19/09/2026
Alisa page အနေနဲ့ ပြောစရာရှိလို့ပါ။
အောက်မှာ Myr လိုဖတ်ပါနော်🙏🏻
Dear FayeAtom Fans, 🤍
We would like to let everyone know that Alisa Page will be taking a short break for about one month, until Faye & Atom’s birthdays next month.
The reason is that both of our admins are currently dealing with some health issues and need some time to rest and take care of ourselves. We sincerely hope you can understand and respect our decision. 🤍
If we are able to welcome a new admin during this time, we will make an announcement and update everyone through the page.
In the meantime, we would really appreciate it if all FayeAtom fans could continue to support Faye on her Instagram and TikTok throughout her Milan trip this month. 🇮🇹🤍
Let’s keep supporting and cheering for her together!
To all the FayeAtom fans, we love you so much and we’re going to miss you all dearly. 🥺🤍
Please take good care of yourselves too.✌🏻
Once we’re feeling better, or if we have a new admin who can take care of the page, we’ll come back and continue supporting Faye & Atom together with everyone.
Thank you so much for your understanding, patience, love, and continued support for Alisa Page.
We truly appreciate every single one of you. 🤍
See you again soon, FayeAtom Family. 🫶🏻
Until then, please keep shining and supporting our girls together. 🌻🍑🤍
______________
ချစ်ရပါသောFayeAtom ပရိသတ်များအားလုံး 🤍
အားလုံးကို အသိပေးလိုတာကတော့ Alisa Page ကို တစ်လခန့် ခဏနားထားမှာဖြစ်ပြီး လာမယ့်လမှာကျရောက်မယ့် Faye နဲ့ Atom တို့ရဲ့ မွေးနေ့အချိန်အထိ နားထားသွားမှာဖြစ်ပါတယ်။
အခုလို ခဏနားရတဲ့အကြောင်းရင်းကတော့ Page ရဲ့ Admin နှစ်ယောက်လုံး လက်ရှိမှာ ကျန်းမာရေးအခြေအနေ အနည်းငယ် မကောင်းတာကြောင့် အနားယူပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ အချိန်လိုအပ်နေလို့ပါ။ ဒီဆုံးဖြတ်ချက်ကို နားလည်ပေးပြီး လေးစားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ 🤍
ဒီကာလအတွင်း Admin အသစ်တစ်ယောက် ရရှိလာခဲ့ရင်လည်း Page ကနေ အားလုံးကို အသိပေးပြီး Update ပေးသွားပါမယ်။
‼ဒီအတောအတွင်းမှာတော့ Faye ရဲ့ ဒီလ Milan ခရီးစဉ်အတွက် Instagram နဲ့ TikTok မှာ ဆက်လက်အားပေးပေးကြဖို့ FayeAtom ပရိသတ်အားလုံးကို အထူးမေတ္တာရပ်ခံချင်ပါတယ်။ 🇮🇹🤍
အားလုံးအတူတူ ဆက်ပြီး အားပေးကြရအောင်နော်။
FayeAtom ပရိသတ်အားလုံးကို အရမ်းချစ်ပါတယ်။ အားလုံးကိုလည်း အရမ်းလွမ်းနေမှာပါ။ 🥺🤍
အားလုံးလည်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကြပါနော်။
Admin တွေ ကျန်းမာရေးပြန်ကောင်းလာတဲ့အခါ၊ ဒါမှမဟုတ် Page ကို ဆက်လက်စောင့်ရှောက်ပေးနိုင်မယ့် Admin အသစ်ရရှိလာတဲ့အခါ Alisa Page ကို ပြန်လည်ဖွင့်ပြီး Faye & Atom ကို အားလုံးနဲ့အတူ ဆက်ပြီး အားပေးသွားပါမယ်။
Alisa Page ကို နားလည်ပေးခြင်း၊ စောင့်ကြည့်ပေးခြင်း၊ ချစ်ပေးခြင်းနဲ့ အမြဲတမ်းအားပေးပေးကြတဲ့အတွက် တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ 🤍
FayeAtom Family ရေ မကြာခင် ပြန်တွေ့ကြမယ်နော်။ 🫶🏻
အဲ့ဒီအချိန်အထိ အားလုံးအတူတူ ဆက်လက်တောက်ပပြီး ကျွန်မတို့ရဲ့ ကောင်မလေးနှစ်ယောက်ကို ဆက်ပြီး အားပေး ပေးကြပါနော်။ 🌻🍑🤍🙏🏻😭