mukha UAKNyunt

19/10/2025

အပေးအယူ
**********
တစုံတယောက်ကို
တခုခုပေးပါဆိုရင်အေးချမ်းတဲ့မေတ္တာတွေ
ပေးနိုင်သောသူသာ ဖြစ်ရပါစေ...
တစုံတယောက်ဆီက
တခုခုရ‌ခဲ့မယ်ဆိုရင်လဲ
အေးချမ်းတဲ့မေတ္တာတွေသာရချင်ပါတယ်...

မုခအောင်

UAKNyunt

06/10/2025

Filter လုပ်ထားတဲ့ အလင်း
***********************
လမ်းမပေါ်မှာ Traffic Light အနီရောင်တွေလင်း
အသက်ရှူကြပ်တဲ့ မြို့ပြကြီးမှာ တိတ်ဆိတ်ခြင်းကလွှမ်းမိုး...
ဖုန်းမျက်နှာပြင်က အပြာရောင်အလင်းနဲ့
လက်ထဲက Digital သီတင်းကျွတ်ညရောက်ခဲ့ပြန်ပေါ့
တစ်ချိန်တုန်းက လသာတဲ့ညများမှာ
မြေပြင်က ဆီမီးတွေဟာ Analog ကြယ်တွေလိုလင်းလက်
ဟိုးအတိတ်နေ့ရက်တွေတုန်းကတော့
လက်ဖဝါးနဲ့ ဆီမီးပန်းတွေကိုင်ပြီး ဘုရားဆီကို ဖိနပ်မပါဘဲခြေလျင်လျှောက်ခဲ့ကြတယ်...
အခုတော့ Online Payment တွေနဲ့ လှူဒါန်းကြတဲ့ မော်ဒန် သီတင်းကျွတ်ရဲ့နေ့ညတွေပေါ့
"Happy Thadingyut" Emoji တွေ လွင့်ပျံနေတဲ့ Chat Box ထဲမှာ။
ကန်တော့ခံမယ့်သူကို Video Call ခေါ်ဖို့ စောင့်ဆိုင်းနေတယ်...
ရိုးရာရဲ့ အနှစ်သာရက ဘယ်ရောက်သွားလို့လဲ။
Flash Light ဖွင့်ပြီး ရိုက်ထားတဲ့ Selfie ထဲမှာလား။
ဒါမှမဟုတ် Memory Card ထဲက Archive လုပ်ထားတဲ့ အမှတ်တရတွေမှာလား။
ဟိုး... အဝေးကြီးက လပြည့်ဝန်းကြီးက‌ေတာ့old schoolဆန်ဆန် သီတင်းကျွတ်နေဆဲပါပဲ...
သူကတော့ Pixel တစ်လုံးမှ မပါဘဲ
ခေတ်အဆက်ဆက်ကို တောက်ပစွာ စိုက်ကြည့်ဆဲပေါ့
ငါတို့ရဲ့ Connectionက 2Gမှ5G infinity မြန်နှုန်းမြင့်နေပေမယ့်...
Emotional Ping ကတော့ နှေးကွေးဆဲ...
ဘယ်သူက ဘယ်သူ့ကို ထွန်းညှိဖို့ လိုအပ်နေတာလဲ...

မုခအောင်

လမ်း*****ခရီးလမ်းကြမ်း မကြမ်းမှန်းကြည့်၍ မသိ။ခရီး အပေါက်တခေါက်လောက်လျှောက်ကြည့်မှ သိ။                     မုခအောင် #လမ်း
01/10/2025

လမ်း
*****
ခရီးလမ်း
ကြမ်း မကြမ်း
မှန်းကြည့်၍ မသိ။

ခရီး အပေါက်
တခေါက်လောက်
လျှောက်ကြည့်မှ သိ။
မုခအောင်
#လမ်း

ပင်ယံမြင့်တွင် တင့်ပါစေ**********************ပန်းလေးတပွင့်ပင်ယံမြင့်တင့်ချင်တိုင်းပင် တင့်တယ်သည်။ချူယူချင်သောစိတ်က‌စောမက...
28/09/2025

ပင်ယံမြင့်တွင် တင့်ပါစေ
**********************
ပန်းလေးတပွင့်
ပင်ယံမြင့်
တင့်ချင်တိုင်းပင် တင့်တယ်သည်။
ချူယူချင်သော
စိတ်က‌စော
မက်မက်မောမော ရှိလှသည်။
သို့ပါသော်ငြား
ပန်းသည်ကား
ပင်ဖျားမှာသာ တင့်တယ်သည်။
ချူချင်သောစိတ်
မျိုကာသိပ်
ဆိပ်ဆိပ်ကျေနပ်ခဲ့ပါသည်။
အဆင်းလှအား
ပန်းလေးများ
ပင်ယံထက်ဖျား ပွင့်ပါစေ...
ပင်ယံထက်ဖျား တင့်ပါစေ...
မုခအောင်

ที่อยู่

Samut Sakhon

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ mukha โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่