𝐖𝐨𝐫𝐥𝐝'𝐬 𝐍𝐞𝐰𝐬

𝐖𝐨𝐫𝐥𝐝'𝐬 𝐍𝐞𝐰𝐬 Please Like and Follow

12/07/2026

what is this 😱

ပေါ်တူဂီအသင်းဟာ ဂျော့ဂျီးဆပ်ကို နည်းပြသစ်ခန့်အပ်လိုက်ပြီ ဖြစ်တာကြောင့် လက်ရွေးစင်အသင်းနဲ့ ပတ်သတ်တဲ့ သူ့ရဲ့ အင်တာဗျူးအပြည...
11/07/2026

ပေါ်တူဂီအသင်းဟာ ဂျော့ဂျီးဆပ်ကို နည်းပြသစ်ခန့်အပ်လိုက်ပြီ ဖြစ်တာကြောင့် လက်ရွေးစင်အသင်းနဲ့ ပတ်သတ်တဲ့ သူ့ရဲ့ အင်တာဗျူးအပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်။ အရင်ဦးဆုံး ရော်နယ်ဒိုအကြောင်းနဲ့ စတင်ကြတာပေါ့..
-
✅ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး
''ခရစ္စတီယာနိုက ကျွန်တော့်အတွက်တော့ ပြဿနာမဟုတ်ပါဘူး။ လက်ရွေးစင်အသင်းအတွက်လဲ ဘယ်တော့မှ ပြဿနာတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ သူက ပေါ်တူဂီဘောလုံးလောကရဲ့ သင်္ကေတတစ်ခုပါ။ ကျွန်တော်သူနဲ့ တစ်နှစ်အတူ လက်တွဲလုပ်ခဲ့ဖူးပါတယ်။ ကျွန်တော့်လက်အောက်မှာ ကစားတုန်းက ခရစ္စတီယာနိုဟာ တစ်ပွဲကို ပျမ်းမျှ (၈) ကီလိုမီတာ (၅ မိုင်) နှုန်းလောက် ပြေးခဲ့ပြီး တစ်နာရီကို (၂၅) ကီလိုမီတာ (၁၅ မိုင်) ထက်ပိုတဲ့ အမြန်နှုန်းထိလည်း ရောက်ခဲ့တယ်။ သူကစားသင့်တယ်လို့ ကျွန်တော်ယူဆတဲ့အချိန်မှာပဲ သူ့ကို ကစားစေပြီး မကစားသင့်ဘူးလို့ထင်ရင် မထည့်ကစားခဲ့ဘူး။ တစ်ခါတစ်လေဆို အရန်ခုံထိတောင် သူ့ကို ခေါ်မလာဘူး။ အဲလ်နာဆာမှာ ကျွန်တော် ပွဲပေါင်း (၅၀) ကိုင်တွယ်ခဲ့ပြီး အဲ့ထဲမှာ ရော်နယ်ဒိုက (၃၁) ပွဲပဲ ကစားခဲ့ရတယ်။ ပြီးတော့ (၁၆) ကြိမ်အထိ သူ့ကို လူစားလဲခဲ့တယ်။ ဒါပေမဲ့ ဒါတွေအတွက် ဘာပြဿနာမှ မရှိခဲ့ဘူး။ နာမည်ကြီးတာက ကျွန်တော့်အတွက် အရေးမပါပါဘူး။ ကျွန်တော် ကမ္ဘာ့အကောင်းဆုံး ကစားသမား သုံးယောက်ထဲက နှစ်ယောက်ကို ကိုင်တွယ်ခဲ့ဖူးတယ်။ ရော်နယ်ဒိုနဲ့ နေမာပေါ့။ တစ်နေ့ နေမာကိုတောင် 'မင်းပြီးသွားပြီ'လို့ ပြောခဲ့ဖူးတယ်။ ဆိုတော့ ရော်နယ်ဒိုသာ ဘောလုံးဆက်ကစားနေပြီး နိုင်ငံအသင်းအတွက် ရွေးချယ်ခံရမဲ့ စံနှုန်းတွေနဲ့ ကိုက်ညီနေသရွေ့တော့ အသင်းအတွက် သူ့ကို ခေါ်မှာပါ။ သူဘယ်အတိုင်းအတာအထိ ဆက်ကစားနိုင်သေးတယ်..ကျွန်တော်လဲ ဘယ်အတိုင်းအတာအထိ သူ့ကို အသုံးပြုလို့ရသေးတယ်ဆိုတာကို နားလည်ထားသရွေ့တော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ကစားသမားဘဝနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကိုတော့ သူကိုယ်တိုင်ပဲ ချမှတ်ရမှာပါ။ ခုထိတော့ ကျွန်တော် သူနဲ့ စကားမပြောရသေးပါဘူး။ အချိန်တန်ရင် လက်ရွေးစင်ကစားသမားတစ်ဦးချင်းစီတိုင်းနဲ့ ကျွန်တော် စကားပြောသွားမှာပါ။''

