29/06/2025
ရိုးသားပြီး ဆင်းရဲတဲ့ စျေးသည်တွေက အခွင့်အရေးသမားတွေအတွက် ပစ်မှတ်တခုဖြစ်နေတာလား?
ဖြစ်စဉ်က …
မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်က ဆေးခန်း
တခုရှေ့မှာ ပုံထဲကဦးလေးက တွန်းလှည်းလေးနဲ့ရေခဲမုန့်
ရောင်းနေပါတယ်။
အဲအချိန်မှာ ဆိုင်ကယ်နဲ့လူတယောက်က ရေခဲမုန့်သည်
ဦးလေးရှေ့မှာရပ်ပြီး"ရေခဲမုန့်တခွက်ဝယ်မယ် ဘယ်လောက်လဲ"လို့ မေးတယ်ရေခဲမုန့်သည် ဦးလေးက တခွက် (၅၀၀) လို့ ဖြေတော့
အဲဒီဆိုင်ကယ်နဲ့လူက လက်ထဲက (၁)သောင်းတန်ကို
ပြပြီး တခွက်ဝယ်မယ် ပြန်အမ်းနိုင်လားလို့ မေးပါတယ်
( ပိုက်ဆံကိုတော့ ပြပဲပြပြီး မပေးပဲ သူကိုင်ထားပါတယ် )
ရိုးသားတဲ့ ရေခဲမုန့်သည် ဦးလေးကြီးကလဲ
ရေခဲမုန့်နဲ့ အမ်းငွေ ပိုက်ဆံ(၉၅၀၀)ပြည့်အောင်
ရေတွက်ပြီး လှမ်းပေးလိုက်တော့ အဲလူက ဆိုင်ကယ်ပေါ်မှ
ပိုက်ဆံ ၁ သောင်းတန်ကို လှမ်းပေးတယ်။
သူပေးတဲ့ (၁)သောင်းတန်ကို ကြည့်လိုက်တော့
အကွက်တွေကွက်ပြီး သိသိသာသာထူထူကြီးနဲ့ ပုံမမှန်တာ တွေ့လို့ လှမ်းအော်ပြောတော့ ဆိုင်ကယ်ကို အတင်းမောင်း
ပြီး ထွက်ပြေးသွားပါတယ်။
ဖြစ်စဉ်ကို မြင်တဲ့ ဆေးခန်းက ဆရာဝန်မကြီးနဲ့
မိတ္တူ ဆိုင်က လူတွေလဲ ထွက်လာပြီး ပိုက်ဆံ(၁)သောင်း
တန်ကို စစ်ဆေးကြည့်တော့ ဆေးသားတွေကွက်ပြီး
ထူထူခေါက်ခေါက်ကြီးနဲ့ ဖြစ်နေတာကို တွေ့ရပါတယ်။
သေချာစဉ်းစားကြည့်ပါ။
ရေခဲမုန့်သည် ဦးလေးကြီးက တနေ့လုံးရောင်းမှ
(၉၅၀၀)ဖိုး ရချင်မှ ရပါမယ်။
ဒီရေခဲမုန့် ရောင်းရမှ မိသားစု အိမ်စာရိတ် ထမင်းဖိုး
ရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
ကိုယ်ချင်းစာတရားတောင် မထားကြတော့ဘူး။
လမ်းဘေး ရေခဲမုန့်သည်ကိုတောင် မချန်တော့ဘူး။
ရောင်းအားကြီးတဲ့ စားသောက်ဆိုင်ကြီးတွေမှာ
သွားလုပ်လို့ လွတ်သွားရင်တောင် မပြောသေးပါဘူး။
ခုက လုပ်ထွက်ကြတယ်။
ဒီဖြစ်စဉ်ကို မြင်တဲ့ ဆေးခန်းမှ ဆရာဝန်မကြီးမှ
ရေခဲမုန့်သည်ကို စာနာစိတ်နဲ့ ပိုက်ဆံစိုက်လှူ ပေးပြီး
ကုသိုလ်ပြု လှူ ဒါန်းပေးလိုက်ပါတယ်။
ရေခဲမုန့်သည် ဦးလေးကြီးကလဲ စိတ်ထားလေးစားစရာပါ။
ဆရာဝန်မကြီးကို ကျေးဇူးအထပ်ထပ်တင်ရင်း ဖြစ်စဉ်ကို
အိမ်က သူ့မိန်းမကို ပြန်ပြောပြပြီး ငွေကို မီးရှို့လိုက်
ပါမယ်တဲ့။ တခြားသူတွေ သူ့လို မဖြစ်ရအောင်တဲ့။
ဒါကတော့ ယနေ့ မော်လမြိုင်မြို့မှာ ဖြစ်သွားတဲ့ ဖြစ်စဉ်
တခုပါ။ ခုတလော တကယ်လဲ (၁)သောင်းတန် ငွေတု
တွေ ပြန့်နေတာလဲ အားလုံးကြားမိကြမှာပါ။
ကျန်တဲ့သူတွေလဲ သတိထားနိုင်အောင် ကာယကံရှင်
တွေကို မေးမြန်းခွှင့်တောင်းပြီး တင်ပေးလိုက်ပါတယ်။
ခက်ခဲကြပ်တည်းကြတာချင်းအတူတူ လူသားချင်း
ကိုယ်ချင်းစာတရာနဲ့ စာနာနိုင်ကြပါစေ။
ရေခဲမုန့်သည် ဦးလေးကြီးလို စျေးသည်တွေလဲ
သတိထားနိုင်ကြပါစေ။
Credit to owner