Thway Thit သူမနဲ့အတူရှင်သန်နေမည့်ကဗျာ

15/05/2026

သိပ်မပြောတတ်ရှာဘူး
#သွေးသစ်(မန်းမြေ)

* ကျွန်ုပ်ကိုယ်စောင့်နတ်ရဲ့ မှော်ဝင်နတ်သမီးလေးဆီသို့ (၁၆)*စိမ်းစိုလင်းမြနေတဲ့အချစ်တွေနဲ့မင်းတစ်ယောက်ထဲကိုပဲချစ်ဖို့ကမ္ဘာ...
15/05/2026

* ကျွန်ုပ်ကိုယ်စောင့်နတ်ရဲ့ မှော်ဝင်နတ်သမီးလေးဆီသို့ (၁၆)*

စိမ်းစိုလင်းမြနေတဲ့အချစ်တွေနဲ့
မင်းတစ်ယောက်ထဲကိုပဲချစ်ဖို့
ကမ္ဘာမြေပြင်ပေါ်မှာ ပေါက်ဖွားလာခဲ့
လေထဲမှာအောက်ဆီဂျင်ရှိတယ်လို့ ဆိုကြတာဘဲ။

ချစ်ရဲ့အသက်ရှူသံလို ကိုယ့်ရဲ့နှလုံးခုန်သံက
အကွပ်မကောင်းတဲ့အချစ်မဟုတ်ဘူးဆိုတာ
မော်ဖူးခွင့်ရှိနေယုံနဲ့
ကမ္ဘာကြီးကို သိမ်းကျုံးပစ်လိုက်ချင်ရဲ့ ...။

ကိုယ့်ရင်ခွင်ထဲ အမြဲရှိနေခဲ့တဲ့
နှင်းဆီဖူးလှလှလေးရယ်
အသက်က သူမ မျက်စောင်းတစ်ချက်ဆို
သူမရဲ့ အချစ်က ကျွန်တော်နှလုံးခုန်သံ
သာယာအေးချမ်းတဲ့​ဆည်းလည်းသံလေးရယ်
သူမနဲ့ ဝေးနေရတဲ့အချိန်တိုင်းရယ်
ချစ်တဲ့စိတ်နဲ့ လေထဲမှာ အသက်ရှူကြပ်နေခဲ့။

ကျွန်တော်
ဘယ်လိုတီးတိုးပြောလို့ရပါ့မလဲ
ကိုယ်နဲ့ အလွမ်းဟာ မချိတင်ကဲ
မင်းရှိရာ စိတ်ရည်မှန်းရင်း
ချစ်တင်းနှောပြီးပျော်လိုက်မိတယ်
ချစ်ရယ်...............

#သွေးသစ်(မန်းမြေ)
jul:31-7-2023:8:54pm

 #မျက်ကြည်သတိရစိတ်တော့ ရှိနေပေမယ့်သေဆုံးပြီးသား နှလုံးသားကိုဘယ်နှစ်ကြိမ် ဘယ်နှစ်ခါသေဆုံးပေးရဦးမှာလဲ.....။ ဟောဒီဘဒ္ဒ ကမ္...
15/05/2026

#မျက်ကြည်

သတိရစိတ်တော့ ရှိနေပေမယ့်
သေဆုံးပြီးသား နှလုံးသားကို
ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ
သေဆုံးပေးရဦးမှာလဲ.....။

ဟောဒီ
ဘဒ္ဒ ကမ္ဘာထဲမှာတော့
ယုံကြည် သစ္စာ ရှိမှုရဲ့ စွဲလမ်းစိတ်နဲ့ပဲ
မျက်မမြင် နားမကြားတဲ့ ဘဝ
စွံင​ ပေးလိုက်ရတာကပဲ
ငြိမ်းချမ်းမှုတို့ရဲ့ ေပျာ်မွေ့ရာ
လူ့​ဘဝ လူ့ လောကရဲ့ နိဗ္ဗန်ပုံပမာ........။

#သွေးသစ်(မန်းမြေ)

 #ချစ်ရဲ့လွမ်းစေတီအချစ်တွက်ဆုတောင်းမှားခဲ့မိတယ်ထင်ပါရဲ့အလွမ်းစေတီလေးမှာအပန်းမဖြေနိုင်ပါဘူးဘဝရဲ့ အလှမ်း အခြေ အမြင့်မှာသူမ...
13/05/2026

#ချစ်ရဲ့လွမ်းစေတီ

အချစ်တွက်
ဆုတောင်းမှားခဲ့မိတယ်ထင်ပါရဲ့

အလွမ်းစေတီလေးမှာ
အပန်းမဖြေနိုင်ပါဘူး

ဘဝရဲ့ အလှမ်း အခြေ အမြင့်မှာ
သူမနဲ့ ပန်းတွေ မဝေနိုင်တာလဲ သိရဲ့

အနမ်းပြေမလားအထင်နဲ့
စခန်း အခြေခြေကို အရောင်တင်
သူ့ပါးပြင် မို့မို့အေး သနပ်ခါး
ပါးကွက်ကျားလေးနဲ့ အလှဆင်
မခို့တရို့လေးရဲ့
မြန်မာဆန်အောင် လှသူလေးရယ်

အလွမ်းစေတီလေးမှာ
ကိုယ်တို့နှစ်ဦး
အပန်းဖြေ ခရီးထွက်ကြမယ်
အိုကွယ်....ချစ်တဲ့သူရယ်

#သွေးသစ်(မန်းမြေ)
Jul2472025/9:00pm

11/05/2026

ဆွမ်းလောင်းပွဲအမှတ်တရ
#သွေးသစ်(မန်းမြေ)

09/05/2026

#ဆွမ်းလောင်းပွဲမှာပျော်ရွှင်ဖွယ်ရာ
#သွေးသစ်(မန်းမြေ)

08/05/2026

#ဂြိုလ်ပြေနာမ်ပြေလည်တည်ဖို့အတွက်လူငယ်များလုပ်အားဌာနကုသိုလ်ပြုကြသည်

07/05/2026

သဲခုံပေါ်ငအရုပ်များ
#သွေးသစ်(မန်းမြေ)

07/05/2026

ကိုယ်တိုင်ကျောက်အုတ်ရိုက်ခြင်းအနုပညာ
#သွေးသစ်(မန်းမြေ)

“ ဒီနေ့ ပွင့်ပွင့်၊ မနက်ဖြန်ပွင့်ပွင့်   ကိုယ်က အရင်ပန်ရရင်  အဲဒါဟာ ကိုယ့် ပိတောက်ဦးပေါ့ “  #တက္ကသိုလ်ဘုန်းနိုင် #ပိတောက...
06/05/2026

“ ဒီနေ့ ပွင့်ပွင့်၊ မနက်ဖြန်ပွင့်ပွင့်
ကိုယ်က အရင်ပန်ရရင်
အဲဒါဟာ ကိုယ့် ပိတောက်ဦးပေါ့ “

#တက္ကသိုလ်ဘုန်းနိုင်
#ပိတောက်ပွင့်ဆဲလသာဆဲဝယ်
#သွေးသစ်(မန်းမြေ)

ငါ့ရင်ခွင်ထဲကနေ့ညတွေအသံမမြည်တော့ဘူးတိတ်ဆိတ်သွားတဲ့ကိုယ့်စိတ်ကူးထဲကစမ်းချောင်းလေးရယ်မင်းနဲ့ငါ့ရဲ့သံယောဇဉ်ကကိုင်းကူးထားတာမ...
03/05/2026

ငါ့ရင်ခွင်ထဲက
နေ့ညတွေအသံမမြည်တော့ဘူး
တိတ်ဆိတ်သွားတဲ့
ကိုယ့်စိတ်ကူးထဲကစမ်းချောင်းလေးရယ်
မင်းနဲ့ငါ့ရဲ့သံယောဇဉ်က
ကိုင်းကူးထားတာမှမဟုတ်ဘဲကွယ်
ဘယ်အခြေအနေမှာဘဲဖြစ်ဖြစ်
ဒီလူကြီး ကလေးကိုသိပ်ချစ်တာသိစေချင်တယ်...။

#သွေးသစ်(မန်းမြေ)
၁၈.၁.၂၀၂၆

ที่อยู่

Pom Prap Sattru Phai
Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thway Thitผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท