Mahar Nwe Food Court

Mahar Nwe Food Court ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Mahar Nwe Food Court, 32/8 Setthakij 1 Road, Tha Sai, Mueang Samut Sakhon District, Bangkok

မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေ🪔🙏 သီတင်းကျွတ်အခါသမယလေးမှာ ထိုင်းရောက် မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိ...
26/10/2026

မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေ🪔

🙏 သီတင်းကျွတ်အခါသမယလေးမှာ ထိုင်းရောက် မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း မဟာနွယ်ကုန်တိုက် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်။

မဟာနွယ်ကုန်တိုက်နဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ် သီတင်းကျွတ်အခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။💖

#မဟာနွယ်ကုန်တိုက် #သီတင်းကျွတ် #သီတင်းကျွတ်ဆုတောင်း

25/10/2026

မဟာချိုင်မှာရှိတဲ့ မဟာနွယ် Food Court ကို ပြန်လည်ဖွင့်လှစ်ထားပါပြီ။

ဆိုင်ဖွင့်ချိန်ကို မနက် (၉) နာရီကနေ ည (၇) နာရီခွဲအထိ ပြောင်းလဲထားတာကြောင့် အလုပ်ကပြန်လာရင်လည်း မဟာနွယ် Food Court ထဲမှာ စားသောက်အပန်းဖြေလို့ရနေပြီနော် 🥰

#မဟာနွယ်ကုန်တိုက်

23/10/2026

မနက်ဖြန် မဟာနွယ် Food Court မှာ ဒံပေါက်ပြန်ရပါပြီ။ 🥰

စနေနေ့တစ်ရက်တည်းချက်တဲ့ မဟာနွယ်ဒံပေါက်က ကုန်တာအရမ်းမြန်လို့ စားချင်တယ်ဆိုရင် အော်ဒါကြိုတင်ထားလို့ရပါတယ်အမျိုးတို့...

ကုန်တိုက်အနီးနားတစ်ဝိုက်ဆိုရင် Delivery နဲ့ ပို့ဆောင်ပေးပါတယ်နော်

#မဟာနွယ်ကုန်တိုက် #မဟာချိုင်

မာလာရှမ်းကောနဲ့ မာလာမောက်ချိုက်ဒီနှစ်မျိုးထဲက ဘယ်ဟာပိုကြိုက်ကြလဲ သူငယ်ချင်းတို့…🌧️ မိုးအေးအေးလေးနဲ့ အရည်လေးသောက်ချင်တယ်ဆ...
23/10/2026

မာလာရှမ်းကောနဲ့ မာလာမောက်ချိုက်

ဒီနှစ်မျိုးထဲက ဘယ်ဟာပိုကြိုက်ကြလဲ သူငယ်ချင်းတို့…

🌧️ မိုးအေးအေးလေးနဲ့ အရည်လေးသောက်ချင်တယ်ဆိုရင် မာလာမောက်ချိုက်

🌶️ ထုံထုံစပ်စပ်လေးနဲ့ ခြောက်ခြောက်လေးစားချင်တယ်ဆိုရင် မာလာရှမ်းကော

🍜 မာလာရှမ်းကော Team ဆိုရင် ❤️ လုပ်ခဲ့နော်
🍲 မာလာမောက်ချိုက် Team ဆိုရင် 👍 လုပ်ခဲ့နော်

☎ 09 5000 7941
📧 [email protected]
🏬 No.32/8 Moo 8, Tha sai Subdistrict,Mueang Samut Sakhon District,Samut Sakhon 74000,Thailand.

#မဟာနွယ်ကုန်တိုက် #မဟာချိုင် #မာလာရှမ်းကော #မာလာမောက်ချိုက်

မဟာနွယ် Food Court ပြန်ဖွင့်ထားပါပြီအမျိုးတို့ရေ...အအေးကောင်တာနဲ့ မြန်မာအစားအစာကောင်တာ နှစ်ခုဖွင့်လှစ်ထားပြီဖြစ်လို့ 👉ဖာ...
15/10/2026

မဟာနွယ် Food Court ပြန်ဖွင့်ထားပါပြီအမျိုးတို့ရေ...

