Htun Linn

Htun Linn Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htun Linn, .

13/01/2026

အတိတ်ဆိုတာ အရိပ်တခုလိုပါ
အကောင်း/အဆိုး ဒွန်တွဲပီး ခံစားခဲ့ရတယ်
ကောင်းကွက်တွေ တွေးပီးမသာယာခဲ့သလို
ဆိုးခဲ့တာတွေလဲ ဝမ်းနည်းမနေဘူး
လက်ရှိအချိန်ကို ကြိုးစားတည်ဆောက်နေတယ်
လူတိုင်းမှာ အခက်ခဲတွေနဲ့ပါ
သူနေရာမှာငါဆိုရင် 👌👌👌

24/03/2025

👪 သားယောက်ျားလေးများကို ပြုစုပျိုးထောင်ခြင်းက ထင်သလောက်မလွယ်ပါ။ သုတေသနများအရ သားလေးများက သမီးလေးများထက် ကျောင်းပြေးဖို့၊ စာမေးပွဲကျဖို့၊ ဆေးလိပ် အရက်နှင့် မူးယစ်ဆေးဝါး စမ်းသုံးကြည့်ဖို့၊ မတော်တဆ ထိခိုက် ဒဏ်ရာ ရဖို့၊ စိတ်ဓာတ်ကျ ရောဂါ ရဖို့ ဖြစ်နိုင်ချေ ပိုများသည်ဟု ဆိုသည်။

👼🏼🙋🏻‍♂️🙅🏻‍♂️
သားယောက်ျားလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို စိတ်ပညာရှင် အချို့က အဆင့် ၃ ဆင့် ခွဲကြသည်။

(၁) မွေးကင်းစမှ ၆ နှစ် - သားကို ဘယ်သူ လွှမ်းမိုးသလဲ။

🤱🏻👩‍👦သားသည် မိခင်ကို အဓိက တွယ်တာသည်။ ဤ အဆင့်တွင် မိခင်ဆီမှ အရေးကြီးဆုံး၊ အလိုအပ်ဆုံး အရာသည် ချစ်ခြင်းမေတ္တာနှင့် နွေးထွေးလုံခြုံမှုဖြစ်သည်။ မိခင်၏ ဂရုစိုက်မှု၊ ပြုစုစောင့်ရှောက်မှုများက သားငယ်လေး တစ်ယောက်ကို စိတ်ကျန်းမာ ပျော်ရွှင်သည့် ကောင်လေး တစ်ယောက်အဖြစ် ပြောင်းလဲစေနိုင်သည်။

မိခင်၏ အပြောအဆို၊ အပြုအမူများက သားလေး၏ အပြောအဆို၊ အပြုအမူများကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ မိခင်ဆီမှ ဆက်ခံနိုင်သော အရည်အသွေးက ယဉ်ကျေး ပျူငှာ ဖော်ရွေခြင်း ဖြစ်သည်။

(၂) ၆ နှစ်မှ ၁၄ နှစ် - သားကို ဘယ်သူ လွှမ်းမိုးသလဲ။

👨‍👦🚶🏻‍♂️သားငယ်လေးက ကောင်လေးတစ်ယောက်ဖြစ်လာဖို့ စတင် သင်ယူချင်သည်။ မိခင်ကို တွယ်တာဆဲ ဖြစ်သော်လည်း ဖခင်ကို ပို၍ စိတ်ဝင်စားလာသည်။ ဖခင်၏ စကားလုံး၊ ကိုယ်နေဟန်ထား၊ ဝတ်စားဆင်ယင်မှုတို့ကို မသိမသာ လေ့လာသည်။

ဤ အဆင့်တွင် ကောင်လေး၏ အရည်အချင်းတစ်မျိုးမျိုးကို မြေတောင် စမြှောက်ပေးနိုင်ဖို့ အရေုးကြီးဆုံးက ဖခင် ဖြစ်သလို၊ ကိုယ်ချင်းစာ ကြင်နာတတ်ပြီး အကြမ်းဖက်မှု မလိုလားတတ်စေရန်လည်း ဖခင်က စံနမူနာ ပြနိုင်သည်။ ထို အချိန်ကို နောက်ကျမှ ပြန်မရနိုင်၍ စီးပွား အတွက် အလုပ်များလွန်းသူ ဖေဖေများ ပို ဂရုစိုက်ပါ။

(၃) ၁၄ နှစ် မှ ၁၈ နှစ် - သားကို ဘယ်သူ လွှမ်းမိုးသလဲ။

👬🕺🏻ဖခင်၏ အပြောအဆို၊ အပြုအမူ တို့ထက် ပတ်ဝန်းကျင်မှ အမျိုးသားတို့၏ အပြုအမူနှင့် လုပ်ဆောင်ချက်များကို ကောင်လေးက စတင် သင်ယူချင်သည်။ ဥပမာ အတန်းကြီးမှ ကစားဖော်များ၊ စကားပြောဖော်များ၊ တစ်လမ်းတည်းသား ဂစ်တာတီးဖော် အစ်ကိုကြီးများ၊ ကျောင်းဆရာ၊ ကျူရှင်ဆရာများကို အထင်ကြီးလွယ်သည်၊ မိသားစုထက် ပိုယုံစားလွယ်သည်။

ဤ အဆင့်တွင် မိခင်ရော ဖခင်ပါ လိမ္မာ ပါးနပ်ဖို့ လိုသည်။ အမြင်မတူလျှင် မဆန့်ကျင်ပါနှင့်၊ တူလာအောင် စည်းရုံးပါ။ မတင်းကြပ်ပါနှင့်၊ ပြေလည်ဖို့ ညှိနှိုင်းပါ။ မိမိသားနှင့် ပေါင်းသင်း ဆက်ဆံနိုင်ချေရှိသူများကို ကြိုတင်လေ့လာစူးစမ်းပါ။ တားမြစ်ဖို့ လိုလျှင် အချိန်မီပါစေ။ မိမိသားကို လမ်းမှန်သို့ လက်တွဲခေါ်မည့်သူကို အသိအမှတ်ပြုပါ။ လိုအပ်လျှင် သား လေးစားသော သား၏ ဦးလေး၊ ဘကြီး၊ အဖိုးတို့၏ အကူအညီကို ရယူပါ။

👩🏻‍⚕️သားပိုင်ရှင်များက ကလေး၏ အသက်အပိုင်းအခြားအရ သတိမူစရာများ သတိမူနိုင်ရန်၊ ကျန်းမာပျော်ရွှင် ထူးချွန်ထက်မြက်သော သားယောက်ျားလေးများ ပျိုးထောင်နိုင်ရန် ရည်ရွယ်ရေးပါသည်။

ပုံ နှင့် စာသား

“အတင်စီးခံရတဲ့အခါ”🔳 ကျွန်တော်တို့ဘဝမှာ တစ်ယောက်ယောက်က အနိုင်ကျင့်တာ၊ စော်ကားတာ၊ ဗိုလ်ကျတာ၊ တင်စီးတာ၊ တည့်တည့်ပြောရရင် လူ...
20/02/2025

“အတင်စီးခံရတဲ့အခါ”

🔳 ကျွန်တော်တို့ဘဝမှာ တစ်ယောက်ယောက်က အနိုင်ကျင့်တာ၊ စော်ကားတာ၊ ဗိုလ်ကျတာ၊ တင်စီးတာ၊ တည့်တည့်ပြောရရင် လူပါးဝတာမျိုးတွေ ကြုံဖူးကြမှာပါ။

နည်းနည်းလောက် ပြန်စဉ်းစားကြည့်။ အဲ့ဒီလို ကြုံရတဲ့အခါ ဘယ်လိုခံစားရသလဲ၊ ဘယ်လိုတုံ့ပြန်ခဲ့မိသလဲ။

များသောအားဖြင့်တော့ စိတ်တိုမယ်၊ ဒေါသထွက်မိမယ်၊ ပြင်းပြင်းထန်ထန် တုံ့ပြန်မိချင်လည်းမိမယ်။

အဲဒီကနေမှတဆင့် အလုပ်ထွက်လိုက်တာ၊ အလုပ်ပြုတ်တာ၊ အမုန်းပွားတာတွေ ဖြစ်ရင်လည်း ဖြစ်ခဲ့မယ်။

🔳 ဒီဆောင်းပါးမှာတော့ ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတုန်းက တွေးမိခဲ့တာလေးတွေအပေါ် အခြေခံပြီး ဝေမျှချင်ပါတယ်။

