02/08/2026
🏴 Jude Bellingham (England) — Hole Player
England လူစာရင်းနှင့်မဟုတ်ရင် 107 သာတက်မည်။
Jude Bellingham ဟာ လက်ရှိဘောလုံးလောကရဲ့ အပြည့်စုံဆုံး ကွင်းလယ်ကစားသမားတွေထဲက တယောက်ပါ။ ငယ်ရွယ်သေးပေမယ့် Ball Carrying, Passing, Pressing နဲ့ Goal Scoring Ability တွေကို ပိုင်ဆိုင်ထားတဲ့ Complete Midfielder အဖြစ် သတ်မှတ်ခံထားရပါတယ်။
2026 FIFA World Cup Big Time Card ကတော့ Bellingham ရဲ့ ကွင်းလယ်ကို အပြည့်အဝ လွှမ်းမိုးနိုင်တဲ့ စွမ်းဆောင်ရည်ကို ကိုယ်စားပြုထားတဲ့ Card ဖြစ်ပါတယ်။ Hole Player Playstyle ကြောင့် ကွင်းလယ်ကနေ အချိန်ကိုက် Run တွေဝင်ပြီး Goal နဲ့ Assist နှစ်မျိုးလုံး ဖန်တီးပေးနိုင်ပါတယ်။
ဒီ Big Time Bellingham ဟာ ဂူလစ်နည်းတူ Hole Player တွေထဲက Top-tier AMF တယောက်အဖြစ်ရှိလာပါလိမ့်မယ်။
Ball Control (94), Dribbling (94), Tight Possession (95) နဲ့ Low Pass (93) ကြောင့် ဘောလုံးကို ဖိအားအောက်မှာပါ ထိန်းနိုင်ပြီး Attack ကို ချောချောမွေ့မွေ့ တည်ဆောက်နိုင်ပါတယ်။
Speed (92), Acceleration (91), Stamina (95) နဲ့ Attacking Awareness (90) ကြောင့် ကွင်းလယ်ကနေ Box ထဲအထိ မနားတမ်း Run ဝင်နိုင်ပြီး Hole Player Movement ကို အပြည့်အဝ အသုံးချနိုင်ပါတယ်။
Passing, Dribbling, Shooting နဲ့ Work Rate အားလုံး မျှတတဲ့ Complete Attacking Midfielder တစ်ယောက်ဖြစ်ပြီး End-game Squad တွေအတွက် အလွန်တန်ဖိုးရှိတဲ့ Card ပါ။
Overall Rating: ⭐⭐⭐⭐⭐ (9.9/10)
⭐ Special Skills မသိသေးတဲ့သူတွေအတွက်..
🧲 Magnetic Feet
Magnetic Feet က Player ဘောလုံးကိုင်ထားတဲ့အချိန် ၅ မီတာအတွင်းရှိ ပြိုင်ဘက်အရေအတွက် (အများဆုံး ၄ ယောက်အထိ) ကို Ball Retention Ability ကို မြှင့်တင်ပေးတဲ့ Special Skill ဖြစ်ပါတယ်။
ဒါကြောင့် ပြိုင်ဘက်တွေ ဝိုင်းဖိလာတဲ့အချိန်မှာလည်း ဘောလုံးကို ပိုကောင်းကောင်း ထိန်းထားနိုင်ပြီး Tight Dribbling နဲ့ Turn လုပ်ရာမှာ ပိုပြီး ယုံကြည်စိတ်ချရပါတယ်။
⚡ Attacking Surge
Attacking Surge က အသင်းဖော် ဘောလုံးကိုင်ထားပြီး ဒီ Player က တိုက်စစ်ခြမ်းထဲ ရှိနေတဲ့အချိန် Speed နဲ့ Acceleration ကို မြှင့်တင်ပေးတဲ့ Skill ဖြစ်ပါတယ်။
Hole Player ဖြစ်တဲ့ Bellingham အတွက် ဒီ Skill က အချိန်ကိုက် Forward Run တွေကို ပိုမြန်စေပြီး Defender တွေရဲ့ နောက်ကျောနေရာကို အလွယ်တကူ ထိုးဖောက်နိုင်အောင် ကူညီပေးမှာပါ။
Big Time Jude Bellingham ဟာ Dribbling, Passing, Off-the-ball Movement နဲ့ Work Rate အားလုံးကို အမြင့်ဆုံးအဆင့်နီးပါး ပိုင်ဆိုင်ထားတဲ့ Complete AMF တစ်ယောက်ပါ။ Magnetic Feet နဲ့ Attacking Surge ဆိုတဲ့ Special Skills နှစ်ခု ပေါင်းစပ်ထားတာကြောင့် ဖိအားများတဲ့အခြေအနေမှာတောင် ဘောလုံးကို ထိန်းနိုင်သလို၊ တိုက်စစ် Run တွေကိုလည်း အန္တရာယ်ရှိရှိ လုပ်ဆောင်နိုင်ပါတယ်။ Hole Player ကြိုက်တဲ့သူတွေအတွက် End-game အဆင့် Big Time Card လို့ သတ်မှတ်နိုင်ပါတယ်။
EFootball with Marco Paing