Kyauk Khit freedom

သတင်းဗိုလ်နဂါး၏ တပ်ဖွဲ့ဝင်အချို့ ဘက်ပြောင်းလာကြောင်း  NUG ဆိုအာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် ဖွဲ့စည်းထားကြ...
18/02/2026

သတင်း
ဗိုလ်နဂါး၏ တပ်ဖွဲ့ဝင်အချို့ ဘက်ပြောင်းလာကြောင်း NUG ဆို
အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် ဖွဲ့စည်းထားကြသည့် လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် ပုလဲမြို့ပေါ်တွင် ခြေကုပ်ယူထားသည့် စစ်တပ်ကလည်း စစ်ရေးလှုပ်ရှားမှုများ စတင်နေပြီဟု တော်လှန်ရေးအင်အားစုများ နှင့် နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်။
ခင်ရီရီဇော်February 18, 2026
BNRA တပ်ဖွဲ့ဝင်များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ- အိုးစားဖက်) BNRA တပ်ဖွဲ့ဝင်များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ- အိုးစားဖက်)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) တို့အကြား စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲအတွင်း ဗိုလ်နဂါး၏တပ်ဖွဲ့ဝင်အချို့ဘက်ပြောင်းလာသည်ဟု NUG ပြောခွင့်ရ ဦးနေဘုန်းလတ်ကဆိုသည်။

“ BNRA တပ်ဖွဲ့ဝင်အချို့ PDF တွေနဲ့ ပူးပေါင်းလာတာတွေရှိပါတယ်။ လုံခြုံရေးအရတော့ ဘယ်သူတွေလဲ။ ဘယ်လောက်လဲ။ ဘယ်အဆင့်လဲဆိုတာတွေကတော့ ဖြေလို့မရသေးပါဘူး။ ထုတ်ပြန်လို့ရတဲ့ အချိန်ကျရင် ထုတ်ပြန်ပေးပါမယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယနေ့နေ့လယ်ပိုင်းတွင် ပြောသည်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် ဖွဲ့စည်းထားကြသည့် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့သည် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) နံနက် ၇ နာရီဝန်းကျင်ကစပြီး တိုက်ခိုက်နေကြသည်။ ယမန်နေ့ တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်တပ်က နေ့လယ် ၁၂ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ၂ နာရီတွင် တစ်ကြိမ် ဂျိုင်ရိုကော်ပတာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သော်လည်း ယနေ့တွင် အခြေအနေ ငြိမ်သက်နေကြောင်း ဒေသခံများထံကသိရသည်။

ယမန်နေ့ NUG တပ်များက BNRA ဂိတ်စခန်းများကိုစီးနင်းခဲ့ပြီး BNRA တပ်ဖွဲ့ဝင်အချို့ ကိုလည်းဖမ်းဆီးခဲ့ကြောင်း ဒေသခံများနှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများကပြောသည်။

ထိုအခြေအနေနှင့်ပတ်သက်ပြီး BNRA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တို့ကိုဆက်သွယ်မေးမြန်းသော်လည်း နှစ်ဖက်လုံးပြန်လည်တုံ့ပြန်ဖြေကြားခြင်းမရှိသေးပါ။

ပုလဲနယ်အတွင်း BNRA က ကျူးလွန်ခဲ့သည့်အမှုများနှင့်ပတ်သက်ပြီး ဖမ်းဆီးနိုင်ရန် ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် ရှိကြောင်း ဦးနေဘုန်းလတ်က ပြောကြားခဲ့သော်လည်း မည်သည့်အမှုနှင့်ပတ်သက်သည်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ဗိုလ်နဂါး ဦးဆောင်သည့် BNRA သည် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)မှ အမည်ပြောင်းလဲဖွဲ့စည်း ထားခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံမဟုတ်ဘဲ သီးခြားရပ်တည်နေသည့် တော်လှန်ရေးအဖွဲ့ဖြစ်သည်။

ဇန်နဝါရီလအတွင်းက ပုလဲနယ်အတွင်း BNRA နှင့် ပကဖ ဂိတ်စခန်းများကို အပြန်အလှန် စီးနင်းမှုများ ဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက် ဆက်ဆံရေးတင်းမာနေခဲ့သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် NUG ယင်းမာပင်ခရိုင် တပ်ရင်း ၄ မှတပ်ဖွဲ့ဝင် ကိုကတုံးကို BNRA တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ အင်အားအလုံးအရင်းဖြင့် စီးနင်းမှုဖြစ်လာခဲ့သည်။

ယမန်နေ့က စီးနင်းမှုတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ ခရိုင်တပ်ရင်းတပ်ဖွဲ့များက အင်အားအလုံးအရင်းသုံးပြီး ဖြန့်ကြက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်နဂါးက ပြောသည်။

“လက်နက်ကိုင်ပြီးတော့ ရန်သူနဲ့တိုက်သလိုမျိုးလုပ်လာတဲ့အခြေအနေမျိုးတော့ ကျွန်တော်တို့က ရှင်းရှင်းပြောရရင်မျှော်လင့်မထားဘူး”ဟု ၎င်းကဆိုသည်။

တော်လှန်ရေးအင်အားစုများအားကောင်းရာ နိုင်ငံအလယ်ပိုင်းတွင် ယခင်က ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့အချို့နှင့် NUG လက်အောက်ခံတပ်များကြား ပွတ်တိုက်မှု အချို့ရှိခဲ့သော်လည်း ယခုတစ်ကြိမ် စီးနင်းမှုသည် ခရိုင်အဆင့်တပ်ရင်းတပ်ဖွဲ့များဦးဆောင်ပြီး အင်အားအလုံးအရင်းဖြင့် အကြီးမားဆုံးစီးနင်းမှု တစ်ခုဖြစ်သည်။

ယခုကဲ့သို့ ပုလဲနယ်အတွင်း တော်လှန်ရေးအင်အားစုအချင်းချင်းကြား ပဋိပက္ခသည် တော်လှန်ရေး အပေါ်သက်ရောက်မှုကြီးမားကြောင်း ဒေသခံများက ဆိုသည်။

“စစ်တပ်ရဲ့အထိုင်စခန်းတွေပိုများလာတယ် အဲ့ဒီလိုအခြေအနေမျိုးတွေမှာ ဒီလိုတပ်တွေကို မတိုက်ဘဲနဲ့ အချင်းချင်းပြန်တိုက်နေတယ်။ ဒီလိုမျိုးအခြေနေတွေကိုတောင်မှ ဂရုမစိုက်ဘဲနဲ့ အချင်းချင်း ပြန်ချနေကြတယ်။ မထူးတော့ပါဘူးကွာဆိုတာမျိုးတွေ။ လူထုရဲ့ယုံကြည်မှုက အဓိကအကြီးမားဆုံး ဆုံးရှုံးမှုပဲ” ဟု ပုလဲမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးကမှတ်ချက်ပြုသည်။

အချင်းချင်း ပဋိပက္ခ များကြောင့် လူထုအားလျော့စေသည့်အတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ကြရန် ပုလဲဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေး တပ်ဖွဲ့တစ်ခုဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ကလည်း တိုက်တွန်းသည်။

“အားလုံးကိုညီညွတ်စေချင်တယ်။ ရန်သူဝမ်းသာအလုပ်တွေကိုရပ်တန်းကနေ အမြန်ဆုံးရပ်ပြီးတော့ အချိန်မနှောင်းခင် အမြန်ဆုံးညှိနှိုင်းတိုင်ပင်ပြီးတော့ ရှေ့ဆက်ပြီးတော့ ရန်သူကိုအလဲထိုးမယ့် ထိုးစစ်ကြီးတွေမှာ ဝိုင်းဝန်းပြီးဆောင်ရွက်ဖို့ နှစ်ဖက်လုံးကို မေတ္တာရပ်ခံပါတယ်”ဟု ၎င်းကဆက်ပြောသည်။

မကွေးတိုင်း၊ ပုံတောင်ပုံညာဒေသနှင့် ဆက်စပ်နေသည့် ပုလဲမြို့နယ်တွင် စစ်တပ်က မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဒေါင့်၊ အင်မထီး၊ မင်းတိုင်ပင်စသည့်ကျေးရွာများတွင် ခြေကုပ်ယူထားပြီး ကျေးလက်ဒေသ အများစုကို တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုးထားသည်။

ပုလဲနယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ခရိုင်တပ်ရင်းတပ်ဖွဲ့များ၊ ပကဖ၊ ကျောင်းသားတပ်မတော် (ABSDF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် BNRA တို့လှုပ်ရှားသည်။

ပုလဲမြို့ပေါ်တွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်သည် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် အင်အား ၆၀ နီးပါးဖြင့် အနောက်ဘက်သို့ စစ်ကြောင်းထွက်လာကြောင်း တော်လှန်ရေးအင်အားစုများ နှင့် နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်။

ယမန်နှစ်နှစ်လယ်ပိုင်းတွင် လက်လွှတ်ခဲ့ရသည့် ကန့်ဒေါင့်ရဲစခန်းကို စစ်တပ်က ပြန်လည်ခြေကုပ် ယူနိုင်ခဲ့ပြီးနောက် အနီးဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးအပြီး မြေပြင်စစ်ကြောင်းမထိုးသည်မှာ လအတန်ကြာပြီးနောက် ယခုတကျော့ပြန် မြေပြင်စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရသည်။
Please like and Follow

#ဗိုလ်နဂါး #နွေဦးတော်လှန်ရေး

28/12/2025

လိပ်ပြာလေးတွေ လေမှာ ဝဲ
အန်တီ ကြီးရဲ့ beatbox ကပိုမိုက်နေသလားလို့😂
Like and Follow လေးလုပ်သွားပေးပါအုံး
Shareပေးသွားကြအုံးညီကိုတို့ရေ😁



゚viralシfypシ゚viralシalシ

13/10/2025

ဒီနေရာမှာ စစ် တပ်သာ ဆို ရင် နင် တို့အ့လိုအသံ ထွက်ရဲမှာ လား
ပြည်သူတွေက pDFကို အနိုင်ကျင့်နေတာ
ပြည်သူတွေကို ဗုံးကျဲ မှာဆိုးလို့ ‌အထိနာမှာဆိုး လို့ လုပ်နေတာကို မကူညီတဲ့အပြင်စော်ကားခံလိုက်ရတယ်
PDFတွေ က နင်တို့တွေအတွက် အရှေ့ကနေသေပေးနေရတာ မတန်ဘူး
အဖွားကြီး က ဗရမ်းဗတာတွေပြောနေတာ




မင်းတို့မန်ယူ ဖန်တွေ ပြောတော့နိုင်မာပါဆို😂ခုတောရှိတာပါပြောင်ပီ
22/05/2025

မင်းတို့မန်ယူ ဖန်တွေ ပြောတော့နိုင်မာပါဆို😂
ခုတောရှိတာပါပြောင်ပီ

30/03/2025

2024ထဲက သူက ကြိုပြီးဟောခဲ့တယ်
ထိုင်းမှာလည်းနာမည်ကြီးသူက
ထိုင်းရောက်ရွှေမြန်မာများအတွက်သတင်းစုံ

20/03/2025

Gaza😢

20/03/2025

Animals ကွာ

05/03/2025

G-Fattက လျှောင်ပြနေသလိုပဲ😂😂
တစ်ယောက်က exနဲ့တောင်မဟုတော့ဘူး😂 #မြန်မာ

 #လုပ်ရက်ကြတာကွာ ရင်နင့်အောင့် ခံစားရတယ်။၂၀၂၅ဖေဖော်ဝါရီ ၂၅ ။ ကချင်ပြည်နယ် လိုင်ဇာမြို့နယ်၊ ဂျေယန်စစ်ရှောင်စခန်းမှ ကလေးငယ...
02/03/2025

#လုပ်ရက်ကြတာကွာ ရင်နင့်အောင့် ခံစားရတယ်။
၂၀၂၅ဖေဖော်ဝါရီ ၂၅

။ ကချင်ပြည်နယ် လိုင်ဇာမြို့နယ်၊ ဂျေယန်စစ်ရှောင်စခန်းမှ ကလေးငယ် သုံးဦးအား ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သည့် တရားခံဟုယူဆရသည့် အမျိုးသားတဦးကို ကချင်လွတ်လပ်ရေးတပ် KIA က ဖမ်းဆီးထားကာ စစ်ဆေးမေးမြန်းနေပြီး ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်မူတည်၍ တရားစီရင်ရေးဆက် လက်လုပ် ဆောင်သွားမည်ဟု KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က မဇ္ဈိမ ကို ပြောသည်။
ဂျေယန်စစ်ရှောင်စခန်းမှ အသက် ၁၀ နှစ်ဝန်းကျင်အရွယ်ရှိ မိန်းကလေးငယ် သုံးဦးသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေအချိန် က ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး သံသယတရားခံသည် ဂျေယန်စစ်ရှောင်စခန်းမှ အဆိုပါကလေးငယ်များအား စာသင်ကြားပေးနေသည့် ဆရာမ၏ ခင်ပွန်းတော်စပ်သူဖြစ်ကြောင်းလည်း မိသားစုနှင့်နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပြန်းပေးဆွဲသူက ကလေးငယ်သုံးဦးအား လက်ပြန်ကြိုးတုတ်၊ ပါးစပ်အဝတ်စည်းနှောင် ထားသည့် ရုပ်ပုံများကို မိဘများထံပေးပို့ကာ တရုတ်ယမ်ငွေ ၃၀၀,၀၀၀ ပေး၍ ရွေးယူရန် ဆက်သွယ်လာခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင်မူ ပြန်ပေးဆွဲမှုကို ကျူးလွန်သည်ဟု ယူဆရသည့် အသက် ၂၅ နှစ်အရွယ် ဦးအုန်းဆောင်းဒွဲအောင် ကို KIA မှ ဖမ်းဆီးရရှိခဲ့ပြီးနောက် ၎င်းအား စစ်ဆေးမေးမြန်းပြီး ကလေးငယ်များကို ဆက်လက်ရှာဖွေခဲ့ရာ ရုပ်အလောင်းများကိုသာ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"သူ (သံသယတရားခံ) ပြောပြတဲ့အတိုင်း ပြန်လိုက်ရှာတဲ့အချိန်မှာ ကလေးတွေရဲ့ အလောင်းကို တွေ့ရတယ်။ ကျူးလွန်သူကိုတော့ အခုကတော့ စစ်ဆေးနေတဲ့ အချိန်ကာလပဲ ဖြစ်ပါတယ်။ ဒီနေ့ကတော့ ကလေးတွေကို သင်္ဂြိုလ်တဲ့အခမ်း အနားတွေ လုပ်တယ်။ သူကျူးလွန်တဲ့အမှုကို ကြည့်ပြီးမှပဲစီရင်ချက်ချရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ စစ်ဆေးတဲ့နေရာမှာ ဌာနပေါင်းစုံပူးပေါင်းပြီးမှ စစ်ဆေးတာ" ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

စစ်ဆေးပြီးနောက် ကျူးလွန်သည့် ပြစ်မှုများကို သိရှိရပါက KIO/KIA ၏ တရားရုံးမှ တရားသူကြီးများထံ အပ်နှံ၍ တရားစီရင်သွားမည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။
ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) ညနေပိုင်းက ရှာတွေ့ရှိခဲ့ပြီး ကျန်ရှိရုပ်အလောင်းတခုကိုမူ ယနေ့ နံနက်မှ ပြန်လည်တွေ့ရှိခဲ့ခြင်းဟု သိရသည်။ ယနေ့ (ဖေဖော်ဝါရီလ ကလေးတွေကို သင်္ဂြိုလ်တဲ့အခမ်း အနားတွေ လုပ်တယ်။

ပြန်ပေးဆွဲခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရသည့် ကလေးငယ်များမှာ နန်းဇိန်းဂျီးဆန်မိုင် (အသက် ၁၀ နှစ်) ၊ ဖောင်ယမ်ဆွတ်ဆိုင်းအိန် (အသက် ၁၁ နှစ်) နှင့် လထော်ရွယ်ဂျီ (အသက် ၁၀ နှစ်) တို့ ဖြစ်သည်။

ဗိုလ်မှူးကြီးနော်ဘူ က “အခုလောလောဆယ်ကတော့ လူအဝင်အထွက်တွေ များနေတဲ့အချိန်ကာလဖြစ်တယ်။ အဲ့တာကြောင့် စစ်ဆေးဖို့ဆိုတာမှာလည်း ကျွန်တော်တို့မှာ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့ ဘယ်လောက်ခက်ခက်ခဲခဲ အဝင်အထွက်တွေကို တိုးမြှင့်စစ်ဆေးဖို့လည်း ကျွန်တော်တို့ လုပ်ဆောင်ဖို့ အစီအစဥ်ရှိပါတယ်" ဟု ပြောသည်။

ဂျေယန်စစ်ရှောင်စခန်းသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် နေရာဖြစ်ပြီး အဆိုပါစခန်းတွင် ရပ်ကွက် ခုနစ်ခု ရှိကြောင်း ‌ဒေသခံများထံမှ သိရသည်။


စာတည်း။ ။ နောင်နောင်
ပုံအညွှန်း − စစ်ရှောင်မိန်းကလေးငယ်သုံးဦးအား ပြန်ပေးဆွဲပြီးနောက် မိဘများထံ ပေးပို့လာသည့် ဓာတ်ပုံများဖြစ်သည်။

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kyauk Khitผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์