Letu History, Heritage & Culture

Letu History, Heritage & Culture Preserving and sharing the rich history, heritage, and culture of the Letu Chin people.

ကျွန်ုပ်တို့၏ မြစ်ဖျားခံရာကို ထိန်းသိမ်းစောင့်ရှောက်ရင်း၊ ကျွန်ုပ်တို့၏ အနာဂတ်ကို ဂုဏ်ပြုချီးမြှောက်စို့ယနေ့ကျရောက်သော က...
08/09/2026

ကျွန်ုပ်တို့၏ မြစ်ဖျားခံရာကို ထိန်းသိမ်းစောင့်ရှောက်ရင်း၊ ကျွန်ုပ်တို့၏ အနာဂတ်ကို ဂုဏ်ပြုချီးမြှောက်စို့

ယနေ့ကျရောက်သော ကမ္ဘာ့တိုင်းရင်းသားလူမျိုးများနေ့တွင်၊ လေးတူ (ချင်း) လူမျိုးတို့၏ ကြွယ်ဝသော သမိုင်းကြောင်း၊ ကြံ့ကြံ့ခံနိုင်မှုနှင့် မလျှော့သော ဇွဲစိတ်ဓာတ်တို့ကို အတူတကွ ပူးပေါင်းဂုဏ်ပြုလိုက်ရပါသည်။

တိုင်းရင်းသားတို့၏ မူပိုင်ဝိသေသလက္ခဏာ(Indigenous identity)သည် ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာ နယ်မြေဒေသများ၊ ဘိုးဘွားစဉ်ဆက် ပြောဆိုခဲ့ကြသော မိခင်ဘာသာစကားနှင့် မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်တို့နှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေပါသည်။ ယနေ့တွင် ကျွန်ုပ်တို့ကို ကိုယ်စားပြုဖော်ညွှန်းနေသည့် တန်ဖိုးများကို ကာကွယ်စောင့်ရှောက်ရန် ကျွန်ုပ်တို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်-
• ဘာသာစကား- ဘိုးဘွားတို့၏ သက်ရှိအသံနှင့် နှုတ်ပြောသမိုင်းကို ထိန်းသိမ်းရာတွင် အဓိကျသည့် မိခင်ဘာသာစကားကို လေးစားဂုဏ်ပြုခြင်း။
• ယဉ်ကျေးမှု- လူငယ်များကို မိမိတို့၏ အမွေအနှစ်များနှင့် ချိတ်ဆက်ပေးသည့် ရိုးရာဝတ်စုံများ၊ ဂီတ၊ ပုံပြင်ပြောခြင်းနှင့် ဓလေ့ထုံးတမ်းများကို ရိုသေစွာ ထိန်းသိမ်းခြင်း။
• နယ်မြေဒေသ- ကျွန်ုပ်တို့၏ လူမှုအသိုက်အဝန်းနှင့် လူနေမှုဘဝကို ထောက်ပံ့ပေးနေသော အမြတ်တနိုးထားရာ မြေယာများ၊ စိမ်းလန်း စိုပြည်သော တောင်တန်းများနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ် စောင့်ရှောက်ခြင်း။

ကျွန်ုပ်တို့၏ အမွေအနှစ်သည် အတိတ်ကာလတစ်ခုတည်း မဟုတ်ပါ။ ၎င်းသည် ကျွန်ုပ်တို့၏ အမှတ်လက္ခဏာနှင့် ဂုဏ်ယူဝင့်ကြွားမှု ဖြစ်ပါသည်။ လေးတူ(ချင်း) လူမျိုးတို့၏ ကြွယ်ဝသော အမွေအနှစ်များကို အနာဂတ်မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းနိုင်စေရန် ဆက်လက်လေးစား၊ ကာကွယ်၊ ထိန်းသိမ်းသွားကြပါစို့။

🌿 ဆောင်ပုဒ် - တိုင်းရင်းသားလူမျိုးများ၏ မူပိုင်အမှတ်လက္ခဏာ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် နယ်မြေဒေသကို ထိန်းသိမ်းစောင့်ရှောက်ကြပါစို့။

