30/10/2025
moonton ၏ တင်းကျပ်လာတော့စည်းကမ်းများ...⛔⛔
အခြေခံအားဖြင့် Map hack တာ skin hack တာကို ban တယ်ဆိုပေမဲ့ အခုဆိုရင်
မွန်းတွန်းဟာ Game ရဲ့ Security ပိုင်းကို စည်းမျဉ်း (၅) ခုနဲ့တင်းကျပ်လိုက်ပါတယ် 🧨
ပထမဆုံးအချက်အနေနဲ့ Auto Banning System အကြောင်းပြောပြပါ့မယ် ✅
❗Auto banning system မှာထပ်တိုးပါဝင်လာတာကတော့ VPN ကိစ္စပါ ⛔
အရင်ကလဲတင်းကျပ်ထားဖူးပေမဲ့ ဒီတစ်ခါကတော့
VPN နဲ့ Game ထဲဝင်တဲ့ သူတိုင်းကို Acc ban တာမျိုးကို အလိုအလျောက် Ban သွားမှာပါ
ဒီတစ်ခါ Ban တာက လူကနေမဟုတ်ပဲနဲ့ Game system က auto ban သွားမှာမျိုးပါ
Event တွေအတွက် VPN ကျော်တာမျိုးတွေလဲ လုပ်လို့မရဝောာ့ပါဘူး ⛔
လက်ရှိ Game server တွေကျနေတာကိုလဲ တစ်ခါထဲ ဖြေရှင်းလိုက်တဲ့ သဘောမျိုး လုပ်လိုက်ပါတယ် ⛔
ဒုတိယအချက်အနေနဲ့ Account Sharing ကိစ္စပါ✅
❗MLBB Player တွေအနေနဲ့ မိမိရဲ့ Acc ကို တခြားသူနဲ့ sharing လုပ်ပြီး ဆော့တာမျိုး ၊ အထူးသဖြင့်
Rank Boost တဲ့သူတွေကို အကြပ်ရိုက်သွားပါမယ်
မွန်းတွန်းက အရင်တုန်းကရင်း Rank Boost ပြီး ပိုက်ဆံရှာတာမျိုးကို သတိထားမိတာ ကြာပါပြီ
Rank boost ဖို့ Aacc share တာမျိုးကို ထပ်ပြီးလုပ်ဆောင်လို့မရတော့အောင် မူမမှန်တာမျိုးတွေ့ရင်
Auto banning system က အလိုအလျောက် Ban တာမျိုးတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်⛔
တစ်ကယ်သာဆိုရင်တော့ ဂရက်ပဲ 🥴
တတိယအချက်အနေနဲ့ Win rate Trading and Rank match time ပါ✅
❗ဒါကတော့ သိပြီးသားဖြစ်မှာပါ။
Ss တစ်ခုစတိုင်း Fav hero ကို win rate တင်ဖို့ Rank down တာမျိုးပါ။ အဲ့တာနဲ့ပတ်သက်ပြီးတော့လဲ Auto banning system နဲ့ အမိအရ Ban တော့မှာပါ။ ဘာကြောင့်လဲဆိုရင် တခြား player တွေကို စိတ်ကင်ဆာရစေလို့ပါပဲ 🫥
နောက်တစ်ခုက Rank Match တာတွေနဲ့ပတ်သက်ပြီး Auto banning system မှာထည့်သွင်းသွားမှာပါ။အဲ့တာကတော့ rank match ရဲ့ ကြာချိန်နဲ့ပတ်သက်ပြီးတော့ စစ်ဆေးပေးသွားမှာပါ။
History ကို Hide လုပ်လို့ရတာကြောင့် မသမာတဲ့ နည်းတွေနဲ့ ကစားတဲ့သူတွေကို Report ထုဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် ခနလေးအတွင်း ပွဲပြီးသွားတာမျိုးတွေအတွက် Match အရေအတွက် ကြာချိန် တူတာများလာပြီဆိုရင် Auto Banning System က Ban သွားမှာပါ။
လေးချက်မြောက်အနေနဲ့ကတော့ Name and Picture ပါ ✅
❗ဒါကတော့ Name တွေနဲ့ ပတ်သက်ပြီး ကန့်သန့်ချက်တွေကို ထည့်သွင်းသွားမယ်လို့သိရပါတယ်။
Profile ကစလို့ Cover ပုံတွေကိုပါ စစ်ဆေးသွားမှာပါ။ အသေးစိတ်ကတော့ Update လာရင်တော့ သေချာသိရပါပြီ။
နောက်ဆုံးအချက်ကတော့ No future Content ပါ✅
❗ဒါကတော့ မွန်းတွန်းအတွက် လူပြောစရာဖြစ်မဲ့ ကိစ္စပါ🙂။ Official မချပြသေးတဲ့ သတင်းတွေကို leak လုပ်တာမျိုးကို မွန်းတွန်းက မကြိုက်တဲ့ပုံပါပဲ။
အခုပြောပြနေတာတွေထဲက အချက်တွေမှာ တခြား Acc တွေမှာ စာပို့ပြီး Ban တာမျိုး ကြုံရတဲ့သူတွေရှိနေပါပြီ 🥲
အဲ့တာကြောင့် Skin Script လုပ်တာတွေ All skins injection လုပ်တာတွေ Game နဲ့ပတ်သက်ပြီးမူမမှန်တာမျိုးတွေမဖြစ်ရအောင် သတိထားကြပါ 💎⭐
Third Party Application တွေကအဆိုးဆုံးပါ။
Skin hack တာ Damage hack တာမျိုးတွေကို အထူးသဖြင့်တင်းကျပ်သွားမယ်လို့သိရပါတယ်။
ဒါတွေတစ်ကယ်ဖြစ်မဖြစ် Update ကိုစောင်ကြည့်ရမှာပဲ 🫠