ရောင်နီ Live in Buffalo

ရောင်နီ Live in Buffalo LYNN LYNN + CHIT THU WAI MUSIC CONCERT LIVE IN BUFFALO CITY.

🎶✨ YAUNG NI LIVE IN BUFFALO ✨🎶🦬We proudly extend our heartfelt appreciation to all our donors for their generous support...
11/26/2025

🎶✨ YAUNG NI LIVE IN BUFFALO ✨🎶🦬

We proudly extend our heartfelt appreciation to all our donors for their generous support of Yaung Ni Live in Buffalo! 💖

Your kindness, generosity, and community spirit helped make this unforgettable celebration of music, art, and unity possible right here in Buffalo.
Your support truly made a difference, and we are deeply grateful. 🙏

📜 Physical Appreciation Certificates will be delivered to you soon.

Thank you for standing with us and helping bring this special event to life! 💛

11/20/2025

ဘတ်ဖလိုရောင်နီပွဲကိုစည်စည်ကားကား
သိုက်သိုက်ဝန်းဝန်းနဲ့ ကျင်းပပြီးစီးခဲ့ပါပြီ။
မြို့ခံပရိတ်သတ်တွေနဲ့ ရပ်ဝေးရပ်နီးမှလာရောက်
အားပေးကြတဲ့ ပရိသတ်တွေကို ဦးစွာပထမကျေးဇူးတင်ရှိပါတယ်။

ယခုပွဲဖြစ်မြောက်ရေးအတွက် လက်မှတ်များကို
ပွဲနေ့မတိုင်မီကပင် အချိန်ပေးကာရောင်းချပေးခဲ့တဲ့ လက်မှတ် ကိုယ်စားလှယ်များ၊
အနုပညာရှင်များနှင့်တီးဝိုင်းသမားများအတွက် မေတ္တာအပြည့်နှင့် ချက်ပြုတ်ကျွေးမွေးပို့ဆောင်ပေးကြသူများ၊ ပွဲမတိုင်မီမြို့သို့ရောက်နှင့်သောအနုပညာရှင်အချို့ နေထိုင်ရန် Air BNB
အခမဲ့တည်းခိုခွင့်ပေးပါသော Air BNB ပိုင်ရှင်၊

ဤပွဲကိုငွေအားဖြင့်
ပါဝင်ပံ့ပိုးပုံဖော်ပေးခဲ့ကြတဲ့ ဘတ်ဖလိုမြို့ခံလုပ်ငန်းရှင်များ၊ အချိန်တရက်ပဲပြင်ဆင်ချိန်ရတဲ့ပွဲနေ့မှာရောင်နီအဖွဲ့သားတွေရဲ့လမ်းညွန်မှုအတိုင်း
နံနက်စောစောတည်းကလာရောက် လုပ်အားပေးခဲ့ကြတဲ့ ညီအကိုမောင်နှမများ၊ လုံခြုံရေးပိုင်းကို တာဝန်ယူပေးခဲ့ကြတဲ့ ညီအကိုများ၊ လက်မှတ်ကောင်တာနှင့်
လက်မှတ်စစ်တာဝန်ယူလူငယ်လေးများ၊

အစားအသောက်ရောင်းချခြင်း ၊ အမှတ်တရပစ္စည်းများ ရောင်းချခြင်းတို့ဖြင့် တဖက်တလမ်းက ရံပုံငွေ ရှာဖွေပေးခဲ့ကြတဲ့ မြို့ခံအရောင်းရှင်များ
အဖွဲ့အစည်းများ ၊ Medical Team အနေနဲ့ပါဝင်
အားဖြည့်ပေးတဲ့ Jericho Road Community Health Center ၊

မိမိတို့သက်ဆိုင်ရာ Social Media Platform များမှ တဆင့် ပွဲနေ့မတိုင်မှီအထိ ဝန်းရံကြေငြာပေးကြတဲ့

Karreni Community Of Buffalo,

Karen Society Of Buffalo,

Chin Community Of Buffalo.

ဆက်လက်ပြီး ဒီပွဲရဲ့အစီအစဉ်တခုဖြစ်တဲ့ သရုပ်ဆောင်မြတ်နိုးအေးရဲ့အမှတ်တရ ဂစ်တာပွဲမှာပါဝင်လေလံဆွဲပြီး အနိုင်ရသွားသော
မြို့ခံWinnerအပြင် ပွဲမစမှီကပင်ပါဝင်လေလံပေးခဲ့သောကမ္ဘာအရပ်ရပ်မှ မြန်မာနိုင်ငံသူ
မြန်မာနိုင်ငံသားများ ဘတ်ဖလိုမြို့ခံများ ......
ဘတ်ဖလိုနှင့်ရပ်နီးရပ်ဝေးမှ မိတ်ဆွေများ၊
လေလံမဆွဲပဲ ဈေးထပ်
ပေါင်းပေးခဲ့သော ညီအကိုမောင်နှမများ
ပွဲချိန်အဆုံးထိတိုင် အချိန်မှီပြီးစီးအောင်ဝိုင်းဝန်း
ဆောင်ရွက်ကြသူများ

အထူးသဖြင့် ကျနော်တို့မြို့ထိလာရောက်
ဖျော်ဖြေပေးခဲ့ကြတဲ့ ရောင်နီ အဖွဲ့သားများ

ပါဝင်အားဖြည့်ပေးတဲ့ Buffalo Strings Workမှ ဆရာနှင့်ကလေးငယ်များ စီစဉ်ပေးသူများ၊
Buffalo Myanmar Association - Youth မှအကဖြင့်ဖျော်ဖြေပေးခဲ့သောညီမငယ်များနှင့်

ဤပွဲဖြစ်မြောက်ရေး အတွက်
နိုင်ရာဝန်ထမ်းခဲ့ကြသူများ
ကျေးဇူးတင်ဖော်ပြရန်မေ့လျော့ခဲ့သူများ
အားလုံးကိုကျေးဇူးအထူးအထူး တင်ရှိပါကြောင်း

"ရောင်နီဘတ်ဖလို"အဖွဲ့မှ
ထပ်လောင်းပြောကြားမှတ်တမ်းတင်ဂုဏ်ပြုအပ်
ပါသည်။

Thank You BMA Youth ❤️
11/17/2025

Thank You BMA Youth ❤️

11/17/2025

Guitar Auction
🎸
13000
Congratulations 🎉🎊

11/16/2025

Dohthlennak hrangah tuah mi Yaungni hlasak puai cu tuni 3-7pm tiang Kleinhan’s Music Hall ah a um ding ih ra ve cio dingin kan lo sawm

#ရောင်နီ

11/16/2025

ꤢꤧꤗꤟꤥ꤬ꤏꤢꤦ꤬ꤓꤤ꤭ ꤘꤣ ꤛꤢꤪ꤬ꤔꤤ꤬ ꤕꤝꤢꤧ꤬
ꤢꤧꤗꤟꤥ꤬ꤏꤢꤦ꤬ꤞꤤ꤭ꤜꤟꤢꤪꤕꤜꤤ꤭

#ရောင်နီ

Are You Ready Buffalo ☀️ "Kleinhans Music Hall 🎶" 🍱 Food Sale - 12:00 pm to sold outFood Sales, Merchandise & 50/50 Raff...
11/15/2025

Are You Ready Buffalo ☀️

"Kleinhans Music Hall 🎶"


🍱 Food Sale - 12:00 pm to sold out
Food Sales, Merchandise & 50/50 Raffle Sales

➡️➡️➡️ Check in time- 2:00 pm
🎼🎸🎼 Show time- 3:00 pm to 8:00 pm

👉👉👉Location - ✍️
3 Symphony Cir, Buffalo NY 14201
Free Parking Available

#ရောင်နီLiveInBuffalo #ရောင်နီ



🎼🎸🎼 ပွဲချိန်သတိပြုရန် 🎼🎸🎼 🍱 Food Sale - 12:00 pm to sold outFood Sales, Merchandise & 50/50 Raffle Sales ➡️➡️➡️ Check in...
11/15/2025

🎼🎸🎼 ပွဲချိန်သတိပြုရန် 🎼🎸🎼

🍱 Food Sale - 12:00 pm to sold out
Food Sales, Merchandise & 50/50 Raffle Sales

➡️➡️➡️ Check in time- 2:00 pm
🎼🎸🎼 Show time- 3:00 pm to 8:00 pm

👉👉👉Location - ✍️
3 Symphony Cir, Buffalo NY 14201
Free Parking Available

#ရောင်နီLiveInBuffalo #ရောင်နီ

"ဘတ်ဖလိုရောင်နီပွဲမှာ"Foodies တွေနဲ့ Shoppers တွေအတွက်စားသောက်ဖွယ်ရာနှင့် အမှတ်တရပစ္စည်းဆိုင်ခန်းများ နေ့လည် ၁၂ နာရီ ကနေ...
11/15/2025