🔗 ကျွန်ုပ်တို့၏ သမိုင်း၊ အမွေအနှစ်နှင့် ယဉ်ကျေးမှုအကြောင်း ပိုမိုလေ့လာရန်- Letu.ethnosites.com

08/09/2026
07/11/2026

Letu(hyju) kan si.
Kan kjiqyenawk.
လေးတူ(ချင်း)ဖြစ်ကြပါတယ်။
လေးတူ(ချင်း) Letu Chin Language Teaching School

လေးတူချင်းတို့ဌာနေ သံချောင်း/တောင်ပေါ်ဒေသမှာ တောင်ယာစပါးပင်တွေ နည်းနည်းတွေ့လာရပြီ ဖြစ်ပါတယ်။ လေးတူချင်းတွေရဲ့ တောင်ယာစပါ...
05/20/2026

လေးတူချင်းတို့ဌာနေ သံချောင်း/တောင်ပေါ်ဒေသမှာ တောင်ယာစပါးပင်တွေ နည်းနည်းတွေ့လာရပြီ ဖြစ်ပါတယ်။ လေးတူချင်းတွေရဲ့ တောင်ယာစပါးမျိုးစေ့ချပုံက တခြားချင်းမျိုးနွယ်စုနဲ့ မတူဘဲ တမူထူးခြားပါတယ်။ ယနေ့တိုင်အောင် ၎င်းတို့ မျိုးစေ့ချပုံနည်းစနစ်ကို ကျင့်သုံးနေကြဆဲ ဖြစ်ပါတယ်။

#လေးတူချင်းတို့ဌာနေ #သံချောင်းမြေ #တောင်ပေါ်ဒေသ #တောင်ယာ

05/10/2026
လေးတူ(ချင်း)တို့ရဲ့ အထက်သံချောင်းဒေသက နှစ်သစ်ကူးပွဲတော် လှုပ်ရှားမှုဓာတ်ပုံတချို့ တင်ပေးလိုက်ပါတယ်။ Photos are credited ...
05/02/2026

လေးတူ(ချင်း)တို့ရဲ့ အထက်သံချောင်းဒေသက နှစ်သစ်ကူးပွဲတော် လှုပ်ရှားမှုဓာတ်ပုံတချို့ တင်ပေးလိုက်ပါတယ်။

Photos are credited to the original owners.

#အထက်သံချောင်း(ဆိုင်ချောင်း)

04/14/2026

လေးတူချင်းအမျိုးသမီးများနှင့် မိန်းကလေးများဟာ နွေရာသီ(ဖေဖေါ်ဝါရီလမှ မတ်လကုန်အထိ) နွေရာသီကာလအတွင်း ရိုးရာအထည်များနှင့် ရိုးရာစောင်များကို ရက်လုပ်လေ့ရှိကြပါတယ်။
#လေးတူချင်း #ရိုးရာ

03/15/2026

လေးတူချင်းဘာသာစကား သင်ကြား/သင်ယူသူတိုင်း အထူးသတိပြုရမည့်အချက်များ(Important Factors to Know Before Teaching & Learning the Letu Chin Language)

၁။ ဘာသာစကား အချင်းချင်း ပေါင်းစပ်ပါဝင်မှု (Linguistic Integration & Dialectal Diversity)
လေးတူချင်းဘာသာစကားသည် သမိုင်းကြောင်းအရလည်းကောင်း၊ ပထဝီဝင်အနေ အထားအရလည်းကောင်း ဗမာ၊ ရခိုင် နှင့် အခြားချင်းမျိုးနွယ်စုဝင် ဘာသာစကားများ နှင့် ထိတွေ့ဆက်ဆံမှု ရှိခဲ့သဖြင့် မွေးစားစကားလုံးများ (Loanwords) ရောနှော ပါဝင်နေတတ်သည်။ ထို့ကြောင့် လေးတူ (Letu) ချင်းဘာသာစကားသည် ၎င်း၏ မူလဇာစ်မြစ်အပြင်
အခြားသော ဒေသိယစကားများ၊
ဗမာစကား၊
ရခိုင်စကားနှင့်
အခြားချင်း (Chin) မျိုးနွယ်စုစကားများဖြင့်
အပြန်အလှန် လွှမ်းမိုးပေါင်းစပ်မှုများ ရှိနေသည့်အတွက် အထူးသတိထား၍ သင်ကြား/ သင်ယူရမည် ဖြစ်ပါသည်။ လေးတူချင်း မျိုးနွယ်စုခွဲများဖြစ်ကြသော Doitu၊ Mang Un၊ Lai နှင့် Daitu စသည့် အုပ်စုများသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ တောင်ပေါ်ဒေသ၊ လေးမြို့မြစ်ဝှမ်းတစ်လျှောက်နှင့် မြေပြန့်ကြား ဒေသများတွင် နေထိုင်ကြသဖြင့် ဒေသတစ်ခုနှင့်တစ်ခု စကားအသံထွက် (Phonology) ကွဲပြားမှုများ ရှိပါသည်။ သို့ဖြစ်၍ မိမိတို့ဒေသသုံးစကား၏ အသံထွက်အမှန်အတိုင်း မှန်ကန်စွာ ရေးသားနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက မိမိအနေဖြင့် သင်ယူနေသည့် စံစကားအတိုင်းသာ လိုက်လံရေးသားမိမည်ဖြစ်ပြီး မိမိတို့ဒေသခံစကား၏ မူလအသံ ထွက်များမှာ စာပေအရေးအသားပိုင်းတွင် တဖြည်းဖြည်း ပျောက်ကွယ်သွား နိုင်ခြေရှိသည်ကို အထူးသတိပြုသင့်ပါသည်။
ထို့အပြင် သင်ယူသူအနေဖြင့် မိမိတို့၏ မူရင်းဝေါဟာရ (Native Vocabulary) နှင့် မွေးစားစကားလုံးများကို ခွဲခြားသိမြင်ရန် လိုအပ်သည်။ အထူးသဖြင့် ဒေသတစ်ခုနှင့် တစ်ခု အသံထွက် (Phonology) ကွဲပြားမှုကို နားလည်ပြီး၊ မိမိဒေသစကားကို စံနှုန်းမီ စာအရေးအသား(Standard Orthography)အဖြစ် ပြောင်းလဲရာတွင် အသံထွက် နောက်သို့ စာက လိုက် မသွားဘဲ၊ စနစ်တကျ သတ်မှတ်ထားသော အရေးအသား စနစ်ကို ကျွမ်းကျင်အောင် လေ့ကျင့်ရမည်။ သို့မှသာ မိမိတို့၏ ဒေသိယစကားများ စာပေအဆင့်တွင် ပျောက်ကွယ်မသွားဘဲ ရေရှည်တည်တံ့မည် ဖြစ်သည်။ လက်ရှိတွင် “စံနှုန်း” အဆင့်မှာ အခက်ခဲဆုံးဖြစ်နေသည့်အတွက် အနာဂတ်အတွက် ကြိုးစား ကြရမည် ဖြစ်သည်။

၂။ ဘာသာစကား တည်ဆောက်ပုံနှင့် သဒ္ဒါစနစ် (Grammatical Structure & Morphology)
လေးတူချင်းဘာသာစကားသည် ကတ္တား + ကံ + ကြိယာ (SOV) အမျိုးအစား ဖြစ်သော်လည်း၊ အင်္ဂလိပ် သို့မဟုတ် ဗမာစကားနှင့် မတူညီသော သီးခြားသဒ္ဒါ ဝိသေသများ ရှိသည်။
စကားလုံးများ တည်ဆောက်ရာတွင် (Morphology) အခြေခံစကားလုံး (Root word) များအပေါ်၌ ရှေ့ဆက် (Prefix)၊ နောက်ဆက် (Suffix) နှင့် အလယ်ဆက် (Infix) များ ပေါင်းစပ်ပုံမှာ အခြားချင်းဘာသာစကားများကဲ့သို့ပင် ရှုပ်ထွေးနက်နဲသည်။ အထူးသဖြင့် နာမ်စားညွှန်းအမှတ်အသားများ (Personal Markers)နှင့် ကြိယာအပြောင်းအလဲများကို အသေအချာ သတိပြုရမည်။ ဤဖွဲ့စည်းပုံများကို နားမလည်ပါက စကားလုံးအဓိပ္ပာယ် ကောက်ယူမှု လွဲမှားနိုင်သဖြင့် သဒ္ဒါစည်းမျဉ်းများကို အခြေခံကျကျ သင်ယူရန် လိုအပ်ပါသည်။
အထူးသတိပြုရန် (Critical Negation Rule) - လေးတူဘာသာစကားတွင် အငြင်းဝါကျ(Negative sentence) တည်ဆောက်ရာ၌ အင်္ဂလိပ် သို့မဟုတ် ဗမာလို "မ" (not) ကို ရိုးရှင်းစွာ ထည့်ရုံဖြင့် မရပါ။ အငြင်းဝါကျပြောင်းလိုပါက မူလကတ္တားပြအတည်ပြုစကားလုံး(Affirmative marker) များကို ဝါကျထဲမှ လုံးဝဖယ်ရှားပစ်ရမည်ဖြစ်ပြီး၊ ကြိယာ၏နောက်တွင် ကတ္တား၏ အနည်း/အများကိန်း အပေါ်မူတည်၍ အငြင်းနောက်ဆက်တွဲ (Negation Suffixes) ကိုသာ တိကျစွာ ပြောင်းလဲတပ်ဆင်ရမည်ဖြစ်ကြောင်း အထူးဂရုပြု သင်ယူရပါမည်။

၃။ ယဉ်ကျေးမှုနှင့် ဘာသာစကား တစ်သားတည်းဖြစ်မှု (Cultural Integration & The 5th Skill)
ဘာသာစကားတစ်ခုသည် ထိုလူမျိုး၏ ယဉ်ကျေးမှုကို သယ်ဆောင်ထားသည့် ယာဉ်ဖြစ်သည့်အတွက် လေးတူစကားလုံးများ၏ နောက်ကွယ်တွင် ရိုးရာယဉ်ကျေးမှု ဆိုင်ရာ အဓိပ္ပာယ်များ ကိန်းအောင်းနေသည်။ ထို့ကြောင့် အချို့သော လေးတူစကားလုံးများသည် အင်္ဂလိပ် သို့မဟုတ် ဗမာဘာသာစကားတွင် တိုက်ရိုက်အဓိပ္ပာယ်ပြန်ရန် မရှိနိုင်သော (Untranslatable) သို့မဟုတ် လုံးဝမရှိနိုင်သော ယဉ်ကျေးမှုဆိုင်ရာ ဝေါဟာရများ ဖြစ်ကြသည်။ ထို့ကြောင့် ဘာသာစကားသင်ယူရာတွင် နားထောင်ခြင်း၊ ပြောဆိုခြင်း၊ ဖတ်ရှုခြင်း၊ ရေးသားခြင်း (4 Skills) သာမက၊ "ယဉ်ကျေးမှုကို နားလည်ခြင်း" (Cultural Awareness) ဟူသော ပဉ္စမမြောက်အရည်အချင်း (5th Skill) ကိုပါ ထည့်သွင်းသင်ယူရမည်။ ယဉ်ကျေးမှုကို နားလည်မှသာ ဘာသာစကား၏ ဆိုလိုရင်းကို ထိမိစွာ အသုံးပြုနိုင်မည် ဖြစ်သည်။

