09/07/2026
နိုင်ငံခြခြားမှာ အလုပ်လုပ်ပြီး…
ဒီ “နွံ” (၅) ခုထဲက မရုန်းထွက်နိုင်သေးရင်…
လစာဘယ်လောက်ကောင်းကောင်း…
ပိုက်ဆံကျန်ဖို့ ခက်လိမ့်မယ်။
တကယ်တော့…
နိုင်ငံခြားမှာ လူတစ်ယောက်ကို ဆင်းရဲအောင်လုပ်တာက…
ဝင်ငွေနည်းတာ မဟုတ်ဘူး။
ကိုယ်တိုင်တောင် မသိလိုက်ဘဲ ဝင်သွားမိတဲ့ “နွံ” တွေပဲကြောင့်ပဲ..။
(၁) လောင်းကစားနွံ
“ဒီတစ်ခါပဲ”
“ဒီတစ်ပတ်ပဲ”
“ဒီတစ်ခေါက်နိုင်ရင် ရပ်မယ်”
ဆိုတဲ့ စကားက…
လောင်းကစားသမားတိုင်းရဲ့ လက်သုံးစကားပဲ။
ဒီနွံထဲ နစ်ပြီဆိုရင်…
ရပ်သွားတဲ့လူထက်…
ဘဝပျက်သွားတဲ့လူက ပိုများတယ်။
လောင်းကစားဆိုတာက…
ပိုက်ဆံတစ်ခုတည်းကိုသာ ယူသွားတာ မဟုတ်ဘူး။
လူတစ်ယောက်ရဲ့ အနာဂတ်ကိုပါ ယူသွားတတ်တယ်။
(၂) အသောက်အစားနွံ
နိုင်ငံခြားမှာ ပင်ပန်းတယ်။
အထီးကျန်တယ်။
အဲ့တော့…
“ဒီနေ့တော့ သောက်လိုက်ဦးမယ်”
ဆိုတာကနေ စတယ်။
နောက်တော့…
တစ်ပတ်တစ်ခါ။
နောက်တော့…
နေ့တိုင်း။
နောက်ဆုံး…
ဘဏ်စာအုပ်ထဲက ဂဏန်းထက်…
ဘီယာ၊အရက်ဖိုးမှာ သုံးခဲ့တဲ့ ငွေက ပိုများလာတတ်တယ်။
(၃) Brand ပစ္စည်းနွံ
နိုင်ငံခြားရောက်တော့…
Brand တွေက အရမ်းလှတယ်။
အရမ်းဝယ်လို့ကောင်းတယ်။
ဖုန်းအသစ်…
နာရီအသစ်…
ဖိနပ်အသစ်…
အဝတ်အသစ်…
ဝယ်လိုက်ရတဲ့ အချိန်မှာတော့ ပျော်တယ်။
ဒါပေမယ့်…
၅ နှစ်ကြာပြီး ပြန်ကြည့်လိုက်ရင်…
Brand တွေက ကိုယ့်ကို လုပ်မကျွေးတဲ့အပြင်။
ကိုယ့်ရဲ့ ပိုက်ဆံတွေပဲ မကျန်တော့တာ။
(၄) အပေါင်းအသင်းနွံ
နိုင်ငံခြားမှာ…
လူပေါင်းမှားတာက အရမ်းကြောက်ဖို့ကောင်းတယ်။
“လာပါကွာ”
“တစ်ခါတည်းပါ”
ဆိုတဲ့ စကားတွေကြောင့်…
ကိုယ်မလုပ်ချင်တဲ့ အရာတွေကိုတောင် လုပ်မိသွားတတ်တယ်။
တစ်ချို့လူတွေက…
ကိုယ့်ကို အောင်မြင်စေဖို့ လာကြတာမဟုတ်ဘူး။
ကိုယ့်ကို အတူတူ ဆင်းရဲဖို့ပဲ လာတတ်ကြတယ်။
(၅) လောဘနွံ 💸
“ဒီဟာ ရင်းလိုက်”
“ဒီဟာ အမြတ်ကောင်းတယ်”
“ဒီဟာ ချက်ချင်းတက်မယ်”
ဘာမှ မလေ့လာဘဲ…
အလွယ်တကူ ချမ်းသာချင်တဲ့စိတ်နဲ့ ရင်းလိုက်တဲ့အချိန်မှာ…
ပိုက်ဆံတင်ပဲ ဆုံးရှုံးသွားတာမဟုတ်ဘူး။
ကိုယ့်ရဲ့ ယုံကြည်မှုပါ ဆုံးရှုံးသွားတတ်တယ်။
တကယ်တော့…
နိုင်ငံခြားမှာ ပိုက်ဆံရှာရတာ မခက်ဘူး။
ဒီနွံတွေထဲ မဝင်အောင် နေရတာက ပိုခက်တာ။
ဘာလို့လဲဆိုတော့…
လူတစ်ယောက်ကို ဆင်းရဲစေတာက…
လစာနည်းတာ မဟုတ်ဘူး။
ကိုယ်တိုင် မသိဘဲ ဝင်သွားမိတဲ့ နွံတွေကပဲ…
ဘဝကို တဖြည်းဖြည်း စားသွားတာပါ။
Part 2 မှာတော့…
နိုင်ငံခြားမှာ လူတော်တော်များများ မထွက်နိုင်တဲ့ နွံ (၅) ခုကို ဆက်ရေးပေးမယ်။
K Éntertainment