အအေးကောင်တာနဲ့ မြန်မာအစားအစာကောင်တာ နှစ်ခုဖွင့်လှစ်ထားပြီဖြစ်လို့

👉ဖာလူဒါ၊ ရေခဲသုပ်၊ အအေးမျိုးစုံနဲ့
👉မြန်မာထမင်းဟင်း၊ မုန့်ဟင်းခါးနဲ့ အသုပ်စုံတို့ကို ပုံမှန်အတိုင်းပြန်လည် သုံးဆောင်နိုင်ပါပြီ။

မာလာရှမ်းကော၊ မာလာမောက်ချိုက်စတဲ့ တရုတ်အစားအစာကောင်တာကတော့ လတ်တလော ပိတ်ထားပါသေးတယ်။🙏

ကောင်တာဖွင့်လှစ်တဲ့အခါ ထပ်ပြီးကြေညာပေးသွားပါ့မယ်ဗျို့...

အချိန်ပေးပြီး စောင့်ဆိုင်းခဲ့ကြတဲ့ ကာစတန်မာတွေကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ

☎ 09 5000 7941
📧 [email protected]
🏬 No.32/8 Moo 8, Tha sai Subdistrict,Mueang Samut Sakhon District,Samut Sakhon 74000,Thailand.

#မဟာနွယ်ကုန်တိုက်

မဟာချိုင်၊ မဟာနွယ်ကုန်တိုက်ရှိ Food Court တွင် ဝန်ထမ်းများခေါ်ယူနေပါသည်။ 👩‍🍳မြန်မာအစားအစာ ကျွမ်းကျင်စွာချက်ပြုတ်တတ်သူ  (...
09/10/2026

မဟာချိုင်၊ မဟာနွယ်ကုန်တိုက်ရှိ Food Court တွင် ဝန်ထမ်းများခေါ်ယူနေပါသည်။

👩‍🍳မြန်မာအစားအစာ ကျွမ်းကျင်စွာချက်ပြုတ်တတ်သူ (၁) ဦး

မြန်မာထမင်းဟင်း၊ မုန့်ဟင်းခါး၊ အသုပ်မျိုးစုံ၊ ဒံပေါက် ၊ထောပတ်ထမင်း ပြုလုပ်နိုင်ရမည်။

👩‍🍳အကြော်ဆရာ (၁) ဦး

မာလာရှမ်းကော၊ မာလာမောက်ချိုက်နှင့် ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ထမင်းကြော်များ ပြုလုပ်နိုင်ရမည်။

👩‍🍳အအေးနှင့် ကော်ဖီဖျော် (၁) ဦး

👩‍🍳Kitchen Helper (၁) ဦး

👩‍🍳သန့်ရှင်းရေး (၁) ဦး

ခေါ်ယူနေပါသည်။

အလုပ်လျှောက်ထားရန်လိုအပ်ချက်များ

ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်ခွင့်အထောက်အထား အစုံအလင်ရှိရမည်။
သက်ဆိုင်ရာ Position အတွက် လုပ်သက်အနည်းဆုံး ၁ နှစ်ရှိရမည်။
သန့်ရှင်းသပ်ရပ်စွာနေထိုင်သူဖြစ်ရမည်။

အလုပ်ချိန် - မနက် (၉) နာရီကနေ ည (၇) နာရီအထိ

အလုပ်နေရာ - မဟာချိုင် ၊ မဟာနွယ်ကုန်တိုက်ရှိ Food Court

ရက်မှန်ကြေး ၊ Performance Bonus များလည်းရှိပါသည်။

အလုပ်လျှောက်ထားချင်တယ်ဆိုရင် Page Messenger ကနေ CV Form များ ပို့ပေးထားနိုင်ပါသည်။

မဟာနွယ် Food Court မှာ လာရောက်စားသောက် အပန်ဖြေကြတဲ့ သူငယ်ချင်းတို့ရေ 📢Food Court ကို ယာယီပိတ်ထားကြောင်း အသိပေးလိုက်ပါတယ်...
02/10/2026

မဟာနွယ် Food Court မှာ လာရောက်စားသောက် အပန်ဖြေကြတဲ့ သူငယ်ချင်းတို့ရေ 📢

Food Court ကို ယာယီပိတ်ထားကြောင်း အသိပေးလိုက်ပါတယ်နော်…👈

Grand Opening အတွက် အရသာပိုင်း ၊ Menu ပိုင်းမှာ ပြင်ဆင်မှုတွေမပြီးသေးလို့ယာယီပိတ်လိုက်ရခြင်းဖြစ်ပါတယ်။

Grand Opening နေ့မှာ အမိုက်စား Promotion တွေနဲ့အတူ ပြန်လာမှာဖြစ်လို့ ပြန်လည်ဖွင့်လှစ်သွားမယ့်နေ့ကို ကြေညာပေးသွားပါ့မယ်နော်

Mahar Nwe Food Court မှာ ပြင်ဆင်မှုလေးတွေမပြီးသေးလို့ နောက်ထပ် (၂) ရက်လောက် ထပ်ပိတ်ထားခွင့်ပြုပါဦးနော် 🙏အခုလာမယ့် အောက်တ...
30/09/2026

Mahar Nwe Food Court မှာ ပြင်ဆင်မှုလေးတွေမပြီးသေးလို့ နောက်ထပ် (၂) ရက်လောက် ထပ်ပိတ်ထားခွင့်ပြုပါဦးနော် 🙏

အခုလာမယ့် အောက်တိုဘာလ (၁) ရက်နေ့နဲ့ (၂) ရက်နေ့ကို ယာယီဆက်လက်ပိတ်ထားမှာဖြစ်ကြောင်းအသိပေးလိုက်ပါတယ်။

အောက်တိုဘာလ (၃) ရက်နေ့မှာ အကောင်းဆုံးဝန်ဆောင်မှုတွေနဲအတူ အတန်ဆုံး ပရိုမိုရှင်းအစီအစဉ်နဲ့အတူ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

#ပိတ်ရက်ကြေညာခြင်း

Mahar Nwe Food Court ပြန်ဖွင့်တဲ့အချိန်ကနေ ယခုအချိန်အထိ အားပေးခဲ့ကြတဲ့ ကာစတန်မာလေးတို့ရေ…Food Court ကို ယခုလာမယ့် စတင်ဘာ...
27/09/2026

Mahar Nwe Food Court ပြန်ဖွင့်တဲ့အချိန်ကနေ ယခုအချိန်အထိ အားပေးခဲ့ကြတဲ့ ကာစတန်မာလေးတို့ရေ…

Food Court ကို ယခုလာမယ့် စတင်ဘာလ ၂၈ ၊ ၂၉ ၊ ၃၀ ရက်နေ့ (၃) ကို ယာယီပိတ်ထားမှာဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်လိုက်ပါတယ်။

Mahar Nwe Food Court ကို ယခုလက်ရှိထက်ပိုမိုကောင်းမွန်အောင် ပြန်လည်ပြင်ဆင်သွားမှာဖြစ်သောကြောင့် အကြံပြုလိုသော အရာများကို ကောမန့်မှာရေးခဲ့လို့ရပါတယ်။

အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ပုံမှန်အတိုင်း ပြန်လည်ဖွင့်သွားမှာဖြစ်ပါတယ်ခင်ဗျာ

#ပိတ်ရက်ကြေညာခြင်း

ที่อยู่

32/8 Setthakij 1 Road, Tha Sai, Mueang Samut Sakhon District
Bangkok
74000

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Mahar Nwe Food Court โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์