✅ နာမည်ကြီးကစားသမားတွေကို ကိုင်တွယ်ခြင်း (Managing Egos)
"အသင်းတိုင်းမှာ Ego(အတ္တ) ကြီးတဲ့ ကစားသမားတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို အရမ်းတော်တယ်လို့ ထင်နေတဲ့သူတွေကို ကိုင်တွယ်ရတာက တကယ်တော်တဲ့ ကစားသမားတွေကို ကိုင်တွယ်ရတာထက် ပိုခက်ပါတယ်။ ဒီအသင်းက ကစားသမားတွေနဲ့တော့ ကျွန်တော့်အတွက် လွယ်ကူမယ်လို့ ထင်ပါတယ်။''

✅ ပေါ်တူဂီအသင်းရဲ့ DNA
''ကစားသမားတွေ အရင်ကထက် နှစ်ဆလောက် ပိုကောင်းအောင် ကြိုးစားရမယ်။ မဟုတ်ရင် အရင်လိုပဲ ဖြစ်နေမှာပါ။ ကစားသမားတွေမှာ အရည်အသွေးရှိတယ်။ ကျွန်တော်က အလုပ်ကြိုးစားမှုနဲ့ ကစားသမားတွေကို ယုံကြည်ပါတယ်။ အလုပ်ကြိုးစားတာကို လက်မခံတဲ့သူဆိုရင် ဒီအသင်းမှာ နေရာရမှာ မဟုတ်ဘူး။ အောင်မြင်ချင်ရင် ပေးဆပ်ရမယ်။ နိုင်ငံအသင်းဆိုတာ မိတ်ဆွေ၊ မိသားစုတွေနဲ့ ပြန်ဆုံဖို့ လာတဲ့ နေရာမဟုတ်ဘူး။ ကျွန်တော်တို့ ဖန်တီးချင်တဲ့ အသင်းရဲ့ အမှတ်အသား(DNA) က အလုပ်ကြိုးစားမှု ဖြစ်တယ်။''

