Ps 4 gaming review

Ps 4 gaming review ps 4 gameအကြောင်
မျှဝေရန်

14/05/2025

😫

09/05/2025

😊

30/04/2025

The last of us remake

11/10/2020

Beautifully 😍

Ps 4 တေထဲကအကြိုက်ဆုံး2 Games 😍😍😍ကိုယ့်ကြိုက်တဲ့ gameရဲ့ပုံလေးတေလည်းမန့်ပေးကြပါအုန်း😊😊
10/10/2020

Ps 4 တေထဲကအကြိုက်ဆုံး
2 Games 😍😍😍
ကိုယ့်ကြိုက်တဲ့ gameရဲ့ပုံလေးတေလည်း
မန့်ပေးကြပါအုန်း😊😊

Farcry new dawn အပစ်အခက်ကြိုက်တဲ့သူတေဆော့သင့်ပါတယ် gunတေကလည်း skinတေနဲ့နော်😁storyပိုင်းတော့သိပ်မကြိုက်ဘူးဆိုပေမဲ့သေနတ်ပစ...
02/10/2020

Farcry new dawn အပစ်အခက်ကြိုက်တဲ့သူတေဆော့သင့်ပါတယ် gunတေကလည်း skinတေနဲ့နော်😁storyပိုင်းတော့သိပ်မကြိုက်ဘူးဆိုပေမဲ့
သေနတ်ပစ်ရတာတော့လုံးဝမိုက်ပါတယ်
Graphic လှပါတယ် ခွေးတေလည်းပါမယ်
ဝက်ဝံတေလည်းပါမယ် မြွေတေရောပဲဗျ😁
ကားတေ လေယာဥ် ဆိုင်းကယ် တေပါစီးလို့ရမယ်
Farcry new dawnအနေနဲ့ဆော့လို့ကောင်းတဲ့
Gameတစ်ခုပါလို့အကြုံပြုရင် ဒီလောက်ပါပဲ😁

Ghost of Tsushima gameမဆော့ပဲရှုခင်တေပဲလိုက်ကြည့်ရင်တောင်တန်တယ်ဗျာ ဆာမူရိုင်းတေကိုဒီgameဆော့လိုက်မှပဲကြိုက်သွားတယ်😍😍Stor...
26/09/2020

Ghost of Tsushima gameမဆော့ပဲ
ရှုခင်တေပဲလိုက်ကြည့်ရင်တောင်
တန်တယ်ဗျာ ဆာမူရိုင်းတေကို
ဒီgameဆော့လိုက်မှပဲ
ကြိုက်သွားတယ်😍😍
Storyရဲ့နောက်ဆုံးအပိုင်မှာတော့

ဆော့ကြည့်ရင်သီပါလိမ့်မယ်😁😁

04/09/2020

Ghost of tsushima အရမ်းမိုက်ပါတယ် 😊
စဆော့ရင်မထချင်အောင်ကိုကောင်းပါတယ်😊
Game playအနေနဲ့ကလည်း ရန်သူကို samurai​တေလိုသိက္ခာရှီရှီ ယှဉ် တိုက်မလား (or)ninjaတေလို
ခုီးကြောင်ခုီးဝှက်သတ်မလား ကိုယ့်ကြိုက်တဲ့
ပုံစံနဲ့ playလို့ရမှာပါ😊ကျနော်အနေနဲ့ ghost of tsushimaကို serikoထက်ပိုကြိုက်ပါတယ်😛
ကျနော်ရဲ့အကြိုက်ကိုပြောတာပါ😊
မဆော့ရသေးတဲ့သူတေလည်း ဆော့ဖို့
အကြုံပြုပါတယ် ဆော့pတဲ့သူတေလည်း
Serikoနဲ့GOTဘယ်ဟာကပိုမိုက်လဲပြောခဲ့ကြပါအုန်းဗျ😊
ဒီလောက်ပါဘဲ 🤗🤗🤗

The last of us 1 limited. edition 😊
28/08/2020

The last of us 1 limited. edition 😊

GOT ကျနော်တော့မဆော့ရသေးပါ😁
28/08/2020

GOT ကျနော်တော့မဆော့ရသေးပါ😁

Ghost of Tsushima (Complete Review)
Personal Verdict 7.5/10

Sucker Punch Production ရဲ့အောင်မြင်မှုတွေကို သိမ်းပိုက်ယူလိုက်တယ့် Game ဆိုရင်လည်းမမှားပါ။ ၃ ရက်အတွင်း 2.4 Million copies ရောင်းချနိုင်ခဲ့ကြောင်းလဲသိရပါတယ်။

ရုပ်ရှင်ဖြစ်စေ၊ Video Game ဖြစ်စေ အားလုံးသိပြီးကြတယ့်အတိုင်းပါပဲ Historical နဲ့ပတ်သက်တာတွေကို ဖန်တီးအသက်သွင်းရတယ်ဆိုတာ တော်တော်ကို မလွယ်ကူတယ့်ကိစ္စပါ။ အခု Ghost of Tsushima ကတော့ 1274 ခုနှစ်၊ Tsushima Island ရဲ့ Mongol first invasion အကြာင်းကို အခြေခံထားတာပဲဖြစ်ပါတယ်။ သမိုင်းမှာ Kublai Khan ဦးဆောင်ညွှန်ကြားတဲ့ တပ်တွေက Korea ကနေထွက်ခွာပြီး အပြန်မှာ Tsushima ကျွန်းကို ဝင်သိမ်းတာပဲဖြစ်ပါတယ်။ ငယ်ငယ်က အရမ်းစိတ်ဝင်စားလို့ခဏခဏ ဖတ်ဖြစ်တယ်။ အခု Ghost of Tsushima Game ထဲမှာတော့ Khotun Khan (Cousin of Kublai Khan) က Main Villain ‌ပေါ့။ စပြီး ဒီ Game ကြေကြာကတည်းက အရမ်းဆော့ချင်မိတယ်။ ဘာလို့ဆို History ကြီးကိုသိပြီးသား ဖြစ်နေတော့ ဘယ်လို History မပျက်အောင် ဖန်တီးမလဲဆိုတာကိုပေါ့။ Tom Cruise ရဲ့ Valkyrie ရုပ်ရှင်လိုပေါ့ဗျာ။ Adolf Hi**er ကိုလုပ်ကြံတယ့် ဇာတ်လမ်းပေါ့။ Hi**er ကတော့လူတိုင်းသိတယ် လုပ်ကြံခံရလို့သေတာမှမဟုတ်ပဲ Russia နဲ့တိုက်ပွဲမှာ စစ်ရုံးလို့ su***de လုပ်သွားတာကိုးဗျ။ အဲ့ကတည်းက Tom Cruise ရဲ့ Valkyrie ဇာတ်ကားမှာ ဘယ်လို ရှုံးမလဲဆိုတာကို ပဲသိချင်လို့ကို ထိုင်ကြည့်ရတယ့်ပုံစံမျိုးပေါ့။ လုပ်ကြံမှုက အောင်မြင်စရာကို မရှိတာလေ။ အောင်မြင်ပြီဆိုရင်တော့ History ပျက်သွားတော့မှာပေါ့။ ဒါကြောင့် အခု Ghost of Tsushima Historical based Game ကိုအားအရမ်းမျှော်လင့်မိတယ်။ မျှော်လင့်ထားတဲ့အတိုင်းလည်း အားရမိပါတယ်။

မနေ့ကမှ အဖိုးအိမ်လာလည်တော့ အဲ့ Game ရဲ့ History လေးအကြောင်းပြောပြရာကနေ မှတ်သားစရာတစ်ခုရလိုက်တယ်။ 1274 ခုနှစ်ဝန်းကျင်မှာ Kublai Khan က Tsushima မှမဟုတ် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပုဂံမြို့ကိုပါ ဝင်သိမ်းတာကိုးဗျ။ အားလားလား အဲ့မှာ မြန်မာနိုင်ငံရဲ့ တိုးမပေါက် တိုက်တိုင်းအောင်တဲ့ ဆင်တတ်ကျလို့ နရသီဟပတေ့မင်း စစ်ပွဲကတိမ်းရှောင်ရင်းကနေ (တရုတ်ပြေးမင်း) ဆိုတဲ့နံမည်တွင်ခဲ့တာပေါ့။ နောက်ပိုင်းမှ ရှင်ဒီသာပါမောက္ခ ကိုသံတမာန်စေလွှတ်ပြီး ညှိနိုင်းတော့မှ မွန်ဂိုတတ်ပြန်ဆုတ်ခွာသွားတာ‌ပေ့ါလေ။ ဆိုတော့ ပုံဂံ History ကိုနောက်မှထားပြီး Tsushima History လေးဆီကိုပြန်သွားကြတာပေ့ါ

Ghost of Tsushima Synopsis
--------------------------------
Ghost of Tsushima ကတော့ Mongol invasion မှာ Samurai တွေ ရှုံးနိမ့်နေရကနေစတင်ပါတယ်။ ၄င်းစစ်ပွဲမှာ Player တွေက အသက်မသေပဲကျန်ခဲ့ သူ Jin Sakai အနေနဲ့ဆော့ရမှာပဲဖြစ်ပါတယ်။ အသက်သေလုမျောပါးဖြစ်နေတယ့် Jin ကိုကယ်တင်ခဲ့သူကတော့ Thief တစ်ယောက်ဖြစ်တယ့် Yuna ကကယ်တင်ပေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ကစလို့ Samurai တစ်ယောက်က မိမိကျွန်းကိုသိမ်းပိုက်ထားတယ့် Mongol တွေကို ဘယ်လိုတိုက်ခိုက်တွန်းလှန်မလဲ? Samurai တွေမှာတန်ဖိုးအထားဆုံးကတော့ Honor ပါ။ ရန်သူကို သတ်ရင် ရက်ရက်စက်စက်သတ်လို့မရပါ။ နောက်ကျောဘက်မှာ မခုတ်သတ်ပါ။ လက်နက်ဗုံး မသုံးပါ။ စသဖြင့် samurai code တွေနဲ့ ဉာဏ်များတဲ့ Mongol တွေကိုတိုက်ခိုက်ဖို့ဆိုတာ တစ်ယောက်ထဲသော Jin အတွက်မလွယ်ကူနိုင်။ ဒါကြောင့် Ghost of Tsushima ဆိုတဲ့အတိုင်း Honorable Samurai တစ်ယောက်ကနေ Ghost တစ်ယောက်အဖြစ်ကို တစ်ဖြည်းဖြည်း ကူးပြောင်းလာပုံကို ဇာတ်လမ်းအချိုးအကွေ့များနဲ့ ဆော့ကစားရမှာ ဖြစ်ပါတယ်။

Game Play
------------
Game play က ပေါတောတော samurai ဒါးခုတ် Game မျိုးလုံးဝ မဟုတ်ပါ။ တိုက်ခိုက်တဲ့ အကွက်တိုင်းက အရမ်းကို လေးပင်ပြီး အနှစ်ပါပါတယ်။ အကြိုက်ဆုံးကတော့ Deflect လုပ်ပြီးချတာကို အရမ်းကြိုက်တယ်။ Sekiro လောက်တော့ အားရပါးရလုပ်လို့မရပေမယ့်။ တော်တော်လေး reasonable ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ stand off လုပ်ပြီး samurai ဆန်ဆန် စိန်ခေါ်ပြီး နေရာမရွေ့ပဲတက်လာတယ့်ရန်သူကို ပိုင်းတာပဲ ဖြစ်ပါတယ်။ Kenshi Hemura စကားအရပြောရမယ်ဆိုရင်တော့ Battojutsu ပေါ့ XD
Ghost လုပ်ပြီးဆော့ရင်လည်း လူသုံးယောက်တန်းပြီး Chain assassinate လုပ်လို့ရတာတွေကို သေချာလုပ်ထားတာလဲတွေ့ရပါတယ်။

နောက်တစ်ခုအားအရဆုံးကတော့ world ကြီးတစ်ခုလုံးပါပဲ။ Open world type ဖြစ်ပြီးအလွန်လှပတယ့် ရှုခင်းတွေကိုခံစားရင် ဆော့ရမှာပဲဖြစ်ပါတယ်။ Tsushima မြေပုံကြီးတစ်ခုလုံးကို explore လုပ်လို့ရမှာဖြစ်ပြီး မိမိနှစ်သက်သလို ဓာတ်ဖမ်းလို့လဲရပါသေးတယ်။

သိပ်အားမရတယ့်အပိုင်းလေးတွေကတော့ side quest တွေက ပုံစံတူလေးတွေနဲနဲများပါတယ်။ သို့ပေမယ့် Grab and Fetch ပုံစံမျိုးတော့လုံးဝ မဟုတ်ပါ story လေးတွေနဲ့ reasonable တော့ဖြစ်ပါတယ်။ World ကြီးက ကြီးလွန်းတာကြောင့် အချိန်ကြာလာတယ့်အခါ နဲနဲလေး ပျင်းလာတယ့် feel လေးရလာတာတစ်ခုပါပဲ။ ဒါပေမယ့် Game play ကကောင်းလွန်းတော့ ခွင့်လွှတ်လို့ရပါတယ်။

နောက်တစ်ခုကတော့ Ghost Items တွေကလုံးဝ သုံးစရာမလိုလောက်အောင်အပိုတွေဖြစ်နေတယ့်ကိစ္စပါ။ ကျွန်တော် update patch ထွက်ပြီးမှ အခက်ဆုံးနဲ့ဆော့တာတောင် လုံးဝ Easy going ဆော့လို့ရတယ့်အနေအထားပါ။ အဲ့ Item တွေသုံးတာကမှ အပိုအလုပ်တွေလုပ်နေသလိုမျိုးဖြစ်နေတယ်။ Tenchu တို့လို stealth ပုံစံအသားပေးမဟုတ်တော့ Ghost Item တွေက တိတိကျကျ သုံးစရာမလိုဘူးပေါ့လေ။

ကျွန်တော်ကတော့ ဖြစ်နိုင်ရင် strict ဖြစ်တယ့် stealth ပုံစံ mission တွေထပ်တိုးစေချင်တယ်၊ boss fight တွေကို ခက်ခက်လေးဖြစ်စေချင်တယ်။

Conclusion
-------------
အချုပ်ပြန်ပြောရရင်တော့ Sucker Punch Production အတွက်တစ်ကယ့်ကို အားရစရာပါပဲ။ Sony အတွက်ကတော့ Flag ထောင်ပြီးရင်ထောင်ရတာပေါ့။ Score အရဆိုရင်လည်း critics ရော user score ပါတော်တော်ကောင်းတဲ့ အနေအထားပါ။ Game of the Year ဆုအတွက်တော့ နောက်တစ်မျိုး ရင်ခုံစရာထပ်တိုးတာပေါ့။

Ghost of Tsushima ဟာ အစအလယ်အဆုံး အကုန်ကောင်းတယ့် Game တစ်ခုဖြစ်ပြီး လှလှပပ presentation ကောင်းကောင်းနဲ့ ထွက်ရှိလာပြီးပြီပဲဖြစ်ပါတယ်။ ကျွန်တော် Platinum trophy farm တာအပါအဝင်ဆိုရင် အားလုံးပေါင်း နာရီပေါင်း 120hr လောက်ကြာပါတယ်။

Twist တွေအများကြီးမရှိပေမယ့် ဇာတ်လမ်းကော Game Play ပါဆွဲဆောင်မှုကောင်းကောင်း နဲ့တင်ဆက်သွားနိုင်တာကိုတော့ အားရပါတယ်။ World ကြီးကအရမ်းကြီးတော့ ထပ်ပြီး new quests material လေးတွေဖြည့်ရင်တော့ ပိုကောင်းတာပေါ့လေ။
အခုဆိုရင်တော့ Multi Player mission တွေ raid တွေ အတွက် DLC လည်းထွက်လာတော့မှာဖြစ်လို့ ရင်ခုန်စွာစောင့်စားရင်းနဲ့ပဲ

Have Fun,
Ed

28/08/2020

God Of War ကိုကျနော်အနေနဲ့
ပြောရမယ်ဆိုရင် ဇတ်လမ်းအနေနဲ့
ပြောစရာမရှီအောင်ကောင်းပါတယ်
God of war ကိုpspကနေ ps 3ထီ
ကို kratosရဲ့ပုံကတူတူပဲဖြစ်p
Ps 4မှာတော့kratos ရဲ့အရင်ပုံနဲ့
မတူဘဲတွေ ့မြင်ရမှာပါ 😊😊
Gow ဟာလည်းps 4gameတေထဲမှာ
မဆော့မဖြစ်ဆော့ရမဲ့gameတစ်ခုပါဗျ😊
မဆော့ရသေးတဲ့သူတေဆော့ဖို့
အကြုံပြုပါတယ် ခလုတ်လေးတေတော့
ဖြည့်ဖြည့်နိုပ်ကြပါ😊😊😊😊
ဆော့pသားလူတေအနေနဲ့လည်း
ကိုယ့်ရဲ့ အမြင်လေးတေကိုပြော
ပြကြပါအုန်းဗျ☺

ที่อยู่

Khlong Sam

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ps 4 gaming reviewผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท