Cartoon Fun Collection

Cartoon Fun Collection Funny Cartoon Collection

07/12/2020

Pageလေးကိုပါ Like & follow လုပ်ပေးလိုက်ကြပါဦး😘

** World of Tomorrow (2015) **Rotten Tomatoes မှာ 100% အပြည့်အဝရထားတဲ့Oscar တန်းဝင် SciFi/Drama အမျိုးအစား ဇာတ်လမ်းတိုလေ...
08/31/2016

** World of Tomorrow (2015) **

Rotten Tomatoes မှာ 100% အပြည့်အဝရထားတဲ့
Oscar တန်းဝင် SciFi/Drama အမျိုးအစား ဇာတ်လမ်းတိုလေးပါ။
မနက်ဖြန်ဟာဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး
ဒါမှလဲ လူ့ဘဝဟာ မျှော်လင့်ချက်တွေနဲ့ အဓိပ္ပါယ်ရှိနိုင်မှာ မဟုတ်ပါလား
ဒီဇာတ်လမ်းလေးထဲက အမ်မလီဆိုတဲ့ကလေးမလေးကတော့ မနက်ဖြန်မှာဘာဖြစ်လာမယ်ဆိုတာ ကြိုသိနေပါတယ် ။
၁၇မိနစ်ပဲရှိတာမို့လို့ အညွှန်းကိုသိပ်မပြောတော့ဘူးဗျာ
ကြည့်ကြည့်လိုက်ပါ…
ရင်ထဲမှာတစ်ခုခုတော့ကျန်ခဲ့မှာ အသေအချာပါပဲ :-)

( ဒီကားလေးကိုတော့ကို Phyo Minn Aung က ဘာသာပြန်တင်ဆက်ပေးထားပါတယ် )

👇👇 Download Link 👇👇

http://mmcartoonchannel.blogspot.com/2016/08/world-of-tomorrow-2015.html

** Lilo and Stitch (2002) **ဒီကာတွန်းကားလေးကတော့ အမေရိကန် animated ကားလေး ဖြစ်ပါတယ်။ Science Fiction/Drama Film အမျိုးအစ...
08/20/2016

** Lilo and Stitch (2002) **

ဒီကာတွန်းကားလေးကတော့ အမေရိကန် animated ကားလေး ဖြစ်ပါတယ်။ Science Fiction/Drama Film အမျိုးအစားလေးပါ။ IMDb 7.2/10 နဲ့ Rotten Tomatoes 86% အထိရရှိထားပါတယ်။

အထီးကျန်နေတဲ့ ဟာဝိုင်ရီကျွန်းသူလေး လီလို နဲ့ တခြားဂြိုလ်ကနေ ထွက်ပြေးလာတဲ့ ရုပ်ဆိုးဆိုးသတ္တဝါလေး စတစ်ခ်ျတို့တွေ့ဆုံကြရာက ဖြစ်ပေါ်လာတဲ့ဇာတ်လမ်းလေးပါ။

အရိုင်းအစိုင်းဗီဇပါတဲ့ စတစ်ခ်ျ ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကြားထဲကမှ လီလိုရဲ့ မေတ္တာတရား နဲ့ ဟာဝိုင်ရီဒေသ အခေါ် Ohana ဆိုတဲ့ မိသားစုအပေါ် ချစ်ခင်ယုံကြည်တဲ့ စိတ်ဓာတ်ကိုလည်း တွေ့မြင်ရမှာပါ။

နောက်ဆုံးမှာ လီလိုဟာ အရိုင်းအစိုင်းလေး စတစ်ခ်ျ ရဲ့နှလုံးသားကို ဘယ်လိုနွေးထွေးလာစေမလဲဆိုတာ Lilo and Stitch ဇာတ်ကားလေးမှာ ကြည့်ရှူခံစားလိုက်ကြပါဦး။

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကို Nyein Thiri Lwin က တင်ဆက်ပေးထားပါတယ် )

⬇ Download ဆွဲရန် ⬇
http://mmcartoonchannel.blogspot.com/2016/08/lilo-and-stitch-2002.html

** Robots (2005) **2005 ခုနှစ်က ထုတ်ခဲ့တဲ့ Fantasy အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ် IMDb 6.3 ပဲရခဲ့ပေမယ့် အရမ်းကောင်းတဲ့ကား...
08/07/2016

** Robots (2005) **

2005 ခုနှစ်က ထုတ်ခဲ့တဲ့ Fantasy အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ် IMDb 6.3 ပဲရခဲ့ပေမယ့် အရမ်းကောင်းတဲ့ကားလေးမို့ ကြည့်စေချင်ပါတယ် ... Ice Age ရဲ့ Creator တွေ ဖန်တီးထားတာဆိုတော့ အများကြီးလည်းပြောစရာလိုမယ် မထင်ပါဘူး။

ဒီဇာတ်လမ်းလေးကတော့ စက်ရုပ်တွေရဲ့အကြောင်းကို တင်ဆက်ထားတာပါ
စက်ရုပ်လောကရဲ့ အထင်ကရအဖြစ်ဆုံးပုဂ္ဂိုလ်ကြီး Mr. Bigweld ကို ငယ်စဉ်ကတည်းက လေးစားအားကျခဲ့ရတဲ့ Rodney Copperbottom တစ်ယောက်
အရွယ်ရောက်တဲ့အချိန်မှာ သူ့ရဲ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ Robot City ကို ထွက်လာတော့Fender နဲ့တွေ့ပြီး ဘယ်လိုတွေဆက်ဖြစ်မလဲ ...

Mr. Bigweld ကကော Rodney ထင်ထားသလို ဖြစ်ခဲ့သလား ...

Bigweld ကို အနားပေးထားပြီး Bigweld Industries ကို အုပ်စိုးနေတဲ့ Ratchet တို့ သားအမိကကော ဘယ်လိုဇာတ်သိမ်းမလဲ ဆိုတာကို ကြည့်လိုက်ကြပါဦး ။

Cappy နေရာမှာတော့ Halle Berry က အသံသရုပ်ဆောင်အနေနဲ့ပါဝင်ထားတာပါ ။
( ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကို Khant Lwin Hmue က ရေးပေးထားပါတယ် )

http://mmcartoonchannel.blogspot.com/2016/08/robots-2005.html

** Bear Story **မိသားစုနဲ့ကွဲပြီး အထီးကျန်နေတဲ့ဝက်ဝံကြီးတစ်ကောင်ရဲ့ရင်နာစရာအဖြစ်အပျက်လေးကို တင်ဆက်ထားတာပါ ...2016 ရဲ့ Be...
07/22/2016

** Bear Story **

မိသားစုနဲ့ကွဲပြီး အထီးကျန်နေတဲ့ဝက်ဝံကြီးတစ်ကောင်ရဲ့
ရင်နာစရာအဖြစ်အပျက်လေးကို တင်ဆက်ထားတာပါ ...
2016 ရဲ့ Best Animated Short Film ဆုကိုရရှိထားတဲ့ဇာတ်လမ်းတိုလေးလည်းဖြစ်ပါတယ်။

Type - Drama Film/Short Film
Duration - 11mins

http://mmcartoonchannel.blogspot.com/2016/07/bear-story.html

** Mr Hublot (2013) **တစ်ယောက်ထဲပဲအေးဆေးနေတတ်တဲ့Mr. Hublot ရဲ့ဘဝ ခွေးလေးတစ်ကောင် ရောက်လာမှ ဘယ်လို ကပေါက်တိကပေါက်ချာတွေဖြ...
07/18/2016

** Mr Hublot (2013) **

တစ်ယောက်ထဲပဲအေးဆေးနေတတ်တဲ့Mr. Hublot ရဲ့ဘဝ ခွေးလေးတစ်ကောင် ရောက်လာမှ ဘယ်လို
ကပေါက်တိကပေါက်ချာတွေဖြစ်ကုန်မလဲ ဆိုတာ
ကြည့်လိုက်ရအောင်ဗျာ …
ဒီကားလေးက Academy Award For Best Short Film ဆုရထားတဲ့ဇာတ်လမ်းတိုလေးလည်းဖြစ်ပါတယ် ။

Type - Fantasy/Short Film
Duration - 12mins

http://mmcartoonchannel.blogspot.com/2016/07/mr-hublot-2013.html

** The Lorax (2012) **ဒီဇာတ်ကားလေးကတော့ IMDb 6.5/10 ရထားတဲ့ Comedy/Animation အမျိုးအစား ဇာတ်ကားကောင်းလေးပါ။သဘာဝပတ်ဝန်းကျ...
07/11/2016

** The Lorax (2012) **

ဒီဇာတ်ကားလေးကတော့ IMDb 6.5/10 ရထားတဲ့ Comedy/Animation အမျိုးအစား ဇာတ်ကားကောင်းလေးပါ။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အသိပေးထားတဲ့ကားလေးလည်း ဖြစ်ပါတယ်။

ပတ်ပတ်လည် တံတိုင်းတွေကာထားတဲ့ မြို့လေးတစ်မြို့မှာ
အရာရာကို သဘာဝအတိုင်းဖြစ်အောင် သစ်ပင်တွေကအစအတုတွေနဲ့ဖန်တီးထားတယ်။
လေကိုတောင် အိုဟဲကော်ပိုရေးရှင်းကနေ ဝယ်ပြီးရှူရတယ်။
ဒီမြို့လေးထဲက Ted ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ Audrey လို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတယ်။Audrey ရဲ့ဆန္ဒက အတုအယောင်တွေသာရှိတဲ့မြို့မှာ သစ်ပင်စစ်စစ်ကိုမှ မြင်ဖူးချင်တာပါတဲ့…
၁၂နှစ်အရွယ်ကောင်လေး Ted ဟာ ချစ်ရသူကောင်မလေးဆီကမေတ္တာတုံ့ပြန်လာဖို့အတွက်
သစ်ပင်အစစ်ကိုဘယ်လိုကြိုးစားရှာဖွေမလဲ …

သနိစ်ဆိုတဲ့အရာကိုလုပ်ဖို့အတွက် လောဘဇောနဲ့ သစ်တောတွေပြုန်းတီးအောင်လုပ်ခဲ့ပြီးမှ Once-Ler တစ်ယောက် အသိတရားရပြီး နောက်ဆုံးကျန်တဲ့သစ်ပင်မျိုးစေ့ကိုစိုက်ဖို့ Ted ကို ခွင့်ပြုခဲ့သလား

မျက်နှာထားဆိုးဆိုးနဲ့ချစ်စရာတောစောင့်နတ်ကြီး Lorax ကကော
သစ်တောပြုန်းတီးအောင်လုပ်ခဲ့တဲ့ Once-Lerကို ဘယ်လိုနည်းလမ်းတွေနဲ့တားဆီးခဲ့သလဲ

ဂင်တိုတိုနဲ့ O'Hareကလည်း သစ်ပင်တွေရှင်သန်လာရင် သူ့ရဲ့လေသန့်ရောင်းတဲ့စီးပွားရေးလုပ်ငန်းပျက်စီးမှာစိုးလို့
Ted စိုက်မယ့်နောက်ဆုံးမျိုးစေ့ကို
ဘယ်လိုအမျိုးမျိုးပိတ်ပင်တားဆီးနှောက်ယှက်မလဲဆိုတာ
ကြည့်လိုက်ကြပါဦး …

Ted အဖြစ် Zac Efron နဲ့
Audrey အဖြစ် Taylor Swift တို့ကအသံသရုပ်ဆောင်ထားကြပါတယ်။

(ဇာတ်လမ်းအညွှန်းကို Poe Khine Mon Soe က ရေးပေးထားတာပါ)

http://mmcartoonchannel.blogspot.com/2016/07/lorax-2012.html

Address

316 Michael Street
Houston, TX
77002

Alerts

Be the first to know and let us send you an email when Cartoon Fun Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Cartoon Fun Collection:

Share