ဂွစာ ဟာသများ

ဂွစာ ဟာသများ အနုပညာသတင်းများနဲ့ဟာသလေးများကြည့်ဖို့Followပေးသွားနော်

အခုခေတ်မှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ဖို့တောင် ခက်လာတဲ့အချိန်မှာ ကိုယ့်အိမ်ထဲဝင်ပြီး အလုပ်လုပ်ပေးရတဲ့ အလုပ်မျိုးဆို ပို...
27/08/2026

အခုခေတ်မှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ဖို့တောင် ခက်လာတဲ့အချိန်မှာ ကိုယ့်အိမ်ထဲဝင်ပြီး အလုပ်လုပ်ပေးရတဲ့ အလုပ်မျိုးဆို ပိုပြီးတော့ ယုံကြည်မှုလိုပါတယ်။

အခု ပြောချင်တာကတော့ ရန်ကုန်မြို့က သစ်ပင်ခုတ်သမား ကိုမောင်မြ ရဲ့ ရိုးသားမှုလေးပါ။

ရေညှိတွေ အရမ်းများပြီး ခက်ခက်ခဲခဲတက်ခုတ်ရတဲ့ ရေစင်ပေါ်က ညောင်ပင်ကြီး ၂ ပင်ကို ကိုမောင်မြက ခု-//တ်ပေးခဲ့ပါတယ်။

အလုပ်ပြီးလို့ အိမ်ရှင်ဘက်က ငွေ ၃ သောင်းပေးတဲ့အခါ “ဒါက များပါတယ်၊ မယူပါဘူး” ဆိုပြီး ၇ ထောင်ပဲ လက်ခံယူခဲ့တယ်လို့ သိရပါတယ်။

အဲဒီမှာတင် ကိုမောင်မြရဲ့ ရိုးသားမှုကို မြင်ရပါတယ်။

အလုပ်အခကို အဆမတန်တောင်းပြီး ရသလောက်ယူမယ့်အစား ကိုယ်လုပ်ခဲ့တဲ့အလုပ်နဲ့ ထိုက်တန်တဲ့ပမာဏကိုပဲ ယူခဲ့တာပါ။

နောက်ထပ် သဘောကျစရာကောင်းတာတစ်ခုကတော့ “နောက်ပိုင်း သစ်ပင်တွေ ပေါက်လာရင် ကျနော့်ကို ခေါ်ခုတ်ပါ” လို့ ပြောခဲ့တာပါတဲ့။

တစ်ခါလာပြီး အလုပ်လုပ်ပေးပြီး ငွေယူသွားတာထက် အိမ်ရှင်ရဲ့ ယုံကြည်မှုကို ရေရှည်တည်ဆောက်သွားတဲ့ပုံစံ ဖြစ်နေပါတယ်။

ဒါ့အပြင် ကိုမောင်မြဟာ အိမ်ပိုင်ရှင်တွေရဲ့ အိမ်ထဲအထိ ဝင်ရောက်လုပ်ကိုင်ရတာဖြစ်လို့ အိမ်ပိုင်ရှင်ရဲ့ ယုံကြည်မှုရအောင် လုပ်ဆောင်ထားတာကလည်း အတုယူစရာပါ။

သူ့ရဲ့ Smart Card၊ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင် တွေကို ပိုင်ရှင်ထံ အပ်နှံပြီးမှ အလုပ်လုပ်တာ ဖြစ်လို့ အိမ်ပိုင်ရှင်တွေဘက်ကလည်း ယုံကြည်စွာ အလုပ်တွဲလုပ်နိုင်တာပါ။

အခုလို လူတစ်ယောက်နဲ့တစ်ယောက် ယုံကြည်ဖို့ ခက်လာတဲ့ခေတ်မှာ ရိုးသားမှု + တာဝန်ယူမှု + ယုံကြည်မှု ဆိုတာ တန်ဖိုးရှိတဲ့ အရာတွေဖြစ်လာပါပြီ။

ကိုမောင်မြကတော့ အလုပ်တစ်ခုကနေ ငွေရဖို့ထက် “ဒီလူကို နောက်တစ်ခါလည်း ယုံပြီးခေါ်လို့ရတယ်” ဆိုတဲ့ ယုံကြည်မှုတစ်ခုကို ရယူသွားနိုင်ခဲ့တာပါ။

ရိုးသားတဲ့လူကို လူတွေက မှတ်မိတယ်။
ယုံကြည်ရတဲ့လူကိုတော့ နောက်တစ်ခါ ပြန်ခေါ်ကြပါတယ်။


သွားလေသူက သွားပြီ ကျန်ရစ်သူကတော့ အပူသောကတွေ တော်တော်နဲ့ မငြိမ်းနိုင်ဘူး..သတိရတိုင်းအမှတ်ရတိုင်း ငိုမိနေဦးမှာပဲ🥺 အဲကြားထဲ...
26/08/2026

သွားလေသူက သွားပြီ ကျန်ရစ်သူကတော့ အပူသောကတွေ တော်တော်နဲ့ မငြိမ်းနိုင်ဘူး..

သတိရတိုင်းအမှတ်ရတိုင်း ငိုမိနေဦးမှာပဲ🥺

အဲကြားထဲ ကိုယ်မကောင်းခဲ့တာမျိုးရှိခဲ့ရင် နောင်တဆိုတာကြီးနဲ့ ရှေ့ဆက်နေရဦးမှာပါ..

စိုင်းသီဟ ကတော့ သူ့မိန်းမအပေါ်မှာ တာဝန်ကျေခဲ့ပုံပါပဲ ဒါပေမယ့် အရမ်းချစ်ခဲ့တော့ ခုချိန်ထိ ဘယ်ဖြေဆယ်နိုင်ဦးပါ့မလဲ😥

တစ်တိုင်းပြည်လုံးရဲ့ စကားကိုနားမထောင်ဘဲ အချစ်ကို ရွေးချယ်ခဲ့ပေမယ့် မလှပတဲ့ဇာတ်သိမ်းဖြစ်ခဲ့ရတဲ့ ပက်ထရစ်ရှာ ပက်ထရစ်ရှာက အရ...
25/08/2026

တစ်တိုင်းပြည်လုံးရဲ့ စကားကိုနားမထောင်ဘဲ အချစ်ကို ရွေးချယ်ခဲ့ပေမယ့် မလှပတဲ့ဇာတ်သိမ်းဖြစ်ခဲ့ရတဲ့ ပက်ထရစ်ရှာ

ပက်ထရစ်ရှာက အရပ်အမောင်း၊ ခန္ဓာကိုယ် အချိုးအစား၊ ဆွဲဆောင်မှုရှိတဲ့ မျက်နှာကျ ကအစ ဘာတစ်ခုမှ အပြစ်ပြောစရာ မရှိအောင် ပြီးပြည့်စုံတဲ့ မိန်းမလှလေး တစ်ယောက်ဖြစ်လို့ ပရိသတ်တွေက သူ့ကို အလှမယ် တစ်ယောက်အဖြစ် မြင်ချင်ခဲ့ကြတာပါ။
Miss Universe လို ပြိုင်ပွဲကြီးတွေမှာ ဝင်ပြိုင်ဖို့ ပရိသတ်တွေက နှစ်တိုင်းလိုလို တောင်းဆိုခဲ့ကြပြီး "ရှာရှာသာ ပြိုင်မယ်ဆိုရင် သရဖူကတော့ သူ့ခေါင်းပေါ်မှာ သေချာပေါက်ပဲ" ဆိုပြီး မျှော်လင့်ချက်တွေ အကြီးအကျယ် ထားခဲ့ကြတာပါ။

ဒါပေမဲ့ အချစ်ဆိုတာ ဆန်းကြယ်တာကြောင့် ရှာရှာက အချစ်ရေးမှာ အားလုံးကို ဆန့်ကျင်ပြီး ရွေးချယ်လိုက်တဲ့အခါ ပရိသတ်တွေ အားလုံးအံ့ဩခဲ့ရပါတယ်။ သူ့ရဲ့ ချစ်သူကို ပရိသတ်တွေက လုံးဝ သဘောမကျခဲ့ကြပါဘူး။ တစ်တိုင်းပြည်လုံးက ချစ်တဲ့စိတ်နဲ့ ဝိုင်းဆဲ၊ ဝိုင်းတားခဲ့ကြပေမယ့် အချစ်ကို ကိုးကွယ်မိသွားပြီး ပရိသတ်တွေရဲ့ စကားကို ကျောခိုင်းကာ အဲဒီချစ်သူ လက်ကိုပဲ ရဲရဲဝံ့ဝံ့ တွဲခဲ့ပါတယ်။

အခုတော့ အဲဒီလို တစ်တိုင်းပြည်လုံးကို ဆန့်ကျင်ပြီး ရွေးချယ်ခဲ့တဲ့ အချစ်က သူ့ကို ရက်ရက်စက်စက် ကျောခိုင်းသွားခဲ့ပါပြီ။ အဲဒီချစ်သူ အမျိုးသားဟာ ဗီယက်နမ် ကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ်လို့ ဆိုပါတယ်။ မြန်မာပြည်ရဲ့ ထိပ်တန်း မော်ဒယ် တစ်ယောက်လုံးကို ပိုင်ဆိုင်ထားရက်နဲ့ ဒီလို လုပ်ရပ်မျိုး လုပ်ရက်တာကို ပရိသတ်တွေက အံ့သြလို့ မဆုံးဖြစ်နေကြပါတယ်။ အားလုံးက ချစ်တဲ့စိတ်နဲ့ ဝိုင်းဆဲ ဝိုင်းတားတဲ့ ကြားက ရွေးချယ်ပေးခဲ့တာတောင် ဖောက်ပြန်ရက်တယ်ဆိုပြီး ပရိသတ်တွေက ရှာရှာ့ ကိုယ်စား ဒေါသထွက်ပေးနေကြပါတယ်။

ရှာရှာကတော့ အခုချိန်ထိ ပြ_တ်သွားတာတောင်မှ အဲဒီတုန်းက သူ့ကို ရွေးချယ်ခဲ့တဲ့ အမှားကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှု ဒဏ်ကို တစ်ဖက်က ခံနေရတုန်းပါ။ ပတ်ထရစ်ရှာကို အရင်လိုအားပေးဦးမှာလားဆိုတာ comment မှာ ပြောပြခဲ့ပါဦးနော်။

ရေဝေးသုသာန်ကို သယ်ဆောင်သွားပြီဖြစ်တဲ့ အဆိုတော်ကြီး ကိုင်ဇာရဲ့ နောက်ဆုံးမြင်ကွင်းခေတ်အဆက်ဆက် အောင်မြင်ခဲ့တဲ့ နိုင်ငံကျော်...
24/08/2026

ရေဝေးသုသာန်ကို သယ်ဆောင်သွားပြီဖြစ်တဲ့ အဆိုတော်ကြီး ကိုင်ဇာရဲ့ နောက်ဆုံးမြင်ကွင်း

ခေတ်အဆက်ဆက် အောင်မြင်ခဲ့တဲ့ နိုင်ငံကျော် အဆိုတော်ကြီး ကိုင်ဇာ ရုတ်တရက် ထွက်ခွာသွားတဲ့ သတင်းဟာ ဒီကနေ့မှာ ပရိသတ်တွေ အားလုံးကို တုန်လှုပ် ဝမ်းနည်းစေခဲ့ပါတယ်။

လတ်တလောမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ကြီး ကိုင်ဇာရဲ့ ရုပ်ကလာပ်ကို ဆေးရုံကနေတစ်ဆင့် ရေဝေးသုသာန်ကို နာရေးကူညီမှုအသင်းကားနဲ့ စတင် ပို့ဆောင်နေပြီပဲ ဖြစ်ပါတယ်။ (ဒါဟာ နောက်ဆုံး ဈာပနအခမ်းအနား ပြုလုပ်တာ မဟုတ်သေးဘဲ၊ ဆေးရုံကနေ ရေဝေးသို့ စနစ်တကျ ပြောင်းရွှေ့ ပို့ဆောင်ပေးနေခြင်းသာ ဖြစ်ပါတယ်)။

ဆေးရုံကနေ ထွက်ခွာလာတဲ့ ဒီမြင်ကွင်းလေးကတော့ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် တကယ့်ကို ယူကျုံးမရ ရင်ကွဲစရာပါပဲ။ နာရေးကူညီမှုအသင်းက တာဝန်ရှိသူတွေကလည်း အဆိုတော်ကြီး ကိုင်ဇာအတွက် လိုအပ်တာတွေကို စိတ်နှလုံးမွန်မြတ်စွာနဲ့ လာရောက် ကူညီသယ်ဆောင်ပေးနေတာကို မြင်တွေ့ရပါတယ်။

ပရဟိတလူငယ် ပုတုအတွက် သိန်း ၂၀၀ တန် ကားတစ်စီး ဝယ်ယူလှူဒါန်းခဲ့သည့် ဟာဂျီ ဟာရှင်ဘိုင်​ပရဟိတလုပ်ငန်းများကို ကိုယ်ကျိုးမဖက် ...
23/08/2026

ပရဟိတလူငယ် ပုတုအတွက် သိန်း ၂၀၀ တန် ကားတစ်စီး ဝယ်ယူလှူဒါန်းခဲ့သည့် ဟာဂျီ ဟာရှင်ဘိုင်
​ပရဟိတလုပ်ငန်းများကို ကိုယ်ကျိုးမဖက် တက်ကြွစွာ ကူညီလုပ်ဆောင်ပေးလေ့ရှိသည့် လူငယ်တစ်ဦးဖြစ်သူ ပုတုသည် ကူညီမှုများပြုလုပ်ရာတွင် ကိုယ်ပိုင်ကားမရှိသဖြင့် တက္ကစီနှင့် YBS ဘတ်စကားများကိုသာ အားကိုးစီးနင်းပြီး လိုက်လံကူညီပေးနေခဲ့ရသူ ဖြစ်သည်။
​မကြာသေးမီက ပုတုအနေဖြင့် အဝေးနယ်ဝေးလံခေါင်ဖျားသော ဒေသများအထိပါ သွားရောက်ကူညီချင်သဖြင့် ကိုယ်ပိုင်ကားလေးတစ်စီး ရှိချင်ကြောင်း ဖွင့်ဟခဲ့ရာ အလှူရှင်များက ဝိုင်းဝန်းအလှူငွေ ထည့်ဝင်ခဲ့ကြသဖြင့် စုစုပေါင်း အလှူငွေ ၉၉ သိန်းကျပ် ရရှိခဲ့သည်။ ထိုသို့ ပြင်ဆင်နေစဉ်အတွင်း ကားအပိုပစ္စည်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဟာဂျီ (ခ) ဟာရှင်ဘိုင် (ခ) ဦးစိန်မြင့်က ကျန်ရှိသည့် ငွေကျပ် ၁၀၁ သိန်းကို စိုက်ထုတ်ဖြည့်စွက်ပေးခဲ့ပြီး သိန်း ၂၀၀ ပြည့်အောင် လှူဒါန်းပေးခဲ့သည့်အပြင် "အလှူငွေ ဆက်မကောက်ရတော့ဘဲ သူကိုယ်တိုင် ကားတစ်စီးလုံး အပြီးအစီး ဝယ်ယူလှူဒါန်းပေးမည်" ဟု ပြောကြားလာခဲ့သည်။
​မိမိအလွန်ရချင်နေသည့် ကားလေးကို အလှူရှင်၏ ရက်ရောသောစေတနာကြောင့် ရရှိတော့မည်ဖြစ်သဖြင့် ပုတုတစ်ယောက် ဝမ်းသာပီတိဖြစ်ကာ ပျော်လွန်း၍ ထတောင်ကခဲ့ရကြောင်း သိရသည်။ လောလောဆယ်တွင် ကားအတွက် အလှူခံခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး ယခုရရှိလာမည့် ကားလေးဖြင့် နောင်တွင်လည်း အများပြည်သူအတွက် ယခုထက်မက ပိုမိုကူညီလှူဒါန်းသွားမည်ဖြစ်ကြောင်း ပုတုက ပြောကြားထားသည်။
​ #ပုတု #ပရဟိတ

Camera by
22/08/2026

Camera by

မင်းသမီးထက်ထက်မိုးဦး ကိုယ်တိုင်ပြောပြလာတဲ့ သူမခံစားနေရတဲ့ သွိုင်းရွက်ရောဂါအကြောင်း သတိထားစရာ 😮👇မင်္ဂလာပါ ပရိသက်ကြီးတို့ရ...
20/08/2026

မင်းသမီးထက်ထက်မိုးဦး ကိုယ်တိုင်ပြောပြလာတဲ့ သူမခံစားနေရတဲ့ သွိုင်းရွက်ရောဂါအကြောင်း သတိထားစရာ 😮👇

မင်္ဂလာပါ ပရိသက်ကြီးတို့ရှင် ဒီကနေ့မှာတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးကြီးတစ်လက်ဖြစ်သလို ပရိသက်တွေ ချစ်ခင်မြတ်နိုးကြရတဲ့ မင်းသမီးကြီး ထက်ထက်မိုးဦးရဲ့ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး သူမကိုယ်တိုင် ရင်ဖွင့်ပြောပြလာတဲ့ သွိုင်းရွက်ရောဂါ အကြောင်း သတိထားစရာတွေကို ဖော်ပြတင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်

ပရိတ်သက်တွေရဲ့ အချစ်တော် မထက်ကတော့ အမြဲ ကျန်းမာရေးပြသာနာတွေနဲ့ ရင်ဆိုင်ဖြတ်သန်းရလေ့ရှိတဲ့ မင်းသမီးတစ်ဦးပါ။

သူမဟာ လောကဓံရဲ့ ဖိဆီးမှုတွေ ကျန်းမာရေးရဲ့ ဖိဆီးခြင်းတွေ များစွာ ခံခဲ့ရတဲ့ မင်းသမီးဖြစ်ပေမယ့် ယနေ့ချိန်ထိ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ အနုပညာလောကမှာ သူမရဲ့ နေရာ မပျောက်ပျက်အောင် ရပ်တည်ထားနို်င်ဆဲပါ ။

ဒီလို အခြေအနေတွေကြားကနေ ကြိုးစားရပ်တည်နေတဲ့ အမျိုးသမီးဖြစ်ပေမယ့် လောကဓံရဲ့ ရို၊-က်ခက်မှုတွေကတော့ ရှိနေဆဲပါပဲ ။

မင်းသမီးကြီး ထက်ထက်မိုးဦးဟာ လက်ရှိမှာ သွိုင်းရွက်ရောဂါ ပြန်လည်ဆိုးရွားလာတဲ့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သွားရောက်ကာ ဆေးစစ်ဆေးမှုတွေနဲ့ ကုသမှုတွေကို အထူးပြုလုပ်နေရတာပဲ ဖြစ်ပါတယ်။

သူမဟာ အရင်ကတည်းက သွိုင်းရွက်ရောဂါ ဝေဒနာကို ခံစားခဲ့ရသူဖြစ်ပြီး လည်ပင်း ခွဲစိတ်ကုသမှုအထိ ပြုလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုတစ်ခေါက် ထိုင်းနိုင်ငံမှာ ဆေးစစ်ချက်တွေ ပြန်လည်ပြုလုပ်ချိန်မှာတော့ သူမရဲ့ သွိုင်းရွက်ရောဂါအခြေအနေဟာ ချက်ချင်းကုသရမယ့် အခြေအနေအထိ ဆိုးရွားနေတာကို စိတ်မကောင်းစွာနဲ့ သိရှိခဲ့ရတာပါ။

သွိုင်းရွက်ရောဂါရဲ့ ဖိစီးမှုကြောင့် မထက်ဟာ ညဘက်တွေမှာ ဘယ်လောက်ပဲ အိပ်ဆေးတွေ သောက်သုံးပါစေ အိပ်လို့မပျော်တဲ့ အိပ်မပျော်ရောဂါ ကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ ဖွင့်ဟ ပြောပြလာပါတယ်။

ဒါ့အပြင် သွိုင်းရွက်စနစ် မမှန်ကန်မှုကြောင့် ခဏခဏ ဗိုက်ဆာတတ်ပြီး အစားတွေများစွာ စားမိလာတာကြောင့် မင်းသမီးတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်ဝလာစေတဲ့ ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ လက်တွေ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး မထက်ဟာ အရင်ကတည်းက အသည်း အဆီဖုံးတဲ့ ဝေဒနာကို အပြင်းအထန် ဝိတ်ချကာ စနစ်တကျ ကုသထားရသူ ဖြစ်တာကြောင့် အခုလို သွိုင်းရွက်ရောဂါကြောင့် ခန္ဓာကိုယ် အလေးချိန် ပြန်လည်တက်လာတာဟာ သူမရဲ့ ကျန်းမာရေးအတွက် အတော်လေး အခက်တွေ့ စိန်ခေါ်မှုများနေတဲ့ အခြေအနေတစ်ခု ဖြစ်နေရတာပါ။

ဒါ့ကြောင့် မထက်ဟာ သူမရဲ့ သွိုင်းရွက်ရောဂါကို အမြန်ကုသမှု ခံယူနေခဲ့ပီလဲ ဖြစ်ပါတယ်။

ပရိသက်တွေအားလုံး သိကြတဲ့အတိုင်း မထက်ဟာ ငယ်စဉ်ကတည်းက ကျန်းမာရေး ချူချာသူတစ်ဦး ဖြစ်ပါတယ်။

အခုအခါမှာတော့ သွိုင်းရွက်နဲ့ အသည်းအဆီဖုံး ရောဂါအပြင် နှလုံးရောဂါ ကျောက်ကပ် ရောဂါ နဲ့
အစာအိမ် ရောဂါ စတဲ့ ကျန်းမာရေး ဝေဒနာတွေကိုပါ ပူးတွဲ ခံစားနေရပြီး မကြာခဏ ဆေးဝါးကုသမှုတွေ ခံယူနေခဲ့ရတာလဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လဲ မထက်ဟာ သူမလို သွိုင်းရွက် ဝေဒနာ ခံစားနေရသူတွေအတွက် သွိုင်းရွက်အကြောင်း သတိထားစရာတွေကို မျှဝေပေးလာခဲ့တာပါ ။

မထက်က "သွိုင်းရွက်ရောဂါဟာ ပေါ့ဆလို့ လုံးဝမရပါဘူး ဂရုမစိုက်ရင် တခြား မလိုလားအပ်တဲ့ ရောဂါဆိုးတွေ အများကြီး ထပ်မံဝင်ရောက်လာနိုင်တယ် မထက်ကိုယ်တိုင်လဲ သွိုင်းရွက်နဲ့ ပတ်သကိတာတွေကို ဖတ်ရှု့လေ့လာနေဆဲ ဖြစ်ပေမယ့် သွိုင်းရွက်ဟာ ဘာမှ မဟုတ်ဖူး ထင်ရပေမယ့် နောက်ဆက်တွဲရောဂါတွေ များစွာ ြဖစ်လာစေတဲ့ အစ ရောဂါပါ အဲ့အတွက် ဆေးဝါးကို အချိန်မှီ မပျက်မကွက် မှန်မှန်ကုသကြဖို့ သတိပေး စကားပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အနုပညာသက်တမ်းတစ်လျှောက် ရှာဖွေထားသမျှ စည်းစိမ်ဥစ္စာတွေကို ကျန်းမာရေးအတွက်ပဲ အကုန်အကျခံနေရတဲ့ မထက်ရဲ့ အဖြစ်ကိုကြည့်ပြီး ပရိသက်တွေကလဲ စိတ်မကောင်းစွာနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းစိုးရိမ်ပေးနေကြပါတယ်။

ပရိတ်သက်ကြီးတို့လဲ မင်းသမီးကြီး ထက်ထက်မိုးဦးတစ်ယောက် လက်ရှိ ခံစားနေရတဲ့ ရောဂါဝေဒနာတွေကနေ အမြန်ဆုံး သက်သာပျောက်ကင်းပြီး ကျန်းမာစွာနဲ့ အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်နိုင်အောင် ဆုတောင်းစကားလေးတွေ ပြောပေးသွားကြပါဦးနော် ။

ကျန်းမာရေးကံ မကောင်းလှတဲ့ မထက်လဲ အမြန်ဆုံး ကျန်းမာ အနာရောဂါကင်းရှင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ရေဘေးအတွက် (၃)သိန်းကျပ်လှူဒါန်းခဲ့တဲ့ အဆိုတော် ယွန်းမြတ်သူအဆိုတော် ယွန်းမြတ်သူကတော့ ရေဘေးသင့်ပြည်သူတွေရဲ့ အခက်အခဲတွေကို ...
19/08/2026

ရေဘေးအတွက် (၃)သိန်းကျပ်လှူဒါန်းခဲ့တဲ့ အဆိုတော် ယွန်းမြတ်သူ

အဆိုတော် ယွန်းမြတ်သူကတော့ ရေဘေးသင့်ပြည်သူတွေရဲ့ အခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီပေးချင်တဲ့ မေတ္တာစိတ်ဓာတ်နဲ့ ရေဘေးကူညီရေးအတွက် ငွေကျပ် (၃)သိန်းတိတိ လှူဒါန်းခဲ့တဲ့ အလှူတော် ပုံရိပ်လေးတွေကို မျှဝေလာခဲ့ပါတယ်။

ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအတွက် နည်းသည်များသည်မဆို စေတနာထက်သန်စွာနဲ့ ပါဝင်လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဖခင်မေတ္တာကို ဘွဲ့ရနေ့မှာ ပြန်ဆပ်ခဲ့တဲ့သား ❤️🎓မီးပွိုင့်မှာ ပန်းကုံးရောင်းပြီး သားကို ဘွဲ့ရတဲ့အထိ ပညာသင်ပေးခဲ့တဲ့ ဖခင်ထံ...
18/08/2026

ဖခင်မေတ္တာကို ဘွဲ့ရနေ့မှာ ပြန်ဆပ်ခဲ့တဲ့သား ❤️🎓

မီးပွိုင့်မှာ ပန်းကုံးရောင်းပြီး သားကို ဘွဲ့ရတဲ့အထိ ပညာသင်ပေးခဲ့တဲ့ ဖခင်ထံ ဘွဲ့ဝတ်စုံနဲ့ ပြန်လာခဲ့တဲ့ သားဖြစ်သူ “သက်စဒေး” (Thursday) 🥹❤️

သားက လမ်းမပေါ်မှာပင် ဖခင်ခြေရင်း ဦးချကန်တော့ပြီး ဘတ် ၅၀,၀၀၀ တန် ငွေစက္ကူတွေနဲ့ ပြုလုပ်ထားတဲ့ ပန်းကုံးကို ဖခင်လည်ပင်းမှာ ဆင်မြန်းပေးခဲ့ပါတယ်။ 💐💵

“ဒီငွေက မိဘတွေပေးဆပ်ခဲ့တဲ့ မေတ္တာနဲ့ ယှဉ်ရင် ဘာမှမပြောပလောက်ပါဘူး” ဆိုတဲ့ သားရဲ့စကားကတော့ ရင်ထဲထိစရာပါပဲ။ 🥹🙏

ဖခင်ရဲ့ ရုန်းကန်ခဲ့ရတဲ့ မီးပွိုင့်လေးမှာပဲ သားရဲ့အောင်မြင်မှုကို ပြန်လည်ပေးဆပ်နိုင်ခဲ့တဲ့ မြင်ကွင်းလေး… ❤️🎓
မိဘမေတ္တာကို ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရပါဘူး။ 🙏❤️

ที่อยู่

Din Daeng
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဂွစာ ဟာသများผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท