Game Glance Reviews for you!

Logitech G Pro X Superlight 2 FPS shooter games တွေမှာ Pro တွေလိုကြမ်းဖို့အတွက် Mouse လေးတွေရပါမယ်🤭Color လေးတွေကတော့ Whi...
13/06/2025

Logitech G Pro X Superlight 2

FPS shooter games တွေမှာ Pro တွေလိုကြမ်းဖို့အတွက် Mouse လေးတွေရပါမယ်🤭

Color လေးတွေကတော့ White/ Black / Red ဆိုပြီး 3 မျိုးလာပါတယ်။

Warranty - 2yrs
Price - 650,000 MMK
Preorder- Waiting time 2 weeks

Hello Guys!! I’m back😁 Gaming Gadgets လေးတွေရယ် Pc building services လေးနဲ့ပါတွဲပြီးပြန်လာပါပြီဗျအားပေးကြပါဦး❤️
08/06/2025

Hello Guys!! I’m back😁

Gaming Gadgets လေးတွေရယ် Pc building services လေးနဲ့ပါတွဲပြီးပြန်လာပါပြီဗျ

အားပေးကြပါဦး❤️

17/02/2025

Ni No Kuni: Cross World (Mobile)

Ni no Kuni: Cross Worlds ကတော့ Level-5 နဲ့ Netmarble တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ open-world action RPG ဂိမ်းတစ်ခုပါ။ နာမည်ကြီး Ni no Kuni စီးရီးရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထွက်ရှိလာတာပါ။ ကာတွန်းဆန်ဆန် (anime) ဂရပ်ဖစ်စတိုင်ကို အသုံးပြုထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းနဲ့ စွန့်စားခန်းတွေ ပါဝင်ပါတယ်။
ဇာတ်လမ်းကလည်း Ni no Kuni စီးရီးရဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်လောက်အောင် စိတ်ဝင်စားဖို့ကောင်းပါတယ်။ တခြားကမ္ဘာတစ်ခုကို ရောက်သွားတဲ့ ကစားသမားရဲ့ ခရီးကို အခြေခံထားပြီး ဘော်ဒါတွေနဲ့အတူ စွန့်စားခန်းတွေ ကြုံတွေ့ရမှာပါ။
တိုက်ခိုက်ရေးစနစ်ကလည်း action RPG ဂိမ်းတွေရဲ့ ပုံစံအတိုင်းပါပဲ။ ကိုယ့်ရဲ့ character ကို ထိန်းချုပ်ပြီး ရန်သူတွေကို တိုက်ခိုက်ရမှာပါ။ Familiars လို့ခေါ်တဲ့ သတ္တဝါလေးတွေကိုလည်း summon လုပ်ပြီး တိုက်ခိုက်ရေးမှာ အကူအညီလည်းရယူနိုင်ပါတယ်။
ပြီးတော့ တခြားကစားသမားတွေနဲ့ အတူတူ guild ဖွဲ့ပြီး ကစားနိုင်ပါတယ်။ ဒါ့အပြင် Kingdom လို့ခေါ်တဲ့ ကိုယ့်ရဲ့ နိုင်ငံလေးကိုလည်း တည်ဆောက်နိုင်ပါသေးတယ်။
ဂိမ်းရဲ့အားနည်းချက်ကတော့ Pay to Win လိုသဘောဖြစ်နေတာကြောင့် Free to play သမားတွေအတွက် အနည်းငယ်ခက်နေနိုင်ပါတယ်။
ဂိမ်းရဲ့ ဂရပ်ဖစ်အနေအထားကိုယ်တော့အောက်က Video မှာ ကြည့်နိုင်ပါတယ်ဗျ။
ဂိမ်းမှာ Class 5 ခုထဲမှာ တစ်ခုရွေးချယ်ပီး မိမိဆော့ချင်တဲ့ Class ဆော့လို့ရပါတယ် Class အသေးစိတ်ကိုလည်း Video ထဲမှာ ထည့်ထားပေးပါတယ်ဗျ

ဒီတစ်ခါတော့ ဓာတ်ပုံတွေမဟုတ်ဘဲ Video လေးနဲ့ ပြထားပေးပါတယ်။ နောက်မှ အသံတွေဘာညာအနေထားနဲ့ ဒီထက်ကောင်းတယ့် Quality တွေပေးပါ့မယ် 😁

စုံထောက်ဂိမ်းတွေ Puzzle ဂိမ်းတွေကြိုက်တဲ့သူတွေအတွက် Tiny Room ဆိုတဲ့ဂိမ်းက သင့်အတွက်ဖြစ်စေမှာပါ။ ဂိမ်းကတော့ရိုးရိုးရှင်း...
13/02/2025

စုံထောက်ဂိမ်းတွေ Puzzle ဂိမ်းတွေကြိုက်တဲ့သူတွေအတွက် Tiny Room ဆိုတဲ့ဂိမ်းက သင့်အတွက်ဖြစ်စေမှာပါ။ ဂိမ်းကတော့ရိုးရိုးရှင်းရှင်း Stories အနေနဲ့သွားထားပြီး ပစ္စည်းတွေရှာPasswords တွေဖော်ရမှာပါ။ တကယ်ခေါင်းစားမယ့်အချက်ကတော့ ဘာ Mission မှ မပေးထားတာပါ။ အိမ်မှာအေးဆေး chill ပြီးဆော့ချင်တဲ့သူတွေအတွက်ကတော့ ဆော့လို့ကောင်းမယ့်ဂိမ်းလေးပါဗျ။

ဒါကတော့ World of Warcraft ရဲ့ Novel ကိုဘာသာပြန်ပေးထားတာဖြစ်ပါတယ်ဗျ။ Warcraft: Of Blood and Honorအခန်း(၁) - လက်နက်ချင်းတိ...
10/02/2025

ဒါကတော့ World of Warcraft ရဲ့ Novel ကိုဘာသာပြန်ပေးထားတာဖြစ်ပါတယ်ဗျ။

Warcraft: Of Blood and Honor

အခန်း(၁) - လက်နက်ချင်းတိုက်ခိုက်ခြင်း

နူးညံ့အေးမြသောလေသည် Hearthglen သစ်တော၏ ကြီးကျယ်ခိုင်ခံ့သော သစ်အိုပင်များ၏ အပေါ်ပိုင်းအကိုင်းအခက်များကြားတွင် တိုက်ခတ်နေသည်။ ငြိမ်းချမ်းတိတ်ဆိတ်မှုသည် တည်ငြိမ်အေးချမ်းသော သစ်တောကို လွှမ်းခြုံသွားပြီး Tirion Fordring ကို သူ့အတွေးများနှင့်သာ အထီးကျန်ကျန်ရစ်စေသည်။ သူ့မြင်းမိုက္ကဆီ၊ Mirador သည် ခါးကျိုးလမ်းအတိုင်း လွယ်ကူသော အရှိန်ဖြင့် လျှောက်နေသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း သားကောင်ရှားပါးလာသော်လည်း Tirion သည် အခွင့်အခါတိုင်း ဤနေရာတွင် အမဲလိုက်ရန် လာရောက်ခဲ့သည်။ သူသည် သူ့ရဲတိုက်၏ မှိုတက်နေသော၊ ကျဉ်းမြောင်းသော ခန်းမများထက် ပွင့်လင်းသော ကျေးလက်၏ ခမ်းနားမှုနှင့် ကြည်လင်သောလေကို ပိုမိုနှစ်သက်သည်။ သူသည် ငယ်စဉ်ကတည်းက ဤသစ်တောများတွင် အမဲလိုက်ခဲ့ပြီး ၎င်းတို့၏ များပြားလှသော၊ ခါးဝင်လမ်းများကို သူ့လက်ဖဝါးကဲ့သို့ ကောင်းစွာသိသည်။ ဤသည်မှာ သူ၏ ရာထူး၏ ဝန်ထုပ်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဖိအားများမှ အမြဲတမ်း ခိုလှုံရာကို ရှာဖွေနိုင်သည့် တစ်နေရာဖြစ်သည်။ တစ်နေ့တွင် သူ့သားငယ် Taelan ကို သူ့နှင့်အတူ အမဲလိုက်ရန် ခေါ်သွားမည်ဖြစ်ပြီး ထိုကလေးငယ်သည် သူ့ဇာတိမြေ၏ ကြမ်းတမ်းသော ခမ်းနားမှုကို ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင်စေရန် တွေးတောနေသည်။

Lord Paladin Tirion Fordring သည် အင်အားကြီးမားသောသူဖြစ်သည်။ သူသည် စိတ်ရောကိုယ်ပါ ခိုင်မာပြီး ထိုခေတ်၏ အကြီးကျယ်ဆုံးသော စစ်သည်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။ အသက်ငါးဆယ်ကျော်ပြီဖြစ်သော်လည်း ငယ်ရွယ်စဉ်ကထက် ပိုမိုကြံ့ခိုင်ပြီး ရွေ့လျားနိုင်သေးသည်။ သူ့ရဲ့ ထင်ရှားတဲ့ မုတ်ဆိတ်ရှည်ကြီးနဲ့ သပ်ရပ်စွာညှပ်ထားတဲ့ အညိုရောင်ဆံပင်မှာ အဖြူရောင်စင်းကြောင်းတွေရှိပေမယ့် သူ့ရဲ့ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အစိမ်းရောင်မျက်လုံးတွေက သူ့ရဲ့ အသက်အရွယ်ကို လှောင်ပြောင်နေတဲ့ စွမ်းအင်နဲ့ တောက်ပနေဆဲပါ။
Tirion သည် တည်ငြိမ်အေးချမ်းသော Alterac တောင်တန်းကြီးများနှင့် မြူခိုးဝေနေသော Darrowmere ရေကန်၏ ကမ်းရိုးတန်းကြားရှိ လမ်းဆုံလမ်းခွတွင် တည်ရှိသော Hearthglen ၏ ကြွယ်ဝသော Alliance မင်းဆက်၏ အုပ်ချုပ်သူဖြစ်သည်။ သူသည် ဖြောင့်မတ်သော အုပ်ချုပ်သူအဖြစ် လေးစားခံရပြီး သူ၏ အမည်နှင့် အပြုအမူများသည် Lordaeron ဘုရဲပြည်တစ်လျှောက်လုံးတွင် ဂုဏ်ပြုခံရသည်။ သူ၏ ကြီးကျယ်ခမ်းနားသော ရဲတိုက်၊ Mardenholde သည် စည်ကားသော ဒေသအတွက် ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်သွယ်ရေး၏ အချက်အချာဖြစ်သည်။ Hearthglen မြို့သူမြို့သားများသည် ရဲတိုက်၏ ခိုင်ခံ့သော နံရံများသည် Lordaeron ၏ orcish ကျူးကျော်မှု၏ အမှောင်ဆုံးနေ့ရက်များတွင်ပင် ကျူးကျော်သူများလက်သို့ ဘယ်သောအခါမှ မကျဆင်းခဲ့ဟူသောအချက်ကို အလွန်ဂုဏ်ယူကြသည်။ သို့သော် မကြာသေးမီက Tirion သည် သူ့အိမ်၏ ခန်းမများတွင် စိုးရိမ်တကြီး ပြေးလွှားနေသော မတူညီသော စစ်တပ်တစ်မျိုးကို တွေ့ရှိရသည့်အတွက် စိတ်ပျက်မိခဲ့သည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရဲတိုက်သည် လျှို့ဝှက်သံတမန်ကိစ္စများကို ဆောင်ရွက်ရန် Hearthglen ကို ဖြတ်သန်းသွားလာနေသော Alliance ၏ အမျိုးမျိုးသောနိုင်ငံများမှ ခရီးသွား ဂုဏ်သရေရှိသူများနှင့် ကိုယ်စားလှယ်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် ၎င်းတို့အများအပြားနှင့် ကိုယ်တိုင်တွေ့ဆုံခဲ့ပြီး သူတတ်နိုင်သမျှ ၎င်းတို့၏ အကူအညီနှင့် ဧည့်ဝတ်ကျေပွန်မှုကို ပေးအပ်ခဲ့သည်။ ဂုဏ်သရေရှိသူများသည် သူ၏ ကြိုးပမ်းမှုများကို လေးလေးစားစား တန်ဖိုးထားကြသော်လည်း Tirion သည် ၎င်းတို့အားလုံးအတွင်း၌ တင်းမာမှုများ တိုးလာနေသည်ကို ခံစားမိနိုင်သည်။ ၎င်းတို့သည် Alliance High Council သို့ တိုက်ရိုက် ဆိုးရွားသော သတင်းစကားများ ပေးပို့ရန် တာဝန်ပေးခံရသည်ဟု သူသံသယရှိသည်။ သူမည်မျှပင် ကြိုးစားပါစေ၊ ၎င်းတို့၏ အလျင်အမြန် ဆက်သွယ်မှုများနောက်ကွယ်မှ အသေးစိတ်အချက်အလက်များကို သူ မခွဲခြားနိုင်ပါ။ သို့သော် Tirion Fordring သည် မိုက်မဲသူမဟုတ်ပါ။ Alliance တွင် Paladin အဖြစ် အနှစ်သုံးဆယ်ကြာအောင် အမှုထမ်းပြီးနောက်၊ အခြားနည်းဖြင့် တည်ငြိမ်သော သံတမန်များကို ထိုကဲ့သို့ ဒုက္ခရောက်စေနိုင်သည့် တစ်ခုတည်းသောအရာကို သူအသိအမှတ်ပြုခဲ့သည်- စစ်ပွဲသည် Lordaeron သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

အခန်း(၁) အပြီးထိကို ဖတ်ချင်တဲ့သူတွေအတွက် PDF file လေး comment မှာချထားပေးပါမယ်ဗျ။

Kingdom Come: Deliverance ဒီဂိမ်းကတော့ first person role playing Game ကိုမှ Reality ဆန်ဆန်လေးဆော့ချင်တဲ့သူတွေအတွက် အရမ်း...
09/02/2025

Kingdom Come: Deliverance
ဒီဂိမ်းကတော့ first person role playing Game ကိုမှ Reality ဆန်ဆန်လေးဆော့ချင်တဲ့သူတွေအတွက် အရမ်းမိုက်မယ့်ရှယ်ဂိမ်းလေးဖြစ်ပါတယ်။
ဂိမ်းရဲ့ဇာတ်လမ်းကတော့ တံငါသည်တစ်ယောက်ရဲ့သားဖြစ်တဲ့ ဟင်နရီကို အဓိကထားပါတယ်။ ဟင်နရီဟာ ဘိုဟီးမီးယားနိုင်ငံနဲ့ ဟန်ဂေရီစစ်တပ်တို့ရဲ့စစ်ပွဲမှာ ပါဝင်ပတ်သက်ခဲ့ပြီး သူ့မိသားစုကို တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သူဟာ ဘုရင်ခံ Radzig Kobyla ရဲ့အမှုတော်ကို ထမ်းဆောင်ပြီး နိုင်ငံကိုငြိမ်သက်အောင် ကြိုးပမ်းရမှာပါ။
ကစားသမားဟာ ကိုယ့်ရဲ့ Character ကို မသေအောင် အိပ်စက်အနားယူတာတို့ အစာစားတာတို့အပြင် လမ်းလျှောက်ရင်ဆူးတွေနဲ့ မထိအောင်ဂရုစိုက်ရတာမျိုး ဖိနပ်စည်းရတာမျိုး ဒဏ်ရာရရင်လည်း ပတ်တီးရှာပီး ဆေးကုရတာမျိုးလည်းပါဝင်လို့ တော်တော်လေးကို realistic ဖြစ်ပါတယ်။ တိုက်ခိုက်ရတာလည်းခက်ခဲပြီးပညာပါပါတယ့်အပြင် ဇာတ်အိမ်တည်ထားတဲ့နေရာကလည်း လှပြီး တိကျပါတယ်။ အားနည်းချကိအနေနဲ့ကတော့ Bugလေးနည်းနည်းရှိတာပါပဲ။ အားလုံးခြုံလိုက်ရင် အရမ်းကောင်းတဲ့ဂိမ်းတစ်ခုပါပဲ ဆော့ကြည့်သင့်ပါတယ်ဗျ။

Mists of Pandaria: PandariaPandaria ကို ရှာဖွေတွေ့ရှိမှုကမ္ဘာကြီးကို လှည့်ပတ်နေသော သင်္ဘောတစ်စင်းသည် မုန်တိုင်းတစ်ခုကြော...
09/02/2025

Mists of Pandaria: Pandaria

Pandaria ကို ရှာဖွေတွေ့ရှိမှု

ကမ္ဘာကြီးကို လှည့်ပတ်နေသော သင်္ဘောတစ်စင်းသည် မုန်တိုင်းတစ်ခုကြောင့် လမ်းကြောင်းလွဲသွားပြီး ဝေးလံခေါင်သီသော ကမ်းခြေတစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် Pandaria ဟုခေါ်သော လျှို့ဝှက်ဆန်းကြယ်သော တိုက်ကြီးကို တွေ့ရှိခဲ့ရတယ်။ Pandaria မှာက အစွမ်းထက်တဲ့ Pandaren လူမျိုးများ နေထိုင်ကြပြီး ရှေးခေတ်ကတည်းက ကမ္ဘာကြီးမှ ခွဲထွက်နေထိုင်ခဲ့ကြတဲ့သူ‌တွေဖြစ်တယ်။ Pandaren များသည် ငြိမ်းချမ်းရေးကို မြတ်နိုးပြီး သဘာဝနှင့် တစ်သားတည်းနေထိုင်ကြတယ်။

Pandaria ရဲ့ အန္တရာယ်

Pandaria ရဲ့ ငြိမ်းချမ်းသော ဘဝသည် ရှေးခေတ်ကတည်းက ပိတ်လှောင်ထားတဲ့ Sha လို့ခေါ်သော အပျက်သဘောဆောင်သော စွမ်းအင်များသည် နိုးထလာပြီး Pandaria ကို ဖျက်ဆီးရန် ကြိုးပမ်းနေကြတယ်။ Sha က အမျက်ဒေါသ၊ ကြောက်ရွံ့မှု၊ မုန်းတီးမှုနှင့် အခြားသော အပျက်သဘောဆောင်သော ခံစားချက်များမှ ဖြစ်ပေါ်လာတဲ့အရာဖြစ်တယ်။ သူတို့က Pandaria ရဲ့ သဘာဝကို ပျက်စီးစေပြီး သတ္တဝါများကို ရူးသွပ်စေတတ်တယ်။
ပြီးတော့ Horde နှင့် Alliance တွေရဲ့ စစ်ပွဲက Pandaria ဘက် သို့ ပျံ့နှံ့သွားပြီး ဒေသခံများရဲ့ ဘဝကို ခြိမ်းခြောက်လာတယ်။ နှစ်ဖက်စလုံးသည် Pandaria ၏ အရင်းအမြစ်များကို လိုချင်ကြပြီး ထိုအတွက်ကြောင့် တိုက်ခိုက်နေကြတာဖြစ်တယ်။ အဲ့စစ်ပွဲတွေကြောင့် Pandaria ရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးပြီး Sha ရဲ့ စွမ်းအားကို ပိုမိုအားကောင်းစေခဲ့တယ်။

ကစားသမားများက Pandaria ၏ သူရဲကောင်းများအဖြစ် Sha ကို တိုက်ခိုက်ရန်နှင့် Pandaria ကို ကာကွယ်ရန် တာဝန်ယူရမှာဖြစ်တယ်။ Pandaren၊ Hozen၊ Jinyu နှင့် Mantid အပါအဝင် မတူညီသော လူမျိုးများနှင့် မိတ်ဆွေဖွဲ့ကာ သူတို့ရဲ့ ယဉ်ကျေးမှုနှင့် အစဉ်အလာများကို လေ့လာရမှာလည်းဖြစ်တယ်။
* Pandaren များသည် ပညာရှိပြီး ငြိမ်းချမ်းသော လူမျိုးဖြစ်ကြတယ်။ သူတို့က ကမ္ဘာကြီးရဲ့ ဟန်ချက်ညီမှုကို ထိန်းသိမ်းရန် ကြိုးပမ်း‌နေကြတဲ့သူတွေဖြစ်တယ်။
* Hozen များက ဖျတ်လတ်ပြီး စပ်စုသော မျောက်ဝံများဖြစ်ကြတယ်။ သူတို့က စွန့်စားမှုများကို နှစ်သက်ကြတယ်။
* Jinyu များသည် ရေနေလူမျိုးဖြစ်ပြီး ရှေးခေတ်ကတည်းက Pandaria တွင် နေထိုင်ခဲ့ကြသည်။ သူတို့က သဘာဝနှင့် နီးကပ်စွာ ဆက်ဆံကြတယ်။
* Mantid များကဝောာ့ ပိုးကောင်နှင့်တူသော လူမျိုးဖြစ်ကြတယ်။ သူတို့က စည်းစနစ်ကျပေမယ့် နည်းနည်း အန္တရာယ်ရှိတဲ့ကောင်တွေဖြစ်ကြတယ်။

ကစားသမားများက Pandariaရဲ့ လျှို့ဝှက်ချက်များကို ရှာဖွေကာ Sha တွေကို ချုပ်ငြိမ်းရန် နည်းလမ်းများကို ရှာဖွေရမည်ဖြစ်တယ်။ Pandaria ရဲ့ သမိုင်းကြောင်းကို လေ့လာခြင်း၊ ရှေးဟောင်းပစ္စည်းများကို ရှာဖွေခြင်းနှင့် အန္တရာယ်ရှိသော သတ္တဝါများနဲ့ တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ရမှာပါ။

ကစားသမားများက Pandaria ရဲ့ အန္တရာယ်ကို ရင်ဆိုင်ရင်း Sha ရဲ့အရင်းအမြစ်ကို ရှာဖွေတွေ့ရှိပြီး သူတို့ကို အနိုင်ယူရန် နည်းလမ်းကို ရှာဖွေကြတယ်။ Horde နဲ့ Alliance တို့ စစ်ပွဲကလည်း အဆုံးသတ်သို့ ရောက်ရှိသွားပြီး Pandaria ရဲ့အနာဂတ်ကို ဆုံးဖြတ်ရ‌တော့မှာဖြစ်တယ်။ ကစားသမားများက Pandaria ကို ကာကွယ်ရန်ဖို့နဲ့ ငြိမ်းချမ်းရေးကို ပြန်လည်ထူထောင်ရန်အတွက် အဆုံးစွန်သော စစ်ပွဲတွင် ပါဝင်ကြ‌တော့မှာဖြစ်တယ်။

Mists of Pandaria က Pandaria ရဲ့ လှပသော ကမ္ဘာကြီး၊ စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်လမ်းနှင့် စိန်ခေါ်မှုများစွာကို ပေးဆောင်နိုင်တဲ့ အပိုင်းဖြစ်တယ်။ ကစားသမားများက Pandaria ရဲ့သူရဲကောင်းများအဖြစ် စွန့်စားခန်းများစွာကို တွေ့ကြုံခံစားနိုင်ပြီး မမေ့နိုင်တဲ့ အတွေ့အကြုံများကို ရရှိနိုင်ပါတယ်။

အခုလို ငွေကြေးဖောင်းပွမှုတွေကြားမှာ ဆယ့်ငါးသိန်းဝန်းကျင် Budget Gaming PC ဆင်မယ်ဆိုရင် ဘယ်လို Specs တွေသုံးပီးဆင်မလဲ?ပထမ...
06/02/2025

အခုလို ငွေကြေးဖောင်းပွမှုတွေကြားမှာ ဆယ့်ငါးသိန်းဝန်းကျင် Budget Gaming PC ဆင်မယ်ဆိုရင် ဘယ်လို Specs တွေသုံးပီးဆင်မလဲ?