ဒါတွေကတော့ ပေါ်တူဂီနည်းပြသစ်ရဲ့ ပြောစကားတွေပါ။ ဒါကို သုံးသပ်ရရင် ဂျော့ဂျီးဆပ်ဟာ ရော်နယ်ဒိုကိုတော့ သူဆက်ကစားနေသေးရင် ခေါ်ယူမယ် ဒါပေမဲ့ သူ့ရဲ့ ထိန်းချုပ်မှုအောက် ရော်နယ်ဒိုကို အသင်းအတွက် သင့်တော်မဲ့ role မှာပဲ ထားမယ် လိုအပ်မှ ထည့်ကစားမယ်လို့ သုံးသပ်ရပါတယ် ဒီနည်းပြက ကစားကွက်တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲသုံးလေ့ရှိသူ မဟုတ်ပါဘူး အဲလ်ဟီလာအသင်းမှာ ဂျော့ဂျီးဆပ်က(4-2-3-1),(4-1-4-1)တို့ကို အသုံးပြုခဲ့ပြီး အဲလ်နာဆာအသင်းမှာတော့(4-4-2) (4-4-1-1) (4-2-3-1) ကစားကွက်တွေကိုအသုံးပြုခဲ့ပါတယ် ဒါကိုကြည့်ရင် သူဟာအသင်းရဲ့ကစားသမားတွေပေါ် မူတည်ပြီး အကျိုးရှိအောင် အသုံးပြုနိုင်စွမ်းရှိတယ်လို့ သုံးသပ်ရမှာပါ ဂျာအိုနိဗက် ဗီတင်ညာ ကွန်ဆယ်ဆောင်နဲ့ ဂျာအိုဖီးလစ်တို့ကတော့ နည်းပြအကြိုက်ဆုံး ကစားသမားဖြစ်လာနိုင်ပါတယ် ရာဖေးလီယိုလဲ လုပ်အားပိုကောင်းလာရင် နည်းပြကြိုက်တဲ့ကစားသမားဖြစ်လာမှာပါ ဂျော့ဂျီးဆပ်က Role Discipline ကို အရမ်းအလေးထားတဲ့ နည်းပြဖြစ်တဲ့အတွက် ဘရိုနိုဖာနန်ဒတ်လို ကွင်းထဲ နေရာတကာ လိုက်ပါပြီး လုပ်ချင်ရာ လုပ်တက်တဲ့ ကစားသမားအတွက်တော့ စိန်ခေါ်မှု ရှိလာနိုင်ပါတယ် တကယ်လို့ ဘရိုနိုကို သုံးရင်တောင် အရင်ကထက် ပိုစည်းကမ်းရှိတဲ့ No 10 ဒါမှမဟုတ် AM အဖြစ်မြင်ရနိုင်ပါတယ် ဂျာအိုဖီးလစ်ကိုအဲလ်နာဆာမှာဂျော့ဂျီးဆပ်ပြောင်းလဲပေးခဲ့တာမှတ်မိကြမယ်
ထင်ပါတယ် တစ်ကိုယ်ကောင်းဆန်တဲ့ ကစားပုံ တစ်ကိုယ်တော်စကေးပြသမားအဖြစ်ကနေ စည်းနဲ့ ကမ်းနဲ့ အသင်းလိုက် ကစားတက်အောင် ပြောင်းလဲပေးခဲ့တယ် ဆိုတော့ သေချာတာက ဂျော့ဂျီးဆပ်လက်ထက်မှာ ဘရိုနိုဟာ free role ရမှာ မဟုတ်ပါဘူး Role Discipline ကို ပိုပြီး လိုက်နာကစားရပါလိမ့်မယ်။

ကဲ စာလဲ ရှည်နေပြီဆိုတော့ နောက်ပို့စ်တစ်ခုမှာပဲပြန်လည်သုံးသပ်မျှဝေပေးပါ့မယ်

နေမာ; ငိုဘဲငိုမနေနဲ့ အဲ့ပုလင်းတော့‌ ကုန်အောင်သောက်ပါ ဘရိုရာရော်နယ်ဒို; ငါအရမ်းခံစားရတယ်ကွာ                    ဒါနဲ့ မင်း...
10/07/2026

နေမာ; ငိုဘဲငိုမနေနဲ့ အဲ့ပုလင်းတော့‌ ကုန်အောင်သောက်ပါ ဘရိုရာ

ရော်နယ်ဒို; ငါအရမ်းခံစားရတယ်ကွာ
ဒါနဲ့ မင်းအဲ့ခွက်ကိုင်ထားတာကြာနေပြီနော်
#နေမာ #ရော်နယ်ဒို

"Cristiano Ronaldo Jr. ရဲ့ ပေါ်တူဂီ U15 အသင်းအတွက် ပွဲဦးထွက်ကတော့ တကယ့်အမှတ်တရနေ့တစ်နေ့ ဖြစ်သွားခဲ့ပါတယ်။ပေါ်တူဂီ U15 အသ...
10/07/2026

"Cristiano Ronaldo Jr. ရဲ့ ပေါ်တူဂီ U15 အသင်းအတွက် ပွဲဦးထွက်ကတော့ တကယ့်အမှတ်တရနေ့တစ်နေ့ ဖြစ်သွားခဲ့ပါတယ်။

ပေါ်တူဂီ U15 အသင်းက ပြိုင်ပွဲအဖွင့်ပွဲမှာ ဂျပန် U15 အသင်းကို ၄-၁ နဲ့ အနိုင်ယူပြီး အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။

Cristiano Jr. ကလည်း ပေါ်တူဂီရဲ့ အနီ-အစိမ်း ဂျာစီကို ပထမဆုံးအကြိမ် ဝတ်ဆင်ပြီး နိုင်ငံတကာစင်မြင့်ပေါ်မှာ သူ့ရဲ့ ပထမဆုံးခြေလှမ်းကို စတင်ခဲ့ပါတယ်။

ဖခင် Cristiano Ronaldo ရဲ့ အမွေအနှစ်က ကြီးမားပေမယ့် Cristiano Jr. ကတော့ ဖခင်ရဲ့လမ်းကို လိုက်ရင်းနဲ့ သူ့ကိုယ်ပိုင် သမိုင်းအသစ်တစ်ခုကို ရေးသားဖို့ စတင်နေပါပြီ။

"Ronaldo" ဆိုတဲ့ နာမည်က ဘောလုံးလောကမှာ ဒဏ္ဍာရီတစ်ခု ဖြစ်နေပြီးသားပါ။ ဒါပေမယ့် ဒဏ္ဍာရီတိုင်းရဲ့ ဇာတ်လမ်းက ပထမဆုံးခြေလှမ်းကနေ စတင်ရတာပါပဲ။

မျိုးဆက်သစ် ရောက်လာပြီလို့ပြောရတော့မှာပါ။

Nyi Naing Vlog

🇵🇹

09/07/2026

Gusion Highlight

🗣သတင်းထောက် -“လူကာ... မင်း ခရစ်စတီယာနို ရော်နယ်ဒိုရော၊ လီယွန်နယ် မက်ဆီနဲ့ပါ ယှဉ်ပြိုင်ကစားခဲ့ဖူးတယ်နော်။ ဒီနှစ်ယောက်ထဲမှ...
04/07/2026

🗣သတင်းထောက် -
“လူကာ... မင်း ခရစ်စတီယာနို ရော်နယ်ဒိုရော၊ လီယွန်နယ် မက်ဆီနဲ့ပါ ယှဉ်ပြိုင်ကစားခဲ့ဖူးတယ်နော်။ ဒီနှစ်ယောက်ထဲမှာ ဘယ်သူက ပိုပြီး ‘ပြီးပြည့်စုံတဲ့ ကစားသမား (More complete player)’ ဖြစ်တယ်လို့ မင်းယူဆလဲ။”
🗣️ လူကာ မိုဒရစ် -
“ခရစ်စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ ဘောလုံးလောကအတွက် လုပ်ဆောင်ပေးခဲ့တာတွေကို ဘယ်တော့မှ လျှော့တွက်လို့မရပါဘူး။ သူတို့တွေဟာ မျိုးဆက်တစ်ခုလုံးကို ပုံဖော်ပေးခဲ့ကြသူတွေဖြစ်ပြီး သူတို့လို ကစားသမားမျိုးကို နောက်ထပ် ဘယ်တော့မှ မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။”
“ဒါပေမဲ့ မင်းက ကျွန်တော့်ကို ဘယ်သူက ပိုပြီးပြီးပြည့်စုံတဲ့ ကစားသမားလဲလို့ မေးရင်တော့ ကျွန်တော့်အတွက်ကတော့ ခရစ်စတီယာနို ရော်နယ်ဒို ပါပဲ။”
“ခရစ်စတီယာနို လုပ်နိုင်တဲ့အရာတွေကို လူတိုင်းမလုပ်နိုင်ပါဘူး။ အပြီးပြည့်စုံဆုံး ကစားသမားတစ်ယောက် ဖြစ်ဖို့ဆိုရင် ဘယ်ခြေ၊ ညာခြေ နှစ်ဖက်လုံးနဲ့ ဂိုးသွင်းနိုင်ရမယ်၊ ခေါင်းတိုက်ဂိုးတွေ သွင်းနိုင်ရမယ်၊ ဖလက်မှောက်ခေါင်းတိုက်တာ (Diving headers)၊ စက်ဘီးစီးကန်ချက် (Bicycle kicks) တွေနဲ့ သွင်းနိုင်ရမယ်၊ အခွင့်အရေးတွေ ဖန်တီးပေးနိုင်ရမယ်၊ ဂိုးဖန်တီးမှု (Assists) တွေ လုပ်ပေးနိုင်ရမယ်၊ နောက်ခံလူတွေကို ကျော်ဖြတ်ဆွဲပြေးနိုင်ရမယ်၊ ဖိအားတွေကြားထဲမှာ ဘောလုံးကို ထိန်းထားနိုင်ရမယ်၊ ပြီးတော့ လိုအပ်တဲ့အချိန်မှာ နောက်ခံလူတွေကို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ပါ အသာစီးယူနိုင်ရပါမယ်။”
“ခရစ်စတီယာနို ရော်နယ်ဒိုက အဲဒီအရာအားလုံးကို မင်းကို ပေးစွမ်းနိုင်ပါတယ်။ သူငယ်ချင်း... သူမှာ ဘောလုံးသမားတစ်ယောက် လိုချင်တဲ့ လက်နက်ကိရိယာ အစုံအလင် ရှိနေတာပါ။ အဲဒါကြောင့်လည်း သူ့ကို အပြီးပြည့်စုံဆုံးလို့ ကျွန်တော် သတ်မှတ်တာ ဖြစ်ပါတယ်။”
“လီယွန်နယ် မက်ဆီကတော့ မှော်ဆန်တဲ့သူပါ။ သူ့ကိုလည်း ဘယ်တော့မှ လျှော့တွက်လို့ မရပါဘူး။ သူ ဘောလုံးဆွဲပြေးပုံ၊ တခြားသူတွေ မမြင်နိုင်တဲ့ ပတ်စ် (Passes) တွေကို မြင်အောင်ကြည့်ပြီး ပေးနိုင်ပုံနဲ့ ပွဲအပေါ်မှာ သူယူဆောင်လာပေးတဲ့ တည်ငြိမ်မှုတွေဟာ တခြားတစ်ဆင့်ကို ရောက်နေပါတယ်။”
“မက်ဆီ လုပ်နိုင်တဲ့အရာမျိုးကို မက်ဆီတစ်ယောက်ပဲ လုပ်နိုင်တာပါ။ သူက ဘောလုံးလောကမှာ နောက်ထပ် ဘယ်တော့မှ မြင်တွေ့ရဖို့မလွယ်တဲ့ ထူးချွန်တဲ့ ပါရမီအထုံကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။”
“ဒါပေမဲ့ ကျွန်တော်တို့က ‘ပြီးပြည့်စုံမှု (Completeness)’ အကြောင်း၊ ကိုယ့်ရဲ့ ကစားကွက်ထဲမှာ လက်နက်စုံ ရှိနေပြီး ပြိုင်ဘက်ကို နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးနိုင်တဲ့အကြောင်း ပြောကြမယ်ဆိုရင်တော့ ကျွန်တော့်အတွက် ခရစ်စတီယာနို ရော်နယ်ဒိုဟာ အပြီးပြည့်စုံဆုံး ဘောလုံးသမားပါ။”
“သူတို့နှစ်ယောက်လုံးဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ဂန္ထဝင်တွေပါပဲ။ ဒါပေမဲ့ ပြီးပြည့်စုံမှုအပေါ် အခြေခံပြီး တစ်ယောက်တည်းကိုပဲ ရွေးရမယ်ဆိုရင်တော့ ကျွန်တော့်ရဲ့အဖြေက အမြဲတမ်း ခရစ်စတီယာနို ရော်နယ်ဒိုပဲ ဖြစ်နေပါလိမ့်မယ်။”
#ဘောလုံးကစားနည်းကိုချစ်မြတ်နိူးသူ

ဗမာလူမျိုးကြီးဝါဒ ဗမာလူဦးရေ ၃၈သန်းရှိတဲ့ တိုင်းပြည်ရဲ့ ၆၈%က ဗမာ လူမျိုးတွေ ဖြစ်တယ်။လူများပြီး ပွဲမစည်တာလည်း ဗမာပဲ၊ အခြား...
17/06/2026

ဗမာလူမျိုးကြီးဝါဒ ဗမာလူဦးရေ ၃၈သန်းရှိတဲ့
တိုင်းပြည်ရဲ့ ၆၈%က ဗမာ လူမျိုးတွေ ဖြစ်တယ်။
လူများပြီး ပွဲမစည်တာလည်း ဗမာပဲ၊
အခြားတိုင်းရင်သား တစ်ယောက်က
ဗမာခေါင်းစဉ်တပ်ပြီး ဗမာကိုဆဲတာမြင်တယ်။
ကျော်သွားတယ် ကိုယ့်နာမည် မပါရင် လူမျိုးကိုထိလည်း မနာတတ်ဘူး။လူမျိုးစွဲ မရှိဘူး လူမျိုးကို ချစ်တတ်တဲ့ ဝံသာနုရက္ခိတ စိတ်ဓာတ်လည်း မရှိတဲ့ လူကများတယ်။
တို့ ဗမာတွေက ကျတော့အနုပညာ နှင့် အားကစားနယ်ပယ်က တိုင်းရင်းသားတွေ ဆိုရင်....
နေတိုး၊နေထက်လင်း၊အောင်လအန်ဆန်းVan။သွေးလင်း ထက်၊သက်မွန်မြင့်၊စိုင်းထီးဆိုင်၊ငြိမ်းစည်သူ။
ဘာညာ ဘာညာ အကုန် သဲသဲလှုပ် ချစ်ခဲ့ကြတယ်။
ကျောသား ရင်သားမခွဲ ခြားပဲ ဗမာ မဟုတ်သော်လည်း ကိုယ့်နိုင်ငံသားမို့ ချစ်ခဲ့ ကြတယ် အားပေးခဲ့ကြတယ်။
ကျောသား ရင်သားမခွဲ ခြားပဲ ဗမာ မဟုတ်သော်လည်း ကိုယ့်နိုင်ငံသားမို့ ချစ်ခဲ့ ကြတယ် အားပေးခဲ့ကြတယ်။
တိုင်းရင်းသား တွေကတော့ ပုဂံဘုရား တွေကို ဗမာ ဘုရင်တွေ တည်ထားတာမို့ ဗုဒ္ဓဘာသာအချင်းချင်းတောင်
သာသနာအတွက် မရှုစိမ့် နိုင်ဘူး သထုံသမိုင်း မြောက်ဦး သမိုင်းတွေနဲ့နှစ်ပေါင်း တစ်ထောင်လောက်က သမိုင်းတွေကို အငြိုး အတေး တွေနဲ့ လူမျိုးသေး ဝါဒ တွေ စွဲနေကြ တယ်။
ဗိုလ်ချုပ်အောင်ဆန်း မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်း ခဲ့ပေမယ့် ကရင်နိုင်ငံ မရ ၍ တော်လှန်ခဲ့သော စောဘဦးကို ကရင်တွေ အသည်းစွဲ ချစ်ကြတယ်။
နိုင်ငံသားကို ဂုဏ်မယူပဲ လူမျိုး မှ ဂုဏ်ယူတတ်ကြလေ တယ်။
ဘုရင် ဆိုရင်လည်း အနော်ရထာထက် မွန်ဘုရင်ရာဇာဓိရာဇ် ရခိုင်ဘုရင် စန္ဒာ သူရိယ ကို လေးစားပြီး ဗမာ ဘုရင်တွေကို စော်ကား ရေးသားကြ သည်။
တက္ကသိုလ်ကျတော့ကောဘာထူးလဲ။
ငါတို့က ကိုယ့်အဖွဲ့ ထဲ တိုင်းရင်းသားပါလာလို့ ကချင်ကွ၊ကရင်ကွ၊ရှမ်းကွ မ ခွဲခြားဘူး။
အားလုံး လက်ရည်တပြင်တည်း အတူတူ ပေါင်းကြတယ်။သင်းကြတယ်။
သူတို့အဖွဲ့ထဲ ဗမာပါသွားလိုကတော့ ဗမာကောင်ဆိုပြီ ခွဲခြားခွဲခြားလုပ်ပြီ၊တခါတလေ လူမျိုးရေးကခွဲခြားတဲ့ စကားက အစ ပြောကြသေးတာ။
ကိုယ်မသိအောင် ကိုယ့် ရှေ့တင်ထားပြီး သူတို့ဘာသာစကားနဲ့ပြောကြသေးတာ။
ဗမာ ကလေး တွေဟာ အရွယ်ရောက်သည့် တိုင်အောင် အခြား တိုင်းရင်းသား တွေကို မုန်းရမည်ဆိုတာ မသိသလို၊ ဗမာမိဘတွေကလည်း မုန်းဖို့ မသင်ပေးကြဘူး။
အခြား တိုင်းရင်းသား ကလေး တွေက စကားပြောတတ် တာ နဲ့ ဗမာကို မုန်းတတ်နေပြီ။
အမုန်းတရား တွေကို မိဘ တွေက ထည့်ပေးခဲ့ ကြတယ်။
မုန်းအောင်လည်း မိဘတွေက သင်ပေးကြတယ်
ဒါဆိုရင်
နောက်မျိုးဆက်တွေ သားစဉ်မြေးဆက် ဘယ်လို ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မလည်း မိဘတွေ ကြိုမြင်သင့်တယ်။
လူမျိုးကြီးဝါဒ ထက် လူမျိုးသေးဝါဒက ပိုပြီး ကြောက် စရာ ကောင်းနေတယ်ဆိုတာ သတိပြုပါ။
တမြေတည်းနေ တရေတည်းသောက် ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ အချင်းချင်း စည်းလုံးညီညွတ်ကြပါ။

လေးစားစွာဖြစ်🙏🏻

ထိုင်းနိုင်ငံမှာ နေရတာ ပျော်စရာလဲမကောင်းဘူးမိုးလေး နဲနဲရွာတာနဲ့ မြို့ထဲမှာ ရေးကြီးနေပြီလို့😑
16/06/2026

ထိုင်းနိုင်ငံမှာ နေရတာ ပျော်စရာလဲမကောင်းဘူး
မိုးလေး နဲနဲရွာတာနဲ့ မြို့ထဲမှာ ရေးကြီးနေပြီလို့😑

ဒီလ TikTok ကရထားတာလေး😑
12/06/2026

ဒီလ TikTok ကရထားတာလေး😑

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ချူရှုံ (Chuxiong) နဲ့ ဟုန်ဟေ (Honghe) ဒေသတွေမှာရှိတဲ့ ရီ (Yi) လူမျိုးစု ရိုးရာကျေးရွာလေးတွ...
11/06/2026

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ချူရှုံ (Chuxiong) နဲ့ ဟုန်ဟေ (Honghe) ဒေသတွေမှာရှိတဲ့ ရီ (Yi) လူမျိုးစု ရိုးရာကျေးရွာလေးတွေဆီကို ခြေချမိတဲ့ မြန်မာခရီးသွားတွေနဲ့ သုတေသီတွေ တညီတညွတ်တည်း ကြုံတွေ့ခဲ့ရတဲ့ ထူးခြားဆန်းပြားတဲ့ အရာတစ်ခုရှိပါတယ်။

ဒါကတော့ "မယုံနိုင်စရာကောင်းလောက်အောင် နွေးထွေးလွန်းတဲ့ ဧည့်ဝတ်ကျေပွန်မှု" ပါပဲ။ 👋❤️

🏡 နိုင်ငံခြားသား မဟုတ်ဘဲ "အိမ်ပြန်လာတဲ့ မိသားစု" လို ဆက်ဆံခြင်း..

ရီလူမျိုးတွေရဲ့ ကျေးရွာတွေဟာ တောင်ပေါ်ဒေသတွေမှာ ရှိတာမို့ ပုံမှန်အားဖြင့် ပြင်ပလူစိမ်းတွေနဲ့ သိပ်မတွေ့ဖူးကြပါဘူး။

ဒါပေမဲ့ ကိုယ်က မြန်မာပြည်က ဗမာလူမျိုးဖြစ်ကြောင်း ပြောလိုက်တဲ့အခါ သူတို့ရဲ့ မျက်နှာတွေဟာ ချက်ချင်း ဝင်းပသွားတတ်ကြပါတယ်။ 🌟

🔥 အိမ်ဦးခန်းမှာ နေရာပေးခြင်း _ ရီလူမျိုးတွေရဲ့ ရိုးရာအရ အိမ်တစ်အိမ်ရဲ့ အလယ်က မီးဖို (Fireplace) ဘေးဟာ အရေးအကြီးဆုံးနေရာပါ။
ဗမာဧည့်သည်တွေ ရောက်လာပြီဆိုရင် အဖိုးအို၊ အဖွားအိုတွေက သူတို့ရဲ့ မီးဖိုဘေးက အကောင်းဆုံးနေရာမှာ ထိုင်ခိုင်းပြီး ကိုယ်တိုင်စိုက်ထားတဲ့ ရိုးရာလက်ဖက်ရည်ကြမ်းနဲ့ အရက်ချိုတွေကို ပျော်ပျော်ပါးပါး တိုက်ကျွေးတတ်ကြပါတယ်။ 🍵🍶

🤝 စကားပြောရင် လက်ကို ဆွဲထားတတ်ခြင်း _ ဗမာခရီးသွားတွေနဲ့ စကားပြောတဲ့အခါ ရီလူမျိုး သက်ကြီးဝါကြီးတွေဟာ လက်ကို ဆုပ်ကိုင်ထားပြီး..

"မင်းတို့က တောင်ဘက်မြေပြန့်ကို ဆင်းသွားတဲ့အုပ်စု၊ ငါတို့က တောင်ပေါ်မှာ ကျန်ခဲ့တဲ့အုပ်စု... အခုလို ပြန်တွေ့ရတာ ဝမ်းသာလိုက်တာ" လို့ မျက်ရည်ဝဲမတတ် ပြောလေ့ရှိပါတယ်။

သူတို့ရဲ့ နှလုံးသားထဲမှာ မြန်မာပြည်က ဗမာတွေကို ရိုးရိုးခရီးသွားလို့ မမြင်ဘဲ သွေးသားရင်းမိသားစုလို သတ်မှတ်ထားတာပါ။

❓ ဘာကြောင့် ဗမာတွေအပေါ် ဒီလောက်တောင် ဖော်ရွေကြတာလဲ?

သူတို့ရဲ့ ဖော်ရွေမှုဟာ ဟန်ဆောင်မှုမဟုတ်ဘဲ ရာစုနှစ်ပေါင်းများစွာ သားစဉ်မြေးဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ "ပါးစပ်ရာဇဝင်ပုံပြင်များ" ကြောင့် ဖြစ်ပါတယ်။ 📜💬

ရီလူမျိုးတွေရဲ့ ဘိုးဘွားအစဉ်အဆက် ပြောပြချက်အရ -

သူတို့ရဲ့ ရှေးဦးဘိုးဘွားတွေဟာ မြောက်ဘက် (တိဗက်ကုန်းပြင်မြင့်) ကနေ ဆင်းလာကြတာဖြစ်ပြီး၊ လမ်းခရီးမှာ အုပ်စုကွဲသွားခဲ့ကြတယ်လို့ ယုံကြည်ကြပါတယ်။

အဲဒီအထဲက အုပ်စုကြီးတစ်ခုဟာ တောင်ဘက်မြေပြန့် (မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်း) ဆီကို ဆက်ဆင်းသွားပြီး စပါးစိုက်ပျိုးတဲ့ ယဉ်ကျေးမှုကို တည်ထောင်ခဲ့ကြတယ်လို့ သူတို့ရဲ့ သမိုင်းမှာ အခိုင်အမာ မှတ်သားထားကြပါတယ်။ 🌾🌊

💡 ဒါကြောင့် သူတို့အတွက်တော့ မြန်မာပြည်က ဗမာတွေဟာ တခြားနိုင်ငံခြားသားတွေလို မဟုတ်ဘဲ "တစ်မြေတည်း ဆင်းသက်လာပြီး လမ်းခွဲသွားခဲ့ကြတဲ့ မိသားစုဝင်တွေ" အဖြစ် နှလုံးသားထဲမှာ ကိန်းအောင်းနေလို့ပဲ ဖြစ်ပါတယ်။

🎒 ခရီးသွားတစ်ယောက် မဟုတ်တော့တဲ့အခါ...

ယူနန်ပြည်နယ်ရဲ့ ချူရှုံနဲ့ ဟုန်ဟေက ရီလူမျိုးတွေရဲ့ ကျေးရွာလေးတွေဆီ ရောက်သွားတဲ့အခါမှာတော့... ကိုယ်ဟာ ဧည့်သည် မဟုတ်တော့ပါဘူး။ ❌🎒

ရာစုနှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ပြီးမှ ပြန်လည်ဆုံတွေ့ခွင့်ရတဲ့ "တောင်ဘက်မြေပြန့်က သွေးသားရင်း မိသားစုဝင် တစ်ယောက်" အနေနဲ့ လှိုက်လှိုက်လှဲလှဲ ဆီးကြိုမှုကို ခံရမှာဖြစ်ပြီး...

ဒါဟာ ဗမာလူမျိုးတိုင်း ကြားသိပြီး ဂုဏ်ယူရမယ့် နွေးထွေးလှတဲ့ "သမိုင်းဝင် သံယောဇဉ်" တစ်ခုပဲ ဖြစ်ပါတော့တယ်။ 🇲🇲✨

ที่อยู่

58, 59 หมู่ ที่ 5 Phutthamonthon Sai 4 Road, Krathum Lom, Sam Phran District
Nakhon Pathom
73220

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 𝐖𝐨𝐫𝐥𝐝'𝐬 𝐍𝐞𝐰𝐬ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์