03/03/2026
# # # ထိုင်း Tourist Visa (2)လ ကိုယ်တိုင်လျောက်နည်း အသေးစိတ်
Ps. အမ ဘာservices မှမပေးပါဘူးရှင့်။ ဒီအတိုင်း ကိုယ်လျောက်ဖူးလို့ ပြန် sharing လုပ်ပေးတာပါ။ မသိတာရှိရင်တော့မေးလို့ရပါတယ် ။ အမသိသလောက် ပြောပြပေးပါမယ်နော် 🤗
- ကြာချိန် **Single Entry (၆၀) ရက် -** Working day 3-7 days (3ရက်အတွင်းရတတ်)
အကယ်၍ စာရွက်စာတမ်း အခက်အခဲရှိလျှင် သို့မဟုတ် အလုပ်များချိန်ဆိုလျှင် ၁ ပတ်မှ ၂ ပတ်အထိ ကြာမြင့်နိုင်တာကြောင့် ခရီးမသွားမီ ကြိုတင်လျှောက်ထားသင့်ပါတယ်။
- ဗီဇာကြေး - USD 40 ခန့် (E-Visa လျှောက်စဉ်မှာတင် Credit Card သို့မဟုတ် Debit Card နဲ့သာ ပေးချေရပါမယ်-VISA, Master,JCB)
# # # လိုအပ်တဲ့ စာရွက်စာတမ်းများ
(အမကတော့ ဗီယက်နမ်မှာ ၃ လ (90-day) Visa နေပြီး Vietnam ကနေလျောက်တာပါ)
ထိုင်းနိုင်ငံကို ၂ လ (60 days) Tourist E-Visa လျှောက်တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းများ
(Scan ဖတ်ပြီး Upload တင်ရမှာပါ.တင်မယ့်**File Size**တွေက 3MB ထက် မကျော်ရပါ)
- **ပတ်စပို့ (Passport):** အနည်းဆုံး သက်တမ်း ၆ လ ကျန်ရပါမယ်။
- **ဗီယက်နမ် ဗီဇာ (Vietnam Visa):** မိမိလက်ရှိ ဗီယက်နမ်မှာ နေထိုင်ခွင့်ရှိကြောင်းပြသသည့် ၃ လ ဗီဇာ ။
- **ဓာတ်ပုံ:** နောက်ခံအဖြူရောင် (Digital format- Photo size 3.5cm x 4.5cm)။
- **လေယာဉ်လက်မှတ် (Travel Booking):** ထိုင်းသို့ အသွား/အပြန် Confirmation။
- **နေထိုင်မည့်နေရာ (Proof of Accommodation):** ထိုင်းမှာတည်းခိုမယ့် ဟိုတယ်ဘိုကင် ။
- **ငွေကြေးအထောက်အထား (Proof of Funds):** ဘဏ်စာရင်းထဲတွင် အနည်းဆုံး ဘတ် ၂၀,၀၀၀ (သို့မဟုတ် ညီမျှသော USD/MMK?SGD) ရှိကြောင်းပြသရန် (Bank Statement)။
ဒါတွေအရင်စုပါ။
စုံပြီဆို ဦးဆုံး [thaievisa.go.th](https://www.thaievisa.go.th/) Websiteကို သွားပါ။။ အကောင့်မရှိရင် အကောင့်ဖွင့်ပြီး အကောင့်ရှိရင်တော့ တခါတည်းတန်းဝင်လို့ရပါပြီ
အောက်က ပုံတွေမှာ ရှင်းပြပေးထားပါတယ်
အားလုံးပဲအဆင်ပြေကြပါစေနော်