06/10/2025
Filter လုပ်ထားတဲ့ အလင်း
***********************
လမ်းမပေါ်မှာ Traffic Light အနီရောင်တွေလင်း
အသက်ရှူကြပ်တဲ့ မြို့ပြကြီးမှာ တိတ်ဆိတ်ခြင်းကလွှမ်းမိုး...
ဖုန်းမျက်နှာပြင်က အပြာရောင်အလင်းနဲ့
လက်ထဲက Digital သီတင်းကျွတ်ညရောက်ခဲ့ပြန်ပေါ့
တစ်ချိန်တုန်းက လသာတဲ့ညများမှာ
မြေပြင်က ဆီမီးတွေဟာ Analog ကြယ်တွေလိုလင်းလက်
ဟိုးအတိတ်နေ့ရက်တွေတုန်းကတော့
လက်ဖဝါးနဲ့ ဆီမီးပန်းတွေကိုင်ပြီး ဘုရားဆီကို ဖိနပ်မပါဘဲခြေလျင်လျှောက်ခဲ့ကြတယ်...
အခုတော့ Online Payment တွေနဲ့ လှူဒါန်းကြတဲ့ မော်ဒန် သီတင်းကျွတ်ရဲ့နေ့ညတွေပေါ့
"Happy Thadingyut" Emoji တွေ လွင့်ပျံနေတဲ့ Chat Box ထဲမှာ။
ကန်တော့ခံမယ့်သူကို Video Call ခေါ်ဖို့ စောင့်ဆိုင်းနေတယ်...
ရိုးရာရဲ့ အနှစ်သာရက ဘယ်ရောက်သွားလို့လဲ။
Flash Light ဖွင့်ပြီး ရိုက်ထားတဲ့ Selfie ထဲမှာလား။
ဒါမှမဟုတ် Memory Card ထဲက Archive လုပ်ထားတဲ့ အမှတ်တရတွေမှာလား။
ဟိုး... အဝေးကြီးက လပြည့်ဝန်းကြီးကေတာ့old schoolဆန်ဆန် သီတင်းကျွတ်နေဆဲပါပဲ...
သူကတော့ Pixel တစ်လုံးမှ မပါဘဲ
ခေတ်အဆက်ဆက်ကို တောက်ပစွာ စိုက်ကြည့်ဆဲပေါ့
ငါတို့ရဲ့ Connectionက 2Gမှ5G infinity မြန်နှုန်းမြင့်နေပေမယ့်...
Emotional Ping ကတော့ နှေးကွေးဆဲ...
ဘယ်သူက ဘယ်သူ့ကို ထွန်းညှိဖို့ လိုအပ်နေတာလဲ...
မုခအောင်