Khet Nay အိပ်စရာမရှိတဲ့ညတွေမှာ
မိုးတွေသိပ်ရွာတာပဲ အမေရယ်။

-မောင်ချောနွယ်

တချို့က ပုဆိုးအစုတ်နဲ့ဝင်လာပြီးကားဝယ်စီးသွားတယ်။တချို့က ဖိနပ်အစုတ်နဲ့ဝင်လာပြီးအိမ်တစ်လုံးပိုင်သွားတယ်။တချို့က ခြေနှစ်ချေ...
05/03/2026

တချို့က ပုဆိုးအစုတ်နဲ့ဝင်လာပြီး
ကားဝယ်စီးသွားတယ်။

တချို့က ဖိနပ်အစုတ်နဲ့ဝင်လာပြီး
အိမ်တစ်လုံးပိုင်သွားတယ်။

တချို့က ခြေနှစ်ချောင်းနဲ့ဝင်လာပြီး
ခြေတစ်ချောင်းအစား ချိုင်းထောက်တစ်ခုရသွားတယ်။

တချို့က သူတို့ဘဝလေးပိုက်လာပြီး
အသက်ကလေးပြန်ပေးသွားရှာတယ်။

တော်လှန်ရေးကကျယ်ပြန့်သလောက်
တော်လှန်သူစစ်စစ်ကရွှေထက်ရှားတယ်။

အာဏာဆိုတာ ဓ.ါးသွားထက်ကပျားရည်ပဲ
အယက်မတော်ရင် လျှာပျက်ကြလိမ့်မယ်။

#ခက်နေ
#မတန်မရာ

01/03/2026

လွမ်းစရာ့နွေ

ရွက်‌ဝါတွေကြွေသည်
လေပွေလေးတွေ လမ်းပေါ်စီ
နွေဦးရောက်လေပြီ။

◾ခက်နေ

#ခက်နေ
#လွမ်းစရာ့နွေ #နွေ
#ကဗျာ

၁။သူတို့စိတ်ချမ်းသာကြည်နူးဖို့ကိုယ့်မာနအခက်အလက်ကလေးတွေချိုးချိုးဖဲ့ပေးရ။၂။ငှက်တွေလိုမှမပျံနိုင်တာတိမ်တွေလို လေနှင်ရာလွင်...
21/02/2026

၁။
သူတို့စိတ်ချမ်းသာကြည်နူးဖို့
ကိုယ့်မာနအခက်အလက်ကလေးတွေ
ချိုးချိုးဖဲ့ပေးရ။

၂။
ငှက်တွေလိုမှမပျံနိုင်တာ
တိမ်တွေလို လေနှင်ရာလွင့်မိတာ
ကိုယ်လည်းမမှားဘူးထင်ပါရဲ့။

၃။
ကမ်းပျောက်နေတဲ့
သင်္ဘောအစုတ်လေးမှ
မီးပြတိုက်ကို တည့်တည့်ဝင်တိုးမိ။

၄။
ချစ်တယ်ဆိုတာကို
ပါးစပ်နဲ့လွယ်လွယ်ပြောကြတဲ့ခေတ်မှာ
နှလုံးသားကိုမြေမြှုပ်ခဲ့ပါတယ်။

#ခက်နေ
စိတ်အန်ဖက်များ

ချောကလက် မလိုပါဘူးမင်းအပြုံးလေးမြင်နေရရင်ကိုယ့်နှလုံးသားက အမြဲချိုမြိန်တယ်ထာဝရချစ်သွားမယ့်ကိုယ်တို့နှစ်ယောက်အတွက်နေ့ရက်တ...
14/02/2026

ချောကလက် မလိုပါဘူး
မင်းအပြုံးလေးမြင်နေရရင်
ကိုယ့်နှလုံးသားက အမြဲချိုမြိန်တယ်

ထာဝရချစ်သွားမယ့်
ကိုယ်တို့နှစ်ယောက်အတွက်
နေ့ရက်တိုင်းဟာ ဗယ်လင်တိုင်းဒေးပဲမို့

တချိန်ချိန်မှာတော့
အမှတ်တရနေ့စွဲတွေကို
အတူတူဖြတ်သန်းနိုင်မယ်လို့
ယုံကြည်နေရင်း....

တိုင်းတပါးမြေကနေ
နေ့စဥ်တိုင်းမှာ လွမ်းနေရခြင်းတွေ
ကုန်ဆုံးခွင့်ရပါစေလို့
ဆုတောင်းလိုက်ပါတယ်။

#ခက်နေ

နွေရွက်ဟောင်းတွေကြွေပြီလေပွေလေးတွေ လမ်းပေါ်စီမျက်ရည်ဖြေမဆည်။ #ခက်နေ
13/02/2026

နွေ

ရွက်ဟောင်းတွေကြွေပြီ
လေပွေလေးတွေ လမ်းပေါ်စီ
မျက်ရည်ဖြေမဆည်။

#ခက်နေ

၁။ကာရေဗီယန်ပင်လယ်ထဲမှာ ကပ္ပတိန်ဂျက်ရဲ့ ပုလဲနက်သင်္ဘောနောက်ကို မီအောင်လိုက်ရသလို သူ့စိတ်ရဲ့ အလျင်ကို ဖမ်းဆုပ်ဖို့ကြိုးစား...
11/02/2026

၁။
ကာရေဗီယန်ပင်လယ်ထဲမှာ ကပ္ပတိန်ဂျက်ရဲ့ ပုလဲနက်သင်္ဘောနောက်ကို မီအောင်လိုက်ရသလို သူ့စိတ်ရဲ့ အလျင်ကို ဖမ်းဆုပ်ဖို့ကြိုးစားလိုက်တိုင်း ဘယ်တော့မှမမိချေ။ သူမရဲ့ တရိပ်ရိပ်ပြေးနေတဲ့ အရူးချီးပန်းစကားလုံးတွေကို ကျနော် အနက်မပြန်နိုင်။ သူမရဲ့ လိုအင်ဆန္ဒက ဘာလည်းအတိအကျမသိ။

၂။
သူမက မော်ဒန်ပန်းချီကားတစ်ချပ်လိုပဲ။ ကာလာသီအိုရီတောင် နားမလည်တဲ့ ကျနော့်အတွက် အဓိပ္ပာယ်ဖော်ရခက်တာ သိပ်မဆန်းပါဘူး။

၃။
ကာလပ်ရှည်ကော့ဗ်ဟာ AK47 ကိုမဖန်တီးခဲ့လည်း ဒီကမ္ဘာပေါ်က စစ်ပွဲတွေပျောက်ဆုံးချုပ်ငြိမ်းသွားမှာမှမဟုတ်တာ။ အဲ့သည်လိုပေါ့ သူမဟာ ကျနော်နဲ့မတွေ့ခဲ့လျှင်လည်း ဆက်လက်စီးဆင်းနေမဲ့ မြစ်တစ်စင်းပဲ။ ကံတရားဆိုတာကြီးနဲ့ ဖက်ပြိုင်ရန်ပြုဖို့ ကျနော့်မှာ အစီအစဥ်မရှိ။ မြစ်ဟာမြစ်အတိုင်းစီးစေ။ ပန်းဟာ သူ့အတိုင်းမွှေးစေ။

၄။
"သေနတ်ဆိုတာ ပစ်ဖို့ ခတ်ဖို့ပဲ"

၅။
War and peace ကဖတ်လို့မပြီးသေးဘူး။ နာတာရှာလေးကို သနားကရုဏာသက်မိနေပြီ။
ကျနော်ဟာ စောက်ရူး အင်ဒရေပါ။
ဒါပေမဲ့...
ချစ်တယ် နာတာရှာ။

#ခက်နေ
(စိတ်အန်ဖတ်များ)

ที่อยู่

Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khet Nayผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท