ်မျိုးတစ်ပုံစံစုံနေရင် အကောင်းဆုံးပါပဲ။ စတုရန်းပုံက မြေကြီးဓာတ်ကို ကိုယ်စားပြုပြီး ထောင့်မှန်စတုဂံက သစ်သား၊ တြိဂံက မီးနဲ့ အဝိုင်းနဲ့ ဘဲဥပုံတို့က သတ္တုဓာတ်ကိုကိုယ်စားပြုပါတယ်။

ထမင်းစားခန်း

အခန်းကျယ်ထဲမှာ ထမင်းစား စားပွဲသေးသေးလေး လား။ ဒါမှမဟုတ် အခန်းကျဉ်းထဲမှာ ထမင်းစား စားပွဲအကြီးကြီးလား။ သေချာတာကတော့ အဲဒီလိုထမင်းစားခန်းနဲ့ ထမင်း စားပွဲတွေမှာ ထိုင်ရရင် ပိတ်မိနေတယ်လို့ ခံစားရမှာပါပဲ။ စွမ်းအင်စီးဆင်းမှုအတွက်ရော စွမ်းအင်ကြီးထွားဖွံ့ဖြိုးမှုအတွက်ပါ မကောင်းတဲ့အထားအသို အပြင်အဆင်ပါပဲ။ အထူးဆင်ခြင်စေချင်ပါတယ်။ နောက်ပြီး ထမင်းစားခန်းဆိုတာ ထမင်းစားဖို့ နေရာပါ။ အိမ်မှာ ထမင်းစားတဲ့အခါတိုင်း ဒီအခန်းမှာလာစားရပါမယ်။ ဒီလိုမဟုတ်ဘဲ လျစ်လျူရှု့ထားမယ်ဆိုရင်တော့ အဲဒီထမင်းစားခန်းဟာ ဖုန်းရွှေနဲ့မညီညွတ်ဘဲ စွမ်းအင်လုံးဝ မရှိတဲ့အခန်းပါပဲ။ အဲ့မှာမစားချင်ဘူးဆိုရင် ထမင်းစားခန်းအစား ဂိမ်းဆော့ခန်း၊ အလုပ်ခန်းစသဖြင့် တစ်ခုခုအဖြစ်သာပြောင်းလိုက်ပါတော့။

အိပ်ခန်း

အိပ်ခန်းကျတော့ သင့်နားမှာ တက်ကြွစွမ်းအင်တွေ အရမ်းများလွန်းရင် သင်အနားယူ အိပ်ပျော်နိုင်ဖို့ ခက်မှာပါ။ အိပ်တော့မယ်ဆို မီးအိမ်၊ မီးလုံး၊ မီးချောင်းတွေ ဖွင့်ထားတာမျိုးမဖြစ်အောင် သတိထားပါ။ နှိုးစက်နာရီဆိုလည်း လျှပ်စစ်မီးနဲ့အလုပ်လုပ်တဲ့ဟာမဟုတ်ဘဲ ဘက္ထရီနဲ့ အလုပ်လုပ်တဲ့ ပစ္စည်းမျိုးသုံးပြီး လျှပ်စစ်စွမ်းအင်ကို လျှော့နိုင်သမျှ လျှော့ပါ။ နေ့ဘက်ဆိုရင်တော့ သဘာဝအလင်းရောင်ရနိုင်သမျှရအောင် ပြတင်း၊ လိုက်ကာတွေ ဖွင့်ပါ။ ယုတ်စွအဆုံး သဘာဝနေရောင် မရတဲ့နေ့မျိုးမှသာ လျှပ်စစ်မီးဖွင့်ပါ။ အိပ်ရာနံဘေးမှာ ဘယ်လို ကွန်ပျူတာမှ မရှိပါစေနဲ့။ မအိပ်ခင် တစ်နာရီလောက်အလိုက တည်းက ကွန်ပျူတာအသုံးပြုမှုကို ရပ်ဆိုင်းပါ။ ဖုန်းကိုလည်း အိပ်တော့မယ်ဆိုတာနဲ့ ပါဝါပိတ်ပစ်ပြီး ကုတင်နဲ့ ဝေးဝေးထားပါ။ အိပ်ခန်းထဲက ထုတ်ထားရင် အကောင်းဆုံးပါပဲ။ ပြီးတော့ ဖြစ်နိုင်ရင် ကုတင်အောက်မှာ ဘာပစ္စည်းမှ မသိမ်းဆည်းပါနဲ့။ သင်သိမ်းတဲ့ ပစ္စည်းတွေကလည်း စွမ်းအင်တွေ တစ်ညလုံး ထုတ်လွှတ်နေတော့မှာလေ။ နောက်ပြီးလူအများစုက အိပ်ခန်းထဲမှာ တီဗွီတွေရှိကြပါတယ်။ အိပ်ခန်းထဲမှာ တီဗွီရှိတယ်ဆိုရင် တီဗွီကို အဖုံးဖုံးထားပါ။ အိပ်ရခက်နေတယ်၊ အိပ်မပျော်ဘူး ဆိုရင် အဓိကလုပ်ရမှာက တီဗွီကိုအသုံးမပြုဘဲထားတဲ့ အချိန်မှာ အဖုံးအုပ်ပေးဖို့ပါပဲ။

အိမ်တွင်းအလှဆင်ရန် ပရိဘောဂပစ္စည်းများ၀ယ်ယူလိုပါက ဖုန်း 09786265470
သို့မဟုတ် Chat box Messenger သို့ ဆက်သွယ်၀ယ်ယူနိုင်ပါသည်။

ဗုဒ္ဓဘာသာ အိမ်တိုင်းမှာ အိမ်ရဲ့ကျက်သရေဆောင်ဘုရားစင် က အထွဋ်အမြတ်ထားရာ ဖြစ်ပါတယ်။မဟာဗောဓိပင် ခြေရင်း မြတ်ဗုဒ္ဓ ကို နတ်သား...
23/05/2023

ဗုဒ္ဓဘာသာ အိမ်တိုင်းမှာ အိမ်ရဲ့ကျက်သရေဆောင်ဘုရားစင် က အထွဋ်အမြတ်ထားရာ ဖြစ်ပါတယ်။
မဟာဗောဓိပင် ခြေရင်း မြတ်ဗုဒ္ဓ ကို နတ်သားနှစ်ပါးခစားပူဇော်နေတဲ့ ပုံလေးဖြစ်ပါတယ်။
အမြင့် ၈ပေခွဲ အလျား ၅ပေခွဲရှိပါတယ်။
တံခါးရွက် ၄ရွက်နဲ့ဖြစ်ပါတယ်။
မီးပူဇော်ရန် ခေါင်မီးပါဆင်ထားပြီးဖြစ်ပါတယ်။
အိမ်ရဲ့ ကျက်သရေဆောင် ဖြစ်မယ့်
ကျွန်း ယိုးဒယားဘုရားစင် လေးကို ၀ယ်ယူချင်ရင်တော့ မုဒုံပရိဘောဂဆိုင် ဖုန်း 09786265470 ကိုဆက်လိုက်ပါ။

စီးပွားတက်မည့်အိမ် မဖတ်ထားရင်နောင်တရမယ်နော် မိမိအိမ်မှာလာဘ်ပွင့် ငွေဝင် အိမ်အေးချမ်းအောင် ဒါတွေလုပ်ဆောင်ပါ။ တဖြည်းဖြည်း ...
23/05/2023

စီးပွားတက်မည့်အိမ် မဖတ်ထားရင်နောင်တရမယ်နော် မိမိအိမ်မှာလာဘ်ပွင့် ငွေဝင် အိမ်အေးချမ်းအောင် ဒါတွေလုပ်ဆောင်ပါ။

တဖြည်းဖြည်း စီးပွားတက်ပြီး ကြီးပွားသွားမယ့် အိမ် တစ်အိမ် ရဲ့ ကောင်းခြင်း လက္ခဏာ (၇) ချက် ဆိုတာဒါတွေပါပဲ။

နံပါတ် (၁)။ ။ဘုရားပန်း နှင့်သောက်တော်ရေဆွမ်း ဆီမီးအမြဲကပ်ပါ။
ကျွန်းဘုရားစင်တွေရဲ့ သစ်သားဓါတ်ကလည်း နေအိမ်ရဲ့ ဖုန်းရွှေအစွမ်းကိုမြင့်တက်စေပါတယ်။

ဘုရားပန်းမနွမ်းပါစေနဲ့။ ဘုရားပန်းအိုးထဲမှရေများမပူပါစေနဲ့။

သောက်တော်ရေကိုသတိရတိုင်းကပ်ပါ

နံပါတ် (၂)။ ။ဘုရားရှိခိုးလျင်အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းအတွင်းမှီတင်းစောင့်ရှောက်နေထိုင်ကြသော နတ်မြတ်နတ်ကောင်းများ မြင်အပ်မမြင်အပ်သတ္တဝါများအားလုံးကို မေတ္တာပို့အမျှဝေပါ

နံပါတ် (၃)။ ။အလွန်ကံညံ့လာဘ်ပိတ်နေလျင် ညသန်းခေါင်ပရိတ်ရွတ်ပါ။

ည12နာရီနောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများလူ့ပြည်သို့လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ ညဘက်ပရိတ်ရွတ်ဖတ်ဆုတောင်းလျင်ပို၍ ဆုတောင်းပြည့်စေပါတယ်

နံပါတ် (၄)။ ။အိမ်မှာအဟောင်းအစုတ်တွေမထားပါနဲ့။

အချိူ့အိမ်တွေမှာ နှမြောပြီးထားတတ်ကြတာတွေရှိပါတယ်။ ပုလင်းကွဲတွေဒန်အိုးပေါက်တွေအဝတ်အစားစုတ်တွေဘယ်လိုမှသုံးမရတာတွေလွှတ်ပစ်လိုက်ပါ။

အိမ်မှာလိုအပ်တာတွေသာအဓိကထားပါ

နံပါတ် (၅)။ ။အိမ်ကိုတံမြက်စည်းလှည်းလျင်နံနက်လှည်းလျင် အိမ်ရှေ့မှအိမ်နောက်သို့လှည်းပါ။

ညနေနှင့်ညဘက်လှည်းလျင်အိမ်နောက်မှအိမ်ရှေ့သို့လှည်းပါ။

နံပါတ် (၆)။ ။မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့ ။

မကုန်မီ ကြိုတင်၍ဝယ်ပါ

နံပါတ် (၇)။ ။အိမ်ရှိလှေကားများကျိူးပျက်နေသည်ကိုပြုပြင်ပါ။

လှေကားများကျိူးပျက်နေခြင်းက လာဘ်တိတ်စေသလိုမကောင်းသောအန္တရာယ်များကိုဖိတ်ခေါ်စေပါတယ်။

သပ္ပါယ်လှသောဘုရားများတည်ရန်အတွက် ကျွန်းဘုရားစင်များမှာယူလိုပါက ဖုန်း 09786265470 မုဒုံပရိဘောဂဆိုင် လားရှိုးမြို့တွင် လာရောက် ကြည့်ရှု အားပေးနိုင်ပါသည်။

စီးပွားရေးကိစ္စများေကြာင့်ဖြစ်စေ လူမှုရေးကိစ္စများကြောင့်ဖြစ်စေ မိမိအလုပ်သို့မဟုတ်အိမ်ကို မိတ်ကောင်းဆွေကောင်းများလာတဲ့အခ...
22/05/2023

စီးပွားရေးကိစ္စများေကြာင့်ဖြစ်စေ လူမှုရေးကိစ္စများကြောင့်ဖြစ်စေ မိမိအလုပ်သို့မဟုတ်အိမ်ကို မိတ်ကောင်းဆွေကောင်းများလာတဲ့အခါ ဧည့်ခံရမှာက အိမ်ရှင်ကောင်းတို့ရဲ့ တာ၀န်ပဲဖြစ်ပါတယ်။ ဒီလိုမျိုး ပိတောက်ကျီးပေါင်းသား လင်ပန်းလေးများနဲ့ ဧည့်ခံလိုက်ခြင်းဟာ သူများနဲ့မတူ တမူထူးခြားစေပြီး နဲ့ မိမိရဲ့အဆင့်အတန်း ဂုဏ်သိက္ခာတို့ ကို ပိုမိုလင်းလက်တောက်ပ စေပါတယ်။
ဒီလို ပိတောက်ကျီးပေါင်းသား လင်ပန်းများကို မှာယူလိုပါက ဖုန်း 09786265470 သို့မဟုတ် CB messenger သို့ ဆက်သွယ်၀ယ်ယူအားပေးနိုင်ပါတယ်။ အချို့ ပစ္စည်းများမှာ in-stock ရှိပြီး အချို့မှာ order မှာရမှာဖြစ်ပါတယ်။

ကျနော်များ မုဒုံပရိဘောဂဆိုင်မှ အရည်အသွေးအကောင်းဆုံး ကျွန်း ပရိဘောဂများကို ရောင်းချပေးနေပါသည်။ လိုအပ်သော ပရိဘောဂများ ဝယ်ယ...
22/05/2023

ကျနော်များ မုဒုံပရိဘောဂဆိုင်မှ အရည်အသွေးအကောင်းဆုံး ကျွန်း ပရိဘောဂများကို ရောင်းချပေးနေပါသည်။ လိုအပ်သော ပရိဘောဂများ ဝယ်ယူအားပေးလိုပါက ဖုန်း 09787265470 သို့၄င်း CB messenger သို့ ၄င်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Address

ရပ်ကွက်၈ နယ်မြေ၈ ကားပွဲစားတန်း သိန်းနီလမ်းမကြီးပေါ် 06301လားရှိုးမြို့
Lashio
06301

Telephone

+959786265470

Website

Alerts

Be the first to know and let us send you an email when Mudon ပရိဘောဂ နှင့် ပန်းပုပစ္စည်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Mudon ပရိဘောဂ နှင့် ပန်းပုပစ္စည်းများ:

Shortcuts

Share