ပထမဆုံးနေနဲ့စဉ်းစားရမှာက CPU ပါ CPU ထဲမှာတော့ AMD ကထွက်တဲ့ Ryzen ကတော့ Price to performance မှာတော်တော်ကောင်းတယ်လို့ပြောလို့ရပါတယ်(ဒါကကိုယ့်အကြိုက်နဲ့ကိုယ်ပါ)။ အဲ့တော့ Ryzen Series ထဲက Ryzen 5 5500 ကိုရွေးချယ်လိုက်ပါတယ်။ Core 6 ခုပါပြီးဈေးနှုန်း 90$ ဝန်းကျင်နဲ့ တော်တော်လေးမိုက်တဲ့ Performance တစ်ခုရတဲ့အတွက် Gaming အတွက်လည်းအဆင်ပြေစေပါတယ်။

ဒုတိယအနေနဲ့ဆိုရင် CPU နဲ့လိုက်ဖက်တဲ့ Motherboard ကိုရွေးပါမယ် Ryzen 5 5500 က AM4 Socket Type ဖြစ်တဲ့အတွက် AM4 ကို Support တာပဲဝယ်ရပါမယ်။ အဲ့တော့ MSI ကထုတ်တဲ့ B450M-A pro max micro ATX board ကိုရွေးချယ်လိုက်ပါမယ်။ ဈေးနှုန်းက $70 တန်းကျင်ဖြစ်တဲ့အပြင် CPU အတွက်လည်း အဆင်ပြေတဲ့ Boardလေးဖြစ်လို့ပါ။

တတိယအနေနဲ့ RAM ဘယ်လောက်ထည့်မလဲ? 8Gb လား 16Gb လား ဘယ်လောက်များများထည့်မလဲ ram speed ကိုရောဘယ်လောက်သုံးမလဲ? အဲ့တာကရွေးချယ်စရာတွေများပါတယ်။ ကျတော်ကတော့ Performance ကောင်းကောင်းလေးလိုချင်တဲ့အတွက် RAM ကို SP Gaming 16 Gb DDR4- 3200 CL16 ကို သုံးပါမယ်။ ဈေးနှုန်းကလည်း 30$ ဝန်းကျင်တော့ သုံးပျော်ပါတယ်။

နောက်တစ်ခုက GPU ဘာသုံးရမလဲဆိုတာ ကျတော်လည်း တော်ဝောာ်ဆုံးဖြတ်ရခက်ပါတယ်။ အဲ့တော့ တစ်ခေတ်တစ်ခါက ဆရာကြီးဖြစ်ခဲ့တယ့် XFX ကထုတ်တဲ့ RX580 8Gb ကိုပဲရွေးချယ်လိုက်ပါတယ်။ ဈေးနှုန်းအားဖြင့်က 130$ ဝန်းကျင်မှာရှိပီး ဈေးကွက်ထဲမှာလည်း ပစ္စည်းက နည်းနည်းရှားနေမှာပါ။

Data တွေကိုသိမ်း Storage ဒါမှမဟုတ် Games တွေ Window တွေကို OS ပေါ်မှာ Runတဲ့အခါ မြန်မြန်‌လေးဖြစ်နေအောင် Patriot P300 256GB M.2-2280 PCIe 30.x4 NVME SSD ကို အသုံးပြုပါမယ်။ Game များများထည့်ချငိတဲ့သူတွေကတော့ ပိုပြီးများတာသုံးပေါ့။ ဈေးနှုန်းအနေနဲ့က 16$ ဝန်းကျင်ပဲရှိပါတယ်

ပီးရင် အရေးကြီးဆုံးက Power Supply ပဲ PSU သုံးတဲ့အခါ ကပ်စေးမနဲပါနဲ့ Quality ကောင်းတာကိုသုံးပါ 80+Rating ပါပြီး Brand ထဲကနေရွေးရပါမယ်။ ကျတော်ကတော့ Cosair 550w 80+Bronze ကိုရွေးးချယ်ထားပြီး ဈေးနှုန်းက 27$ ဝန်းကျင်ပဲရှိပါတယ်။

Casing ကဝောာ့ Airflow ကောင်းတာလေးကိုရွေးမှ စက်ကိုHeat မတက်စေမှာ‌ပါ။ ကျတော်ကတော့ Budget ထဲမှာလှတဲ့Casing ဖြစ်တဲ့ Xuanwa Mini Sea View Room ဆိုတာကိုရွေးချယ်လိုက်ပါတယ်။ ဈေးနှုန်းအရလည်း 20$ ဝန်းကျင်ပဲရှိတယ့်အပြင် တော်တော်လှပါတယ်။

ဒါဆိုရင် Budget Gaming PC တစ်လုံးရပါပြီဗျ
အခု သုံးထားတဲ့ ပစ္စည်လေးတွေကို ပြန်ပေါင်းကြည့်ပါမယ်။
CPU - 90$
mobo - 70$
RAM - 30$
GPU - 130$
SSD - 16$
PSU - 27$
Casing - 20$
Total - 383$(383*4400=1,685,200) ဝန်းကျင်ကျသင့်မှာပဲဖြစ်ပါတယ်ဗျ။ ဒီ Build ကတော့ Budget ထဲမှာမှ Games တော်တော်များများကို အေးဆေးဆော့နိုင်မှာဖြစ်လို့ အကြိုက်တွေ့မယ်လို့မျှော်လင့်ပါတယ်။

Cataclysm: Deathwing the destroyerရှေးအရင်က Azeroth ကို စောင့်ရှောက်သော နဂါးငါးဆကာင်အနက် တစ်ကောင်ဖြစ်တဲ့ Neltharion the ...
04/02/2025

Cataclysm: Deathwing the destroyer

ရှေးအရင်က Azeroth ကို စောင့်ရှောက်သော နဂါးငါးဆကာင်အနက် တစ်ကောင်ဖြစ်တဲ့ Neltharion the Earth-Warder က ရှေးခေတ်ဘုရားများရဲ့ လွှမ်းမိုးမှုကြောင့် ရူးသွပ်သွားခဲ့ပြီး မိမိကိုယ်ကို Deathwing the Destroyer ဟု ပြောင်းလဲပြီး ကမ္ဘာကို ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့ဝာယ်။
Deathwing သည် Deepholm မှ ထွက်ပေါ်လာပြီး ကမ္ဘာကို ပြိုကွဲစေမယ့် ကပ်ဆိုးကြီးကို စတင်ခဲ့တယ်။ အဲ့အချိန်ကမ္ဘာမြေကနေရာအနှံ့မှာ မြေတွေ ကွဲအက်လာပြီး မီးတောင်များ ပေါက်ကာ သမုဒ္ဒရာ‌ရေများ မြင့်တက်လာခဲ့သည်။ Horde နှင့် Alliance နှစ်ဖက်စလုံးက ကပ်ဘေးကြောင့် အကြီးအကျယ် ထိခိုက်ခဲ့ရတယ်။

