Sui.logs ideas bin 🗑️

10/11/2025

Chiang Mai Log 1 : Suki Teenoi
My first (not so) proper vlog on this page!

08/11/2025

as long as the sun, the moon and the earth exist

03/11/2025

Influencer era စတင်ပါပြီ 🤳🏽
..
ကျွန်တော့်ရဲ့ Editing သင်တန်းလေ့လာချင်ရင် cmt 🤓

21/10/2025

pov : you're my gf trying to film the scenery but i keep yapping

03/10/2025

ကျနော်နဲ့အတူတူ ရှော့ဘားတပ်မယ် အပိုင်း ၂

ကျနော်က Prequels (Episode I, II, III) ခေတ်မှာကြီးလာတာပေါ့ဗျာလူကငယ်ငယ်လေးဆိုတော့ ဇာတ်လမ်း ကောင်းတယ်မကောင်းဘူး ဘာမှနားမလည်...
17/08/2025

ကျနော်က Prequels (Episode I, II, III) ခေတ်မှာကြီးလာတာပေါ့ဗျာ

လူကငယ်ငယ်လေးဆိုတော့ ဇာတ်လမ်း ကောင်းတယ်မကောင်းဘူး ဘာမှနားမလည်ဘူး။ Anakin နဲ့ Obi-wan နောက်ဆုံးပိုင်း ချော်ရည်ထဲမှာမပြုတ်ကျအောင် တစ်ယောက်နဲ့တစ်ယောက်ချတာတွေကြည့်ခဲ့ရတာ အရမ်းကြိုက်ခဲ့တာ

နည်းနည်းကြီးလာတော့ Playstation 2 မှာ Lego Star Wars ဆော့ရတာလည်း အရမ်းကြိုက်ခဲ့တယ်။ Blaster သေနတ်နဲ့ကောင်တွေဆိုဘယ်တော့မှ မကိုင်ချင်ဘူး Lightsaber ကောင်ပဲပေး၊ ပစ်တဲ့ laser တွေကိုလည်း ပြန်ကန်ထွက်အောင်ကာလို့ရတယ်၊ Force power နဲ့ လည်း droid စက်ရုပ်တွေကို တွန်းပြီးဖျက်ဆီးလို့ရတယ် 😂

ပြောချင်တာကတော့ Star Wars ဆိုတာ အရမ်း iconic ဖြစ်တဲ့ Jedi တွေ lightsaber တွေနဲ့ ဆန်းဆန်းပြားပြား franchise တစ်ခု

Star Wars လို့ပြောလိုက်ရင် ရုပ်ရှင်ဆိုလို့ 6 ကားပဲရှိတယ်။
အဲ့ 6 ကားပဲသေအောင်ကြည့် lol Cartoon Network မှာတော့ Clone Wars ခဏခဏလာတယ်။

အခုတော့ Star Wars လို့ စဉ်းစားလိုက်တာနဲ့ နောက်ပိုင်းထွက်ခဲ့တဲ့ sequels (Episode VII,VIII,IX) ဘယ်လောက်ထိ ပေါက်ကရတွေဖြစ်ခဲ့ပြီးတော့ fan တွေဝိုင်းလှောင်ကြတာရယ် ၊ Disney+ အတွက်အသေထုတ်တဲ့ streaming shows တွေရယ်ပဲစိတ်ထဲပေါ်လာတော့တယ်။

The Rise of Skywalker ဆိုရင် 2019 တုန်းက ကျနော်မြန်မာရုပ်ရှင်ရုံမှာနောက်ဆုံးကြည့်ခဲ့တဲ့ကားပဲဗျာ။ ကြည့်ပြီးတော့ disappointed ဖြစ်ပြီးရုံထဲကထွက်လာတာမှတ်မိသေးတယ်။

hardcore fan ကြီးတော့မဟုတ်ပါဘူးဗျာ။ ကျနော့် ကိုယ်ပိုင်အမြင်နဲ့ opinion တွေရေးထားမို့ လုံး၀ကြီး 100% မှန်နေမှာလည်းမဟုတ်ဘူး။ client အတွက် Star Wars နဲ့ပတ်သက်တဲ့ video တစ်ခုလုပ်ပေးရင်း Star Wars ရဲ့ legacy အကြောင်းစဉ်းစားမိသွားလို့ another rant post. 🫠

Sui logs က နေ Sui rant ပြောင်းရတော့မယ် 😂
Thank you, bye!

ဒီ page ရောprofile ရောက 3am လောက်ခဏလေးအတွင်းမှာလုပ်လိုက်တာ။ မနက်ကျနော့်ကောင်‌မလေးနိုးတော့မှသူ့ကိုပြတော့ "လီး" ဆိုတာဘာကြီ...
12/08/2025

ဒီ page ရောprofile ရောက 3am လောက်ခဏလေးအတွင်းမှာလုပ်လိုက်တာ။ မနက်ကျနော့်ကောင်‌မလေးနိုးတော့မှသူ့ကိုပြတော့ "လီး" ဆိုတာဘာကြီးလဲတဲ့

I either cooked or got cooked with the design 🥹

ဘလော့ နဲ့ ဗလော့ နဲ့ကမတူသလို တစ်ခုနဲ့တစ်ခု‌ပြောင်းပြီးလည်းသုံးလို့မရဘူးဗျာ (not interchangeable)TLDR :Web log ကို we ဖြုတ...
12/08/2025

ဘလော့ နဲ့ ဗလော့ နဲ့ကမတူသလို တစ်ခုနဲ့တစ်ခု‌ပြောင်းပြီးလည်းသုံးလို့မရဘူးဗျာ (not interchangeable)

TLDR :
Web log ကို we ဖြုတ် Blog
Video log ကို ideo ဖြုတ် Vlog
blogger တွေက အားတိုင်းစာရိုက်နေပြီးတော့
vlogger တွေက အမြဲ camera ထောင်ပြီးရိုက်တတ်ကြတယ်....

စာအရှည်ကြီး :

Sui."logs" ဆိုတော့ ပထမဆုံးစဉ်းစားမိတာက vlog vs blog ပဲ

ဘယ်သူမှမထိခိုက်နေပေမယ့် တလွဲပြောတာ ကြားလိုက်တိုင်းစိတ်ထဲမှာ ခုသွားတယ် 😂 (pet peeve ပေါ့)

အရင်ကဆို "gym ဆော့လား" ကို "Do you play gym?" ဆိုရင်လည်း စိတ်ခု 🗿

ပြောရမယ်ဆိုရင်ဗျာ

Log - "မှတ်တမ်းတင်ခြင်း"

Blog - Web Logging အတိုကောက်
website မှာ စာတွေရေးပြီး မှတ်တမ်းတင်

*internet စပေါ်တုန်းက website တွေမှာ video တွေတင်နိုင်လောက်တဲ့ထိ ခေတ်မမီတော့ စာတွေပဲစွတ်ရေးကြတယ်။ ခုခေတ်ထိလည်း ဓာတ်ပုံလေးတွေနဲ့တွဲပြီး ခရီးသွားဖြစ်ဖြစ် အစားအစာဖြစ်ဖြစ် အတွေအကြုံလေးတွေကိုတွဲရေးကြတဲ့ influencer တွေကျနော်တွေ့မိတယ်*

Vlog - Video Logging

blog လိုပဲ ဒါပေမယ့် စာမဟုတ်ပဲ ဗီဒီရိုမှတ်တမ်းတင်ခြင်းပေါ့

*နောက်ပိုင်း YouTube တို့ Facebook တို့က video တွေကို free တင်လို့ရလာတယ်၊ ကိုယ့်ဘာသာ video ရိုက်ဖို့ကလည်း ပိုပိုပြီးလွယ်လာတော့ အခုချိန်မှာဒါက လုံး၀ popular အဖြစ်ဆုံးပဲ*

ကျနော်က vlog လုပ်တာတော့ experience ရှိပေမယ့် နောက်ပိုင်း video script တွေရေးရင်း စာရေးရတာလည်း နည်းနည်းစိတ်၀င်စားလာတယ်၊ video တစ်ခု လုပ်ရတဲ့ process ထက်လည်းမြန်တော့ စမ်းရေးကြည့်ချင်လာတယ်။ အဲ့ဒါကြောင့်ပဲ ဒီ page ပေါ့ဗျာ။

ဒါပါပဲဗျ Thanks for reading my first blog-ish! (but lowkey rant).

ဒီ page မှာတော့ blog ကော vlog‌ ကောတင်ပါမယ် 🫶🏽

လူက အားတိုင်းထိုင်တွေး ၊ idea တွေထွက်တယ်ကိုယ်တိုင် video editor ဖြစ်နေတော့ creative ဖြစ်ချင်တယ်၊ content (video) တွေလုပ်...
11/08/2025

လူက အားတိုင်းထိုင်တွေး ၊ idea တွေထွက်တယ်

ကိုယ်တိုင် video editor ဖြစ်နေတော့ creative ဖြစ်ချင်တယ်၊ content (video) တွေလုပ်ပြီး express လုပ်ချင်ပေမယ့်

ဖြစ်သလို မလုပ်ချင်တာရယ် ၊လုပ်ရင်လည်းစိတ်တိုင်းကျမှရမှာရယ်နဲ့ idea တွေက လေထဲမှာပဲပျောက်သွားတယ်။
(ပုံထဲကအတိုင်း 3နှစ်ကျော်မှာ idea ပေါင်းစုံကိုမှ video 2 ခုပဲလုပ်ဖြစ်တယ်)

အဲတော့ အရင်ကလို
အတွေးတွေပေါ်လာရင် အောင်းထား long enough to even turn into a script > record > edit (too much work bro 💀)
မလုပ်တော့ပဲ

ဒီမှာပဲ စာဖြစ်ဖြစ် low effort video ပဲဖြစ်ဖြစ်နဲ့
လျှောက်ပြောပါမယ် 🌚

idea အမှိုက်ပုံးလေးပါ

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sui.logsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์