06/08/2026
"ကလေးနှစ်ယောက်နဲ့ အနုပညာသည် ရှေ့ဆက်ဖို့ခက်နေပါတယ်... သီချင်းများကငါ့အတွက် အင်အားဖြစ်စေတယ်..." 🎸🔥
"Ka Lay Hnit Yauk Nae Ah Nu Pyar The (ကလေးနှစ်ယောက်နဲ့ အနုပညာသည်)" — a powerful 4-track Soft Rock EP by Min Sett Thway is out now!
အနုပညာလမ်းထက်က ရုန်းကန်ရမှုတွေ၊ ဘဝရဲ့ အခက်အခဲတွေကြားကမှ အနုပညာအပေါ် သစ္စာရှိစွာ ဖက်တွယ်ထားတဲ့ အနုပညာသည်တစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေကို Rock အပြင်းစားပုံစံမျိုးမဟုတ်ပဲ ဆွေးဆွေးအေးအေး Pop Rock သီချင်းပုံစံလေးတွေနဲ့ ပုံဖော်ထားတဲ့ Mini Album လေး ထွက်ရှိလို့ လာပါပြီ။
Album မှာ ပါဝင်တဲ့ "ကလေးနှစ်ယောက်နဲ့ အနုပညာသည်"၊ "မရက်စက်လိုက်ပါနဲ့"၊ "စေ" နဲ့ "ပြန်ခဲ့တော့" ဆိုတဲ့ သီချင်း (၄) ပုဒ်လုံးမှာ အလွမ်း၊ အဆွေး၊ နာကျင်ရမှုနဲ့ ဘဝရဲ့ ရုန်းကန်ရမှုတွေကို ရင်ဘတ်ထဲ တိုက်ရိုက်ရောက်အောင် ရေးဖွဲ့ထားတာပါ။ တေးရေး မင်းဆက်သွေး၊ ဂျိမ်းစ်၊ ဂါနေ နဲ့ ဇင်ကို တို့ရဲ့ လက်ရာဆန်းတွေကို Band - THE LIGHT ရဲ့ အတီးအခတ် ထိထိမိမိတွေနဲ့အတူ အပြည့်အဝ ခံစားကြရမှာ ဖြစ်ပါတယ်။
innofective is incredibly proud to bring this passionate and soulful Rock EP to all your favorite streaming platforms! ✨🎧
Min Sett Thway ရဲ့ "ကလေးနှစ်ယောက်နဲ့ အနုပညာသည်" EP လေးကို မိမိတို့ နှစ်သက်ရာ Local နဲ့ International Music Platforms တွေမှာ အခုပဲ ဝင်ရောက်နားဆင် ခွန်အားယူလိုက်ရအောင်နော်။ 👇
#ကလေးနှစ်ယောက်နဲ့အနုပညာသည်