06/15/2026
Let’s go Breaking Bzy 👏🏻👏🏻👏🏻
🇲🇲 Meet Our KARDO Ambassador Candidate from Myanmar - Phyo Zin Tun (Breaking Bzy)
မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Hip-Hop, Breaking နဲ့ DJ စတဲ့ Street Culture ကဏ္ဍစုံမှာ ပါဝင်ယှဉ်ပြိုင်သွားမယ့် KARDO Ambassador Candidate - ဖြိုးဇင်ထွန်း (Breaking Bzy) နဲ့ မိတ်ဆက်ပေးပါရစေ။
Breaking Bzy ဟာ မြန်မာ့ Hip-hop လောက တိုးတက်ပြောင်းလဲမှုရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်သလို ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ Turntablist တစ်ဦးအနေနဲ့ DJ အတတ်ပညာပိုင်းကို နောက်ထပ် Level အသစ်တစ်ခုဆီ သယ်ဆောင်လာပေးခဲ့ပြီး ပြည်တွင်း DJ လောကမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ Scratching နဲ့ Turntablism အနုပညာကို တစ်ကိုယ်တော် ပြန်လည်အသက်သွင်းခဲ့သူပါ။
သူ၏ အမိုက်စားဖျော်ဖြေမှုတွေက DJ အချင်းချင်းကြားမှာရော၊ ပရိသတ်တွေကြားမှာပါ စိတ်ဝင်စားမှုကို ပြန်လည်နှိုးဆွပေးနိုင်ခဲ့ပြီး Mainstream လောကထဲမှာ Turntablism ကို ပြန်လည်ခေတ်စားလာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
🎧 Highlights & Achievements:
💯Top-Tier Hip-Hop DJ & Turntablist (မြန်မာနိုင်ငံရဲ့နံပါတ်တစ် Turntablist DJ)
🫡Most Respected Senior B-Boy (၁၅ နှစ်ကျော် သက်တမ်းတစ်လျှောက် အစဉ်တစိုက် ကြိုးစားလာခဲ့ပြီး လေးစားခြင်းခံရတဲ့ ပြည်တွင်းက Senior B-Boy တစ်ဦး)
🏆Popular Award Winner - K-Battle International Hip-Hop Festival 2025 (Thailand)
📺TV Appearances & Collaborations - ပြည်တွင်းက ထိပ်တန်း Hip-hop အနုပညာရှင်များ၊ ရပ်ပါများ၊ ပရိုဂျူဆာများနှင့် အတူတူလက်တွဲလုပ်ဆောင်ခြင်းနှင့် TV အစီအစဉ်များတွင် ပါဝင်ဖျော်ဖြေခွင့်ရရှိခဲ့ခြင်း
🇲🇲Former Founder of YGN Session Spot - မြန်မာ့ Street Dancer တွေအတွက် စစ်မှန်တဲ့ Underground Jam နဲ့ လေ့ကျင့်ရေးအကွင်းအပြင်ဖြစ်ခဲ့တဲ့ "YGN Session Spot" ကို အစပြုတည်ထောင်ခဲ့သူတစ်ဦး
🎯 မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်
Breaking Bzy က မြန်မာနိုင်ငံမှာ အရည်အချင်းရှိတဲ့ အားကစားသမားတွေနဲ့ အနုပညာရှင်တွေ အများကြီးရှိပေမယ့် လုံလောက်တဲ့ ပံ့ပိုးမှုနဲ့ အခွင့်အရေး မရရှိကြတဲ့အတွက် သူတို့ရဲ့ အရည်အချင်းတွေ ကွယ်ပျောက်နေရတယ်လို့ ယုံကြည်ထားပါတယ်။
အခုအခါမှာတော့ KARDO အစီအစဉ်ကတစ်ဆင့် ပြည်တွင်းက မြုပ်ကွယ်နေတဲ့ ပါရမီရှင်တွေကို နိုင်ငံတကာစင်မြင့်ထက်ဆီ အရောက်လှမ်းနိုင်အောင် ချိတ်ဆက်ပေးဖို့၊ မြန်မာနိုင်ငံတစ်ဝှမ်းမှာ Hip-hop နဲ့ Street Culture ကို ပိုမိုကျယ်ပြန့်လာစေဖို့နဲ့ ကမ္ဘာ့ Community တွေနဲ့ပါ ပေါင်းကူးတံတားတစ်ခု တည်ဆောက်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။
KARDO Ambassador Candidate တစ်ဦးအနေနဲ့ သူဟာ မိမိရဲ့ Social Media Platform တွေ၊ ပြည်တွင်း မီဒီယာချိတ်ဆက်မှုတွေနဲ့ Local Hip-Hop Community တွေကတစ်ဆင့် KARDO အကြောင်းကို တက်ကြွစွာ မျှဝေမြှင့်တင်သွားမှာ ဖြစ်ပါတယ်။
သူ့ရဲ့ လွှမ်းမိုးမှုနဲ့ ကြိုးစားအားထုတ်မှုတွေက မြန်မာနိုင်ငံတစ်ဝှမ်းက Battle DJ တွေ၊ Turntablist တွေ၊ B-Boys တွေနဲ့ Hip-hop ဝါသနာရှင် မျိုးဆက်သစ်တွေအတွက် ဆက်လက်ပြီး ခွန်အားဖြစ်စေမှာ အသေအချာပါပဲ။
Welcome to the KARDO Family, Breaking Bzy!🦾🔥
•••••
Meet Our KARDO Ambassador Candidate
from Myanmar - Phyo Zin Tun (Breaking Bzy)
We are proud to introduce Phyo Zin Tun, known as Breaking Bzy, as a KARDO Ambassador Candidate representing Myanmar across multiple street culture disciplines: Hip-Hop, Breaking, and DJ.
Breaking Bzy is a pioneer and a symbol of Myanmar's hip-hop evolution. As the country's first-ever turntablist to bring an entirely new level of DJ skills, he single-handedly revived the art of scratching and turntablism in the local DJ industry. His groundbreaking sets have reignited interest among Djs and audiences alike, making turntablism cool again in the mainstream.
💯Top Tier Hip-Hop DJ & Turntablist (the only one of his level in Myanmar)
🫡One of the Most Respected Senior B-Boys - active for over 15 years
🏆Winner - Popular Award, K-Battle International Hip-Hop Festival 2025 (Thailand)
📺TV Appearances & Collaborations with Top Hip-Hop Artists, Rappers & Producers
🇲🇲Former Founder of YGN Session Spot - The Real Underground Jam & Training Spot for Burmese Street Dancers
Breaking Bzy believes that Myanmar is home to many talented athletes and artists whose potential often goes unnoticed due to limited exposure and opportunities.
Through KARDO, he is ready to change that - by connecting local hidden talents to the international stage, spreading hip-hop and street culture wider across his country, and building bridges with global communities.
As a KARDO Ambassador Candidate, he will actively promote KARDO through his social media platforms, local media connections, and the local Hip-Hop community.
His influence continues to inspire a new wave of battle DJs, turntablists, B-boys, and hip-hop heads across Myanmar.
Welcome to the KARDO Family, Breaking Bzy!🦾🔥