"ဘတ်ဖလိုရောင်နီပွဲမှာ"
Foodies တွေနဲ့ Shoppers တွေအတွက်
စားသောက်ဖွယ်ရာနှင့် အမှတ်တရပစ္စည်းဆိုင်ခန်းများ နေ့လည် ၁၂ နာရီ ကနေ ၃နာရီအထိ ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်ပါကြောင်း
အသိပေးကြေငြာအပ်ပါတယ်။

ရရှိနိုင်သောအစားအစာများ

Buffalo Myanmar Association မှရောင်းချပေးမည့်စားဖွယ်စုံများ
--------------------------------------------
-အီကြာကွေးနှင့်လ္ဘက်ရည်
(YOUTIAO & BURMESE MILK TEA)

-ကောက်ညှင်းပေါင်းနှင့်ကြက်ကြော်
(STICKY RICE & FRIED CHIKCEN)

-စမူဆာ
(SAMOSA)

-ကြာဆံကြော်
(FRIED VERMICELLI)

-ထိုင်း ပဲကြာဆံသုပ်
(THAI STYLE BEAN-VERMICELLI SALAD)

-မုန့်အချို (သာကူ-ကောက်ညှင်း)
(BURMESE DESSERT-SWEET SAGO STICKY RICE)

-ကြက်ကုန်းဘောင်နှင့်ထမင်း
(KUNG PAO CHICKEN & RICE)

မနှင်းဆီရဲ့ အကြော်စုံ
---------------------
-အကြော်စုံ
(MIXED TEMPURA SET)

NADI BURMESE RESTAURANTရဲ့လက်ရာ
-----------------------------------------
-ဖက်ထမင်းနှင့်ကြက်သားကြော်
(RICE WITH BANANA LEAF/ CURRY PASTE & NADI’S FRIED CHICKEN)

BUFFALO DAW TUUရဲ့ HALALဒံပေါက်
--------------------------------------
-ဒံ‌ပေါက်ထမင်း
(ကြက်သား/အမဲသား/ဆိတ်သား)
DAW TUU SIGNATURE BIRYANI WITH (CHICKEN / BEEF / MUTTON)

WIN FAMILY မှရောင်းချမဲ့စားဖွယ်များ
-----------------------------------
-နန်းကြီးသုပ်/ မုန့်ဖတ်သုပ်/
ကောက်ညှင်းသရက်အချိုပွဲ
(BURMESE- THICK RICE NOODLE SALAD & THIN RICE NOODLE SALAD)
(MANGO STICKY RICE-DESSERT)

KAREN SOCIETY OF BUFFALO မှရရှိန်ိုင်မဲ့
--------------------------------------
-မုန့်ဟင်းခါး
(BURMESE FISH NOODLE SOUP)

Ma Honey Store မှ
------------------

- ကြေးအိုးဆီချက် (ဝက်သား)
RICE NOODLE WITH MARINATED PORK MEAT

- ကြက်ပဲရည်သုပ်
CHICKEN SALAD WITH CHICKPEA SOUP

ဒီလိုအစားအသောက်တွေအပြင်

"Spring Development Bank"

“I Am Knyaw” Store

"ရောင်နီအမှတ်တရ" Store

“Karen Souvenir” Store

တို့မှ အမှတ်တရပစ္စည်းများဝယ်ယူနိုင်ရန်လည်း
ပြင်ဆင်ထားပါသည်။

လက်မှတ်တွေကို ပွဲမစမှီဝယ်ယူနိုင်ရန်လည်း
လက်မှတ်ကောင်တာများကို နေ့လည်၁၂နာရီတိတိမှာ ဖွင့်လှစ်ပေးထားပါမယ်။

"ရောင်နီဘတ်ဖလိုမှာဆုံကြမယ်"

11/16/2025
Fundraising Time - 12:00 To 3:00pm
Show Time - 3:00pm To 8:00pm

11/15/2025

“ရောင်နီတွေနဲ့ တို့အတူ” ဆုံကြမယ်နော်
November 16, 2025.

#ရောင်နီ

ရောင်နီရဲ့ Live in Buffalo ဂီတဖျော်ဖြေပွဲကို ခမ်းနားထည်ဝါအောင်မြင်စွာကျင်းပနိုင်စေဖို့ ရွှေပွဲလာ ရင်ဘတ်တူ ဂီတချစ်သူ တစ်ဦ...
11/14/2025

ရောင်နီရဲ့ Live in Buffalo ဂီတဖျော်ဖြေပွဲကို ခမ်းနားထည်ဝါအောင်မြင်စွာကျင်းပနိုင်စေဖို့ ရွှေပွဲလာ ရင်ဘတ်တူ ဂီတချစ်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ဒီဆောင်ရန်၊ရှောင်ရန် သတ်မှတ်ထားတာလေးတွေကို အတူပူးပေါင်းပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။

🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩

📍Do's 📍
------------
📍အစားအသောက်များကို စားသောက်ခန်းမအတွင်းမှာ လွတ်လပ်စွာသုံးဆောင်နိုင်သလို To Go ယူဆောင်သွားနိုင်ရန်အတွက်လည်း To Go Box များ စနစ်တကျထားရှိနိုင်ရန် စီစဉ်ထားပါမယ်။

📍အစားအသောက် နှင့် အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ရန် Cash ဖြင့်သာလက်ခံမှာ ဖြစ်ပါတယ်။

📍ပွဲသို့လာရောက်အားပေးသော ပရိတ်သတ်မိသားစုများအတွက် ပွဲနှင့်ပတ်သက်သော လိုအပ်သည့်ဝန်ဆောင်မှုများအတွက် Volunteer များ အသင့်ရှိပါမယ်။

📍 လက်မှတ် မဝယ်ယူထားသူများအနေဖြင့် ပွဲခန်းမအတွင်း မဝင်ရောက်မီ လက်မှတ်များ ဝယ်ယူနိုင်ရန် စီစဉ်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🚫 Don'ts 🚫
--------------

🚫 Stage ပေါ်သို့ မည်သူမျှ တက်ရောက်ခွင့်မပြုပါ။

🚫 ပွဲခန်းမအတွင်း (Auditorium) သို့ Professional/Commercial Camera များ (လုံးဝ)ယူဆောင်ခွင့်မပြုပါ။

🚫 ပွဲကျင်းပနေစဥ်အတွင်း မည်သူမျှ Social Media Live Streaming (i.e. Instagram/Facebook Live လွှင့်ခြင်း ) နှင့် Video ရိုက်ကူးခြင်းများ ခွင့်မပြုပါ။

🚫 ပွဲကျင်းပနေချိန်ခန်းမအတွင်း သတင်းMediaများအနေဖြင့် သတင်းမှတ်တမ်းရယူရိုက်ကူးခြင်း ခွင့်မပြုပါ။ ပွဲနှင့်ပတ်သက်သော လိုအပ်သည့်သတင်းအချက်အလက်များအတွက် Media Spokesperson မှလွဲ၍ အခြားသူများဖြေကြားသော သတင်းအချက်အလက်များသည် ပွဲကျင်းပသည့် Organizer Team မှ တာဝန်ခံမည် မဟုတ်ပါ။

🚫 ပွဲခန်းမ (Auditorium) အတွင်းသို့ အစားအသောက်များ စားသောက်၊ယူဆောင်ခွင့်ကို တားမြစ်ထားပါတယ်။

🚫 ဖျော်ဖြေပွဲကျင်းပနေချိန်တွင် လက်ဆောင်ပန်းစီး၊ ပန်းခြင်းများ ရောင်းချမည်မဟုတ်ပါ။ ( သီဆိုဖျော်ဖြေမှုအနှောက်အယှက်မဖြစ်နိုင်စေရန်အတွက် မိမိကိုယ်ပိုင်ယူဆောင်လာသော ပန်းစီး၊ ပန်းခြင်းများ နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းကိုလည်း မပြုလုပ်ပေးပါရန် မေတ္တာရပ်ခံပါတယ်။)

🚫 ပွဲကျင်းပရာနေရာသို့ အန္တရာယ်ဖြစ်စေနိုင်သောပစ္စည်းများ ယူဆောင်လာခြင်း၊ အရက်သေစာ နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းများ (လုံးဝ) ခွင့်မပြုပါ။

🚫 ပွဲခန်းမအတွင်း ဝင်ရောက်ချိန်တိုင်း လုံခြုံရေးအရ
ရှာဖွေစစ်ဆေးခြင်းကို ကြည်ဖြူစွာ စစ်ဆေးခံပေးပါရန် မေတ္တာရပ်ခံပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပွဲနှင့်ပတ်သတ်သော သတင်းအချက်အလက်များအတွက် စုံစမ်းမေးမြန်းလိုပါက ရောင်နီ Live in Buffalo page သို့ မေးနိုင်ပါသည်။

#ရောင်နီLiveInBuffalo
#ရောင်နီ_ustour
#ရောင်နီ

Address

3 Symphony Cir, Buffalo, NY 14201
Buffalo, NY
14201

Alerts

Be the first to know and let us send you an email when ရောင်နီ Live in Buffalo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share