FactFlix FactFlix is here to heal you and cheer you UP!

Hello 👋🏻 စာမရေးဖြစ်တာကြာပြီဆိုတော့ ပြန်ရေးဖြစ်တဲ့အနေနဲ့ အသစ်ထွက်ထားတာမကြာသေးတဲ့ "Bring Her Back 2025" အကြောင်းလေး အာလူးဖ...
03/07/2025

Hello 👋🏻 စာမရေးဖြစ်တာကြာပြီဆိုတော့ ပြန်ရေးဖြစ်တဲ့အနေနဲ့ အသစ်ထွက်ထားတာမကြာသေးတဲ့ "Bring Her Back 2025" အကြောင်းလေး အာလူးဖုတ်ချင်ပါတယ်ခင်ဗျ။ [🟥 Spoiler Alert 🟥] ပြသချိန် တစ်နာရီနဲ့ ၃၉မိနစ် (စုစုပေါင်း၉၉ မိနစ်) ကြာတဲ့ A24 ရဲ့ Horror ရုပ်ရှင်တကားဖြစ်ပြီး A24 ပီသစွာနဲ့ပဲ ကြည့်ရတာတန်တယ်ဆိုတဲ့ခံစားချက်ပေးနိုင်တဲ့ဇာတ်ကားမျိုးပါ။ အစပိုင်းမှာ ဇာတ်အေးသမျှ မိနစ်သုံးဆယ်နောက်ပိုင်းကစလို့ သိသိသာသာဇာတ်ရှိန်တက်လာပါတယ်။ Rating ကလည်း ထွေထူးပြီးပြောစရာမလိုအောင် လှလှပပနဲ့ ပွဲထွက်ခဲ့တာမို့ ဒီနေ့တော့ FactFlix ဆိုတဲ့အတတိုင်း စိတ်ဝင်စားစရာအချက်လေးတွေအကြောင်းကိုပဲ သွားလိုက်ကြရအောင်နော် 🫶🏻 ပုံတပုံချင်းစီမှာ ထောက်ပြီးဖတ်ပေးနော်။


Hello 👋🏻 ဒီနေ့မှာတော့ ဝတ္ထုအဖြစ်လည်း အောင်မြင်မှုများစွာရရှိခဲ့ပြီး ရုပ်ရှင်အဖြစ်အသက်သွင်းတဲ့အခါမှာလည်း IT (1990 Mini se...
14/06/2025

Hello 👋🏻 ဒီနေ့မှာတော့ ဝတ္ထုအဖြစ်လည်း အောင်မြင်မှုများစွာရရှိခဲ့ပြီး ရုပ်ရှင်အဖြစ်အသက်သွင်းတဲ့အခါမှာလည်း IT (1990 Mini series), IT Chapter 1, IT Chapter 2 ဆိုပြီးအောင်မြင်မှုတွေ အများကြီးရရှိထားတဲ့ IT ရုပ်ရှင်ထဲက စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေပြောပြသွားမယ်ပေါ့နော်။ ဒီနေရာမှာ အချက်ဆိုတာထက် သာမန် Horror ကြည့်လေ့ကြည့်ထမရှိတဲ့သူ၊ ဇာတ်ကားတွေကိုပုံမှန်လေးကြည့်တတ်တဲ့သူဆို သတိမထားမိလောက်တဲ့ ရိုက်ချက်လေးတွေကို အဓိကရွေးပြီး ပြောပြပေးသွားပါမယ်။

စကားပလ္လင်ခံရရင် IT ဟာ ကျွန်တော်အကြိုက်ဆုံး Horror ရုပ်ရှင်တွေထဲမှာ ခံစားချက်သန့်သန့်ကလေးနဲ့ လွှမ်းမိုးမှုအရှိဆုံးရုပ်ရှင်ဖြစ်ပါတယ်။ Horror ကိုမှ အချစ်၊ အလွမ်း၊ သူငယ်ချင်းသံယောဇဉ်တွေနဲ့ ဇာတ်အိမ်ခိုင်ခိုင်တင်ပြသွားတယ်လို့ခံစားရတာရယ် ၊ ဒီကားကြည့်ပြီးတိုင်း သူငယ်ချင်းတွေကို လွမ်းမိရတာရယ်ကြောင့်ပါ။ တချို့Horror ရုပ်ရှင်တွေကိုကျ ‌ထိတ်လန့်စရာကောင်းလို့၊ ရက်ရက်စက်စက် T*တ်ဖြတ်တဲ့အခန်းတွေပါလို့၊ ဇာတ်အိမ်ဆန်းလို့ စသဖြင့် ကြိုက်ရပေမဲ့ IT ကိုတော့ လွမ်းမောစရာရုပ်ရှင်တစ်ခုအဖြစ် နေရာတစ်နေရာပေးထားဖြစ်လို့ပါ။

ကဲ ဒီတော့စပြီးဖတ်လိုက်ကြရအောင်ခင်ဗျာ 🪄

Hello 👋🏻 ဒီနေ့မှာတော့ Harry Potter ပရိတ်သတ်တွေရဲ့ရင်ထဲမှာ နေရာတစ်နေရာပေးထားရမြဲဖြစ်တဲ့ Professor Severus Snape အကြောင်း ...
11/06/2025

Hello 👋🏻 ဒီနေ့မှာတော့ Harry Potter ပရိတ်သတ်တွေရဲ့ရင်ထဲမှာ နေရာတစ်နေရာပေးထားရမြဲဖြစ်တဲ့ Professor Severus Snape အကြောင်း ဘာလေးများရှဲပေးရင်ကောင်းမလဲဆိုပြီးစဉ်းစားရင်း ဒီအကြောင်းလေးကိုစိတ်ကူးရသွားပါတယ်။

ဘာလဲဆိုတော့ Professor Snape တီထွင်ခဲ့တဲ့ မှော်မန္တာန်တွေဖြစ်ပါတယ်။ ဟုတ်ပါတယ် ... ကျွန်တော်တို့ရဲ့ မှော်ဆေးရည်ဆရာကြီး Professor Snape ဟာ မှော်မန္တာန်တွေကို သူကိုယ်တိုင်တီထွင်နိုင်ခဲ့တဲ့အထိ ထူးချွန်ထက်မြက်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ Harry Potter ဆဌမမြောက်ဇာတ်လမ်းဖြစ်တဲ့ Half-blood Prince မှာဆိုရင် Harry Potter တစ်ယောက် Snape ရဲ့ Advance Potion စာအုပ်ရသွားပြီး မျောက်အုန်းသီးရသလို အဆင်ပြေချောမွေ့ခဲ့တာတွေကို အားလုံးသိကြမှာပေါ့နော်။

ကျွန်တော်တို့ရဲ့ သွေးနှောမင်းသား Snapeဟာ ပိုပြီးရှင်းလင်းမှန်ကန်တဲ့ မှော်ဆေးရည်စပ်နည်းတွေကိုရှာတွေ့ခဲ့ရုံသာမက မှော်မန္တာန်တွေကိုပါ တီထွင်နိုင်ခဲ့တယ်ဆိုတာကိုတော့ သိတဲ့သူတွေရှိသလို မသိသေးတဲ့သူတွေလည်းသိရအောင် ဒီနေ့ပြောပြသွားပါမယ်နော်။ တချို့ Spell တွေဆိုရင် နာမည်ကြီးပေမဲ့ Snapeထွင်ခဲ့တယ်ဆိုတာကိုတော့ Hogwarts ကျောင်းသားကျောင်းသူတွေတောင် မသိကြပါဘူးတဲ့ 👀

ပုံတစ်ပုံချင်းစီမှာ ဝင်ဖတ်ပေးနော် 🪄🍏

Hello 👋🏻  ကဲ ... ဒီနေ့တော့ Wizarding World of Harry Potter နဲ့ပတ်သတ်တဲ့ စိတ်ဝင်စားစရာအချက်လေးတွေကို ပြောပြပေးသွားမယ်နော်...
10/06/2025

Hello 👋🏻 ကဲ ... ဒီနေ့တော့ Wizarding World of Harry Potter နဲ့ပတ်သတ်တဲ့ စိတ်ဝင်စားစရာအချက်လေးတွေကို ပြောပြပေးသွားမယ်နော် 🪄

ပုံတစ်ပုံချင်းစီကိုထောက်ပြီး ဖတ်ပေးနော် 🍏🪄


Did you know that one small fact can change the way you see the world? Swipe through and get your daily dose of interest...
09/06/2025

Did you know that one small fact can change the way you see the world? Swipe through and get your daily dose of interesting!

ที่อยู่

Mae Fah Luang University
Chiang Rai
57100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ FactFlixผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท