A Z Channel TV Thank You For Watching

08/10/2026
08/10/2026

အမှိုက်သိမ်းရင်း ဘတ် ၁ သိန်းနီးပါး တွေ့ခဲ့ပေမယ့် တစ်ဘတ်တောင် မယူဘဲ ပိုင်ရှင်ထံ အပြည့်အဝ ပြန်အပ်ပေးခဲ့တဲ့ အမှိုက်သိမ်းဝန်ထမ်းတွေ

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့နယ်က ပရမ်ပရာချာ ဘလူးတစ် အိမ်ရာမှာ အမှိုက်သိမ်းနေတဲ့ စည်ပင်ဝန်ထမ်းတွေဟာ ပုံမှန်အတိုင်း အမှိုက်လိုက်သိမ်းနေခဲ့ပါတယ်။

အဲဒီအချိန်မှာ အမှိုက်တွေထဲကနေ မဖြစ်သင့်တဲ့အရာတစ်ခုကို တွေ့လိုက်ရပါတယ်။

ငွေစက္ကူတွေကို အထုပ်လိုက် သေသေသပ်သပ်စီထားပြီး ပိုက်ဆံအိတ်တစ်လုံးနဲ့ ဖုန်းတစ်လုံးပါ အတူတူတွေ့ခဲ့တာပါ။

အထဲမှာရှိတဲ့ ငွေပမာဏက စုစုပေါင်း ဘတ် ၁ သိန်းလောက် ရှိပါတယ်။

အဲဒီငွေတွေဟာ အိမ်ပိုင်ရှင်က မတော်တဆ အမှိုက်နဲ့အတူ လွှင့်ပစ်မိသွားတာ ဖြစ်ပါတယ်။

ဘတ် ၁ သိန်းက ကိုယ့်ရှေ့မှာရှိနေပြီဆိုပေမယ့် အမှိုက်သိမ်းဝန်ထမ်းတွေကတော့ ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ချက်က တစ်ခုပဲရှိပါတယ်။

ပိုင်ရှင်ကို ဘယ်လိုပဲဖြစ်ဖြစ် ရှာပြီး ပြန်အပ်ပေးမယ်ဆိုတာပါ။

အဖွဲ့လိုက် ပိုင်ရှင်ကို လိုက်လံရှာဖွေခဲ့ကြပြီး နောက်ဆုံးမှာတော့ ပိုင်ရှင်အစစ်ကို ရှာတွေ့ခဲ့ပါတယ်။ တွေ့ရှိထားတဲ့ ငွေတွေ၊ ပိုက်ဆံအိတ်နဲ့ ဖုန်းကိုလည်း တစ်ဘတ်တောင် မလျော့ဘဲ အပြည့်အဝ ပြန်အပ်ပေးခဲ့ကြပါတယ်။

ဝန်ထမ်းတစ်ဦးကတော့ ဒီလိုပြောပါတယ်—

“ဒီနေ့ အလုပ်ထွက်လာရင်း ငွေတွေကို မတော်တဆတွေ့ခဲ့တာပါ။ ဒါကြောင့် ပိုင်ရှင်ကို ရှာပြီး ပြန်အပ်ပေးရမှာပေါ့”

သူတို့ဟာ ဘန်ကရဆန်မြို့နယ် စည်ပင်က “นายกฝน” အဖွဲ့က ဝန်ထမ်းတွေဖြစ်တယ်လို့လည်း ပြောပြခဲ့ပါတယ်။

ဘာကြောင့် ငွေတွေကို မယူဘဲ ပြန်အပ်ပေးခဲ့တာလဲဆိုတော့ အဖြေက ရိုးရိုးလေးပါပဲ။

“သူများပိုက်ဆံဆိုရင် ဘယ်သူမဆို လိုချင်မှာပဲ။ ဒါပေမယ့် ကိုယ့်ပိုက်ဆံမဟုတ်ရင် ရိုးသားရမယ်။ ကိုယ်ချင်းစာရမယ်”

အမှိုက်ထဲရောက်သွားတဲ့ ဘတ် ၁ သိန်းဟာ နောက်ဆုံးမှာ ပိုင်ရှင်လက်ထဲကို တစ်ရွက်မကျန် ပြန်ရောက်သွားခဲ့ပါတယ်။

ရိုးသားမှုဆိုတာ ပိုက်ဆံကို မလိုချင်တာမဟုတ်ပါဘူး။

လိုချင်စိတ်ရှိနေပေမယ့် “ဒါက ငါ့ပိုက်ဆံမဟုတ်ဘူး” ဆိုတာကို လက်ခံပြီး ပိုင်ရှင်ထံ ပြန်အပ်ပေးနိုင်တာကပဲ တကယ့်ရိုးသားမှုပါ။ ❤️

Aung Zay Channel

08/10/2026
08/10/2026

အိမ်မှာ တစ်ယောက်တည်းရှိနေတဲ့ အမျိုးသမီးကို ငရုတ်ကျည်ပွေ့နဲ့ ထုရိုက်ပြီး ရွှေနဲ့ဖုန်း လုယက်

ရန်ကုန်တိုင်း၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ၁၉ ရပ်ကွက်၊ ဓညဝတီလမ်းမှာ အိမ်မှာ တစ်ယောက်တည်းရှိနေတဲ့ အမျိုးသမီးတစ်ဦးကို အမျိုးသမီး ၂ ဦးက ဝင်ရောက်ထုရိုက်ပြီး ရွှေထည်နဲ့ လက်ကိုင်ဖုန်းတွေ လုယက်ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က အောက်တိုဘာ ၆ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ ဖြစ်ခဲ့တာပါ။

မခင်မိုးဆွေ တစ်ယောက်တည်း အိမ်မှာရှိနေချိန် လွန်ခဲ့တဲ့ ၁ နှစ်ခန့်က အဲဒီအိမ်မှာ ငှားရမ်းနေထိုင်ဖူးပြီး အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မစုပိုသိမ့်အပါအဝင် အမျိုးသမီး ၂ ဦး ရောက်လာခဲ့ပါတယ်။

အဲဒီနောက် အမျိုးသမီး ၂ ဦးက မခင်မိုးဆွေကို ငရုတ်ကျည်ပွေ့နဲ့ ထုရိုက်ပြီး သူမဝတ်ထားတဲ့ ကျပ် ၅ သိန်းခန့်တန်ဖိုးရှိ လက်စွပ်မောင်းကွင်း ၁ ကွင်း၊ ကျပ် ၆ သိန်းခန့်တန်ဖိုးရှိ နားကွင်း ၁ ရံနဲ့ ကျပ် ၃ သိန်းခန့်တန်ဖိုးရှိ Redmi ဖုန်း ၁ လုံးတို့ကို အတင်းအဓမ္မယူဆောင်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ထုရိုက်ခံရတာကြောင့် မခင်မိုးဆွေမှာ ချိုစောင်း၊ နှာခေါင်း၊ နဖူးနဲ့ မျက်ခုံးတဝိုက်မှာ ဖူးရောင်ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့သလို နှုတ်ခမ်းမှာလည်း ပေါက်ပြဲဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်ခဲ့ရာမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ မစုပိုသိမ့်နဲ့ မဝင်းသန္တာကျော်တို့ ၂ ဦးကို လှိုင်သာယာ(အနောက်ပိုင်း) သောင်ကြီးနယ်မြေစခန်းက ရဲတပ်ဖွဲ့ဝင်တွေက အဲဒီညမှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးထားသူ ၂ ဦးကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

04/10/2026

ဆရာဝန်တွေ သတိပေးထားတဲ့ မြွေကိုက်ခံရရင် မလုပ်သင့်တဲ့အရာ

မြွေကိုက်ခံရတဲ့အခါ လူတော်တော်များများ လုပ်တတ်ကြတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ အဲဒါကတော့ လက်မောင်းကို တင်းတင်းကြပ်ကြပ် စည်းထားတာပါ။

ဒါပေမယ့် ဆရာဝန်တွေက ဒီလိုမလုပ်ဖို့ သတိပေးထားပါတယ်။

လက်မောင်းကို ကြပ်ကြပ်စည်းထားတာက မြွေဆိပ်ကို နှလုံးဘက် မရောက်အောင် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အပြင် သွေးလည်ပတ်မှုကို ထိခိုက်စေနိုင်ပြီး ပြင်းထန်တဲ့အခြေအနေမှာ လက်ကို ဖြတ်တောက်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။

မြွေကိုက်ခံရရင် မှန်ကန်တဲ့နည်းလမ်းကတော့ ကိုက်ထားတဲ့နေရာကို သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောပြီး ဆေးရုံကို အမြန်ဆုံး သွားရောက်ကုသမှုခံယူဖို့ ဖြစ်ပါတယ်။

မြွေကိုက်ခံရတဲ့အချိန် မြွေကို ဖမ်းထားနိုင်ခဲ့ရင်လည်း အန္တရာယ်မဖြစ်အောင် သတိထားပြီး ဆေးရုံကို အချက်အလက်ပေးနိုင်ပါတယ်။

⚠️ အရေးကြီးတာက မြွေကိုက်ခံရရင် အချိန်မဆွဲဘဲ ဆေးရုံကို အမြန်ဆုံးသွားပါ။

Aung Zay Channel

ที่อยู่

Samut Sakhon
74000

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ A Z Channel TV โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์