Channz Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Channz, 24 LincoInAve, California City, CA.

ပြောပြချင်တာလေးတခုပေါ့နော်...04.05.2024မှာ Sandayaw ကိုသွားရင်းနဲ့ပစ္စည်းအခိုးခံရလိုက်ပါတယ် အခိုးခံရတာနဲ့ပတ်သတ်ပီး ကျနော...
05/05/2024

ပြောပြချင်တာလေးတခုပေါ့နော်...

04.05.2024မှာ Sandayaw ကိုသွားရင်းနဲ့ပစ္စည်းအခိုးခံရလိုက်ပါတယ် အခိုးခံရတာနဲ့ပတ်သတ်ပီး ကျနော်တို့ဘက်က လျော်ကြေးလိုချင်လို့လည်းမဟုတ်..ဒါပေမယ့် ဒီsandayaw က ဝန်ထမ်းအချို့ရော ကြီးကျပ်တဲ့လူတွေနဲ့ပေါင်းပီးပဲ ခိုးစားတာလား ဒါမှမဟုတ် သူခိုးကိုပဲ ခိုးခိုင်းတာမျိုးလားဆိုပီးတောင် တွေးမိလာတယ်..မဖြစ်သင့်တာက လုံခြုံရေးတွေအများကြီးလည်းရှိတယ် လူများပီး ပွဲမစည်ဘူး နောက်တချက်က Lockerကြီးလည်းရှိတယ် Lockerသော့ကိုလည်း ငါးထောင် စရံပေးပီးယူထားရတယ် ကျနော်တို့ဘက်က ပစ္စည်းအပ်ရမယ့်လူကြီးမိဘလည်းမပါတော့ ကျနော်တို့ပစ္စည်းတွေကို Lockerထဲပဲ ထား လော့ခတ်ပီး သိမ်းထားရမှာပေါ့ နောက်တချက်က ကျနော်တို့မလာခင်မှာ လုံခြုံရေးနဲ့သူတို့အကြီးပိုင်းကလူတချိူ့ပြောစကားအရဆိုရင် မိန်းကလေးတဖွဲ့လည်း အခိုးခံရတယ်လို့ပြောတယ် အဲ့လိုမျိုး ပစ္စည်းသူခိုးတွေရှိတယ် မလုံခြုံဘူး လုံခြုံရေးတွေအနေနဲ့လည်း သတိပေးခြင်းမျိုးတော့ရှိကိုရှိသင့်တယ်လို့မြင်တယ် နောက်တချက်က ကျနော်သိမ်းတဲ့lockerနံပါတ်က M13နော် လုံခြုံရေးတွေနဲ့မျက်စိရှေ့မှာတင် မျက်မှန်းတန်းတဲ့နေရာမှာတင်ရှိတာဗျာမျက်ကွယ်လည်းမဟုတ် ဒါကိုအခိုးခံလိုက်ရတယ် နောက်တချက်က သူတို့ပေးထားတဲ့သော့ဆိုတာကြီးကလည်းဗျာ ခေါင်းစီးကြိုးကြီးနဲ့ချိတ်ထားတာ အသိသာကြီး..ကျနော်ဘက်က သူတို့သော့ကိုပျောက်လို့ တခြားတယောက်က ကောက်ရပီးဖွင့်သွားတာမျိုးဆိုရင်တောင် ဖြေသာတယ် အခုဟာက သော့လည်းမပျောက်ဘူး သူတို့တောင် ပြန်ခံနီးပြန်အပ်သွားတယ် သူတို့အနေနဲ့နောက်တချက်က မနက်ပိုင်းမှာလည်း ပစ္စည်းအခိုးခံရပါတယ် lockerထဲမသိမ်းပါနဲ့ဆိုတာမျိုး သတိပေးခြင်းရှိရင်တောင် ကျနော်ဘက်က တခြားနည်းလမ်းစဥ်းစားလို့ရသေးတယ်ဗျာ အခုဟာက ဘာမှလည်းမပြော ဒီအတိုင်းကြီးပဲ...အခုဟာ ကိုယ့်ဘက်ကပျောက်တော့သွားပြောကာမှ သူတို့တွေကဒီလိုပြောတယ် ခိုးတဲ့လူက ခိုးနေတာကိုမြင်တယ်တဲ့ အဲ့ကတည်းက ဘာလို့မဖမ်းကြလည်း လုံခြုံရေးတွေကလည်း ကိုယ့်ဆီလာတဲ့ customer တွေရဲ့ပစ္စည်းတွေကို မသက်ာတဲ့လူကခိုးနေတာသိသိကြီးတောင် မပြောပဲ သူခိုးက အပေါက်ဝရောက်မှဝိုင်းလိုက်ကြတယ်တဲ့ သူတို့ပြောတဲ့အကြောင်းပြချက်က သိသိကြီးနဲ့မပြောပဲလွှတ်ပေးလိုက်တာလား အဲ့လူကိုမတွေ့တော့မှ အဲ့နားက ရွာတွေပတ်ရှာနေတယ်ဆိုပဲဗျာ..
ခင်များတို့ Sandayaw က ရာထူးကြီးတဲ့လူတွေအနေနဲ့ အောက်ခြေမှာဘာတွေဖစ်နေလည်းဆိုတာကို တချက်လောက်လည်းဆင်းကြည့်ဦး လုံခြုံရေးအခြေခံသဘောတရားသိတဲ့လူကိုခန့်ပါလားဗျ တကယ်နားလည်ပီး သိလောက်မယ့် ဦးလေးကြီးတွေကြ အပေါက်ဝနားမှာထားပီး ဘာမဟုတ်တဲ့ သူများပိုက်ဆံပေါပေါပဲပဲလိုချင်တဲ့ကောင်တွေကြတော့ လက်မှတ်ဖြတ်တဲ့နေရာနဲ့ ရေကန်အတက်အဆင်းမှာ သွားပီးစုနေတယ် နောက်တချက်က ခင်များတို့ဘက်က ဘာတာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အပြင် ပစ္စည်းပျောက်ဆုံးကြောင်းတင်တဲ့ပိုစ့်တောင်ပြန်ဖျက်လိုက်သေးတယ် ဘာလည်းခင်များတို့က kandayaw နမည်မပျက်ရင်ပီးရော လာတဲ့customers မှန်သမျှဖစ်ချင်တာဖစ်ဆိုပီး တပွဲစားဦးနှောက်နဲ့လုပ်တာလား လုံခြုံရေးအချို့ကိုလည်းပြောချင်တာက အကုန်လုံးဟာ ကိုယ့်အကြောင်းနဲ့ကိုယ်လုပ်ကိုင်ရှာဖွေစားသောက်နေကြတဲ့လူတွေချည်းပဲ ကိုယ်ချင်းမစာလို့လည်းမဟုတ်ဘူး ကိုယ်ချင်းစားတယ် သူများပိုက်ဆံတော့ အလကားမယူနဲ့လေ လုံခြုံရေးက ​လုံခြုံရေးအခြေခံသဘောတရားမသိတဲ့ကောင်တွေကို ခန့်ထားတာလား ခင်များတို့က အလုပ်လာလျှောက်တဲ့လူက သူခိုး ဂျပိုးမသိ အကုန်ဆွဲထည့်ထားသလား အောက်မေ့ရတယ်...

နောက်ဆုံးဗျာ
ကျနော်အနေနဲ့ဒီကိစ္စကို မပြောပဲလျော်မလို့ပါပဲ..
ကိုယ်ကျိုးပဲကြည့်ပီး customers သေသေကြေကြေဂရုမစိုက်တဲ့kandayaw
တာဝန်ယူမှု တာဝန်ခံမှုလည်းမရှိတဲ့အပြင် သူတို့အနေနဲ့ kandayawလာတဲ့လူတွေကို သတိပေးခြင်းမရှိတဲ့အပြင်
ပစ္စည်းပျောက်ဆုံးကြောင်းပိုစ့်ကို ပစ္စည်းမှားယူသွားပါကပြန်လာပေးပါဆိုပီးတင်တာရယ် ကိုယ့်ဖို့လောက်ပဲကိုယ်သိပီး ပိုစ့်ကို ပြန်ဖျက်ပစ်လိုက်တာရယ် အခိုးခံရတာကို သတိရှိကြပါလို့ သတိပေးပိုစ့်လေးတောင် မတင်တာရယ်
pageမှာသွားမန့်တာကို reply မပြန်ပဲ ban လိုက်တာရယ်ကြောင့် မခံနိုင်လို့ ပိုစ့်ကိုတင်လိုက်တာပါ......အနည်းဆုံးတော့ သတိပေးခြင်းမျိုးလုပ်သင့်တယ် လုပ်သင့်တာကိုမလုပ်ပဲနဲ့ banပီး ပြသနာကိုဒီလိုပြေးတာကြီးကတော့ ရုပ်ပေါက်တာပေါ့ဗျာ Follower 133kတောင်မထောက် ရှက်ဖို့တောင်ကောင်းတယ်...

အခုလိုပိုစ့်တင်တာကလည်း ကျနော့်ဘက်က ပျောက်ဆုံးသွားတဲ့အရာအတွက် ကိုယ့်ဘာကိုယ်နှစ်သိမ့်ပီးနေလို့ရတယ်ဆိုပေမယ့် လူဘားဝလွန်းလို့ကို ဒီပိုစ့်ကိုတင်ရခြင်းဖစ်ပါတယ်.....

09/01/2022

ကြမ်းပီ

05/23/2021

🇲🇲

Address

24 LincoInAve
California City, CA
93901

Alerts

Be the first to know and let us send you an email when Channz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Channz:

Share