ကစားသမားများသည် Horde နှင့် Alliance ၏ သူရဲကောင်းများအဖြစ် Deathwing ကို ရင်ဆိုင်ရန် စုစည်းကြတယ်။ သူတို့က တခြားနဂါးများနဲ့ မဟာမိတ်ဖွဲ့ကာ Deathwing ၏ အစီအစဉ်ကို ဟန့်တားရန် ကြိုးပမ်းခဲ့ကြတယ်။
အဲ့အချိန်မှာ Thrall က ကမ္ဘာကို ပြန်လည်တည်ငြိမ်စေရန်အတွက် Maelstrom မြို့ကိုသွားရောက်ခဲ့တယ်။ သူက နဂါးငါးပါးရဲ့ စွမ်းအားကို အသုံးပြုပြီး ကမ္ဘာကို ကုသရန် ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် Deathwing က သူ့ကို တိုက်ခိုက်ခဲ့ပြီး Thrall က လွတ်မြောက်ရန်အတွက် သူ့ကိုယ်သူ စတေးခဲ့ရတယ်။

ကစားသမားများသည် Wyrmrest Temple တွင် နဂါးငါးပါးနှင့် တွေ့ဆုံခဲ့တယ်။ သူတို့က Deathwing ကို အနိုင်ယူရန်အတွက် Dragon Soul ကို အသုံးပြုမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်။ Dragon Soul သည် နဂါးငါးပါး၏ စွမ်းအားကို စုပ်ယူနိုင်သော ရှေးဟောင်းအရာတစ်ခုဖြစ်တယ်။
ကစားသမားများသည် Dragon Soul ကို စုဆောင်းရန်အတွက် အန္တရာယ်များစွာကို ရင်ဆိုင်ခဲ့ရသည်။ သူတို့က Deathwing ရဲ့ အစေခံများနှင့် ရှေးဟောင်းဘုရားများရဲ့ နောက်လိုက်များကို တိုက်ခိုက်ခဲ့ရတယ်။ နောက်ဆုံးမှည သူတို့က Dragon Soul ကို စုဆောင်းနိုင်ခဲ့ပြီး Deathwing ကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်ခဲ့တယ်။
ကစားသမားများက Dragonblight တွင် Deathwing နှင့် အဆုံးအဖြတ်တိုက်ပွဲကို ဆင်နွှဲခဲ့တယ်။ Deathwing သည် အလွန်အစွမ်းထက်သော ပြိုင်ဘက်ဖြစ်ပြီး ကစားသမားများက သူ့ကို အနိုင်ယူရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ရတယ်။ နောက်ဆုံး‌ေတာ့ သူတို့က Dragon Soul ကို အသုံးပြုပြီး Deathwing ကို အနိုင်ယူနိုင်ခဲ့တယ်။

Deathwing သေဆုံးမှုက Azeroth တွင် ကြီးမားသော အပြောင်းအလဲများကို ဖြစ်ပေါ်စေခဲ့ပြီး ကမ္ဘာက ထာဝရ ပြောင်းလဲသွားခဲ့တယ်။ ဒီအပိုင်းကတော့ World of Warcraft ရဲ့ အရေးကြီးသော အပိုင်းတစ်ခုဖြစ်ပါတယ်။ ကစားသမားတွေကိုလည်း စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်းများနှင့် စိန်ခေါ်မှုများစွာကို ပေးဆောင်နိုင်ခဲ့တယ်။ Deathwing ရဲ့ဇာတ်လမ်းကို အဆုံးသတ်ခဲ့ပြီး Azeroth အနာဂတ်အတွက် လမ်းခင်းပေးခဲ့ပါတယ်။

04/02/2025

Monitor ကို ဘယ်လိုလူတွေက Upgrade လုပ်သင့်လဲ? ဘာလို့လဲ?

ဘာလို့လဲဆိုတာတော့ ရှင်းပါတယ် ပိုကောင်းတဲ့ Experience ကိုရချင်လို့ပါ။ long long ago တုန်းက ဂိမ်းတွေဆော့တဲ့အခါ 60Hz နဲ့ပဲဆော့လာနဲ့ခေတ်ကနေ အခုဆို official 540hz monitor တွေထိထွက်ထားတဲ့အပြင် TCL ကလည်း 1000Hz monitorဆိုပြီးထုတ်ကြွားလာခဲ့ပါတယ်။ အဲ့တာကလည်း စမ်းသပ်ကာလပဲရှိသေးလို့ မထုတ်သေးပါဘူး။

ပထမဆုံး Monitor refresh rate (Hz) က မိနစ်ရဲ့ ၁ စက္ကန့်အတွင်း မျက်နှာပြင်ပေါ်ရှိ pixel များကို ဘယ်နှစ်ကြိမ် update (refresh) လုပ်နိုင်သည်ကိုဖော်ပြတဲ့အရာဆိုတာသိထားရပါမယ်။

ဘယ်လိုလူတွေက refresh rate မြင့်တာကိုလိုအပ်လဲ?

သာမာန်ရုံးသုံး ရုပ်ရှင်ကြည့် သီချင်းနားထောင် အကြမ်းသုံးတာကလောက်‌ကတော့ 60Hz နဲ့အေးဆေးဖြစ်ကြပါတယ် Game ဆော့မယ်ဆို‌ရင်တော့ input lag ဆိုတဲ့ delay တွေပါလာပါပြီ သာမာန် သူသူငှာငှာ 60Hz သုံးနေကြသူတွေဆို မသိသာပေမယ့် တစ်ခြားသူတွေနဲ့ Multiplayer ဂိမ်းဆော့တဲ့အခါမျိုးမှာ အရမ်းသိသာစေပါတယ်။ ဥပမာ FPS ဂိမ်းဆော့တဲ့အခါမျိုးမှာ ဟိုဘက်အသင်းက 144Hz Monitor နဲ့ဆော့နေတဲ့အခါမှာ ကိုယ်က တစ်ဘက်အသင်းကကောင်ကို ပခုံးတောင်သေချာမမြင်ရသေးတဲ့အချိန် ကိုယ်ကခေါင်းကို အရင်ဆော်ခံလိုက်ရတာမျိုးပေါ့(အဲ့လိုသေရင် Cheater Cheater လို့ထအော်တတ်တဲ့ ငပိန်းတွေလည်းရှိပါသေးတယ်)။ အဲ့တာကတော့ Refresh rate မြင့်တယ့် နိမ့်တယ့် Monitor တွေရဲ့ အဓိကခြားနားချက်ပေါ့။ ခင်ဗျားက FPS Gaming experience စောက်ကြမ်းကြီးလိုချင်တယ်ဆိုရင် ပိုကောင်းတဲ့ Monitor ပိုကောင်းတဲ့ Refresh rate ကိုရွေးပေါ့။ Refresh rate မြင့်လာတာနဲ့ ဂိမ်းတွေရဲ့ input lag တွေက သိသိသာသာနည်းလာတာပဲ အဲ့တာကပဲ ကိုယ်က သူများတွေထက် ခြေတစ်လှမ်းသာအောင်ပြုလုပ်ပေးတဲ့အရာဖြစ်ပါတယ်။ ကိုယ်က ဂိမ်းဘာညာမဆော့တဲ့သူဆိုရင်တော့ refresh rate ကအရေးမကြီးပါဘူး။

