05/17/2022
ညီမလေးရေ
မေးစရာတစ်ခုရှိတယ်ကွယ်
ညီမလေး အဆိပ်တွေကို ဘယ်လိုမြင်လဲ
အဆိပ်တွေက ချိုလား
အဆိပ်တွေက နာကျင်စေလား
ဒါမှမဟုတ် အဆိပ်တွေဟာ ကဗျာဆန်ရဲ့လား
YOLO!
ညီမလေးရေ
မေးစရာတစ်ခုရှိတယ်ကွယ်
ညီမလေး အဆိပ်တွေကို ဘယ်လိုမြင်လဲ
အဆိပ်တွေက ချိုလား
အဆိပ်တွေက နာကျင်စေလား
ဒါမှမဟုတ် အဆိပ်တွေဟာ ကဗျာဆန်ရဲ့လား
ညီမလေးရေ
မိုးတွေရွာတယ် ညီမလေးရေ
ဘဝက အတုအယောင်တွေနဲ့ ပြည့်နေတယ်ဆိုပေမယ့် ရင်မှာရွာတဲ့မိုးကတော့ အစစ်အမှန်ပါကွယ်
မိုးစက်မိုးပေါက်တို့ စိုရွှဲ ကိုယ့်ရင်မှာ ငိုပွဲတွေဆင် ငိုချင်ရက် လက်တို့
အသက်တို့လဲ ကြွေလုကြွေခင်ပါပဲ
ညီမလေးက အတုအယောင်တွေမကြိုက်ဘူးလား
မကြိုက်လည်း အောင့်ကာနမ်းပေါ့ ညီမလေးရယ်
လူဆိုတာ ဖုံးကွယ်တတ်တဲ့ သဘောရှိတယ်လေ
ခံစားချက်ကိုဖုံး မျက်ရည်ကိုဖုံး
ကိုယ့်မှာတော့ အရှုံးတွေသာ ရှိပါတယ်
မိုးတွေရွာတုန်း အရှုံးတွေကိုရေမျှော
ညီမလေးသဘောတော်ကျ နေပြခဲ့တဲ့ ရုပ်သေးရုပ်လေးကိုပါ မြေချလိုက်ပါပြီကွယ်
ငယ်ငယ်ကတည်းက နှလုံးသာဗလာနဲ့ကောင်ဟာ ဘာဘာညာညာမသိသေးခင်မှာ
ဘယ်သူမပြုမိမိမှု ဂရုစိုက်မှုတွေ ငတ်မွတ်ခဲ့တယ်လေ
ညီမလေးရဲ့ မေတ္တာတံလျှပ်ကို အသံထွက်အောင်ရယ်နေပါပြီ ခုတော့
ဒါပါပဲညီမလေးရယ် ဒါပါပဲ
ဘဝလမ်းခရီး ဖြောင့်ဖြူးပါစေ
AHK
အဝါရောင်ညီမလေးအတွက် ထပ်မရနိုင်တော့တဲ့ မေတ္တာ(သို့မဟုတ်)
စွန့်လွှတ်ခြင်း
ညီမလေးရေ…
ညီမလေးဟာ ရင်ခုန်သံတွေ မြန်စေတတ်တာ စတွေ့ကတည်းက လှလှပပ သိပြီးသားပါကွယ်
ငယ်ငယ်ကတည်းက ခါးသက်မှုတွေနဲ့ ကြုံခဲ့ရတဲ့ ဒီလူရဲ့ ဘဝဟာ ခဏတာ ချိုမြိန်ခဲ့ရတယ်ဆိုရင် ညီမလေး ကျေးဇူးပေါ့ကွယ်
ကျေးဇူးရှိရင် ကျေးဇူးတင်ပါတယ်
ကျေးဇူးရှင် ညီမလေးရယ်
သို့ပေမယ့် နောက်ပိုင်းမှာတော့ ညီမလေးဟာ ဘုရားပြီးငြမ်းဖျက်
ကမ်းလက်တွေကို ပုတ်ချတတ်မှန်း ခပ်လှမ်းလှမ်းက ကိုယ်တွေ့လိုက်ရတဲ့အခါ ကိုယ်တစ်ယောက် နှလုံးအဆီတွေ မီးတောက်နေရတာပေါ့
နောက်ကျပါပြီတဲ့ နှလုံးသား ရထားလေးက ထွက်သွားပြီပဲ
ကိုယ်ဟာ ငေးမောရင်း ကျန်ရစ်
ဘူတာရုံအိုလေးမှာ ငိုကြွေးဖို့တောင် အင်အားမရှိတော့တဲ့အထိ သတိလက်လွတ် ကိုယ့်လက်ကိုယ် ဒရွတ်ဆွဲရင်း ဟင်းလင်းပြင်ကြီးထဲကိုပဲ
ဟောဟဲဆိုက်ပြီး မနီးတော့တဲ့ ခရီးကို
အသီးသီး သွားရအုံးမှာပေါ့ကွယ်
နှုတ်ဆက်ခဲ့ပါတယ် ချစ်ရသူ ညီမလေးရေ
AHK
ချစ်ရပါသော ချစ်သူ(သို့)ညီမလေးသို့
ညီမလေးရေ…
အို…ညီမလေးရေ
ချစ်ဖို့ကောင်းတာ ညီမလေးရဲ့ အားနည်းချက်လားကွယ်
ချစ်စရာ သဘာဝရဲ့ ရင်သွေးငယ်လေးရေ
အတွေးထဲကို စိုးမိုး
တိုးတိုးလေးပဲ ခေါ်နေမိတယ်
ကြည်ဖြူပါကွယ် မေရယ်
ဒီလူမှာ တစ်မည်ပူစရာ ရင်ခွင်
ညီမလေးကို စိတ်မချ
သိပ်လှတာမို့ပါကွာ
အနစ္စတွေထဲမှာ ကိုယ့် အချစ်ကို
အနတ္တလို့ သဘောထား
ပြောစကားတွေကို အတည်ယူပေးပါ
ချစ်တယ်ဆိုတဲ့ပြောစကားတွေပေါ့
ကျောကျော့လေးလှတဲ့ညီမလေးဟာ
ဘုရားပေးတဲ့ ဆုလာဘ်
ဆက်ဆက်လာခဲ့ပါ
ကိုယ့်ရင်ခွင်ထဲကို
AHK
ကြည်ဖြူခွင့်လွှတ် ချစ်ခွင့်လေး ပေးသနားပါ မေ
ရွှေလိုဝင်းတဲ့ အသားအရေနဲ့ နံ့သာနီရောင် နှုတ်ခမ်းပါးပိုင်ရှင်လေးရေ
ကိုယ့်အာရုံ(၆)ပါးဟာ အလှရှင် မင်းအနားက တစ်ဖဝါးမခွာ
တစာစာ အော်ဟစ် ချစ်ခွင့်ပေးပါတော့ တဲ့
အချစ်ရေ စစ်မြေမှာ အသစ်တွေဟောင်းနွမ်း စုတ်ပြတ် မင်းဆီက ပြန်စာမရတဲ့ ကို့ရဲ့ ရင်ခွင်ပေါ့ကွယ်
အချစ် အချစ်ခြင်း တိုက်တဲ့ စစ်ပွဲမှာ ကိုယ်ဟာ နိုင်ခဲ့ပေမယ့်
မင်းကို ပိုင်ဆိုင်ခွင့်မှ မရသေးပဲကွယ်
ကိုယ် ဘယ်လို အိပ်စက်နိုင်ပါ့မလဲ
ညဉ့်နက်ပြီ အချစ်ရေ
အသစ်တွေတွေ့လည်း အဟောင်းဆိုင်လေးမှာ မင်းအတွက်တစ်နေရာ ချန်ထားပေးပါတယ်
အမြန်ကားလေးနဲ့ ဖန်ခါးလေးတွေရှိတဲ့ မြေကို ပြန်အားပေးလှည့်ပါအုံး
အကြံများတွေးလို့ ကုန်ရင်
ကို ပုံပြင်ပြောပြပါ့မယ်
မင်းရဲ့အလှအောက်မှာ ကျရှုံးသွားသူတွေ အကြောင်း
ကိုယ်အပါအဝင်ပေါ့
မင်းရဲ့ အဖေကိုလည်း အသံကျယ်ကျယ်နဲ့ နှုတ်ဆက်ချင်သေးတယ်
ကျနော်တို့ ရောက်လာပါပြီဆိုပြီး
ကိုယ့်ကို စောင့်နေပါ ရတနာလို အလှကြွယ်သူရေ
ချစ်တယ်…။
AHK
Groupကို followထားတဲ့ မိတ်ဆွေများ ထာဝရ
မင်္ဂလာပါ
အကြင်နာတွေတိုးလို့ ရွှေမိုးငွေမိုး သွန်းဖြိုးကြပါစေ နှစ်သစ်နီးတော့ ဘဝခရီးလမ်းတစ်လျှောက် ပျော်စရာများများကြုံကြပါစေ
ဆုတောင်းနေပါတယ်
အားလုံးကို မေတ္တာထားတဲ့
AHK
😻
ဖြူစင် ရှင်းသန့် ကိုယ့်အတွက် အမြဲပေးဆပ်နေတဲ့ ချစ်ညီမငယ်ရေ
အတာကူးလို့ တမာဖူးတို့ ဝေဆာ နွေအခါကိုရောက်ပြန်ပြီလေ
ရွှေညာမှာတော့ ခါးကော့အောင် ပူတာတွေ ငြိမ်းလို့ မိုးတစ်ဖျောက်နှစ်ဖျောက် ယိမ်းနေပြီထင်ရဲ့
စိမ်းလဲ့ကန်သာ ရွာသာယာကို လာပါလို့ မခေါ်ချင်ပါဘူး
မခေါ်ပဲ လာခဲ့ပေါ့ကွယ်
ငယ်ငယ်ကတည်းက ချစ်ဖူးခဲ့ပါတယ်
တစ်ဖက်သတ်ပေါ့
ခုတော့လည်း ထပ်ပြီး တစ်ဖက်သတ်ချစ်နေရပြန်တယ်
ရက်စက် ရက်ဆက် ထပ်ထပ်ပြီး ချစ်နေပါအုံးမယ်
ပြုံးရယ်မှုလေးတွေ ခပ်စိပ်စိပ် ပြန်တွေ့ရပြီနော်
ပျော်စရာပါကွယ်
လှတယ်ညီမရေ လှတယ်လှတယ်
ညီမပျော်တော့ ကိုယ်လည်း ပြုံးမိပါတယ်
ကတာလည်းလှတယ် လှအောင်လည်း ကတတ်တယ်နော်
တော်ပြီးသားပါ ယိမ်းသမလေးရေ
နွေးထွေးအေးမြ ထွေးပွေ့ခွင့်လေး ရချင်ပြီ
ချစ်တယ်ကွယ်...။
AHK
ညီမလေးသို့...
အို ညီမလေးရေ
လှသွေးကြွယ်ကြွယ် လောကအလယ်မှာ အဖော်မပါ တစ်ကိုယ်တည်း ထွက်လာခဲ့တာ နှစ်နှစ်ဆယ်ကျော် ကြာခဲ့ပြီနော်
တော်တော်လည်း ခရီးရောက်လာပြီထင်ရဲ့
ရွှင်ခဲ့ပျော်ခဲ့တာတွေလည်း များခဲ့
အားနွဲ့လို့ ငိုခဲ့ရတဲ့ မှောင်မိုက်ညတွေလည်း မရှား
အားမွေးထားပါ ညီမလေးရေ
နားအေးပါးအေး နေချင်ရင်တော့ ကိုကို့ရင်ခွင်ကို မျက်နှာအပ်
ရင်ခုန်သံတွေရှိတဲ့အရပ်ကို ခရီးထွက်ကြမလားကွယ်
ဇီးရွက်ထက် အက္ခရာတင်လို့ ဝေဟင်ကို ရေပြင်ကို မြေပြင်ကို ခြေလျှင် ခရီးထွက်ကြမလားကွယ်
နားလည်ပါ နားလည်ပါ နားလည်စမ်းပါ...။
AHK
အဝါရောင်ညီမလေးရေ
နေခလို့ ဖြူလွှသွားတဲ့ အဝါရောင်ညီမလေးရေ
မင်းတစ်ယောက်ရဲ့ ဘဝ လှပစေဖို့ ထီးမိုးပေးပါရစေကွယ်
မီးထိုးဖို့ ထင်းရှာပေးမှာ ကိုပါကွယ်
ငိုစရာရယ်လို့ ရှိလာရင်
မင်းတစ်ယောက်အစား ကိုယ်တိုင် ခံစားပေးမှာပါ
လာပါကွယ် ကို့ရင်ခွင်ထဲကို
မင်းတစ်ယောက်လုံခြုံဖို့ အာမခံပါတယ်နော်
ချစ်တယ်ကွယ်...။
AHK
အဝါရောင်ညီမလေးရေ
နှုတ်ဆက်ခဲ့ပါတယ်
ကိုယ်တို့ ဖြူဖြူစင်စင်ပဲ ချစ်ကြတာပေါ့
မောင်နှမလို သူငယ်ချင်းလို ငယ်ပေါင်းကြီးဖော်တွေလိုပဲ
ငိုငိုရယ်ရယ် မဖြစ်ပဲ နေသွားကြမယ်နော်
AHK
ညီမလေးရေ အိုညီမလေးရေ
ညီမလေးနဲ့ အဆက်အသွယ်မရတာ ကြာပါကောကွယ်
ကိုယ့်ကို ပစ်ထားရတာကို ပျော်နေတယ်လား
ဒါမှမဟုတ် အဆွေးသမားတစ်ယောက်မို့လို့ မပတ်သတ်ချင်တော့တာလားဟင်
ရပါတယ်ညီမလေးရေ
ညီမလေးကို နောက်တစ်ခါ မနှောက်ယှက်စေရပါဘူးနော်
ကိုယ့်စိတ်ကိုယ် ထိန်းနေပါတယ်
ခုချိန်ကစ နောက်ဆယ်ဘဝတိုင် ချစ်ကြသူတိုင်း ညားကြပါစေသား
ညားတဲ့သူတိုင်းလည်း ချစ်ကြပါစေသားကွယ်
အဝါရောင်ကြိုက်ခဲ့သော်လည်း ဖြူစင်တဲ့ ကိုယ့်မေတ္တာတွေကို အရောင်မဆိုးလိုတော့ပြီမို့
ရင်နာနာနဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်
ဆက်ရန်မရှိပြီ...။
ညီမလေးရေ
နောက်ကျသွားတာ ကိုကိုတောင်းပန်ပါတယ်
ကြည်ဖြူပါကွယ် နော်
ညီမလေးကို ပစ်ထားမိသလိုဖြစ်သွားရင် တောင်းပန်ပါတယ်
ကိုကို့ အလုပ်အခြေအနေက ရှုပ်နေလို့ပါကွာ
မုတ်လေက သုန်နေတော့ မိုးကလည်းရွာ မှာသမျှကိုလည်း ကြားရသေးတယ်မလား
မေးသမျှဖြေ ဖြေနိုင်သလောက်မေး
မေးခွန်းတွေ ဖလှယ်နေရလို့ပါကွယ်
ငယ်စဉ်အခါ ပျော်ပါ ညီမလေးရေ
စကားတွေအများကြီး မပြောချင်ဘူးကွာ
ချစ်တယ်
AHK
အဝါရောင်ကြိုက်တဲ့ ညီမလေးမှာ မျက်ဝန်းစိမ်းလဲ့တွေရှိမှန်း ကိုကိုမသိခဲ့ဘူးကွယ်
ငယ်သူမို့ စိတ်ကစားသလားမေးချင်ပေမယ့် အရွယ်နဲ့မလိုက်အောင် တည်ငြိမ်လွန်းတယ်
ဒီအချိန်မင်းလည်း မိုးအေးအေးနဲ့ တစ်ယောက်သောသူကို လွမ်းနေမှာပေါ့
ရွာသံတဖျောက်ဖျောက်စည်းချက်မှန်နေတဲ့
မိုးဝဿန်နတ်ဘုရားရဲ့ တေးသွားအောက်မှာ
အတွေးများနေတဲ့ တစ်ယောက်သောသူဟာ ဒီလူပါကွယ်
ကြည်ဖြူပါကွယ် မင်းရက်စက် ပစ်ချထားခဲ့တာ ကြာခဲ့ပါပြီ
မိုးတွေလည်း ရွာခဲ့ပါပြီ
ရင်တွေလည်း နာခဲ့ပါပြီကွယ်
ကဗျာရဲ့ရာသီမှာ ရှာခဲ့ပါသည် အချစ်ကို
ငိုမလိုရယ်မလို ညိုနေတဲ့မိုးကို အဆိုးမဆိုပဲ
ပျိုးကိုကျဲတဲ့ လယ်သမားတွေ ဘဝအတွက် ညီမလေးကို ချစ်တဲ့အချစ်တွေ ခဏရပ်ထားမယ်
လှရက်သူရေ
ဒီမှာတော့ ဘဝအတွက် ရုန်းကန်နေပါတယ်
အသုံးခံရန်အသင့်ပါ
အချစ်ဆုံး ညီမရေ
AHK
ဆံပင်တွေညှပ်လိုက်တာလား ညီမလေးရေ
ကိုယ် မကန့်ကွက်ပါဘူးကွယ်
ကိုယ်တို့ကြားက သံယောဇဉ်ကြိုးလေးကိုသာ
အသွားထက်ထက် ဓားတစ်လက်နဲ့ ရက်ရက်စက်စက် မဖြတ်လိုက်ပါနဲ့နော်
ညီမလေးရယ်ကွယ် စိုးရိမ်မိတယ်
နွေရာသီဆိုတော့ ပူတယ်ကွယ်
ညီမလေးအမုန်းတွေလောက်တော့ ဘယ်တူပါ့မလဲ
ကြံရည်တွေ ပေါ်ပြီထင်တယ်
ညီမလေးမျက်စောင်းလောက် ဘယ်ချိုပါ့မလဲ
ဆေးလိပ်သောက်တာ မကြိုက်ဘူးလို့ ကြားမိတယ် ညီမလေးရေ
ဆေးလိပ်လို ယစ်မူးစေတဲ့ ညီမလေးရဲ့ နှုတ်ခမ်းဖူးဖူးတွေကို
အရူးအမူး စွဲလမ်းနေမိတာ ဝန်ခံပါတယ်
ရှင်သန်ရာ ဘဝထဲ နဲနဲလောက်ဖြစ်ဖြစ် ပြန်ချစ်ရင် အဆင်ပြေမယ်နော်
အော် ညီမလေးရယ်
ဆေးသားတွေပျယ်နေတဲ့ ကိုယ့် နှလုံးသားကို
အရောင်ချယ်
တကယ်ပြည့်စုံပြီဆိုတော့ ကင်းဘတ်စကို ဆီလောင်း
အကြောင်းကြောင်းကြောင့် ရင်ဘတ်ကို ဟောင်းလောင်းဖြစ်အောင် လုပ်သွားရက်တယ်နော်
ကောင်းကောင်းနေပါ ညီမလေးရေ...။
အဝါရောင်ကိုဆင်မြန်းတဲ့ တစ်ပင်နန်းထိပ်ထားလေးရေ
ညီမလေးကို ကျိတ်အားပေးနေပါတယ်ကွယ်
စိတ်ကို သိပ်အနားပေးတာများရင် အားအင်တွေပြည့်
တရွေ့ရွေ့သွားရတဲ့ ခရီးဟာ နီးတယ်ဝေးတယ် မရှိပါဘူး
ဦးရာလူစနစ်ဆိုတာ ငိုစရာတွေနဲ့ပြည့်နှက်နေတဲ့ ကိုယ့်အတွက်တော့ ဦးအောင်ငိုပြလိုက်ဖို့ပဲ ရှိပါတယ်
မထူးပါဘူး
ထူးမှာလား ရူးမှာလား
အရူးရေလို့ ခေါ်လို့ ထူးမှာလား
ထူးပြီးရူးမှာလား
ဘူးသီးမသီးဘူး
ဖရုံပင်မှာ
ယုံရင်မှားမယ်
အမှားကိုယုံရင်
အမှန်ကို မှားတယ်လို့ထင်
မဲမဲမြင်ရာ ရေနံတူးနေမှာပေါ့
ဦးလေးရေ
ကျနော် ဦးလေးသမီးကို ကျိတ်ကြံနေပါတယ်
စိတ်အမှန်ကတော့ အချော့ကြိုက်တဲ့ကောင်မလေးကို မငိုအောင်ထားဖို့ပါပဲ
ဟဲဟဲ
တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ
AHK
အဝါရောင်ဆိုတာ ညီမလေးအတွက် အမြတ်တနိုးဖန်ဆင်းပေးထားတဲ့ တော်ဝင်အရောင်ပါကွယ်
ညီမလေးရေ အဝါရောင် ဝတ်ပါ အကို့ကို ချစ်ပါ ညီမလေး ရွှေစိတ်တော်မညှိးရအောင် ဒီကောင် ထားပါ့မယ်
ထိပ်ထားလေးရေ ဘယ်သံသရာထိများ ပြေးနေဦးမှာလဲကွယ် ကိုကိုလိုက်ပို့ပါ့မယ်
လမ်းထိပ်အုတ်ခုံလေးကနေ နိဗ္ဗာန်အထိ အတူတူ လက်တွဲမဖြုတ်တမ်း သွားကြမယ်လေ
ချစ်တယ်
Livermore, CA
Be the first to know and let us send you an email when Words for someone,no one or everyone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Send a message to Words for someone,no one or everyone:
HOT TIMES COMMUNITY ARTS & MUSIC FESTIVAL
Parsons Avenue, Columbus