၄။ AI နည်းပညာခေတ်တွင် နောက်ကျမကျန်ရစ်စေရေး (Digital Language Support in the Age of AI)
မျက်မှောက်ခေတ်တွင် ဘာသာဗေဒ(Linguistics)ကို အခြေမခံသော ဘာသာ စကားများသည် ရေရှည်တွင် "စံနှုန်း" (Standardization)တည်ဆောက်ရာ၌ အခက်အခဲရှိလာနိုင်သည့်အပြင် အခြေ မခိုင်သည့် ဘာသာစကားအဖြစ် ဦးတည် သွားနိုင်ပါသည်။ ထို့အပြင် တခြားသောဘာသာစကားများ လွှမ်းမိုးမှုများ နေချိန် မိမိတို့ ဘာသာစကားမှာ အေအိုင်ကမ္ဘာကြီးထဲတွင် သုံးမရ၊ ရှာမရနိုင်သည့် အခြေအနေများလည်း ကြုံတွေ့နိုင်သည်။ လေးတူချင်းဘာသာစကားကို Artificial Intelligence (AI) နည်းပညာများ၊ Translation Tools များနှင့် Font စနစ်များတွင် အဆင်သင့် အသုံးပြုနိုင်ရန်အတွက် စံနှုန်းမီသော(Standardization) အချက်အလက်များ လိုအပ်သည်။ ထို့ကြောင့် လေးတူချင်းဘာသာစကား သင်ယူသူ/ သင်ကြားသူများသည် မိမိတို့၏ ဘာသာစကားကို ဒစ်ဂျစ်တယ်စနစ်အတွင်း ထည့်သွင်းရာတွင် တိကျသော စာလုံးပေါင်းသတ်ပုံနှင့် Phonological Analysis (အသံဗေဒခွဲခြမ်းစိတ်ဖြာမှု)များကို လိုက်နာရမည်။
အေအိုင် (AI) နည်းပညာခေတ်တွင် မိမိတို့ လေးတူချင်း ဘာသာစကား ကွာဟကျန်ရစ်မှု မရှိစေရန် ဘာသာဗေဒကို အခြေခံပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေရန် လိုအပ်ပါသည်။ ကိုလိုနီခေတ် ဗြိတိသျှ မှတ်တမ်း ဟောင်းများတွင် "Ledu" ဟု သမိုင်းအရ မှတ်တမ်းတင် ခံခဲ့ရသော်လည်း ယနေ့ခေတ် ဒစ်ဂျစ်တယ်နှင့် အေအိုင်နည်းပညာ နယ်ပယ်တွင် မိမိတို့၏ မူလအမည်မှန်ဖြစ်သော "Letu" (လေးတူ) ကိုသာ တိကျစွာ အသုံးပြုပြီး စံနှုန်းများ သတ်မှတ်ပေးရန် အရေးကြီးပါသည်။ အေအိုင် ခေတ်ကာလတွင် မိမိတို့ လေးတူချင်းဘာသာစကား အဆင့်အတန်းမီ ရှင်သန်နိုင်ရန် ကိုယ်ပိုင်သဒ္ဒါ စည်းမျဉ်းများနှင့် ယဉ်ကျေးမှုစံနှုန်းများကို မဖြစ်မနေ လိုက်နာတည်ဆောက်ကြရန် လိုအပ်မည် ဖြစ်ပါသည်။

နိဂုံးချုပ်
မိမိတို့ လေးတူ (LETU) ချင်းဘာသာစကားကို စနစ်တကျသင်ယူခြင်းဖြင့် မိမိတို့၏ အမှတ်အသား(Identity)ကို ထိန်းသိမ်းရုံသာမက၊ ခေတ်မီပြီး စံနှုန်းမီသော လူမျိုးစုဘာသာစကားတစ်ခုအဖြစ် ဖော်ဆောင်ရာတွင် အထက်ပါအချက်များကို လေးနက်စွာ သတိပြုနားလည်လာနိုင်မည် ဖြစ်ပါသည်။

#လေးတူချင်းဘာသာစကား #သတိပြုရမည့်အချက်များ

Address

Dallas, TX

Opening Hours

Monday 9am - 4pm
Tuesday 9am - 4pm
Wednesday 9am - 4pm
Thursday 9am - 4pm
Friday 9am - 4pm

Alerts

Be the first to know and let us send you an email when Letu History, Heritage & Culture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share