Video မှာ refresh rate ကွာရင် ဘာကွာလဲဆိုတာဆိုတာ မြင်နိုင်ပါတယ်ဗျ။

Wrath of the Lich King: The Lich King Story * မူလအစ Lich King နဲ့ Lich King ဖြစ်ပေါ်လာပုံLich King ၏အစသည် Ner’zhul ဟုခေါ...
04/02/2025

Wrath of the Lich King: The Lich King Story

* မူလအစ Lich King နဲ့ Lich King ဖြစ်ပေါ်လာပုံ

Lich King ၏အစသည် Ner’zhul ဟုခေါ်သော Orc Shaman မှ စတင်ခဲ့တယ်။ သူသည် Burning Legion ၏ Kil’jaeden ဆိုသူအား သစ္စာ‌ဖောက်ပုံဖြစ်ပြီးမှ ပြစ်ဒဏ်ခံခဲ့ရတယ်။ Kil’jaeden သည် Ner’zhul ၏ဝိညာဉ်ကို ဖမ်းဆီးပြီး Frozen Throne (Icecrown Citadel မှာရှိ) ထဲတွင် ထည့်သွင်းလိုက်တယ်။ အဲ့အချိန်ကစပြီး Ner’zhul က Lich King ဖြစ်လာခဲ့တယ်။

Lich King က Scourge ဆိုတဲ့ undead တပ် ကိုဖန်တီးပြီး Azeroth ကိုဝင်ရောက်ရန်ကြံစည်ခဲ့တယ်။ ဒါပေမယ့် အဲ့ချိန်ကစပြီး သူက Kil’jaeden ၏ ထိန်းချုပ်မှုအောက်မှထွက်လိုက်တယ်။

* Arthas Manethil က ဘယ်လို Lich King ဖြစ်လာလဲ?

-Arthas ရဲ့အစ

Arthas Menethil သည် Lordaeron ၏ မင်းသားဖြစ်ပြီး လူသားများရဲ့ ရဲဘော် (Paladin) တစ်ဦးဖြစ်ပြီး Scourge ရဲ့ရန်ကတေကာကွယ်ပေးနေခဲ့တယ်။ သူက Plaguelands တွင် Scourge ၏ရောဂါဖြန့်ဝေမှုကိုတားဆီးရန်ကြိုးပမ်းခဲ့တယ်။

အဲ့ချိန် Stratholme တွင် တိုက်ပွဲဖြစ်ကြတယ်။ Scourgeရဲ့ ရောဂါကူးစက်မှုက များပြားလာတာကြောင့် Arthas က မဖြစ်မနေ တခြားနေရာတွေကို ကာကွယ်ဖို့အတွက် Stratholme မြို့ပြည်သူများအားလုံးကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်တယ်။ အဲ့လိုလုပ်လိုက်တာကြောင့် သူ့ရဲ့ ဆရာ Uther the Lightbringer နှင့် Jaina Proudmoore တို့က သူ့ကို စွန့်လွှတ်လိုက်ကြတယ်။

-မတော်တဆရွေးချယ်မိခဲ့သော Frostmourne

Scourge ခေါင်းဆောင် Mal’Ganis ကို သတ်ဖို့ အတွက် Arthas က Northrend ကိုသွားခဲ့သည်။ အဲဒီမှာ သူက Frostmourne လို့ Cursed Runeblade (ကျိန်စာထည့်ထားသော ဓား) ကိုစပ်စုပြီး သူ့ရဲ့ဝိညာဉ်ကို ဖြုတ်ချရန် တိုက်ခိုက်ခဲ့တယ်။ သူက Mal’Ganis ကိုသတ်နိုင်ခဲ့ပေမယ့် သူ့ရဲ့ဝိညာဉ်က Lich King ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့ရတယ်။

Ner’zhul ရဲ့အသံက Arthas ၏စိတ်ကိုဖြည့်ဆည်းပြီး, သူသည် Death Knight ဖြစ်လာခဲ့တယ်။ သူ Lordaeron သို့ပြန်ရောက်တဲ့အခါ မိခင်ဖြစ်သူ King Terenas Menethil II ကို သတ်ပြီး Lordaeron ကိုပြိုကျပျက်စီးစေခဲ့တယ်။

-Lich King ရဲ့လွှမ်းမိုးမှု

Arthas က The Burning Legion ၏ကြီးမှူးမှုမှ ထွက်နိုင်ရန်အတွက် Illidan Stormrage နှင့် တိုက်ခိုက်ခဲ့တယ်။ Illidan သည် Kil’jaeden ၏အမိန့်ဖြင့် Frozen Throne ကိုဖျက်ဆီးရန်ကြိုးပမ်းခဲ့သော်လည်း Arthas သည် သူ့ကို အနိုင်ယူနိုင်ခဲ့တယ်။

အဲ့ဒါနဲ့ Arthas သည် Frozen Throne ထဲကို တက်ပြီး Ner’zhul ၏ဝိညာဉ်နှင့်ပေါင်းစပ်ခဲ့တယ်။ အဲ့အချိန်ကစပြီး သူက တစ်ကမ္ဘာလုံးရဲ့ အကြောက်ရဆုံး သေမင်းနတ်ဘုရား (Lich King) ဖြစ်လာခဲ့တယ်။

* နောက်ဆုံးစစ်ပွဲ

Lich King က Azeroth ကို Scourge များကိုစေလွှတ်ပြီး တိုက်ခိုက်မှုကို စတင်ခဲ့တယ်။ အဲ့ချိန်မှာ Alliance နဲ့ Horde က Scourge နှင့်တော်လှန်ရန် Northrend ကို ဦးဆောင်ပြီးသွားခဲ့တယ်။

-The Argent Crusade & Ashen Verdict

Tirion Fordring ဦးဆောင်တဲ့ The Argent Crusade နဲ့ Dark Knight တွေရဲ့တပ် The Ebon Blade တို့က Scourge ရဲ့တိုက်ခတ်မှုကို အဆုံးသတ်ရန် Icecrown Citadel ကိုဝင်ရောက်လာခဲ့ကြတယ်။

* Icecrown citadel နဲ့ arthas ကျရှုံးခန်း

Icecrown Citadel ရဲ့နောက်ဆုံးတိုက်ပွဲတွင် Tirion Fordring နဲ့ Champions of Azeroth တို့သည် Lich King ကိုရင်ဆိုင်ခဲ့ကြတယ်။ Lich King ကတော့ အားလုံးကိုသတ်ရန်ကြိုးပမ်းခဲ့သော်လည်း, Fordring သည် Ashbringer ဓားနဲ့ Frostmourne ကိုဖျက်စီးလိုက်တယ်။

Arthas ရဲ့ဝိညာဉ်က Frostmourne ပျက်စီးသွားတာကြောင့် လွတ်မြောက်သွားခဲ့တယ်။ ဒါပေမယ့် Lich King ရဲ့အစွမ်းက တစ်ယောက်‌ယောက်အပေါ် ဆက်လက်တည်ရှိရန် လိုအပ်‌နေလို့ Bolvar Fordragon သည် "There must always be a Lich King" (Lich King တစ်ဦးအမြဲရှိနေဖို့လိုတယ်) လို့အော်ပြီး Lich King ရဲ့ပါဝါကိုထိန်းချုပ်ဖို့အတွက် သူ့ကိုသူ စတေးခံပြီး New Lich King ဖြစ်လာတယ် အဲ့အချိန်မှာ Scourge ကိုထိန်းချုပ်ထားခဲ့တယ်။

The Burning Crusade: Illidan (wow's expension story)Illidan Stormrage ဟာ Warcraft စကြာဝဠာမှာ အထင်ရှားဆုံးနဲ့ အငြင်းပွားဖ...
04/02/2025

The Burning Crusade: Illidan (wow's expension story)

Illidan Stormrage ဟာ Warcraft စကြာဝဠာမှာ အထင်ရှားဆုံးနဲ့ အငြင်းပွားဖွယ်အကောင်းဆုံး ဇာတ်ကောင်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ သူ့ရဲ့ ဇာတ်လမ်းက အလွန်ရှုပ်ထွေးပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ The Burning Crusade မှာတော့ Illidan ဟာ အဓိက ဗီလိန်အဖြစ် ပါဝင်ပြီး သူ့ရဲ့ ရည်မှန်းချက်တွေနဲ့ လုပ်ရပ်တွေက ကစားသမားတွေကို အံ့အားသင့်စေခဲ့ပါတယ်။

Illidan ရဲ့ ဇာတ်လမ်းအစက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀,၀၀၀ လောက်က War of the Ancients မှာ စတင်ခဲ့ပါတယ်။ သူဟာ Night Elf တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အစ်ကိုဖြစ်သူ Malfurion Stormrage နဲ့အတူ Burning Legion ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် Illidan ဟာ ပါဝါကို လိုချင်ဇောကြီးလွန်းတာကြောင့် Sargeras နဲ့ ပူးပေါင်းပြီး Burning Legion ကို ကူညီခဲ့ပါတယ်။
ဒီလို လုပ်ရပ်ကြောင့် Illidan ဟာ အပြစ်ပေးခံရပြီး နှစ်ပေါင်းများစွာ ထောင်ထဲမှာ နေခဲ့ရပါတယ်။ ဒါပေမယ့် သူ့ကို Tyrande Whisperwind က လွှတ်ပေးခဲ့ပြီး Burning Legion ကို တိုက်ခိုက်ဖို့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ Illidan ဟာ သူ့ရဲ့ ပါဝါကို အသုံးပြုပြီး Burning Legion ကို အနိုင်ယူနိုင်ခဲ့ပေမယ့် သူ့ရဲ့ လုပ်ရပ်တွေကြောင့် နောက်တစ်ကြိမ် ထောင်ကျခဲ့ရပါတယ်။

The Burning Crusade မှာတော့ Illidan ဟာ Outland ရဲ့ အုပ်စိုးသူ ဖြစ်လာခဲ့ပါတယ်။ သူဟာ Burning Legion ကို ဆက်လက်တိုက်ခိုက်နေပေမယ့် သူ့ရဲ့ နည်းလမ်းတွေက အလွန်အန္တရာယ်များပါတယ်။ Illidan ဟာ သူ့ရဲ့ Demon Hunter တွေကို စုစည်းပြီး Burning Legion ကို အပြီးတိုင် ချေမှုန်းဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်တွေက သူ့ကို လူဆိုးတစ်ယောက်အဖြစ် သတ်မှတ်ခံရစေပါတယ်။

The Burning Crusade ရဲ့ အဆုံးမှာတော့ Illidan ဟာ ကစားသမားတွေရဲ့ လက်ချက်နဲ့ ကျဆုံးသွားပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဇာတ်လမ်းကတော့ Warcraft စကြာဝဠာမှာ ထာဝရ ကျန်ရစ်ခဲ့ပါတယ်။ Illidan ဟာ အမှောင်နဲ့ အလင်းကြားမှာ ရုန်းကန်နေတဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လုပ်ရပ်တွေက ကစားသမားတွေကို အမြဲတမ်း စဉ်းစားစရာ ဖြစ်စေခဲ့ပါတယ်။

ဒါကတော့ Illidan ရဲ့အကြောင်းအကျဉ်းချုပ်လေးပဲ ဒီထက်ပိုသိချင်ရင်တော့ Game ဆော့ Quests လုပ်ပြီးလေ့လာလို့ရသလို Novels လည်းဖတ်လို့ရပါတယ်ဗျ။
အားရင် အားသလို Novels တွေလည်းပြောပြပေးသွားမှာ မို့ စောင့်ကြည့်ကြပေးပါဦး။

ที่อยู่

Changwat Samut Prakan
10270

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Game Glanceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท