NLH ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก NLH, Bangkok.

စာဖတ်တိုင်း မမှတ်မိမဲ့အတူတူ ဘာလို့စာဖတ်နေတာလဲ===================================          ခေါင်းစဉ်လေးက သိပ်လှတယ်ဗျာ။ ဘာ...
23/01/2025

စာဖတ်တိုင်း မမှတ်မိမဲ့အတူတူ ဘာလို့စာဖတ်နေတာလဲ
===================================
ခေါင်းစဉ်လေးက သိပ်လှတယ်ဗျာ။
ဘာတဲ့ စာဖတ်တိုင်းမမှတ်မိမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲတဲ့။ နည်းနည်းလေးတော့ ခေါင်းစားသွားမယ် ထင်တယ်ဗျ။ ကျနော်လည်း တွေ့စက ခေါင်းစားသွားခဲ့ပါတယ်။ ဘာအဓိပ္ပါယ်လည်းပေါ့ လူပျင်းတွေကိုများ တိုက်တွန်းနိုးဆော်ထားတဲ့စာလားဆိုပြီး စိတ်ဝင်စားပြီး ဖတ်ဖြစ်ခဲ့တယ်(ကိုယ်ကလည်း ခပ်ပျင်းပျင်းကိုး)။ စာပုဒ်လေးကို အဆုံးထိဖတ်လိုက်မှ နားလည်သွားတော့တယ်။ သိပ်မှန်တဲ့ စာသားလေးဗျာ။ ကျနော်စာဖတ်တာ ဝါသနာပါပါတယ် ဒါပေမဲ့ ကျနော် စာဖတ်လိုက်တိုင်း ရှေ့ကဟာဖတ်ရင် နောက်ကဟာမေ့နဲ့ နောက်ကဟာဖတ်ရင် ရှေ့ကဟာမေ့နဲ့ သံသရာလည်နေပါတယ်။ ဒါကြောင့် ကျနော့်ကိုယ်ကျနော် တွေးထင်ခဲ့မိတယ် ငါဟာအလွန်ညံ့တဲ့ကောင်ဘဲ ဘာမှသုံးစားမရတဲ့ကောင်ပေါ့။ ဒါပေမဲ့ ဒီစာပုဒ်လေး ဖတ်ပြီးတဲ့အချိန်မှာ အားတွေတက်လာတယ် ခွန်အားတွေပြည့်လာတယ် ပြောရမယ်ဆိုရင် စာဖတ်ချင်စိတ်တွေ များပြားလာခဲ့တယ်........။ ကျနော်ဖတ်ခဲ့တဲ့ ပညာပေး စာပုဒ်လေးကတော့...........

တစ်နေ့တော့ မြေးအဖိုး နှစ်ယောက်ဟာ ကမ်းစပ်မှာထိုင်ပြီး စကားပြောနေကြတယ်။ မြေးငယ်လေးက သူ့အဖိုးကို မေးလိုက်တယ်"ဖိုးဖိုး ဖိုးဖိုး နေ့တိုင်းစာတွေဖတ်နေတာ ဘယ်လောက်မှတ်မိသလဲ မေ့သွားမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲတဲ့ ဒီအချိန်မှာ အဖိုးက သူ့မြေးလေးကို ပြုံးပြပြီး "ဟိုနားက မီးသွေးထည့်ထားတဲ့ ခြင်းကြားလေး သွားယူခဲ့စမ်း မြေးလေး လို့ပြောလိုက်တယ် မြေးလေးလည်း နားမလည်စွာနဲ့ပဲ ခြင်းကြားကို ယူခဲ့တယ်"ကဲ အဲ့ဒီခြင်းကြားနဲ့ မြစ်ထဲကရေတွေကို ခပ်ခဲ့ပါအုံးမြေးလေးလို့ ပြောတယ်။ အဖိုးကအဲ့လိုပြောတော့ မြေးကပိုပြီး ဇေဝဇဝါ ဖြစ်သွားတာပေါ့။ ဒီခြင်းကြားနဲ့ ရေခပ်လို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ သူသိနေတယ်လေ။ ဒါပေမဲ့လည်း အဖိုးခိုင်းတဲ့အတိုင်းပဲ မြစ်ထဲကို ဆင်းပြီး ခြင်းကြားကိုရေထဲနစ်လိုက်တယ် ပြီးတော့ ပြန်'မ'လိုက်တယ် ရေက ပါမလာဘူး။ အဖိုး သူ့ကို ဘာလို့ အဲ့လိုလုပ်ခိုင်းမှန်း သူနားမလည် ဖြစ်နေတယ်။ အဖိုးက ကြည့်နေရင်းကနေ "ထပ်စမ်းကြည့်ပါအုံး မြေးလေးလို့ ပြောတယ်။ ဒီအခါ မြေးဖြစ်သူလည်း အဖိုးပြောတဲ့အတိုင်း ထပ်စမ်းကြည့်တယ် ရေက ပထမအတိုင်းပဲ ပါမလာဘူး။ အကြိမ်ရေ ဆယ်ခါမက ထပ်ခါထပ်ခါ စမ်းကြည့်တယ် ရေက ပါမလာဘူး။ ထိုအခါ အဖိုးက "မြေးလေး မြေးလေးရဲ့ခြင်းကြားကို ကြည့်စမ်းပါအုံး အရင်ယူခဲ့တုန်းကခြင်းကြားနဲ့ တူသေးလားလို့မေးလိုက်တယ်။ အရင်တုန်းက မီးသွေးတွေထည့်ထားလို့ ညစ်ပတ်နေတဲ့ ခြင်းဟာ ရေကြည်ရဲ့ ဆေးကျောမှု့ကြောင့် သန့်ရှင်းစင်ကြယ်လာတာကို မြေးဖြစ်တဲ့သူက သတိပြုမိလိုက်တယ်။ အဖိုးက ဆက်ပြောတယ်"စာဖတ်တယ်ဆိုတာ ခြင်းကြားနဲ့ ရေခပ်သလိုပါပဲ မြေးလေးရဲ့ ရေတွေက ခြင်းကြားထဲကို စီးဆင်းသွားပြီး အပြင်ပန်းက ကြည့်ရင်တော့ ဘာမှမရလိုက်ဘူးဆိုပေမဲ့ မသိမသာနဲ့ခြင်းကို သူက ဆေးကျောပေးသွားတယ်လေ။ စာဖတ်တယ်ဆိုတာလည်း ဒီခြင်းကြားလိုဘဲ လူတွေရဲ့စိတ်ဝိညဉ်ကို သန့်ရှင်းကြည်လင်အောင် ဆေးကျောပေးတာနဲ့အတူတူပဲပေါ့ မြေးလေးရဲ့ တဲ့ခင်ဗျာ။ ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးရလာဒ် ဖြစ်ပါတယ် စာအုပ်တစ်အုပ် ဖတ်ပြီးပြီးချင်း အသိဉာဏ်ပညာတွေရလိုက်တယ် စိတ်ဓာတ်ခွန်အားတွေတိုးမြင့်လာတယ်ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး ဒါပေမဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်း မသိစိတ်ထဲကနေ အသိတစ်ခုတော့ ရလိုက်ပါတယ် အဲ့ဒီအသိစိတ်ကကိုယ့်ကို မသိမသာ ပြောင်းလည်းနေစေပါတယ် တရုတ်စာရေးဆရာတစ်ဦးကပြောတယ် "စာအုပ်ပေကောင်းတစ်ခုကို ကျနော်တို့ တစ်ခါဖတ်လိုက်တိုင်း သူတို့က ကျနော်တို့ကို ဆွဲခေါ်သွားတတ်တယ် ကျနော်တို့ ပြန်ရောက်လာတဲ့အခါ ကျနော်တို့နဲ့အတူ သူတို့အမြဲတမ်း ရှိနေပါတော့တယ် စာအုပ်တအုပ် ဖတ်ပြီးတိုင်းမှာ စိတ်ဝိညဉ်ကို တခါဆေးကျောခြင်း ဖြစ်ပါတယ် ဖတ်ပြီးသမျှစာတွေ မေ့ကုန်တယ်ဆိုတာ ကျနော်တို့ ထင်ထားတာပါ တကယ်တော့ စာအုပ်တွေဟာ ကျနော်တို့ရဲ့ အသိဉာဏ်ထဲမှာ ကိန်းအောင်းနေပြီး ဘဝကို ပြုပြုင်ပြောင်းလည်းနေစေခဲ့ပါတယ်....

#မူရင်းရေးသားသူအားလေးစားလျှက်

အချိန်မတန်ခင် ဇိမ်မခံမိစေနဲ့**********************သူတစ်ပါးကို အားကျရုံမျှဖြင့်မင်းဘဝကြီး မတိုးတက်နိုင်ပါဘူး.....ကိုဒူးကိ...
23/01/2025

အချိန်မတန်ခင် ဇိမ်မခံမိစေနဲ့
**********************
သူတစ်ပါးကို အားကျရုံမျှဖြင့်
မင်းဘဝကြီး မတိုးတက်နိုင်ပါဘူး.....

ကိုဒူးကို ချွန်ပြီး ကိုယ်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားပါ.......

လောကကြီးမှာ ဘယ်အရာမှာ အလကားမရပါ
လက်ဝါးဖြန်ဖို့ အရှုက်တွေ ရင်းရသလို့
ပေးကမ်းသူရှိမှာ ရမဲ့ အရာထက် လက်သီးဆုပ်ပြီး မိုးပေါ်ကို မြှောက်နိုင် ကြိုးစားပါ..........

လက်မ ထောင်နိုင်ရင်တော့ ပိုအဆင်ပြေမယ်
လုပ်ဖော် ကိုင်ဖက် အချင်းချင်း မျက်စောင်း
ထိုးနေရုံနဲ့ မင်း ဘဝကြီး မပြောင်းလဲဘူး........

လက်ညိုးထိုးပြီး ထောက်ပြနိုင်မှာ့ မင်း
ဘဝက အောင်မြင့် မှူ လမ်းမပေါ် ရောက်နိုင်မှာ....

လောကမှာ ကိုယ်ထက် အတဲ့ ကောင်မရှိဘူး
ကိုယ်ကို တိုင်က သူများ လက်ညိုးအောက်မရောက်
ဖို့ လိုအပ်တယ်.... တစ်ထောင်ရပြီး ပျော်နေရင် မင်း ဘဝက တစ်ထောင်ပဲ တန်မယ်...........

ကြိုးစားပါ အနည်းဆုံးတော့
ဓာတ်ပုံ ဘောင်နဲ့ မင်းဧည့်ခန်းမှာ မိန့်မိန့် ကြီး ပြုံးလို့ရတာပေါ့.............

မင်းခြေလှမ်းတွေ နောက်မကျ သေးဘူး
ထင်ရင် ရောက်တဲ့ နေရာကနေ ဆက်လျှောက်ပါ
ဒါ မင်း ဘဝရဲ့ တက်လမ်းပဲ...........

အချိန်မတန်ပဲ ဇိမ်မခံပါနဲ့ အနှိမ်ခံ ဘဝထဲက
လွတ်မြှောက်နိုင်အောင် ကြိုးစားပါ......

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

အရွယ်ရောက်လာတဲ့အခါ အိမ်ဆိုတာ အားလပ်ရက်တွေမှာ ငါတို့အတွက်ခဏပြန်လည်စရာ နေရာတစ်ခုသာဖြစ်ခဲ့တယ်။မွေးရပ်မြေရဲ့ ရင်းနှီးပြီးသား...
22/01/2025

အရွယ်ရောက်လာတဲ့အခါ
အိမ်ဆိုတာ အားလပ်ရက်တွေမှာ ငါတို့အတွက်
ခဏပြန်လည်စရာ နေရာတစ်ခုသာဖြစ်ခဲ့တယ်။
မွေးရပ်မြေရဲ့ ရင်းနှီးပြီးသားလမ်းတွေ၊
အမေချက်ကျွေးတဲ့ အကောင်းဆုံးဟင်းလျာတွေ၊
အဖွားရဲ့ ပွေ့ဖက်မှု၊
ငယ်သူငယ်ချင်းတွေရဲ့နွေးထွေးမှု၊
အဖေ့ရဲ့ အပြုံး ...အရာအရာဟာလွမ်းစရာပဲ...။
နေရင်း ထိုင်ရင်း ငါတို့မှာ ဒီမွေးရပ်မြေရဲ့
ဧည့်သည်တစ်ယောက်ဖြစ်သွားခဲ့ရတယ်။
မိသားစုရဲ့ ရယ်မောဆူညံသံတွေဟာ
ငါတို့နဲ့ တဖြေးဖြေးဝေးကွာလာခဲ့တယ်။
နှစ်ဆယ်ကျော်နောက်ပိုင်း နှစ်တွေမှာ
ရှင်သန်နေထိုင်ရတာဟာ
အရာရာကို စွန့်ခွာလိုက်ရသလိုပါပဲ။
ဒါပေမဲ့ ငါတို့ရဲ့ နှလုံးသားတွေကတော့
ချစ်ရတဲ့သူတွေရဲ့ အနားမှာသာ
အမြဲတမ်းတဝဲလည်လည်ဖြစ်နေခဲ့တာ။

ကြောက်စရာ အကောင်းဆုံးက...                  မစောင့်ထိန်းတတ်တဲ့ပါးစပ်    ကောက်ကျစ်တဲ့သူတွေပဲ လူမုန်းများမယ်ထင်ခဲ့တာတကယ်တော...
21/01/2025

ကြောက်စရာ အကောင်းဆုံးက...

မစောင့်ထိန်းတတ်တဲ့ပါးစပ်

ကောက်ကျစ်တဲ့သူတွေပဲ
လူမုန်းများမယ်ထင်ခဲ့တာ
တကယ်တော့
ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများက မလိုလားကြပြန်ဘူး ။

လောကမှာ
ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ
တကယ်တော့
တကယ်ကြိုးစားတဲ့သူတွေကိုလည်း
ကြည့်မရကြပြန်ဘူး ။

လောကမှာ
တုံးအတဲ့သူတွေပဲ အထင်သေးခံရတယ်ထင်ခဲ့တာ
တကယ်တော့ ထက်မြက်တဲ့သူတွေကိုလည်း
အမြင်ကပ်ကြပြန်ရော...

လောကမှာ
အရည်အချင်းမရှိတဲ့သူတွေကိုသာ
နေရာမပေးချင်ဘူးထင်ခဲ့တာ
တကယ်တော့
အရည်အချင်းရှိတဲ့သူကျတော့လည်း
မနာလိုဖြစ်နေပြန်ရော...

တကယ့်လက်တွေ့လောကမှာ
လူတစ်ယောက် ကောင်းမကောင်း
သတ်မှတ်တဲ့စံနှုန်းဟာ
သူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ
တိုင်းတာလာကြတော့တာပဲ...

အရေးကြီးဆုံးကတော့
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ ။ ။


ဘဝမှာ  ပိုက်ဆံစုပါ တတ်နိုင်သမျှ ပေးကမ်းပါ  စိတ်ဓာတ်ကို အဆင့်အတန်းမြင့်မြင့်ထားပါ           အပေါင်းအသင်းကောင်း များများပေ...
21/01/2025

ဘဝမှာ ပိုက်ဆံစုပါ တတ်နိုင်သမျှ ပေးကမ်းပါ

စိတ်ဓာတ်ကို အဆင့်အတန်းမြင့်မြင့်ထားပါ

အပေါင်းအသင်းကောင်း များများပေါင်းပါ

အကောင်းမြင်စိတ် မွေးနိုင်အောင်လုပ်ပါ

လူတွေရဲ့ ကဲ့ရဲ့မှုကို သိပ်အလေးမထားပါနဲ့

အရာအားလုံးဟာ ကိုယ်နဲ့ဆိုင်နေတာ မဟုတ်ပါဘူး
မဖြစ်သေးတာကိုတွေးပြီး မစိုးရိမ်ပါနဲ့
လက်ရှိကာလကို အကောင်းဆုံးနေပါ

စည်းကမ်းရှိပါ ၊ သပ်သပ်ရပ်ရပ် ဝတ်ဆင်ပါ

စာများများဖတ်ပါ ပိုက်ဆံမရပေမယ့် နှိုင်းလို့မရတဲ့ပညာတွေရပါတယ်

ကိုယ်ထူးချွန်တဲ့အလုပ်ကနေ အောင်မြင်အောင်လုပ်ပါ

အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ပါ အောင်မြင်မှုက အနှေးနဲ့အမြန် ရောက်ပါလိမ့်မယ်

ကျေးဇူးရှိဖူးရင် ကျေးဇူးတရားမမေ့ပါနဲ့

ကိုယ်ယုံကြည်ရာ ကိုးကွယ်ပါ ယုံယုံကြည်ကြည် ကိုးကွယ်ပါ

အကျိုးကျေးဇူးကို တစ်နေ့ခံစားရပါလိမ့်မယ် ကံကိုမယုံပါနဲ့
ကံဆိုတာအလုပ်ပါ ။ အလုပ်ကောင်းရင်ကံကောင်းမယ်

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါ ကိုယ့်ကိုယ်ကိုသာ အားကိုးပါ

{ အကောင်းကိုလက်ခံနိုင်သလို
အဆိုးကိုလည်းခံနိုင်အောင် ကြိုးစားပါ...မိတ်ဆွေ}


#မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါတယ်
#ဘဝနေနည်း #ကျင့်ဝတ် #အသိပညာ #ဗဟုသုတ #စာပေ #စိတ်ခွန်အား #ပညာပေး #ခွန်အားရှိသောစာတိုများ

လောကမှာ ဘယ်အရာမှ မတည်မြဲဘူးဆိုတာ နားလည်လာပြီးတဲ့နောက်မှာ ပြန်မတွေးချင်လောက်အောင် ခါးသီးတဲ့အတိတ်တွေကိုလည်း မေ့ထားနိုင်ခဲ့...
20/01/2025

လောကမှာ ဘယ်အရာမှ မတည်မြဲဘူးဆိုတာ
နားလည်လာပြီးတဲ့နောက်မှာ ပြန်မတွေးချင်လောက်
အောင် ခါးသီးတဲ့အတိတ်တွေကိုလည်း မေ့ထားနိုင်ခဲ့ပြီး...

ပျော်ရွှင်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ
ဘယ်အရာကိုမှ အကြာကြီးမခံစားတတ်တော့ဘူး...

တစ်ယောက်တည်းနေရလည်း
အထီးမကျန်တော့ဘူး...

ကိုယ်ကြိုက်တဲ့စာအုပ်လေးတစ်အုပ် ဖတ်ရင်း ဖြစ်ဖြစ် သီချင်းလေးဖြစ်ဖြစ် နားထောင်ရင်း
စိတ်ကိုပျော်ရွှင်အောင် ထားတတ်လာတယ်...

စိတ်ထိခိုက်စရာတွေရှိလည်း
မကြေကွဲတတ်တော့ဘူး အားတင်းပြီးပဲ
ပြုံးတတ်လာတယ်...

နာကျင်တိုင်းလည်း မငိုတတ်တော့ဘူး

မုသားစကားတွေကိုလည်း လွယ်လွယ်နဲ့
မယုံကြည်တတ်တော့တဲ့နောက်မှာ ဘဝက
အေးချမ်းလာတယ်...

ဆုမြတ်နိုး (.)
__________________________________


မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာပေးပါသည်"

လူတစ်ယောက်ကို မစွန့်လွှတ်နိုင်သေးတဲ့အခါ သူကျူးလွန်သမျှ အမှားတိုင်းကို ခွင့်လွှတ်ပေးကြည့်လိုက် နောက်ဆုံး အချိန်တစ်ခုရောက်...
20/01/2025

လူတစ်ယောက်ကို မစွန့်လွှတ်နိုင်သေးတဲ့အခါ
သူကျူးလွန်သမျှ အမှားတိုင်းကို
ခွင့်လွှတ်ပေးကြည့်လိုက်

နောက်ဆုံး အချိန်တစ်ခုရောက်လာတဲ့အခါ
လုံးဝလှည့်မကြည့်ချင်တော့လောက်အောင်
နာမည်ကအစ မကြားချင်တော့လောက်အောင်
စွန့်လွှတ်သွားနိုင်လိမ့်မယ်

ချစ်ခြင်းမေတ္တာဟာ ချစ်ရသူတွေအတွက် အတိုင်းအဆမရှိ ချစ်နေရခြင်းဟု
ဆိုသော်ငြားလည်း တန်းဖိုးမထားတတ်တဲ့
သူတွေအတွက်တော့ အချိန်အတိုင်းအတာ
တစ်ခုအထိပါဘဲ

သူငယ်ချင်း မင်းဟာ အမြင့်မှာနေရင်လေတိုက်ခံရမယ်အနိမ့်မှာနေရင် လှံစိုက်ခံရမယ် ။အလယ်မှာနေရင်မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်...
20/01/2025

သူငယ်ချင်း

မင်းဟာ အမြင့်မှာနေရင်
လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ် ။

အလယ်မှာနေရင်
မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်
ဘေးထွက်နေရင်
မကောင်းပြောကြလိမ့်မယ် ။

မင်းကမနေနိုင်လို့လုပ်ပေးတော့
အရူးထနေတာလို့ပြောကြမယ် ။

မင်းဘာမှမလုပ်ပဲနေတော့
မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။

ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က
ချီးမွန်းတဲ့စကားထက်
မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက်ကို
စောင့်နေကြတယ် ။

မင်းအောင်မြင်နေတဲ့အချိန်
မင်းကိုကပ်ဖားပြီး
မင်းကျရှုံးတဲ့အချိန်
မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ် ။

မျက်နှာဖုံးစွပ်တွေများတဲ့
လောကကြီးထဲမှာ
မိတ်ဆွေကောင်း
အင်မတန်ရှားပါးတယ် ။

မင်းမှန်တယ်ထင်ရင်
တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို
မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။

မင်းစားနေတဲ့ထမင်းလုပ်အတွက်
မင်းကိုယ်တိုင်
ကိုယ့်ဒူးကိုယ်ချွန်နေတာမို့
မင်းမှာ အဲ့လောက်တော့
မာန ရှိသင့်တယ် ။

အထီးကျန်နေရလို့လည်း
စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့
ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက
ပိုကောင်းပါတယ် ။

ရုန်းကန်လှုပ်ရှားရအကောင်းဆုံး
အရွယ်မှာဇိမ်ခံသက်သာတဲ့လမ်းကို
မင်းမရွေးပါနဲ့ ။

တစ်သက်လုံး
ရေလိုက်ငါးလိုက်နေသွားဖို့က
လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ
မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။

မဟတ္တမဂန္ဒီ ရဲ့
အဆို အမိန့်တစ်ခုရှိတယ်

မင်းရဲ့အနာဂါတ်ဟာ
မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲ
မူတည်ပါတယ် " တဲ့

ပြဿနာတိုင်းကို
အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက
မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့်
မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့ ။

မင်းပတ်ဝန်းကျင်က
လူတွေကြောင့် စိတ်မညစ်နဲ့

လူတိုင်းက ကိုယ်နဲ့
ထပ်တူမကျနိုင်ဘူးဆိုတာ
မင်းမမေ့နဲ့

မင်းရင့်ကျက်လာတာနဲ့အမျှ
မင်းပတ်ဝန်းကျင်က
မင်းကိုမုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာပြုသွားနိုင်မှာပါ.....

ဲ့ခရီးသည်

ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်ရင်အတတ်နိုင်ဆုံး သည်းခံတတ်တဲ့ စိတ်ကလေးနဲ့နေပါ။ဘဝကိုနွေးထွေးမှုများနဲ့ ဖြတ်သန်းချင်ရင်...
20/01/2025

ဘဝကို
အေးအေးချမ်းချမ်း ဖြတ်သန်းချင်ရင်
အတတ်နိုင်ဆုံး သည်းခံတတ်တဲ့ စိတ်ကလေးနဲ့နေပါ။

ဘဝကို
နွေးထွေးမှုများနဲ့ ဖြတ်သန်းချင်ရင် အတတ်နိုင်ဆုံး
ခွင့်လွှတ်တတ်တဲ့ စိတ်ကလေးနဲ့နေပါ ။

ဘဝကို
စည်းစည်းလုံးလုံးနဲ့ ဖြတ်သန်းချင်ရင် အတတ်နိုင်ဆုံး နားလည်တတ်တဲ့ စိတ်ကလေးနဲ့နေပါ ။

မတည်မြဲတဲ့အရာတွေနဲ့
တည်ဆောက်ထာတဲ့ လောကကြီးထဲ
ခဏတာ ဆုံတွေ့ကြတဲ့အချိန်တိုလေးအတွင်းမှာ
အကောင်းမြင်တတ်တဲ့ စိတ်ကလေးနဲ့ နေပါ ။

မကောင်းစိတ်ဆိုတာ
ပြုသူကို အရင်ပူလောင်စေတာမို့
အကောင်းမြင်စိတ်နဲ့ နေတတ်တဲ့အခါ
အေးချမ်းတဲ့ဘဝလေးကို သင် ပိုင်ဆိုင်လာမှာပါ ။ ။

#ကိုယ့်ကိုယ်ကိုယ်ချစ်တတ်လာတဲ့အခါ
#အရှင်ဇဝန (ရွှေကုန်းမြေ)

အခြေအနေတွေ ငြိမ်သက်တာနဲ့ကိုယ့်မြို့ကလေးဆီကိုပဲ ပြန်မှာ---"လှိုင်းသံလေးနဲ့ပဲ အိပ်စက်မှာပါဆားငွေ့သင်းသင်းကိုပဲ ရှူရှိုက်မှ...
18/01/2025

အခြေအနေတွေ ငြိမ်သက်တာနဲ့
ကိုယ့်မြို့ကလေးဆီကိုပဲ ပြန်မှာ---"

လှိုင်းသံလေးနဲ့ပဲ အိပ်စက်မှာပါ
ဆားငွေ့သင်းသင်းကိုပဲ ရှူရှိုက်မှာပါ---"

အဲ့နေရာကလွဲရင် ဘယ်အရပ်ဒေသမှာ မှ
ကိုယ်စိတ် မချမ်းသာ သေလည်း ကိုယ့် နေရာ
ရှင်လည်း ကိုယ့်နေရာ---"😔

-နွေသစ်ငြိမ်း

လောကကြီးမှာတစ်ယောက်နဲ့ တစ်ယောက်ဟာမွေးဖွားတာခြင်း မတူကြတော့ရှင်သန်ပုံခြင်းလည်း မတူကြပြန်ဘူး ။လုပ်ဆောင်တာခြင်း မတူကြတော့ရပ...
18/01/2025

လောကကြီးမှာ
တစ်ယောက်နဲ့ တစ်ယောက်ဟာ

မွေးဖွားတာခြင်း မတူကြတော့
ရှင်သန်ပုံခြင်းလည်း မတူကြပြန်ဘူး ။

လုပ်ဆောင်တာခြင်း မတူကြတော့
ရပ်တည်ပုံခြင်းလည်း မတူကြပြန်ဘူး ။

စေတနာထားခြင်း မတူကြတော့
အကျိုးပေးခြင်းလည်း မတူကြပြန်ဘူး ။

မတူညီတာတွေကို လိုက်ပြိုင်ဖို့ မကြိုးစားပါနဲ့ ။
လိုက်တုဖို့လည်း မတွေးလိုက်ပါနဲ့ ။

တချို့အရာတွေက
ပြိုင်လို့ ရပေမဲ့
လိုက်တုလို့ ရပေမဲ့

တချို့အရာတွေကျတော့
ပြိုင်လို့ မရသလို
လိုက်တုလို့လည်း မရပါဘူး။

စိတ်ထားမတတ်ရင်
ကိုယ့်ကိုယ်ကို ပြန်ပြီး
ဒုက္ခပေးတာနဲ့ အတူတူပါပဲ။

ဒါကြောင့်
ကိုယ့်ဘဝကို
သူတစ်ပါးနဲ့
နေရာတိုင်း မယှဉ်ပြိုင်ဘဲ

ကိုယ့်ကိုယ်ကိုယ်
အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။

ကိုယ့်ဆီရောက်လာတဲ့ အရာတိုင်းကို
လက်ခံနိုင်အောင် ကြိုးစားပါ။

ကိုယ့်ရဲ့စိတ်ကို
နေရာတိုင်း အလိုမလိုက်မိအောင်
သတိတရားနဲ့
ရှင်သန် နေထိုင်လိုက်ပါ ။ ။

#အရှင်ဇဝန (ရွှေကုန်းမြေ)

ที่อยู่

Bangkok

เบอร์โทรศัพท์

+66942958707

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ NLHผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์