📌 ၁။ စိတ်ထိန်းနိုင်ဖို့ လိုပါတယ်။

ဘယ်သူမဆို ဖြစ်ဖြစ်ချင်းတော့ စိတ်တိုတာပဲ။ အဲဒါကို မထိန်းနိုင်လိုက်တဲ့အခါ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ လူမှုကွန်ရက်တွေမှာလည်း တွေ့ဖူးတယ်၊ ကားပါကင်လုရင်း ပြဿနာဖြစ်ကြရာကတဆင့် ကိုယ်ထိလက်ရောက် လုပ်ကြတယ် ဆိုတာမျိုး။ ရုံးတွေ၊ အလုပ်တွေမှာဆိုရင်တော့ နောက်ပိုင်းအလုပ်လုပ်သမျှ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ အဆင်မပြေတော့တာမျိုး၊ စကားတွေလွန်၊ နှုတ်တွေကျွံသွားလို့ အလုပ်ထွက်လိုက်ရတာမျိုးတွေထိ ဖြစ်တတ်တာပေါ့။

ပြန်စဉ်းစားကြည့်ရင် မတန်ဘူးဆိုတာ သတိထားမိလိမ့်မယ်။ ဒါကြောင့် ဖြစ်ဖြစ်ချင်းမှာ စိတ်ထိန်းဖို့ လိုတယ် ပြောတာပါ။

မြွေတစ်ကောင်ဟာ သူ့ခေါင်းပေါ်မှာ ပျားလာနားလို့ စိတ်တွေတိုရင်း တိုရင်း နောက်ဆုံး မောင်းလာနေတဲ့ လှည်းရဲ့ ဘီးအောက်ကို ခေါင်းဝင်ခံလိုက်တယ်တဲ့။ နားနေတဲ့ ပျားလည်း သေ၊ သူကိုယ်တိုင်လည်း သေပေါ့။

ဒါကြောင့် ဒီစိတ်တိုစရာလေးတစ်ခုအတွက်နဲ့ ကိုယ့်ရဲ့ တခြားအရာတွေကို အဆုံးရှုံးမခံပါနဲ့။ မလဲပစ်ပါနဲ့။ ဒီထက်ပိုကောင်းတဲ့ ဖြေရှင်းနည်းကို ခေါင်းအေးအေးနဲ့ ရှာဖွေစေချင်ပါတယ်။

📌 ၂။ ပြတ်သားတဲ့သူတစ်ယောက် ဖြစ်ပါစေ။

စိတ်ကိုထိန်းရမယ်လို့ ပြောလိုက်တာဟာ အရာအားလုံး ငုံ့ခံလာရမယ်လို့ မဆိုလိုပါဘူး။ ပြတ်ပြတ်သားသား ပြောရဲဆိုရဲဖို့ လိုပါတယ်။ ဘာလို့ဆိုတော့ လူရဲ့သဘောက သည်းခံတဲ့သူဆို ပိုပြီး အနိုင်ယူတတ်လို့ပါပဲ။

လူတွေကို ၃ မျိုး ၃ စားခွဲလို့ရပါတယ်။ ကိုယ့်တစ်ဖက်တည်းသိပြီး သူတစ်ပါးကို နစ်နစ်နာနာ ပြောတတ်၊ အနိုင်ယူတတ်တဲ့ Aggressive type သမားတွေရယ်၊ ပြိုင်လာရင် အရှုံးပေး၊ နှလုံးအေးတဲ့ဆေး ဆိုပြီး ဘာလုပ်လုပ် ငြိမ်ခံနေတတ်တဲ့ Passive type သမားတွေရယ်၊

နောက်ဆုံးတစ်ခုကတော့ သူတစ်ပါးကိုလည်း လေးစားသလို၊ ကိုယ့်အခွင့်အရေးလည်း ကိုယ်သိတယ်၊ တောင်းဆိုရဲတယ်၊ ပြီးတော့ ကိုယ့်တာဝန်လည်း ကိုယ်ကျေအောင်လုပ်တယ်၊ ဒီလိုလူမျိုးကိုတော့ Assertive type လို့ခေါ်ပါတယ်။ ခိုင်မာပြတ်သားတဲ့သူလို့ မြန်မာလို ပြန်ချင်တယ်။

တစ်ဖက်က အနိုင်ယူသမျှ သည်းခံနေရင် ကိုယ်ဟာ အနိုင်ယူလို့ရတဲ့သူလို့ ထင်သွားတော့မှာပါ။ ရန်ပြန်ဖြစ်ဖို့မဟုတ်ဘဲ ကိုယ်ပြောစရာရှိတာကိုတော့ ရဲရဲတင်းတင်း ပြောနိုင်ဖို့ လိုပါတယ်။

📌 ၃။ တနုံ့နုံ့ ခံစားမနေပါနဲ့။

အဲ့ဒီလို အနိုင်ယူခံလိုက်ရပြီးရင် အများစု စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနေရတတ်ပါတယ်။ သူက ငါ့ကို ဒီလိုလုပ်ရသလားပေါ့။ ဘာမှပြန်မပြော၊ မလုပ်ခဲ့ရရင် ပိုလို့တောင် ခံစားနေရတတ်တယ်။

တကယ်ဆို စဉ်းစားကြည့်၊ ဟိုလူက ပြောပြီး ပြီးသွားပြီ။ မေ့တောင်မေ့နေပြီ။ ကိုယ့်မှာသာ တနုံ့နုံ့နဲ့ ဖြစ်ကျန်ခဲ့တာ။ နာကျည်းလို့မဆုံး၊ ဝမ်းနည်းလို့မဆုံး၊ ခံစားလို့မဆုံး ဖြစ်နေတာ။ တွက်ကြည့်ရင် ဘယ်လောက်ရှုံးသလဲ။ အပြောလည်း ခံရတယ်။ ဒဏ်ရာကလည်း တစ်သက်လုံး ကျန်နေခဲ့တယ်။

ငယ်ငယ်က သင်ရတဲ့ စာတစ်ပုဒ်လိုပဲ၊ တိုက်ပွဲမှာ ထိသွားလို့ နဖူးမှာ ကျန်ခဲ့တဲ့ အမာရွတ်ကို မှန်ထဲမှာကြည့်တိုင်း ရှုံးနိမ့်နေရတော့မဲ့ စစ်သူကြီးလို ဖြစ်နေတယ်။ ဒါကြောင့် ထပ်ကာထပ်ကာ အရှုံးမခံပါနဲ့။ အဲဒီခံစားချက်ကို တတ်နိုင်သလောက် စိတ်ထဲက ဖယ်ထုတ်ကြည့်ပါ။ မဖယ်ထုတ်နိုင်သေးသရွေ့ ရှုံးနေရတယ် ဆိုတာကို မမေ့ပါနဲ့။

📌 ၄။ ကိုယ့်အဆင့်နဲ့ကိုယ် နေပါ။

တစ်ခါတလေလည်း တွေးမိတတ်ကြတယ်၊ ငါ သူပြောတဲ့အတိုင်း ပြန်ပြောလိုက်ရမလား၊ သူလုပ်တဲ့အတိုင်း ပြန်လုပ်လိုက်ရမလား ဆိုပြီးတော့ပေ့ါ။ ကျွန်တော်ကိုယ်တိုင်လည်း တွေးဖူးတာပဲ။ ဒါပေမဲ့ အဲ့ဒီလို လက်တုံ့ပြန်တော့မယ်ဆိုတဲ့အခါတိုင်း “အဆင့်အတန်း” ဆိုတဲ့ စကားလုံးက ကျွန်တော့်ခေါင်းထဲ ဝင်လာတယ်။

တကယ်တော့ အဆင့်အတန်းဆိုတာ ဘယ်လောက်ချမ်းသာတယ်၊ ဘာတွေ ဝတ်စားထားတယ် ဆိုတာထက် ကိုယ့်ရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်နေစိတ်ထားတွေကသာ အဓိက ကိုယ်စားပြုတာ ဖြစ်ပါတယ်။ သူပြောသလို ပြန်ပြောလိုက်ရလို့ အားရတာထက် အဲ့ဒီအဆင့်အတန်း ဆုံးရှုံးသွားမှာကို ပိုနှမြောမိပါတယ်။

ဒါကြောင့် ကိုယ့်စိတ်ကိုယ်ထိန်းတယ်။ ရိုင်းရိုင်းစိုင်းစိုင်း မတုံ့ပြန်မိအောင်နေတယ်။ ဘေးပတ်ဝန်းကျင်က တစ်ယောက်ယောက် မြင်လိုက်ရရင်လည်း ကိုယ်ဟာ အထင်သေးစရာ ဖြစ်မနေတော့ဘူးပေါ့။

📌 ၅။ ပန်းချီကားလို ကျင့်ပါ။

မှန်တစ်ချပ်ဟာ သူ့ရှေ့ကို ရောက်လာတဲ့လူရဲ့ မျက်နှာပေါ် မူတည်ပြီး တူညီတဲ့ ပုံရိပ်ကို ပြန်ထုတ်ပေးပါတယ်။ ပြုံးရင် ပြန်ပြုံးပြတယ်၊ မဲ့ရင်လည်း ပြန်မဲ့ပြတယ်။ သူ့ဘဝက သူ့ရှေ့ လာရပ်တဲ့သူအပေါ်မှာ မူတည်နေတယ်။ တချို့တွေ ခံယူထားတဲ့ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုတာ ဒါမျိုးပေါ့။

ဒါပေမဲ့ သိပ်လှပတဲ့ ပန်းချီကားတစ်ချပ်ကျတော့ ဒီလိုမဟုတ်ဘူး။ သူ့ရှေ့လာပြီး ပြုံးပဲပြပြ၊ မဲ့ပဲပြပြ၊ သူကတော့ လှပတဲ့ ရုပ်ပုံလေးကို အမြဲပြနေမှာ ဖြစ်ပါတယ်။

သူကောင်းလို့ ကိုယ်ကောင်းတာ၊ သူ မကောင်းလို့ ကိုယ်ကလည်း ပြန်မကောင်းတာတွေက စိတ်ဓါတ်မြင့်မြတ်သူတွေ လုပ်လေ့မရှိပါဘူး။ သူတို့ဟာ သူတို့ပုံစံအတိုင်းပဲ နေပါတယ်။ ကိုယ့်ရှေ့ ဘယ်လိုလာလုပ်ပြနေသလဲ ဆိုတာနဲ့ မဆိုင်ဘူး၊ သူတို့ရဲ့ ကိုယ်ပိုင်မူနဲ့ပဲ ဆိုင်တယ်။ လက်စားချေတယ်၊ တုံ့ပြန်တယ် ဆိုတာမျိုးတွေ သူတို့ဆီမှာမရှိဘူး။ ဒါတွေအတွက်နဲ့လည်း တန်ဖိုးရှိတဲ့ အချိန်တွေကို အလဟဿ အကုန်မခံဘူး။

📌 ၆။ သူတို့ကို ပြောင်းလဲမပေးပါနဲ့၊ ကိုယ်တိုင် မပြောင်းလဲသွားအောင်သာ ထိန်းပါ။

ကြည့်ဖူးတဲ့ ဇာတ်ကားတစ်ခုရှိတယ်။ မတရားမှုတွေကို ကိုယ်ကျိုးစွန့် အနစ်နာခံရင်း တိုက်ဖျက်ပေမဲ့လည်း နောက်ဆုံးမှာ မတရားသူတွေကသာ ပန်းပန်သွားတယ်ဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပေါ့။

အဲဒီကား အဆုံးသတ်မှာ ဇာတ်ကောင်တစ်ယောက် ပြောသွားတဲ့ စကားလေး သိပ်လှပါတယ်။

“တကယ်တော့ ကျွန်မတို့ဟာ လောကကြီးကို ပြောင်းလဲနိုင်မလားလို့ ကြိုးစားခဲ့ကြတယ်၊ တကယ်တမ်း ကျွန်မတို့ရုန်းကန်လှုပ်ရှားခဲ့ကြတာဟာ လောကကြီးကို ကျွန်မတို့က ပြောင်းလဲနိုင်ဖို့မဟုတ်ဘဲ လောကကြီးက ကျွန်မတို့ကို မပြောင်းလဲပစ်နိုင်ဖို့ပဲ ဖြစ်တယ်” တဲ့။

တစ်ချိန်လုံး ဆိုးလာခဲ့တဲ့ လူတစ်ယောက်ဟာ နောင်တတွေရပြီး ပြောင်းလဲသွားတယ်ဆိုတာ ဇာတ်ကားတွေထဲလောက်ပဲ ရှိတယ်။ အပြင်မှာကတော့ သူတို့တွေဟာ နောင်တလည်း မရဘူး၊ မှားမှန်းလည်း မသိကြဘူး။ ဒါကြောင့် သူတို့ကို မှားမှန်းသိအောင်၊ နောင်တရအောင် ကြိုးစားနေမဲ့အစား ကိုယ်က သူတို့လို ဖြစ်မသွားအောင်ပဲ ထိန်းသိမ်းတာက ပိုလက်တွေ့ကျပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၈.၁၂.၂၀၁၈

တစ်ရက်တာ လုပ်ဆောင်ရသည့် အလုပ်တွေထဲမှာမှတ်တမ်းဓါတ်ပုံယူပေးရတာလည်း ဂုဏ်အယူရဆုံး အလုပ်တစ်ခုဖြစ်ခဲ့တယ်။ တချိန်မှာ ပြန်ကြည့်ဖ...
25/01/2025

တစ်ရက်တာ လုပ်ဆောင်ရသည့် အလုပ်တွေထဲမှာ
မှတ်တမ်းဓါတ်ပုံယူပေးရတာလည်း ဂုဏ်အယူရဆုံး
အလုပ်တစ်ခုဖြစ်ခဲ့တယ်။

တချိန်မှာ ပြန်ကြည့်ဖြစ်ခဲ့ရင်တော့ အမှတ်တရတွေ
များစွာသော တန်ဖိုးရှိတဲ့ အချိန်တွေ
ဒေတာလေး တစ်ခုတော့ ပိုင်ဆိုင်ထားသင့်တယ်။

တစ်ရက်တာ လုပ်ဆောင်ချိန် စနစ်တစ်ခုက အသက်သွေးကြောဖြစ်ခဲ့တယ်။

15/01/2025

ပစ္စုပ္ပန်မှာ တည့်တည့်နေလို့
ပြောသော လူကြီးသူမ ပြောစကားတွေ
ကြားယောင်မိတယ်။

တရက်ပြီး တရက်
ပြန်တွက်ကြည့်ရင်
စတင်ခြင်းနဲ့ အစဦးဆုံး လုပ်ဖြစ်လို့

အသက်ရှုတိုင်းလည်း စတင်ခြင်းထဲကတစ်ခုပါပဲ။

အသက်အရွယ်တစ်ခုရောက်လာတော့ တည်ငြိမ်သင့်သလောက် တည်ငြိမ်ပြီးကြုံခဲ့ရသည့် အတွေ့အကြံတိုင်းကတော့နက်နက်နဲနဲ ခံစားချက်တွေ ပြင်းရ...
06/01/2025

အသက်အရွယ်တစ်ခုရောက်လာတော့
တည်ငြိမ်သင့်သလောက် တည်ငြိမ်ပြီး
ကြုံခဲ့ရသည့် အတွေ့အကြံတိုင်းကတော့
နက်နက်နဲနဲ ခံစားချက်တွေ ပြင်းရှခဲ့ပါတယ်။

အခုချိန်ထိ အထီးကျန်နေသလား အောက်မေ့ရတယ်။

တခါတလေ သဘာဝတရားကြီးကြောင့်
ခံစားရတယ်။
လွမ်းရတယ်။
တမြေ့မြေ့ကျွမ်းလောင်နေသလား ထင်ရတယ်။

လူသားတယောက်ပေမို့
ဖြစ်တည်ရာတိုင်းက လောင်မြိုက်နေတယ်။

 #အမှတ်တရစာရေးဖို့လည်း အတွေးတွေ ကောင်းတယ်။စိတ်ကူးသမျှလည်း သာယာနာပျော်ဖွယ် ဖြစ်တည်တယ်။ ကျန်ရှိသမျှ စက္ကန့်အပိုင်းအစလေးကြေ...
07/06/2024

#အမှတ်တရ

စာရေးဖို့လည်း အတွေးတွေ ကောင်းတယ်။
စိတ်ကူးသမျှလည်း သာယာနာပျော်ဖွယ် ဖြစ်တည်တယ်။ ကျန်ရှိသမျှ စက္ကန့်အပိုင်းအစလေးကြောင့်
ရာသီဥတုနဲ့လည်း လွမ်းခဲ့ဘူးတဲ့ ဒီလူ........။

အလွမ်းဆိုတာတွေချည်း ပိုင်ဆိုင်ခဲ့တာမို့
ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတွေမှာ
လွမ်းတဲ့စိတ်နဲ့ပဲ ပြည့်နက်နေခဲ့တယ်။

အခုစာဖက်တဲ့သူတွေကရော
အလွမ်းဆိုတာတွေနဲ့ အချိန်ဘယ်လောက်အထိ
ရယူခဲ့ကြလဲ။

သူငယ်ချင်းကောင်း...😍😍.=================     👥 သင့်ကို ချစ်တယ်။ဒါပေမယ့် …ချစ်သူတော့ မဟုတ်။👥 သင့်ကို ဂရုစိုက်တယ်။ဒါပေမယ့် ...
22/04/2023

သူငယ်ချင်းကောင်း...😍😍.
=================

👥 သင့်ကို ချစ်တယ်။
ဒါပေမယ့် …
ချစ်သူတော့ မဟုတ်။

👥 သင့်ကို ဂရုစိုက်တယ်။
ဒါပေမယ့် …
မိသားစုဝင်တော့ မဟုတ်။

👥 သင့်ကို ပွေ့ဖက်အားပေးတယ်။
ဒါပေမယ့် …
ဘဝလက်တွဲဖော်တော့ မဟုတ်။

👥 သင့်ကို ကူညီအားပေးတယ်။
ဒါပေမယ့် ...
ဆွေမျိုးသားချင်းတော့ မဟုတ်။

အဲဒီသူက..
သူငယ်ချင်း ကောင်း … ပါပဲ။

🚨@@..
သူငယ်ချင်းကောင်းက..

✏ သင့်ကို ဖခင် တစ်ယောက်လို
ဆူပူလိမ့်မယ်။

✏ မိခင် တစ်ယောက်လို
ဂရုစိုက်လိမ့်မယ်။

✏ အကို တစ်ယောက်လို
စ နောက်လိမ့်မယ်။

✏ အမ တစ်ယောက်လို
အားပေးနှစ်သိမ့်လိမ့်မယ်။

✏ ညီလေး တစ်ယောက်လို
တိုင်ပင်လိမ့်မယ်။

✏ ညီမလေး တစ်ယောက်လို
အဖော်ပြုလိမ့်မယ်။

ပြီးတော့..
သင့်ကို ချစ်သူထက်
ပိုပြီး နားလည်လိမ့်မယ်…။

🎁 စာအုပ်ဆယ်အုပ်က
သူငယ်ချင်း တစ်ယောက်နဲ့
ညီတယ်ဆိုရင်..

🎁 သူငယ်ချင်းကောင်း ကတော့
စာကြည့်တိုက် တစ်ခုနဲ့
ညီလိမ့်မယ်…။

Crd.@@..sbm..😍😍

(မင်း လိုအပ်တဲ့ အချိန် မင်းဘေးနား အမြဲအားပေးနေတတ်သူဟာ
အကောင်းဆုံး မိတ်ဆွေပါ)

Photo crd

20/04/2023
19/04/2023

ဘဝမှာ မတန်တာတွေရှိတယ်

ရန်ဖြစ်ဖို့ မတန်တာတွေ...
ရှင်းပြဖို့ မတန်တာတွေ...
ပြုံးပြဖို့ မတန်တာတွေ...
ပေးဆပ်ဖို့ မတန်တာတွေ...

ခင်မင်ဖို့ မတန်တာတွေ...
ချစ်မြတ်နိုးဖို့ မတန်တာတွေ...
သတိရဖို့ မတန်တာတွေ...
အများဆို အများကြီးရှိတယ်...

တစ်ခါတစ်လေကျရင်တော့ ကိုယ့်အတွက်.....
တန် မတန်
စဉ်းစားဖို့လိုပါတယ်...တဲ့

အခုနောက်ပိုင်း
ကိုယ့်တွက်မတန်တဲ့အရာတွေအတွက်
အဖက်လုပ်နေဖို့ရော
အချိန်ပေးဖို့
နေရာပေးဖို့
ခံစားနေဖို့ရော
မတန်တာမို့ ကိုယ်ကတော့ မတန်တဲ့အရာတွေ တော်တော်များများကို ဥပေက္ခာပဲ ပြုထားလိုက်တော့တယ် ။

အဲ့တာကြောင့် တစ်ခါတစ်လေ ရန်လာလုပ်သူတွေကို ပြန်ရန်လုပ်ဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ်။
ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက် ခံစားနေဖို့လည်း မတန်တာမို့ ဥပေက္ခာပြုတတ်လာတယ်။

မတန်ပါဘူး။
တကယ်ကို မတန်တာပါ ။

Credit

Address


Alerts

Be the first to know and let us send you an email when Htun Linn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your establishment to be the top-listed Arts & Entertainment?

Share