PDF Yawbae-Official

PDF Yawbae-Official လစဥ်ထောက်ပို့ကဒ် ပါဝင်ပေးပါအုံး...
နှမ်းစေ့တွေများရင် ဆီဖြစ်မြန်ပါတယ်🙏🙏🙏
(1)

20/05/2026

မအားလို့ပါ ဒီရက်ထဲ....
အလုအယက် မီဒီယာတွေမှာ...တင်ပါတော့မယ်။
ပဲခူးတိုင်း ဖြူးမြို့နယ် စစ်တောင်းမြစ်ကမ်း....ရွာမှာ စခ အထပ်လိုက်ပဲကွာ...အားရချက်........
PDF Yawbae-Official

စစ်ရှောင်နေရာတွေမှာ မှိုင်း (landmine) အန္တရာယ်က အရမ်းကြီးမားပါတယ်။ ဒီအချက်တွေကို သတိထားရင် အသက်ကယ်နိုင်ပါတယ်။လူသွားလမ်း...
17/05/2026

စစ်ရှောင်နေရာတွေမှာ မှိုင်း (landmine) အန္တရာယ်က အရမ်းကြီးမားပါတယ်။ ဒီအချက်တွေကို သတိထားရင် အသက်ကယ်နိုင်ပါတယ်။
လူသွားလမ်း၊ ခြေရာရှိတဲ့လမ်းကိုပဲသုံးပါ
မသိတဲ့လမ်း၊ မြက်ထူတဲ့နေရာ၊ တောထဲ shortcut မသွားပါနဲ့
“မသွားရ” ဆိုတဲ့အမှတ်အသား၊ ကြိုး၊ အလံ၊ သတိပေးစာတွေတွေ့ရင် ချက်ချင်းရှောင်ပါ
သံဘူး၊ ကြိုး၊ ပလပ်စတစ်ထုပ်၊ မြေထဲကထွက်နေတဲ့ပစ္စည်းတွေ မကိုင်မထိပါနဲ့
ပေါက်ကွဲမထားတဲ့ဗုံး၊ ကျည်၊ လက်နက်အပိုင်းတွေတွေ့ရင် အဝေးကနေရှောင်ပြီး လူကြီးတွေကိုပြောပါ
ကလေးတွေကို “တွေ့တာမကိုင်” လို့သင်ပေးထားပါ
တစ်ယောက်က သံသယရှိတဲ့နေရာထဲဝင်မိရင် နောက်လူတွေ မလိုက်ဝင်ပါနဲ့
မှိုင်းရှိနိုင်တဲ့နေရာမှာ “တဖြည်းဖြည်း နောက်ပြန်ခြေရာအတိုင်း” ပြန်ထွက်ပါ
ညအချိန်၊ မိုးအပြီး၊ ရေကြီးပြီးနောက် ပိုသတိထားပါ — မှိုင်းတွေ နေရာရွှေ့သွားနိုင်တယ်
ဒေသခံတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေ ပြောတဲ့ လုံခြုံတဲ့လမ်းညွှန်ချက်ကိုလိုက်နာပါ
PDF Yawbae-Official

PDF Yawbae-Official
16/05/2026

PDF Yawbae-Official

11/05/2026

သေချာတယ် ဧရာဝတီသူပဲ ဖြစ်ရမယ်🤩

အမှတ်တရ စစ်ပွဲများ..တပ်မဟာ(၆)နယ်မြေက မိုးရွာနေတဲ့ ညမှာ “.....ရွာ” ဆိုတဲ့ ရိုးသားငြိမ်းချမ်းတဲ့ ရွာလေးဟာ တိတ်ဆိတ်နေခဲ့တယ်...
10/05/2026

အမှတ်တရ စစ်ပွဲများ..
တပ်မဟာ(၆)နယ်မြေက မိုးရွာနေတဲ့ ညမှာ “.....ရွာ” ဆိုတဲ့ ရိုးသားငြိမ်းချမ်းတဲ့ ရွာလေးဟာ တိတ်ဆိတ်နေခဲ့တယ်။
ရွာသားတွေက စိုက်ပျိုးရေးလုပ်၊ တောင်ယာခုတ်၊ ညဆို မီးဖိုနားမှာ မိသားစုနဲ့ ထမင်းဝိုင်းစားရင်း ဘဝကို ရိုးရိုးလေးဖြတ်သန်းနေကြသူတွေ။
ဒါပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတစ်ခု ရွာထဲဝင်လာတဲ့နေ့ကစပြီး အရာအားလုံးပြောင်းလဲသွားခဲ့တယ်။
“PDFတွေကို ထောက်ပံ့တယ်” ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြစ်မဲ့ရွာသားတွေကို ဖမ်းဆီးရိုက်နှက်ကြတယ်။
အိမ်တွေကို မီးရှို့တယ်။ဆန်အိတ်တွေကို ဖျက်ဆီးတယ်။
ရွာဦးကျောင်းမှာတောင် စစ်သားတွေ တပ်စွဲထားလိုက်ကြတယ်။အသက်ခြောက်ဆယ်ကျော် အဘိုးစောသာအောင်က
“ငါတို့က လယ်လုပ်စားတဲ့သူတွေပါကွာ…”လို့ ပြောမိတာနဲ့ သေနတ်ဒင်နဲ့ ရိုက်ခံလိုက်ရတယ်။အဲဒီမြင်ကွင်းကို ရွာနောက်တောင်ကုန်းကနေ လူငယ်တစ်စု ကြည့်နေခဲ့တယ်
သူတို့ဟာ တပ်မဟာ(၆)နယ်မြေထဲက PDF တပ်ဖွဲ့ဝင်တွေနဲ့ကရင့်အမျိုးသားကာကွယ်ရေးတပ်မတော်(KNLA)ပူးပေါင်းအဖွဲ့တွေပဲဖစ်တယ်။ခေါင်းပေါင်းဖြစ်တဲ့ KNLAက''စောထူး''နဲ့PDFခေါင်းပေါင်း ရဲကြီးတို့ဟာ လက်သီးတင်းတင်းဆုပ်ပြီး“ဒီရွာကို ပြန်ယူမယ်… ပြည်သူကို ကာကွယ်မယ်”လို့ ပြောလိုက်တယ်။သုံးရက်အကြာ မိုးသည်းတဲ့ညမှာ PDFတပ်ဖွဲ့တွေနဲ့ KNLAတပ်ဖွဲ့တွေက ရွာအနီးကို တိတ်တဆိတ်ချဉ်းကပ်လာကြတယ်။မိုးသံ၊ လေသံတွေကြားမှာ စစ်တပ်ကလည်း သတိမထားမိခဲ့ဘူး။
“ထော့²”(တက်)² ဆိုတဲ့ အသံနဲ့အတူ ပစ်ခတ်သံတွေ ရွာတစ်ဝိုက် ပေါက်ကွဲသွားတယ်။PDFတွေနဲ့KNLAတပ်ဖွဲ့တွေက
ပြည်သူအိမ်တွေ မထိခိုက်အောင် လမ်းကြောင်းခွဲတိုက်ကြတယ်။ရွာထဲမှာ အနိုင်ကျင့်နေတဲ့ စစ်သားတွေ အထိတ်တလန့်ဖြစ်သွားတယ်။စောထူးနဲ့ရဲ​ကြီးတို့ ဟာ ရှေ့ဆုံးက ဦးဆောင်ပြီး ကျောင်းဝင်းထဲ ဝင်တိုက်တယ်။အဖမ်းခံထားရတဲ့ ရွာသားတွေကို ချက်ချင်းလွှတ်ပေးလိုက်ကြတယ်။မီးခိုးတွေကြားထဲမှာ ရွာသားတစ်ယောက် အော်လိုက်တယ်။“PDFတွေ ရောက်လာပြီဟေ့!”ကရင်စစ်သားတွေရောက်လာပြီဟေ့!အဲဒီအသံကြားတာနဲ့ ကြောက်ရွံ့နေတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ မျက်ရည်ကျကုန်ကြတယ်။တချို့က လက်အုပ်ချီပြီး“ကျေးဇူးတင်ပါတယ် ဖိုးခွားတို့ရယ်…”လို့ ပြောနေကြတယ်။မနက်အာရုံတက်ချိန်မှာ စစ်တပ်စစ်ကြောင်းဟာ ရွာကနေ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်။
ရွာလယ်က အလံတိုင်ပေါ်မှာတော့ ပြည်သူ့တော်လှန်ရေးအလံ လေထဲမှာ လွင့်ပျံနေခဲ့တယ်။ စောထူးက ရွာသားတွေကိုကြည့်ပြီး တိတ်တိတ်လေးပြောလိုက်တယ်။
“ဒီမြေ… ဒီရွာ… ပြည်သူတွေအတွက်ပဲ ဖြစ်ရမယ်”။....ရွာလေးဟာ မီးလောင်ဒဏ်ရာတွေရှိနေသေးပေမယ့်
ကြောက်ရွံ့မှုထက် မျှော်လင့်ချက်က ပိုကြီးလာခဲ့တယ်။
တပ်မဟာ(၆)နယ်မြေထဲက တော်လှန်ရေးမီးဟာအဲဒီညက ပိုပြီးတောက်လောင်လာခဲ့တယ်။
ဆက်လက်ရေးပါအုံးမည်...
PDF Yawbae-Official

မလေးရှားက ဘာမဟုတ်တဲ့ K.M.K.Lနဲ့F.T.M သတင်းတွေကြောင့် ပြည်သူတွေ မတရားသဖြစ် ဗုံးကြဲခံရ၊သေကျရတဲ့သတင်းတွေကို ဖုံးလွှမ်းသွားတ...
10/05/2026

မလေးရှားက ဘာမဟုတ်တဲ့ K.M.K.Lနဲ့F.T.M သတင်းတွေကြောင့် ပြည်သူတွေ မတရားသဖြစ် ဗုံးကြဲခံရ၊သေကျရတဲ့သတင်းတွေကို ဖုံးလွှမ်းသွားတယ်.....telegram link👉👉👉https://t.me/yawbaeofficial/21
PDF Yawbae-Official

10/05/2026

ဟူး fbတင်မရလို့ telegramတင်ထားတယ်👇👇👇👇
PDF Yawbae-Official

သားဖြစ်သူကလက်နက်ကြီးထိလို့ ခြေဖြတ်ရ...အသက်ကငယ်ငယ်လေးF.LM သတင်းနဲ့ခုလို မြေပြင်ကသတင်းတွေ့ကိုဖုံး..ကလေးအတွက်...ခက်ခဲ...PDF...
10/05/2026

သားဖြစ်သူကလက်နက်ကြီးထိလို့ ခြေဖြတ်ရ...အသက်ကငယ်ငယ်လေး
F.LM သတင်းနဲ့ခုလို မြေပြင်ကသတင်းတွေ့ကိုဖုံး..
ကလေးအတွက်...ခက်ခဲ...
PDF Yawbae-Official

မြို့ပေါ်ရောက် နေတဲ့လူကြီးတွေ...​အပြန် ဝင်လည်ပါအုံးဗျာ.....ပြည်သူတွေက မျက်ရည်တွေကို လက်ဖက်ရည် ကျိုပြီးတိုက်ချင်လို့တဲ့.....
08/05/2026

မြို့ပေါ်ရောက် နေတဲ့လူကြီးတွေ...​အပြန် ဝင်လည်ပါအုံးဗျာ.....ပြည်သူတွေက မျက်ရည်တွေကို လက်ဖက်ရည် ကျိုပြီးတိုက်ချင်လို့တဲ့....ကျွန်တော်တောင်းသောက်ကြည့်သေးတယ်ဗျ.....မြိုချလို့ကိုမရဖူးဗျာ....
PDF Yawbae-Official

ချိုတော့ချိုတယ် ပါးစပ်တော့တအားနံတာ ဘာသီးမှန်းကိုမသိဖူး...စားရတယ်ဆိုတာရော ဟုတ်ရဲ့လား...
06/05/2026

ချိုတော့ချိုတယ် ပါးစပ်တော့တအားနံတာ ဘာသီးမှန်းကိုမသိဖူး...စားရတယ်ဆိုတာရော ဟုတ်ရဲ့လား...

ที่อยู่

Bangkok

เวลาทำการ

จันทร์ 06:00 - 23:00
อังคาร 06:00 - 23:00
พุธ 06:00 - 23:00
พฤหัสบดี 06:00 - 23:00
ศุกร์ 06:00 - 23:00
เสาร์ 06:00 - 23:00
อาทิตย์ 06:00 - 23:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ PDF Yawbae-Officialผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์