Kawao Newsgroup Committed to social justice, peace and democracy in Burma. The media will expose the truth and those who are there to expose the errors.

Our aim is to provide an in-depth analysis that will help to promote lasting change and peace
မြန်မာနိုင်ငံတွင် လူမှုတရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးတို့ကို အထူးလိုအပ်နေသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ရေရှည်တည်တံ့သော အပြောင်းအလဲနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေမည့် သုတေသန၊ မှတ်တမ်းပြုစုခြင်းနှင့် ခွဲခြမ်းစိတ်ဖြာနိုင်ရန် အချက်အလက်များကို ပံ့ပိုးပေးရန် ဖြစ်သည်။


____________________________

Editorial

The role of the media has become important in today’s internet-connected age. Media platforms, whether traditional or digital, focus on awareness; Focusing on expert opinion and not playing an important role in protecting democratic principles. The Journal of Fine Journalism focuses on everything from corruption to holding government groups and individuals accountable to parliaments and to bringing change to light on social injustices. In today’s hyper-reported world, media literacy is critical in combating disinformation without a bias. Media should strive for comprehensive and truthful reporting. Trusted civic journalism standards oversight and validation are also important for news media organizations. The media can influence corporate; trips and guides, including idealism and distrust. In conclusion, as media practitioners, we develop media literacy, and media organizations are held accountable for their standards of conduct, with a more informed and cognizant recognition of the power and responsibility of the media


Regards,

Editor

KAOWAO NEWS GROUP

Tel: + 66 8617 561 67 (Thailand),

Email: [email protected]

http://www.kaowao.asia Burmese Version

www.mon.kaowao.asia Mon Version

www.en.kaowao.asia English Version

http://www.burmalibrary.org/show.php?cat=1215&lo=d&sl=0

Online Burma Library — http://www.burmalibrary.org

ABOUT US

Kaowao Newsgroup is committed to social justice, peace, and democracy in Burma. We hope to be able to provide an in-depth analysis that will help to promote lasting change and peace within Burma. Editors, reporters, writers, and overseas volunteers are dedicated members of the Mon activist community based in Thailand. Our motto is “working together for change and lasting peace.”
_________________________________

ကောင်းဝါ အယ်ဒီတာ့အာဘော်

အင်တာနက်ကွန်ရက်ဆက်ကြောင်းများဖြင့် ချိတ်ဆက်နေသော ယနေ့ခေတ် ကမ္ဘာကြီးတွင် မီဒီယာများ၏ အခန်းကဏ္ဍသည် ပို၍အရေးပါလာပါသည်။ သမားရိုးကျဖြစ်စေ ဒစ်ဂျစ်တယ်ဖြစ်စေ မီဒီယာပလက်ဖောင်းများသည် အသိအမြင်ကို မြှင့်တင်ရန်၊ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်နှင့် ဒီမိုကရေစီအခြေခံမူများကို အကာအကွယ်ပေးရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။

ထို့ပြင် မီဒီယာသည် အမှန်တရားကို ဖော်ထုတ်ရန်နှင့် အမှားအယွင်းများကို ဖော်ထုတ်ရန် စောင့်ကြည့်နေသူများလည်း ဖြစ်သည်။ စုံစမ်းစစ်ဆေးရေး ဂျာနယ်လစ်ဇင်မှတဆင့် မီဒီယာများသည် အဂတိလိုက်စားမှုများမှအစ အစိုးရများ၊ အဖွဲ့အစည်းများနှင့် လူတစ်ဦးချင်းစီ၏ လုပ်ဆောင်ချက်များအတွက် တာဝန်ယူမှုကို ချုပ်ကိုင်ရာတွင်လည်းကောင်း လူမှုရေးမမျှတမှုများကို အလင်းပေးခြင်းဖြင့် အပြောင်းအလဲအတွက် အထောက်အကူဖြစ်စေသည်။

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ၊ ကျင့်ဝတ်ဆိုင်ရာဂျာနယ်လစ်ဇင်စံနှုန်းများ၊ အချက်အလက်စစ်ဆေးခြင်းနှင့် အတည်ပြုခြင်းလုပ်ငန်းစဉ်များသည်လည်း မီဒီယာအဖွဲ့အစည်းများအတွက် အရေးကြီးပါသည်။

သို့သော်လည်း မီဒီယာများသည် ကော်ပိုရိတ်သြဇာလွှမ်းမိုးမှု၊ စိတ်ကူးယဉ်ဆန်မှုနှင့် ယုံကြည်မှု ပျက်ပြားမှုတို့အပါအဝင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ နိဂုံးချုပ်အနေဖြင့် မီဒီယာသမားများ ကျွန်ုပ်တို့သည် မီဒီယာတတ်မြောက်မှုကို ပြုစုပျိုးထောင်ပြီး မီဒီယာအဖွဲ့အစည်းများသည် ၎င်းတို့၏ကျင့်ဝတ်စံနှုန်းများအတွက် တာဝန်ခံမှုရှိရမည်ဖြစ်သည်။ မီဒီယာ၏ ပါဝါနှင့် တာဝန်ကို အသိအမှတ်ပြုခြင်းဖြင့် ပိုမိုအသိဥာဏ်ရှိသော၊ တရားမျှတပြီး ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းကိုဖန်တီးရန်နှင့် ကောင်းမွန်သောအနာဂတ်ကို ကျွနုပ်တို့တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
_________________________________

ဂလာန်ညးဒါန်လိက်ကဴဝဴ

ဂကူမန်တံဝွံ ဗီုကောန်ဍုင်အရင် ဂကူတၞဟ်ဟ်တံကီု သွက်သ္ဂောံဒက်ပတန်တွဵုရးမဍိုက်ပေင်ကဵုအဝဵုပရေင်အုပ်ဓုပ် မပ္တံကဵုကံကုသဵုဇကု ဇကုဖန်ဖက်ကေတ်မာန်တံဂှ် သၞာံကာလဗွဲမလံလ နကဵုပေါဲဗတိုက်နာနာ ဂိုတ်ဂစာန်လွဳပရာကၠုင်မံင်ဟဂှ်ရ။

အဓိကတန်ရန်တၟံဂကူမန်တံမတွံမ္ဂး တွဵုရးမန်မဍိုက်ပေင်ကဵုအဝဵုပရေင်အုပ်ဓုပ်၊ အဝဵုမခၞံဗ္ဒျ်သၞောဝ်ကေုာံ အဝဵုစဳရေင်ပြုပြင်ကုတ်ဒဏ်သၞောဝ်တံဟေင် သွက်ဂွံမင်မွဲထိင်ဒဝ်အာ အာဲကၟာဲယေန်သၞာင်ဇုဇဗဴလတံရောင် စှ်ေလဝ်စိုတ်ရ။

သာ်ဏံသၟးဟွံက ဂကူမန်ဝွံ မၞုံဍိုက်ပေင်ကဵု မပိုင်ပြဳကၠုင်တိဍာ်ကၟိန်ဍုင် သီုကဵုစရာဲရာဇဝင် ကေုာံ အာဲကၟာဲလိက်ပတ်ယေန်သၞာင်ကွတ်ပညာနာနာတံဟီုမ္ဂး သၞာံဗွဝ်ကၠံဗွဲမဂၠိုင် ပြာကတ်တန်တဴကၠုင်လဝ် အလုံတိုက်အာယှမွဲဏံ ညံင်ဂွံဆက်တန်တဴပြာကတ်တိုန်ကၠုင်ပၠန်ဂှ် အရာကိစ္စဇၞော်သွက်ဂကူပိုဲရောင်။

ဟိုတ်ဂှ်ရ နကဵုလက်ျှန်ဝိသေသတၟေင် ဂကူဇၞော်မွဲမွဲ အကြာဂကူကောန်ဍုင်အရင်ဂမၠိုင် အကြောဂကူ ညးမွဲကုညးမွဲ သွက်သ္ဂောံသ္ပအဲပရဲစၟတ်သမ္တီ နကဵုသကေႅတ သၞောတ်ပရေင်ဍုင်ကွာန်ချိုတ်ပၠိုတ်မွဲမွဲဂှ် ညးဍုင်ကွာန်မန်တံသီုဖအိုတ် နွံမံင်ပၟိက်ဆန္ဒပေင်င်ရောင်။

“ဍုင်မန်ပံင်ကောံဟာ-ဍုင်မန်တၞဟ်ခြာဟာ” အကြာဂကူမန်တံ လညာတ်ဒုင်ဂိုင်ကေတ် တၞဟ်ခြာညးသ္ကံဒှ်မာန်ကီုလေဝ် ဆန္ဒဍာံဍာံဒးဟီုမ္ဂး နွံမံင်ပၟိက်ကု ပရေင်အုပ်ဓုပ်ဇကုဇေတ်တ် ပရေင်အုပ်ဓုပ်ဇကုဍိုက်က်ပေင်ပေင်ဟေင်မဒှ်တုဲ သွက်ဂွံထိင်ဒဝ်မင်မွဲသၠုင်ပတိုန်အာ အာဲကၟာဲယေန်သၞာင်ပြဝေဏဳအခိုက်ကၞာမန် ဒၞာဲတိဍာ်ဇုဇမန်တံ ဗွဲလအိတ်ရောင်။

ကၞေတ်တဲဂကူမွဲကဵုမွဲ ဒုင်သဇိုင်ကဵုအခေါင်တုပ်သၟဟ်၊ ပရေင်သ္ပစၟတ်သမ္တီကေုာံ ကံပရေင်ဇကု ဇကုဖန်က်ကေတ်မာန် ညံင်ဂွံဒက်ပတန်အာမာန်ဂှ် ဆန္ဒညးဍုင်ကွာန်မန်ဍာံဍာံဇေတ်တ်ရောင် ကဴဝဴကလေင်ဆဝ်ဗ္ရုဟ်ဏာ ကောန်ဂကူမန်အလုံဂၠးကဝ်တံရအဴ။

မွန်နှင့် တလိုင်းနိုင်ပန်းလှ(၁၉၅၇-၅၈ ခုနှစ်ထုတ် တက္ကသိုလ်မွန်အသင်းမဂ္ဂဇင်းတွင် ဖော်ပြထားသော ဆရာနိုင်ပန်းလှ၏ ဆောင်းပါးကို...
12/04/2026

မွန်နှင့် တလိုင်း
နိုင်ပန်းလှ
(၁၉၅၇-၅၈ ခုနှစ်ထုတ် တက္ကသိုလ်မွန်အသင်းမဂ္ဂဇင်းတွင် ဖော်ပြထားသော ဆရာနိုင်ပန်းလှ၏ ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။)

'တလိုင်း' ဝေါဟာရ အခေါ်အဝေါ် အရေး၊ အသားအသုံးအနှုန်းကို အဘယ်ကြောင့် မွန်လူမျိုးများ ရွံမုန်းရသနည်း၊ အခေါ်မခံချင်ကြသနည်း၊ မနှစ်သက်ကြသနည်း၊ တလိုင်းဝေါဟာရ ဘယ်အချိန်က ပေါ်လာသနည်း စသည့် မေးခွန်းများကို ဖြေကြားရန် အထူးလိုအပ်ပေသည်။

တလိုင်းဝေါဟာရ အဓိပ္ပာယ်
'တလိုင်း' ဝေါဟာရသည် မွန်ဘာသာစကား 'ဣတလီု' နှင့် 'ဣတလေင်' ဝေါဟာရ ဖြစ်သည်။ မြန်မာအသံထွက်မှာ 'ဣတလိမ်' 'ဣတလိုင်း' ဖြစ်သည်။ အဓိပ္ပာယ်မှာ (ဣတ-အဖေ) 'လီု' သို့မဟုတ် 'လေင်' ပျက်စီးပြီးဟု ဖြစ်သည်။

(ဣတလိမ်နှင့် ဣတလိုင်းဝေါဟာရကို မည်သို့အား ခေါ်ဝေါ်သနည်းဟူမူ အဖေပေါ်ဘဲ မွေးသောသူ) (အဖနိုင်ငံခြားသားဖြစ်၍ မိမိတိုင်းပြည်သို့ ငွေစုပြီး ပြန်သွားသဖြင့် တိုင်းရင်းသူအမိနှင့်အတူ ကျန်ရစ်သောသားသမီး) ယင်းသို့သောနည်းဖြင့် အမေပြနိုင် အဖပျက်စီးသွားသော သူတို့ကိုသာ ခေါ်ဝေါ်ခြင်းဖြစ်သည်။

ဣတလိုင်းမှ ရွေ့လျားပြီး တလိုင်းအခေါ်အဝေါ်ကို မွန်လူမျိုးအားလုံးအား အဘယ်ကြောင့် မြန်မာက ခေါ်ဝေါ်သည်ကို သုတေသနဆရာကြီးများက အမျိုးမျိုးတင်ပြချက် ပေးခဲ့ပါသည်။

မွန်လူမျိုး
မွန်လူမျိုးသည် မြန်မာပြည်မြောက်ပိုင်းမှ မွန်ဂိုလီးယားပြည်မှတစ်ဆင့် ဧရာဝတီမြစ်၊ သံလွင်မြစ်နှင့် မဲခေါင်မြစ်မှ တဆင့်စုဆင်းလာခြင်း ဖြစ်သဖြင့် မွန်ဂိုလွိုက်အနွယ်ဖြစ်ပြီး မွန်လူမျိုးဟူ၍ အမည်တွင်ခဲ့ခြင်းဖြစ်လေသည်။ ရှေးက 'မွန်ခမာ' သို့မဟုတ် 'မွန်အာနမ်' လူမျိုးစုဟူ၍ ထင်ရှားခဲ့ကြသည်။

'မွန်ခမာ' လူမျိုးစုအနက်တချို့မှာ ဗြဟ္မပုတြမြစ်ဝှမ်းမှတစ်ဆင့် စုဆင်း၍ အိန္ဒိယအာသံနယ်ဖက်သို့ ရောက်သွားကြသည်ဟုလည်း ပညာရှင်များ ယူဆကြသေးသည်။ မွန်ခမာနွယ်လူမျိုးစုတွင် ပါဝင်သော လူမျိုးများမှာ အိန္ဒိယမှ 'ကိုလာရိယ' ခေါ် 'မွန်ဒ' လူမျိုး၊ အာသံနယ်ရှိ 'ခါစီယာ' လူမျိုး၊ မြန်မာပြည်ရှိ မွန်-ပလောင်၊ ဝနှင့် ရိကန်လူမျိုးများ၊ မလေးကျွန်းဆွယ်မှ 'စမင်' နှင့် 'စကိုင်' လူမျိုးများ၊ ယိုးဒယားပြည်မှ မွန်၊ လဝ၊ ချောင်နှင့် ကချီလူမျိုး၊ ကမ္ဘောဒီးယား .... ခေါ် ကန်ဗောဂျင်လူမျိုးစုများ၊ အာနမ်ပြည်မှ အာနမ် သို့မဟုတ် ယုအန်လူမျိုးများ ပါဝင်သည်ဟု မနုဿဗေဒပါရဂူကြီးများ ဖော်ပြကြသည်။

ယင်းအကြောင်းအရာများတို့သာ သန္တရစကားအခေါ်အဝေါ် တူညီပုံများကို (Skeat, Blagden, Garnier, Forbs, Max Mlular, Grierson, Phayer, Mason) အစရှိသော ပါရဂူများ ပြုစုသည့် စာအုပ်များတွင် လေ့လာနိုင်၏။

လူမျိုးစုအခေါ်အဝေါ်တွင် မွန်ခမာ၊ မွန်အာနမ်ဟူ၍သာ ခေါ်ခဲ့ကြပြီး တလိုင်းခမာ၊ တလိုင်းအာနမ်ဟူ၍ကား မကြားဖူးသဖြင့် မွန်လူမျိုး၏ အမည်ရင်းမှာ 'တလိုင်း' မဟုတ်ကြောင်း အလွန်ထင်ရှားလှပေသည်။

တချို့ပါရဂူများက မွန်လူမျိုးများသည် အိန္ဒိယပြည်ထောင်စု တိလိင်္ဂနတိုင်းမှ ပင်လယ်ခရီးဖြင့် ရောက်လာသည်ဟု ယူဆပြီး တချို့ပါရဂူများက မွန်ရာဇဝင်၊ ဒဏ္ဍာရီသမိုင်းများကို လေ့လာပြီး သုဝဏ္ဏဘူမိ သထုံပြည်သို့ တိလိင်္ဂနတိုင်းမှ မင်းညီမင်းသားများ လာရောက်ခဲ့ဖူးသဖြင့် မွန်ကိုတလိုင်းဟူ၍ ခေါ်ဝေါ်ခဲ့ဟန်တူသည်ဟု ထင်ကြေးပေးကြ၏။

ဤယူဆထင်မြင်ချက်မှာ ယုတ္တိမရှိကြောင်း အခြားပညာရှင်များက ဆိုပြန်၏။ မွန်ခမာလူမျိုးစုနှင့် တိဘက်တိုဘားမင်းလူမျိုးစု ပါဝင်သော မွန်နှင့် ပျူလူမျိုးတို့သည် အိန္ဒိယတောင်ပိုင်းမှ စာပေယဉ်ကျေးမှုနှင့် ထေရဝါဒဗုဒ္ဓဘာသာများကို ရရှိကြောင်း မှန်ကန်ပေသည်။

သို့ရာတွင် အိန္ဒိယတောင်ပိုင်းမှ လူမျိုးဆင်းသက်လာခြင်းမှာ မဖြစ်နိုင်ချေ။ တိလိင်္ဂနတိုင်းမှ လာသောမွန်များသည် ရာမညဒေသတစ်ခုကိုသာ အုပ်စိုးမှုပြုသည်မဟုတ်၊ ရှေးက ဒွါရဝတီနိုင်ငံ ယခု ယိုးဒယားနိုင်ငံ၊ မလေးကျွန်းဆွယ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စသည်များပါဝင်သော တိုင်းပြည်များအားလုံးကို အုပ်စိုးခဲ့သည်ဟု ဒဏ္ဍာရီသမိုင်းစဉ်အရ ယူဆနိုင်သည်။

သုဝဏ္ဏဘူမိဆိုသည်မှာလည်း သထုံမြို့သာမဟုတ် ယိုးဒယား၊ ကမ္ဘောဒီးယားအထိ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်လုံးကို သုဝဏ္ဏဘူမိ ရွှေတိုင်းပြည်ဖြစ်ကြောင်းကို ပညာရှင်များ ဖော်ပြကြသည်။

သို့ပါ၍ အကယ်၍ တိလိင်္ဂနတိုင်းမှ မင်းများကို အစွဲပြု၍ တလိုင်းဟု ခေါ်ခဲ့မှန်ပါမူ မွန်လူမျိုးကိုသာမက ကမ္ဘောဒီးယားခေါ် ခမာလူမျိုးနှင့် အခြားမွန်ခမာလူမျိုးစုများကိုလည်း တလိုင်းဟု ခေါ်ဝေါ်ခဲ့တန်ရာသည်။

ယခုမူကား တလိုင်းဝေါဟာရကို ယိုးဒယားနှင့် အရှေ့နိုင်ငံများတွင် လုံးဝမသိရှိ၊ လုံးဝမသုံးနှုန်း၊ 'မွန်လူမျိုး' ဟုသာ သိကြ၏။ ရာမညတိုင်းသားဖြစ်၍ 'ရာမဉ်' (R,man.) ဟူ၍သာ ထင်ရှားခဲ့ကြသည်။

တိလိင်္ဂနတိုင်းကို အစွဲပြု၍ မွန်ကို တလိုင်းဟု ခေါ်ခဲ့မှန်ပါမူ ရာမညတိုင်းကိုလည်း တလိုင်းနဂရ၊ တလိုင်းဂုဏ၊ တလိုင်းမညဟူ၍ ခေါ်ဝေါ်ခဲ့တန်ရာသည်။
ရာမညတိုင်း၏ အမည်မှာ တလိုင်းဝေါဟာရနှင့် လုံးဝမသက်ဆိုင်၊ (ရး) မှ (ရာ) ဖြစ်လာပြီး 'တိုင်းပြည်' ဟု အဓိပ္ပာယ်ထွက်ပြီး (မည) (မည) (မဉ်) (မွန်) ဟု ရေး၍ မွန်လူမျိုးဟု အဓိပ္ပာယ်ရပါသည်။ (ရး ဝေါဟာရသည် သက္ကတဘာသာ (Rastra) မှ ဆင်းသက်လာသည်။) ရာမည-ရာမည-မွန်တိုင်းပြည်ဟု အဓိပ္ပာယ်ရပါသည်။

မွန်ဘာသာကျောက်စာများကို လေ့လာရာတွင်လည်း ခရစ်တော်နှစ် ၆-ရာစုက ထိုးသည့် ရှေးအခါက ဒွါရဝတီမွန်နိုင်ငံဟု ထင်ရှားခဲ့သော ယခု ယိုးဒယားပြည် ပရပထုံမြို့တွင် တူးဖော်ရရှိသော မွန်ကျောက်စာ၊ ၈ ရာစုထိုး လော့ပူရီမွန်ကျောက်စာ၊ ၁၁ ရာစုထိုး လင်ဖွန်းမွန်ကျောက်စာများ၊ ၁၁ ရာစုထိုး သထုံမနူဟာမင်းမွန်ကျောက်စာများ၊ ၁၁ ရာစုထိုး ပုဂံကျန်စစ်သားမွန်ကျောက်စာများ၊ ဟံသာဝတီခေတ် ၁၅ ရာစုထိုး ဓမ္မစေတီ၊ ရှင်စောပုမွန်ကျောက်စာများ၊ ကြေးပြားစာများ၊ ခေါင်းလောင်းစာများနှင့် ပေမူများအားလုံးတို့တွင် မွန်လူမျိုးကို တလိုင်းဟူ၍ လုံးဝမရေးသား၊ မသုံးနှုန်းခဲ့ဖူးချေ။ ထို့ကြောင့် မွန်လူမျိုး၏ နာမည်ရင်းမှာ တလိုင်းမဟုတ်ကြောင်း ထင်ရှားလှပေသည်။

မြန်မာများက မွန်ကိုတလိုင်းဟု အလောင်းဘုရားခေတ်ကစ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်ဟု ကျောက်စာဝန်ဟောင်း 'ဖော်ချမ်းမား' နှင့် မွန်အဘိဓာန်ပြုစုသူ 'ဟာစဝ်' နှင့် 'စတီးဗင်း' တို့က ထင်မြင်ယူဆ ဖော်ပြသည့်အချက်ကို မှားသည်ဟု ရေးသားရာတွင် ၁၉၁၂ ခုနှစ်ထုတ်သည့် မြန်မာပြည် သုတေသနအသင်းဂျာနယ်အတွဲ ၂၊ အပိုင်း ၁ တွင် ကျောက်စာဝန် 'ချားလ်ဒူရွိုင်ဆယ်' က ပရိမ္မထီးလှိုင်ရှင်ဘုရား မြန်မာကျောက်စာကို ဖော်ပြ၍ မြန်မာက မွန်ကို တလိုင်းဟူ၍ ခေါ်ဝေါ်သုံးနှုန်းခဲ့သည်မှာ ပုဂံခေတ် သထုံကို တိုက်ခိုက်အောင်မြင်ခဲ့သော အနော်ရထာ လက်ထက်ကပင် ဖြစ်မည်ဟု ထင်မြင်ချက်ပေးထားပြန်သည်။

ပရိမ္မထီးလှိုင်ရှင် ဘုရားကျောက်စာ၌ မွန်နှင့်ပတ်သက်၍ သုံးနှုန်းထားသည်မှာ (ဥဿလမည် တန်လှိုင်ပြည်ကို နည်၂ ညက် ၂ ဖျယ်ခြိမ်ပြီရွယ်ရခြိယ်ထသော ပြညာကြီးသော တန်လှိုင် သုခမိန် ကိုစ်လေတာ၏။) ယင်းကျောက်စာ၏ သက္ကရာဇ်အရ ခရစ်တော်နှစ် ၁၁၀၇- ခုနှစ်ထိုးဟု ဖော်ပြသော်လည်း အရေးအသား၊ အသွင်အပြင် အသုံးအနှုန်းကို လေ့လာခြင်းအားဖြင့် ပုဂံခေတ်ထိုးမူရင်း ကျောက်စာမဟုတ်နိုင်။ စပ်ထိုးခေါ် နောက်ခေတ်လူများက ခေတ်အလျောက် ရေးသားသော အက္ခရာစာလုံးပေါင်းသို့ ပြောင်းလဲ၍ ကမ္ပည်းထိုးခဲ့သော ကျောက်စာပင်ဖြစ်သည်။

ခရစ်တော်နှစ် ၁၁၁၃ ခုနှစ် ထိုးမြစေတီခေါ် ဂူပြောက်ကြီးကျောက်စာတွင် မွန်၊ မြန်မာ၊ ပျူနှင့် ပါဠိဘာသာများဖြင့် တစ်မျက်နှာစီထိုးသော ကျောက်စာသည် မူလထိုးကျောက်စာဖြစ်ပြီး မြန်မာဘာသာမှာ ရှေးအကျဆုံးမူလထိုးဖြစ်သည်။

မွန်နှင့်ပျူဘာသာ ကျောက်စာမူလထိုးတို့ကို ထိုထက်နှစ်ပေါင်း ၅၀၀ ရှေးကျသည်ကိုလည်း တွေ့နိုင်သည်။ မြစေတီမူလထိုး မြန်မာကျောက်စာနှင့် အထက်ပါပရိမ္မကျောက်စာ (စပ်ထိုးကျောက်စာ) ကို နှိုင်းယှဉ်ပါမူ - ပရိမ္မကျောက်စာမှာ မြစေတီကျောက်စာထက် အရေးအသား အသုံးအနှုန်းများစွာ အဆင့်အတန်းမြင့်ပြီး၊ ကဗျာလင်္ကာဆန်ဆန် ရေးနိုင်၏။ စာလုံးပေါင်းလည်း များစွာကွာခြားသည်တို့ကို ထောက်ရှုလျှင် ယင်းကျောက်စာမှာ အင်းဝခေတ်ဦးလောက် သို့မဟုတ် ထို့ထက်အနည်းငယ် စော၍ စပ်ထိုးခဲ့သော ကျောက်စာပင် ဖြစ်တန်ရာသည်။

ကျန်စစ်သား၏ ပုဂံခေတ်ကျောက်စာများမှာ မွန်ဘာသာဖြင့်သာလျှင် ကမ္ပည်းထိုးခဲ့သော မူလထိုးကျောက်စာများကို တွေ့ရပြီး ထိုကျောက်စာများတွင် မွန်လူမျိုးကို 'ရမေည်' (R'men) ဟုသာ သုံးနှုန်းသည်ကို တွေ့ရသည်။ တလိုင်းဟူ၍ လုံးဝမတွေ့ရသဖြင့် ပရိမ္မကျောက်စာမှာ ကျန်စစ်သား၏ ပုဂံခေတ်မူလထိုးကျောက်စာမဟုတ်ကြောင်း ထင်ရှားလှပေသည်။

မည်သို့ဆိုစေ ပရိမ္မကျောက်စာကို တွေ့ရသဖြင့် မွန်ကိုတလိုင်းဟူ၍ အချို့က ခေါ်ဝေါ်ခဲ့သည်မှာ အလောင်းဘုရားခေတ်ကျမှ မဟုတ်ဘဲ အင်းဝခေတ် သို့မဟုတ် ထို့ထက် အနည်းငယ်စောသော ခေတ်ကိုပင် ခေါ်ဝေါ် သုံးနှုန်းခဲ့ဖူးသည်ကို သက်သေသာဓကပြနိုင်ပေသည်။

အင်းဝခေတ်တွင် မွန်ဘုရင်နှင့် မြန်မာဘုရင်များသည် ပုဂ္ဂိုလ်အနေဖြင့် အာကာလုမှုကြောင့် ပြည်သူအများ ဒုက္ခရောက်ခဲ့ဖူးသည်။ ဘုရင်များကြောင့် လူမျိုးရေးမုန်းတီးမှုလည်း ရှိကောင်းရှိပေမည်။ ထို့ကြောင့် ထိုခေတ်က မွန်ကိုတလိုင်းဟူ၍ သမုတ်ခဲ့ဟန်တူသည်။

၎င်းပြင် ယင်းကျောက်စာ၌ မွန်ပြည်ကို ဥဿာဟူလည်း ခေါ်သည်ဆိုပြန်ရာ မွန်ဘာသာကျောက်စာများ၊ ပေမူများတွင် မွန်ပြည်များကို ဒွါရဝတီ၊ သုဝဏ္ဏဘူမိသုဓမ္မဝတီ၊ ဟံသာဝတီ၊ ရာမည၊ ကြိဂုမ္ဘ၊ ပရပထုံ၊ သထုံ၊ ဒဂုန်၊ ဗဂိုး၊ ဥပါယ်ဂိုးဟူ၍သာ တွေ့ရ၏။

ဥပါယ်ဂိုးကို မြန်မာက ဥဿာပဲခူးဟု အကြားလွဲ၍ ခေါ်ခဲ့တန်ရာသည်။ မြန်မာတို့မွန်ပြည်ကို ဥဿာဟု ခေါ်သဖြင့် (Orissa) သြရိဿနယ်မှ ကုလားကိုအစွဲပြု၍ ဗဂိုးကို ဥဿာဟု ခေါ်ကြောင်း အချို့ဥရောပတိုက်သား ပညာရှင်များက ထင်မြင်ချက်ပေးပြန်၏။ ပါရဂူများ၏ ထင်မြင်ချက်သည် အားလုံးမှန်ကန်သည်ဟု မယူဆသင့်၊ ထင်မြင်ချက်သည် ထင်မြင်မှုသာဖြစ်၏။

ဟံသာဝတီကို ဥဿာဟု ခေါ်လျှင် မွန်များက အခံမခက်လှသော်လည်း မွန်ကိုတလိုင်းဟု ခေါ်လျှင် အလွန်နာကြ၏။ မွန်မျိုးစစ်သူတိုင်း ခံနိုင်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် အထက်ဖော်ပြပါ တလိုင်းဝေါဟာရ၏ အဓိပ္ပာယ်ကြောင့်ပင် ဖြစ်လေသည်။

တလိုင်းနာမည်ကို မွန်လူမျိုးများက လုံးဝမနှစ်မြို့ကြချေ။ တလိုင်းဝေါဟာရသည် တိလိင်္ဂနတိုင်းကို အစွဲပြု၍ဖြစ်စေ၊ အမျိုးမစစ် အဖေပျက်စီးသည်ဟူ၍ဖြစ်စေ၊ အခြားမည်သည့်အဓိပ္ပာယ်ဖြင့် သက်ဆိုင်ဆက်စပ်စေကာမူ အခေါ်ခံရသောကာယကံရှင်က အဆဲခံရသလို မကြိုက်နှစ်သက်ကြောင်းကို သိရှိပါက ရှောင်ရှားခြင်းသည် ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်ပေသည်။

ရာဇဝင်၌ ပါရှိသော မွန်မြန်မာတို့သည် ရှေးလွန်လေပြီးခဲ့သော အတိတ်ဘဝကလူများဖြစ်ကြ၍ ယခုပစ္စုပ္ပန် မွန်မြန်မာတို့သည် ပြည်ထောင်စုသားချင်းဖြစ်ကြပေပြီ။ ပြည်ထောင်စုကြီး တည်မြဲရေး၊ ကြီးပွားရေး၊ ပြည်တော်သာရေးအတွက် ပြည်ထောင်စုသားအချင်းချင်း ညီရင်းအစ်ကိုကဲ့သို့ ချစ်ကြည်လေးစားကြပြီး စည်းလုံးညီညွတ် အောင်ကြောင်းဖြာ ဆိုသကဲ့သို့ အချင်းချင်း စည်းလုံးညီညွတ်ရန် အထူးအရေးကြီးပေသည်။ နှုတ်ချိုလျှိုတစ်ပါးဟုဆိုသလို မွန်များနားဝင်ချိုလှသော မွန်ဟုသာ ရေးသားသုံးနှုန်းခေါ်ဝေါ်သင့်လှ၏။

၁၉၃၀ ခုနှစ်တွင် မွန်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဆာဂျေအေဦးမောင်ကြီးသည် မြန်မာပြည်၏ ခေတ္တဘုရင်အဖြစ် ဆောင်ရွက်စဉ် မွန်လူမျိုးကို (တလိုင်း) အစား (မွန်) ဟူ၍သာလျှင် စာပေဘာသာရပ်များတွင် အသိမှတ်ပြု ရေးသားသုံးနှုန်းခေါ်ဝေါ်ကြရန်နှင့် (မွန်) အမည်သည် (တလိုင်း) အမည်ထက် ပိုမိုသင့်လျော်မှန်ကန်သည့် အမည်ဖြစ်သဖြင့် နောက်နောင် (မွန်) ဟူ၍သာ ရေးသားသုံးနှုန်းခေါ်ဝေါ်ကြစေရန် ဘုရင်ခံ၏ ကောင်စီအစည်းအဝေး၌ ဘုရင်ခံကြီး ဆာဂျေအေဦးမောင်ကြီး၏ ညွှန်ကြားချက်အရ ပြည်ထဲရေးဌာန အတွင်းဝန်ထံက ၁၉၃၀ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့စွဲပါ ဆာကျူလာမင်မိန့်နံပါတ် ၁၇၄ ဝီ ၃၁ အရ အစိုးရဌာနကြီးအကဲများ အားလုံးသို့ ညွှန်ကြားခဲ့ပြီး ပြန်တမ်းထုတ်ပြန်ခဲ့ဖူးလေသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားများ စည်းလုံးမှုချစ်ကြည်မှုကို ဖန်တီးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီကလေးကပင် မွန်လူမျိုးများ မကြိုက်မနှစ်သက်သည့် တလိုင်းဝေါဟာရ ပျောက်လေအောင် အထက်ပါ ဆာကျူလာကိုပင် ဗိုလ်ချုပ်၏ ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်ချုပ်က ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နေ့စွဲပါ မင်မိုအမှတ် ၅၉ အိပ် အက်ဖ် ၄၇ (၁၇၁၃) အရ ဒုတိယအကြိမ် ဆက်လက်ညွှန်ကြား ထုတ်ပြန်ခဲ့ပြန်လေသည်။ ဗိုလ်ချုပ်၏ သွေးစည်းမှုဝါဒ တစ်ရပ်ပင် ဖြစ်၏။

ထိုနှစ်မှစပြီး မွန်ဟူသော အခေါ်အဝေါ် အရေးအသားသည် တမဟုတ်ခြင်းပေါ်လွင် ထင်ရှားသုံးနှုန်းခေါ်ဝေါ်ခဲ့ကြပါသည်။ တလိုင်းဝေါဟာရကို သုံးနှုန်းသူ အလွန်နည်းပါးလာ၏။ သို့ရာတွင် သတိမမူ ဂူမမြင် ပညာရှိ သတိဖြစ်ခဲ ဆိုသကဲ့သို့ သတိမထားသူ ပေါင်းများစွာပင် နှုတ်ကျိုး၊ ကလောင်ကျိုး ဖြစ်နေသော တလိုင်းဝေါဟာရကို တစ်ခါတစ်ရံ ခေါ်ဝေါ်ရေးသား သုံးနှုန်းကြသည်ကို မြင်တွေ့ရသေးသည်။

မကြာမြင့်မီက အစည်းအဝေးကြီးတစ်ခုတွင် မွန်လူမျိုးကို အထူးအားပေးချီးမြှင့်သော ခေါင်းဆောင်ကြီးတစ်ဦးက မိန့်ခွန်းပြောရင်း ရာဇဝင်ကို နှိုင်းယှဉ်ကိုးကားပြောဆိုရာတွင် (ကျန်စစ်သားက စောလူးမင်းကို ငရမန်ကန်း၏ အချုပ်ခန်းထဲက တိတ်တဆိတ်ဝင်ရောက်ခိုးယူစဉ် စောလူးမင်းက ကျန်စစ်သားအား မယုံကြည်သဖြင့် အော်ဟစ်လိုက်သောအခါ ကျန်စစ်သားမင်းက "ဟယ်မင်းဆိုးမင်းညစ် 'တလိုင်း' တို့လက်တွင် သေရစ်ပေတော့") အစရှိသည်ဖြင့် ရာဇဝင်စာအုပ်၌ ရေးသားပုံနှိပ်ထားသည့်အတိုင်း ပြန်လှန်ပြောခြင်း ဖြစ်ပေသည်။

ယင်းသို့ (တလိုင်း) ဝေါဟာရကို အမှတ်မထင် သုံးနှုန်းမိသော ပုဂ္ဂိုလ်ကြီးသည် မွန်ကို နှိမ့်ချလိုစိတ်လုံးဝမရှိဘဲ မွန်ကိုအလွန်ချစ်၍ အားပေးနေသောသူဖြစ်ကြောင်းကို မွန်ပညာရှိများက သိကြသော်လည်း မွန်လူငယ်အများက မသိသဖြင့် အထင်လွဲမိပေလိမ့်မည်။ အထက်ပါစကားတွင် ("ဟယ်မင်းဆိုးမင်းညစ် 'မွန်' တို့လက်တွင် သေရစ်ပေတော့") ဟူ၍ တလိုင်းအစား မွန်ဟု ပြင်ဆင်သုံးနှုန်းလိုက်ပါက ပို၍သင့်လျော်ပေမည်မဟုတ်ပါလော။

တက္ကသိုလ်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများတွင် အသုံးပြုလျက်ရှိသော ဖတ်စာအုပ်ဟောင်းများ၊ ရာဇဝင်စာအုပ်ဟောင်းများတွင် မွန်လူမျိုးကို တလိုင်းဟု ပုံနှိပ်ထားသဖြင့် ဆရာများနှင့် ကျောင်းသားများက စာအုပ်အတိုင်း တလိုင်းဟု ဟောပြောသုံးနှုန်းဖတ်ကြားကြသည်များကို ကြားရသည့် မွန်ကလေးများအတွက် မခံချင်ကြ၊ မကြားချင်၊ မကျေနပ်ချင်ဖွယ်ရာဖြစ်ကြောင်းကို သိရပေမည်။

မွန်တက်လူငယ်များ သွေးစည်းမှုကို ရှေးရှု၍ ပြင်ဆင်သင့်ပေသည်။ ပုံနှိပ်စာအုပ်ရှိ တလိုင်းဝေါဟာရကို စာဖတ်ရင်းပင် မွန်ဟု လက်ရေးဖြင့် ပြင်ဆင်၍ ဖတ်ကြားသင့်လှပေသည်။ ကျောင်းဆရာများ အထူးသတိပြု၍ ပြင်ဆင်သင့်ပေသည်။

၎င်းပြင် အသံလွှင့်ရုံမှ လွှင့်ရန်စကားများ၊ သတင်းစာများ၊ မဂ္ဂဇင်းများ၊ ရုပ်ရှင်ပြဇာတ်နှင့် ဇာတ်သဘင်များတွင်လည်း တလိုင်းဝေါဟာရအစား မွန်ဟု သတိပြု၍ ပြင်ဆင်သုံးနှုန်းသင့်ပေသည်။

စာရေးဆရာများ၊ သတင်းထောက်များ၊ အယ်ဒီတာများ၊ ကျောင်းဆရာများ၊ ကျောင်းသုံးစာအုပ်ကော်မတီနှင့် ပညာရေးဌာနအရာရှိများက စာအုပ်သစ်များတွင် တလိုင်းဝေါဟာရမပါစေရန် အထူးသတိပြုသင့်ပေသည်။ စာရေးသူက သတိလစ်၍ တလိုင်းဟု သုံးမိပါက တည်းဖြတ်သူ ပုံနှိပ်သူ တာဝန်ရှိသူက မွန်ဟု ပြင်ဆင်သင့်ပေသည်။

အရပ်ဒေသများတွင်လည်း တလိုင်းအိမ်၊ တလိုင်းလမ်း၊ တလိုင်းချောင်း၊ တလိုင်းရပ်၊ တလိုင်းနယ်၊ တလိုင်းပိန္နဲသီး၊ တလိုင်းမင်းသမီးနှင့် တလိုင်းမင်းသား၊ တလိုင်းသံ၊ တလိုင်းသီချင်းများ၏ အမည်များကိုလည်း မွန်အိမ်၊ မွန်လမ်း၊ မွန်ချောင်း၊ မွန်ရပ်၊ မွန်နယ်၊ မွန်ပိန္နဲသီး၊ မွန်မင်းသမီး၊ မွန်မင်းသား၊ မွန်သံ မွန်သီချင်းဟူ၍ ပြင်ဆင်ခေါ်ဝေါ်သုံးနှုန်းသင့်ပေသည်။

စာရေးသူ ငယ်စဉ်က နာမည်ကျော် မွန်မင်းသား တလိုင်းအောင်စိန် ဇာတ်ကိုကြည့်သူတိုင်း၊ ၎င်းသည် ပငရွာသားဖြစ်၍ သီချင်းဆိုရာတွင် (ငပိထောင်းနှင့် ထမင်းမိန် တလိုင်းအောင်စိန်တို့ ပငရွာကြီး) ဟူ၍ ကြားဖူးသည်။

၎င်းမင်းသားသည် တလိုင်းဝေါဟာရ၏ အဓိပ္ပာယ်ကို မွန်အသင်းမှ ဆရာဘုန်းတော်ကြီးများက ပြောပြပြီးသောအခါ ၎င်း၏နာမည်ကို မွန်အောင်စိန်ဟု ပြောင်း၍ သီချင်းကိုလည်း (မွန်အောင်စိန်တို့ ပငရွာကြီး) ဟု ပြောင်းလဲသီချင်းဆိုခဲ့သဖြင့် မွန်အသင်းကြီးက ၎င်းအား ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ဖူးပေသည်။

လွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးများစွာရှိသည့် ပြည်ထောင်စုတည်တံ့ရေးနှင့် ပြည်တော်သာရေး လုပ်ငန်းများ အကောင်အထည်ဖော်ရန် ဗလငါးတန်အနက် စိတ္တဗလမဏ္ဍိုင်တည်ဆောက်ရေးသည် အထူးအရေးကြီးလှ၏။ တိုင်းပြည်တွင် လူမျိုးရေးပဋိပက္ခမဖြစ်စေဘဲ အချင်းချင်း ညီအစ်ကိုကဲ့သို့ ချစ်ကြည်လေးစားကြရန် အလွန်အရေးကြီးလှသည်။

တိုင်းရင်းသားတစ်မျိုးက မကြိုက်မနှစ်သက်သော မနှစ်မြို့သောအခေါ်အဝေါ် အပြုအမူများကို အခြားညီနောင်တိုင်းရင်းသားများက အထူးလေးစားစွာ သတိပြုရှောင်ရှားရန်သင့်ပေသည်။

ပျက်အစဉ် ပြင်ခဏဆိုသလို တလိုင်းမှ မွန်ဟု ပြင်ဆင်ခေါ်ဝေါ်သုံးနှုန်းရန် မည်သူမျှ ဝန်လေးဖွယ်မရှိပါ၍ ပြည်ထောင်စုသားချင်း ချစ်ကြည်မှုကို ရှေးရှုလျက် တလိုင်းဝေါဟာရကို ပင်လယ်မျှောချကာ တိလိင်္ဂနတိုင်းသို့ ပြန်ပို့ရင်း မွန်နာမည်ရင်းကိုသာ အားလုံးက လက်ခံသုံးနှုန်း ခေါ်ဝေါ်သမုတ်နိုင်ကြပါစေသတည်း။

နိုင်ပန်းလှ

ဖေ့စ်ဘွတ်ခ်တွင် စိန်ခေါ်ရာမှ လမ်းမပေါ်၌ ပြိုင်ဘက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အဖွဲ့အား ဖမ်းဆီးရမိပထုံဌာနီ၊ ဧပြီ ၁၁ထိုင်းနိုင်...
11/04/2026

ဖေ့စ်ဘွတ်ခ်တွင် စိန်ခေါ်ရာမှ လမ်းမပေါ်၌ ပြိုင်ဘက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အဖွဲ့အား ဖမ်းဆီးရမိ
ပထုံဌာနီ၊ ဧပြီ ၁၁

ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်အတွင်း လူငယ်အချင်းချင်း ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် စိန်ခေါ်ရာမှ လမ်းမပေါ်တွင် သေနတ်ဖြင့် လိုက်လံပစ်ခတ်သတ်ဖြတ်ခဲ့သည့်အဖွဲ့မှ တရားခံအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။
ယနေ့ (ဧပြီ ၁၁ ရက်) နံနက် ၁၁ နာရီအချိန်တွင် သန့်ယာဘူရီ (Thanyaburi) ရဲစခန်းမှ တာဝန်ရှိသူများသည် အဆိုပါပစ်ခတ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

ဖမ်းဆီးရမိသူများတွင် အသက် ၃၃ နှစ်အရွယ် ကားမောင်းသူနှင့် စတင်ပစ်ခတ်သူ မစ္စတာ ကိုင်းဝု (ခ) အက်ဖ် အပါအဝင် အသက် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦး ပါဝင်သည်။

၎င်းတို့နှင့်အတူ သက်သေခံပစ္စည်းများဖြစ်သည့် ၉ မမ ပစ္စတိုသေနတ်တစ်လက်၊ ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ယင်းအမှုသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က ရန်စစ်-နခွန်နာယော့ လမ်းမ၊ ခလောင် (၁၁) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးကာ နောက်ထပ်လူငယ်တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။

ဖမ်းဆီးရမိသူ လူငယ်တစ်ဦး၏ ထွက်ဆိုချက်အရ အခင်းဖြစ်ပွားသည့်နေ့က သေဆုံးသူဘက်မှ ဖေ့စ်ဘွတ်ခ် (Facebook) မက်ဆင်ဂျာမှတစ်ဆင့် လာရောက်စိန်ခေါ်သဖြင့် ဆွေမျိုးများက တားဆီးသည့်ကြားမှ ချိန်းဆိုထားသည့်နေရာသို့ သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့သွားရောက်ရာတွင် စီနီယာဖြစ်သူ မစ္စတာအက်ဖ်က ကားဖြင့် လိုက်ပါလာခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့အုပ်စုနှစ်ခုသည် ယခင်ကလည်း အပြန်အလှန် လိုက်လံပစ်ခတ်ဖူးသည့် ရန်ငြိုးဟောင်းများ ရှိခဲ့ကြသူများဖြစ်ကြောင်း ဝန်ခံထားသည်။

ရဲတပ်ဖွဲ့အနေဖြင့် အဓိကတရားခံ အက်ဖ်ကို ကမ်ဖိန်ဖက် (Kamphaeng Phet) ခရိုင်တွင် ဦးစွာဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းမှတစ်ဆင့် ကျန်ရှိသည့်လူငယ်များကို ထပ်မံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့ကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ လူသတ်ရန်ကြိုးပမ်းမှုနှင့် လက်နက်ဥပဒေများဖြင့် အမှုဖွင့်အရေးယူထားသည်။

ယခုအမှုတွင် ပါဝင်ပတ်သက်သူ စုစုပေါင်း ၈ ဦးရှိသည့်အနက် ၃ ဦးကို ဖမ်းဆီးရမိထားပြီး ကျန်ရှိနေသည့် တရားခံပြေး ၅ ဦးကိုလည်း ရဲတပ်ဖွဲ့က အမြန်ဆုံးဖမ်းဆီးနိုင်ရန် အရှိန်အဟုန်ဖြင့် လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရသည်။

Crd- @โจโฉ #โจโฉ #ပထုံဌာနီ #ยิงกันเสียชีวิต #ข่าวอาชญากรรม
#ပထုံဌာနီ #လူသတ်မှု #ထိုင်းသတင်း #မှုခင်းသတင်း

ကန်ချနဘူရီ၌ ဧက ၆၀၀ ကျော်ကျယ်ဝန်းသည့် အနောက်ဘက်ခြမ်း အထူးစီးပွားရေးဇုန်နှင့် အကြီးစားဒေတာစင်တာစီမံကိန်းများ စတင်ရန်ပြင်ဆင...
11/04/2026

ကန်ချနဘူရီ၌ ဧက ၆၀၀ ကျော်ကျယ်ဝန်းသည့် အနောက်ဘက်ခြမ်း အထူးစီးပွားရေးဇုန်နှင့် အကြီးစားဒေတာစင်တာစီမံကိန်းများ စတင်ရန်ပြင်ဆင်လျက်ရှိ
ကန်ချနဘူရီ၊ ဧပြီ ၁၁

ထိုင်းနိုင်ငံအနောက်ဘက်ခြမ်း ကန်ချနဘူရီပြည်နယ်တွင် ဧက ၆၀၀ ခန့် (ရိုင် ၁,၅၀၀) ကျယ်ဝန်းသော အနောက်ဘက်ခြမ်း အထူးစီးပွားရေးဇုန်စီမံကိန်းကြီးကို အကောင်အထည်ဖော်ရန် စတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက Shanghai Thai Rubber Products ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာယုံယွတ် (Mr. Yongyuth Kongsawat) ဦးဆောင်သော အင်ဂျင်နီယာအဖွဲ့သည် ကန်ချနဘူရီခရိုင်၊ ဘန့်ကောင်တိုက်နယ်ရှိ စီမံကိန်းမြေနေရာသို့ ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးကာ မြေပုံရေးဆွဲခြင်းနှင့် အသေးစိတ်ဒီဇိုင်းများကို ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အထူးစီးပွားရေးဇုန်အတွင်း တကယ်ကို စိတ်ဝင်စားဖွယ်ကောင်းသည့် စီမံကိန်းကြီး ရှစ်ခု ပါဝင်မည်ဖြစ်ပြီး ယင်းတို့အနက် ထိုင်းဆရာအတတ်သင်ကောင်စီ (Khurusapha) နှင့် ပူးပေါင်းဆောင်ရွက်မည့် ပညာရေးဗဟိုဌာန၊ ခေတ်မီဒေတာစင်တာ (Data Center) ကြီးတစ်ခု၊ ဇီဝဒြပ်ထု (Biomass) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံနှင့် ၅၀ မဂ္ဂါဝပ် ထွက်ရှိမည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဖမ်း (Solar Farm) စီမံကိန်းတို့မှာ အဓိကပါဝင်မည်ဖြစ်သည်။

စီမံကိန်းမြေနေရာမှာ ဘန့်ကောင်တိုက်နယ်၊ ဘန့်ဝမ်ယဲန်းရထားဘူတာအနီးရှိ ကန်ချနဘူရီအထူးစီးပွားရေးဇုန် နယ်မြေအတွင်း တည်ရှိပြီး ထိုင်းနိုင်ငံတော်မီးရထားဌာနထံမှ မြေနေရာအသုံးပြုခွင့်ကိုလည်း ခွင့်ပြုချက်ရရှိထားပြီးဖြစ်သည်။

အဆိုပါစီမံကိန်းကို Shanghai Thai Rubber ကုမ္ပဏီနှင့် Sombat Damri ကုမ္ပဏီတို့ ပူးပေါင်း၍ စုစုပေါင်းမြေဧက ၃၇၀ နီးပါး (ရိုင် ၉၁၈ ရိုင်) ပေါ်တွင် အကောင်အထည်ဖော်ရန် ရည်မှန်းထားပြီး ယင်းနေရာသည် မော်တော်ဝေးလမ်းမကြီး (M81) နှင့် နီးကပ်စွာတည်ရှိသဖြင့် သယ်ယူပို့ဆောင်ရေးနှင့် အချက်အလက်ချိတ်ဆက်မှုများအတွက် အားသာချက်အများအပြား ရှိနေသည်။

ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာယုံယွတ်သည် ကန်ချနဘူရီပြည်နယ် စက်မှုလက်မှုဦးစီးဌာန တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံကာ စီမံကိန်းအသေးစိတ်ကို တင်ပြဆွေးနွေးခဲ့ရာ ပြည်နယ်အာဏာပိုင်များဘက်ကလည်း စီမံကိန်းအောင်မြင်ပါက ကန်ချနဘူရီပြည်နယ်၏ စီးပွားရေးမျက်နှာစာကို သိသာစွာပြောင်းလဲစေမည်ဖြစ်၍ လိုအပ်သည့်လုပ်ထုံးလုပ်နည်းများကို ကူညီဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သည်။

မစ္စတာယုံယွတ်၏ အဆိုအရ ဒေတာစင်တာ (Data Center) သည် ဒီဂျစ်တယ်စီးပွားရေးစနစ်တစ်ခုလုံး၏ ဦးနှောက်ကဲ့သို့ အရေးကြီးသဖြင့် ယင်းစီမံကိန်းပေါ်ပေါက်လာပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ထိုင်းနိုင်ငံသို့ ပိုမိုဝင်ရောက်လာမည်ဖြစ်သည်။

လက်ရှိတွင် ကုမ္ပဏီအဖွဲ့သည် စီမံကိန်းအတွက် လိုအပ်သည့် ရေအရင်းအမြစ်ရှာဖွေရေးနှင့် မြေပုံညွှန်းနယ်နိမိတ် အတိအကျဖြစ်စေရေးအတွက် ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းစစ်ဆေးလျက်ရှိသည်။

အဆိုပါစီမံကိန်းကြီးသာ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက ကန်ချနဘူရီပြည်နယ်သည် နောင်အနာဂတ်တွင် နယ်စပ်မြို့လေးတစ်ခုအဆင့်မှသည် ဒေသတွင်း ဒီဂျစ်တယ်စီးပွားရေးနှင့် နည်းပညာဗဟိုချက်အဖြစ်သို့ တက်လှမ်းနိုင်တော့မည်ဖြစ်ပြီး ဒေသခံများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။

Crd- Khao Matuphum News

"ရွှေကုက္ကိုလ်" အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်ကို ပတ္တရားမှာ ဖမ်းမိ၊ ငွေကြေးလည်ပတ်မှု ဘတ် ၁၃ ဘီလီယံကျော်ရှိManager Onli...
10/04/2026

"ရွှေကုက္ကိုလ်" အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်ကို ပတ္တရားမှာ ဖမ်းမိ၊ ငွေကြေးလည်ပတ်မှု ဘတ် ၁၃ ဘီလီယံကျော်ရှိ
Manager Online- ဧပြီ (၁၀)

မြန်မာနိုင်ငံနယ်စပ်က နာမည်ကြီး "ရွှေကုက္ကိုလ်" မြို့သစ်စီမံကိန်းနောက်ကွယ်က အဓိကကြိုးကိုင်သူတစ်ဦးဖြစ်တဲ့ တရုတ်နိုင်ငံသား မစ္စတာ ပေမင်ရှီ (Pei Minshi) ကို ထိုင်းကွန်မန်ဒိုရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးတို့ ပူးပေါင်းပြီး ပတ္တရားမြို့မှာ ဧပြီလ ၉ ရက်နေ့က ဖမ်းဆီးလိုက်ပါပြီ။

ဒီလူဟာ သာမန်လူမဟုတ်ပါဘူး။ တရုတ်နိုင်ငံတစ်ဝန်းက ပြည်နယ် ၃၁ ခုအထိ ဖြန့်ကြက်ထားတဲ့ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ခုကို ကြိုးကိုင်နေသူဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၃ သိန်း ၃ သောင်းကျော် ရှိပါတယ်။

သူ့ရဲ့ လောင်းကစားကွန်ရက်ထဲမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏဟာ တရုတ်ယွမ်ငွေ ၂,၇၇၅ ဘီလီယံ (ထိုင်းဘတ်ငွေ ၁၃ ဘီလီယံကျော်) အထိ ရှိနေတာကြောင့် တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးကို အကြီးအကျယ် ထိခိုက်စေတဲ့ အဓိကတရားခံပြေးတစ်ဦးလည်း ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ သူဟာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ထဲက "ရွှေကုက္ကိုလ်" (Shwe Kokko) မြို့သစ်စီမံကိန်းရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်ကတည်းက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို စနစ်တကျ လုပ်ကိုင်ခဲ့တာပါ။

ဒီနှစ်တွေအတွင်းမှာတင် အနည်းဆုံး ဘတ်ငွေ ၂,၄၀၀ သန်းကျော်ကို အမြတ်အစွန်းအဖြစ် မတရား ရယူခဲ့တယ်လို့ သိရပါတယ်။

သူ့ကို ဖမ်းဖို့ခက်အောင် ပုံစံအမျိုးမျိုးနဲ့ လှည့်စားခဲ့ပါသေးတယ်။
၂၀၂၄ ခုနှစ်တုန်းက ထိုင်းကနေ လာအိုကို တရုတ်ပတ်စပို့နဲ့ ထွက်သွားခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှာ ထိုင်းကို ပြန်ဝင်လာတော့ ကာရစ်ဘီယံဒေသက စိန့်ကစ်နဲ့ နီးဗစ် (St. Kitts and Nevis) နိုင်ငံက ထုတ်ပေးတဲ့ ပတ်စပို့ကို သုံးပြီး အာဏာပိုင်တွေကို မျက်စိလည်အောင် လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ခေတ်မီ မျက်နှာဖတ်စနစ် (Facial Recognition) ကြောင့် သူဟာ တရုတ်က အလိုရှိနေတဲ့သူဆိုတာ ပေါ်သွားပြီး ပတ္တရား၊ ဂျွန်တီယံ (Soi 14) လမ်းက နေအိမ်ရှေ့မှာတင် အဖမ်းခံလိုက်ရတာပါ။

လောလောဆယ်မှာတော့ သူ့ရဲ့ ထိုင်းဗီဇာကို ပယ်ဖျက်လိုက်ပြီး တရုတ်သံရုံးနဲ့ ညှိနှိုင်းကာ တရုတ်နိုင်ငံ၊ ကျန့်ကျန်း (Zhenjiang) မြို့ ရဲစခန်းရဲ့ ဖမ်းဝရမ်းအတိုင်း နေရပ်ပြန်ပို့ပြီး အရေးယူဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

အင်တာပိုလ် (Interpol) က အလိုရှိနေတဲ့ နော်ဒစ် (Nordic) မာဖီးယားဂိုဏ်းချုပ်တစ်ဦးကို ဖူးခက်မှာဖမ်းဆီးရမိBangkok Post- ဧပြီ ...
10/04/2026

အင်တာပိုလ် (Interpol) က အလိုရှိနေတဲ့ နော်ဒစ် (Nordic) မာဖီးယားဂိုဏ်းချုပ်တစ်ဦးကို ဖူးခက်မှာဖမ်းဆီးရမိ
Bangkok Post- ဧပြီ (၁၀)

ဖူးခက်ပြည်နယ်က ဇိမ်ခံကွန်ဒိုတစ်ခုမှာ ပုန်းအောင်းနေတဲ့ ဆွီဒင်နိုင်ငံသား မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

သူ့နာမည်ကတော့ မစ္စတာဘိုရန် (Mr. Boran) ဖြစ်ပြီး သူဟာ နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) က အနီရောင်အဆင့် (Red Notice) ထုတ်ပြီး အလိုရှိနေတဲ့ အန္တရာယ်ရှိ ရာဇဝတ်သားတစ်ဦး ဖြစ်ပါတယ်။

ဆွီဒင်အာဏာပိုင်တွေရဲ့ အဆိုအရ ဒီလူဟာ ဆွီဒင်နိုင်ငံမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ နော်ဒစ်ရာဇဝတ်ဂိုဏ်းရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးပါ။

သူဟာ ၂၀၂၀ ခုနှစ်က ဆွီဒင်နိုင်ငံ၊ အာစတာ (Arsta) မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှာ အသုံးပြုခဲ့တဲ့ တရားမဝင်လက်နက်ကို ကိုင်ဆောင်ထားမှုအပြင်၊ တခြားလူသတ်မှုတွေ၊ လက်နက်မှုတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့လည်း ဆက်နွှယ်နေတယ်လို့ ယူဆရပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ဒီလူ ဖူးခက်မှာ ရောက်နေတယ်ဆိုတဲ့ သတင်းကို ရရှိပြီးနောက် စုံစမ်းထောက်လှမ်းမှုတွေ လုပ်ခဲ့ရာကနေ ဇိမ်ခံကွန်ဒိုတစ်ခုမှာ နေထိုင်နေတာကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ကြာသပတေးနေ့ နေ့လယ်ပိုင်းမှာပဲ ရဲတပ်ဖွဲ့က ကွန်ဒိုစီမံခန့်ခွဲရေးအဖွဲ့နဲ့ ညှိနှိုင်းပြီး အခန်းထဲကို ဝင်ရောက်ရှာဖွေရာမှာ သူ့ကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။

သူ့ရဲ့ မှတ်တမ်းတွေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က စတူး (Satun) ဘက်ကနေ ခရီးသွားဗီဇာနဲ့ ထိုင်းနိုင်ငံထဲကို ဝင်လာတာ ဖြစ်ပါတယ်။ ဗီဇာသက်တမ်းကို ဖူးခက်မှာ ဧပြီလ ၃ ရက်နေ့အထိ တိုးခဲ့ပေမဲ့ အခုချိန်မှာတော့ ဗီဇာသက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ သူ့ကို ဗီဇာသက်တမ်း ၆ ရက်ကျော်လွန်နေထိုင်မှု (Overstay) နဲ့ အမှုဖွင့်ထားပြီး ထိုင်းနိုင်ငံရဲ့ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေ ပြီးတာနဲ့ ဆွီဒင်နိုင်ငံကို ပြန်လည်လွှဲပြောင်း ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခွန်ရှောင်ဆေးလိပ် အထုပ်ပေါင်း ၆ သောင်းကျော် တင်ဆောင်လာသည့် အမျိုးသား ၂ ဦး ကန်ချနဘူရီတွင် ဖမ်းဆီးခံရထောင်ဖာဖွန်- ဧပြီ (၁...
10/04/2026

အခွန်ရှောင်ဆေးလိပ် အထုပ်ပေါင်း ၆ သောင်းကျော် တင်ဆောင်လာသည့် အမျိုးသား ၂ ဦး ကန်ချနဘူရီတွင် ဖမ်းဆီးခံရ
ထောင်ဖာဖွန်- ဧပြီ (၁၀)

ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖွန်လမ်းဆုံ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ ပူးပေါင်းအဖွဲ့တွေဟာ အခွန်ရှောင်ဆေးလိပ်တွေ အပြည့်တင်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီးကို ဧပြီလ ၉ ရက် မွန်းလွဲ ၁ နာရီအချိန်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါကားပေါ်မှာ လိုက်ပါလာတဲ့ အသက် ၃၃ နှစ်အရွယ် မစ္စတာ စတုရွန် နဲ့ အသက် ၃၇ နှစ်အရွယ် ကိုအက် (မြန်မာနိုင်ငံသား) တို့ နှစ်ဦးကိုလည်း အတူတကွ ဖမ်းဆီးနိုင်ခဲ့တာပါ။

ကားပေါ်မှာ ရှာဖွေစစ်ဆေးရာကနေ အောက်ပါ အခွန်ရှောင်ဆေးလိပ်တွေကို သိမ်းဆည်းရမိခဲ့ပါတယ် -
၁။ Texas (ရွှေရောင်) - ၁၀,၀၀၀ ထုပ်
၂။ Texas (အစိမ်းရောင်) - ၅,၀၀၀ ထုပ်
၃။ Texas (အပြာရောင်) - ၁၄,၉၀၀ ထုပ်
၄။ ကန်ထစ် (Krong Thip) ဆေးလိပ် - ၃၆,၀၀၀ ထုပ်
စုစုပေါင်း ဆေးလိပ်အထုပ်ရေ ၆၅,၉၀၀ ထုပ်ရှိပြီး ကာလတန်ဖိုးအားဖြင့် ဘတ် ၃.၆ သန်းခန့် ရှိတယ်လို့ သိရပါတယ်။

စစ်ဆေးမေးမြန်းချက်အရ ပထမတရားခံ စတုရွန်က သူတို့နှစ်ဦးဟာ စံခလဘူရီမြို့နယ်မှာရှိတဲ့ အမည်မသိ အမျိုးသားတစ်ဦးဆီကနေ ဒီကားကို မောင်းလာဖို့ အခကြေးငွေနဲ့ အငှားလိုက်ခဲ့တာလို့ ဝန်ခံထားပါတယ်။

ဆွန်ကရလီယာလမ်းဆုံနားမှာ ရပ်ထားတဲ့ အဆိုပါကားကို ကန်ချနဘူရီမြို့ထဲအထိ မောင်းသွားပေးရမှာဖြစ်ပြီး မြို့ထဲရောက်ရင်တော့ နောက်ထပ်လူတစ်ယောက်က ကားကို လာရောက်လွှဲပြောင်းယူဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယတရားခံ ကိုအက်ကတော့ သူဟာ စံခလဘူရီကို ကားတစ်စီးသွားယူဖို့အတွက် ဒီကားမှာ လမ်းကြုံလိုက်ပါလာတာသာဖြစ်ပြီး ကားပေါ်မှာ တရားမဝင်ပစ္စည်းတွေ ပါလာတာကို လုံးဝမသိရှိကြောင်း ငြင်းဆိုထားပါတယ်။

လောလောဆယ်မှာတော့ တာဝန်ရှိသူတွေက သူတို့နှစ်ဦးကို "အခွန်မပေးဆောင်ထားတဲ့ ကုန်ပစ္စည်းတွေကို ရောင်းချရန် ရည်ရွယ်ချက်ဖြင့် ပူးပေါင်းလက်ဝယ်ထားရှိမှု" နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

Crd- ကန်ချနပူရီသတင်း

#ထိုင်းသတင်း #အခွန်ရှောင်ဆေးလိပ် #ကန်ချနဘူရီ #ဆေးလိပ်မှောင်ခို #ထောင်ဖာဖွန် #ဘုရားသုံးဆူလမ်းကြောင်း

အရေးပေါ် သတင်းပေးပို့ကြဖို့ အကူအညီတောင်းခံလွှာ (ဝိုင်းဝန်း Share ပေးကြပါ)စံခလပူရီ (Sangkhlaburi) ရဲစခန်းမှာ မိသားစုဝင်တွ...
10/04/2026

အရေးပေါ် သတင်းပေးပို့ကြဖို့ အကူအညီတောင်းခံလွှာ (ဝိုင်းဝန်း Share ပေးကြပါ)

စံခလပူရီ (Sangkhlaburi) ရဲစခန်းမှာ မိသားစုဝင်တွေက တိုင်ချက်ဖွင့်ထားတဲ့ သတင်းအရ - ဒီပုံထဲမှာပါတဲ့ ပုဂ္ဂိုလ်ဟာ မိသားစုဝင်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့လို့ ဒဏ်ရာပြင်းထန်စွာရရှိပြီး သေဆုံးသွားခဲ့ရပါတယ်။

ဒါကြောင့် ဒီလူနဲ့ပတ်သက်တဲ့ သတင်းအစအန ဒါမှမဟုတ် သဲလွန်စတစ်ခုခု သိရှိထားတယ်ဆိုရင် စံခလပူရီရဲစခန်းကို အမြန်ဆုံး သတင်းပေးပို့ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ဆက်သွယ်ရန်ဖုန်း - စံခလပူရီရဲစခန်း ၀၃၄-၅၉၅-၃၀၀

#စံခလပူရီ #အရေးပေါ်သတင်း #သတင်းပေးပို့ရန် #ထိုင်းသတင်း #လူသတ်မှု

၄၂ နှစ်အကြာမှာ ထိုင်းနိုင်ငံက "သေမင်းတမန်ရထားလမ်း" အပိုင်းအစတွေ ရေမျက်နှာပြင်ပေါ် ပြန်ပေါ်လာKhaosod - ဧပြီ (၁၀)ထိုင်းနို...
10/04/2026

၄၂ နှစ်အကြာမှာ ထိုင်းနိုင်ငံက "သေမင်းတမန်ရထားလမ်း" အပိုင်းအစတွေ ရေမျက်နှာပြင်ပေါ် ပြန်ပေါ်လာ
Khaosod - ဧပြီ (၁၀)

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ စံခလပူရီအနီး ရန်တီမြစ် (Rantee River) ထဲမှာ ၄၂ နှစ်ကြာအောင် ရေအောက်ရောက်နေခဲ့တဲ့ ဒုတိယကမ္ဘာစစ်လက်ကျန် "သေမင်းတမန်ရထားလမ်း" အပိုင်းအစတွေဟာ အခုအခါမှာတော့ ရေမျက်နှာပြင်ပေါ်ကို ပြန်ပေါ်လာပါပြီ။

ဒါဟာ ဆည်ပြုပြင်ထိန်းသိမ်းဖို့အတွက် ရေတွေလျှော့ချလိုက်ရာကနေ ရေမျက်နှာပြင် တော်တော်လေး ကျဆင်းသွားတဲ့အတွက်ကြောင့်ဖြစ်ပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာလည်း လူပြောများနေပါတယ်။

ဒီရထားလမ်းဟောင်းရဲ့ အကြွင်းအကျန်တွေကို ဝိဇယလောင်ကွန်း (Vajiralongkorn) ဆည်ကနေ ရေတွေလွှတ်လိုက်ပြီးနောက် စံခလပူရီ (Sangkhlaburi) မြို့အနီးမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။

အရင်ကတော့ ဒီသမိုင်းဝင်ရထားလမ်းပိုင်းတွေဟာ ရေအောက်ထဲမှာပဲ နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၇ နှစ်အရွယ် ဒေသခံတစ်ဦးဖြစ်တဲ့ ကိုကစ်တီက သူနဲ့ သူ့သူငယ်ချင်းတွေ အဲဒီဒေသတဝိုက်မှာ သွားရောက်လေ့လာရင်းနဲ့ ဒီရထားလမ်းအကြွင်းအကျန်တွေကို တွေ့ခဲ့တာလို့ ပြောပါတယ်။

ရန်တီတံတားကနေ စံခလပူရီ လမ်းဆုံအထိ ၈ ကီလိုမီတာလောက် ရှည်လျားတဲ့ ရထားလမ်းအပိုင်းအစတွေကို တွေ့ခဲ့ရတာပါ။

အဲဒီထဲမှာ ၄ မီတာလောက်ကျယ်တဲ့ မြေနီလမ်းပိုင်းတွေနဲ့အတူ မြစ်ထဲကနေ ပေါ်ထွက်နေတဲ့ ၁၀ မီတာ ပတ်လည်ရှိတဲ့ ကွန်ကရစ် ရေကန်ကြီးတစ်ခုကိုလည်း တွေ့ရပါတယ်။ ဒါဟာ အရင်တုန်းက မီးရထားစက်ခေါင်းတွေကို ရေဖြည့်ပေးဖို့အတွက် အသုံးပြုခဲ့တဲ့ ရေလှောင်ကန်ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

ဒီလို ထူးထူးခြားခြား ပေါ်လာတာဟာ ဆည်ကို တည်ဆောက်ပြီးစီးခဲ့တဲ့ ၁၉၈၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရတော့ ရေမျက်နှာပြင် အခြေအနေပေါ်မူတည်ပြီး အခု ဧပြီလကနေ ဇွန်လအထိလောက်ပဲ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ကိုကစ်တီကတော့ သင်္ကြန်ရုံးပိတ်ရက်အတွင်းမှာ အဲဒီနေရာကိုလာရောက်ပြီး သမိုင်းဝင်အမွေအနှစ်တွေကို လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်ထားပါတယ်။

"သေမင်းတမန်ရထားလမ်း" လို့ လူသိများတဲ့ ဒီလမ်းကိုတော့ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ အောက်တိုဘာကနေ ၁၉၄၃ အောက်တိုဘာအထိ ထိုင်းနဲ့ မြန်မာကို ဆက်သွယ်ဖို့အတွက် ဂျပန်တပ်မတော်က တည်ဆောက်ခဲ့တာပါ။

ဒီစီမံကိန်းမှာ မဟာမိတ်စစ်သုံ့ပန်းတွေနဲ့ အာရှတိုက်က အလုပ်သမားတွေကို အဓမ္မစေခိုင်းခဲ့ပြီး ဆိုးရွားတဲ့ အခြေအနေတွေ၊ ရောဂါဘယတွေနဲ့ အာဟာရချို့တဲ့မှုတွေကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

စစ်ပြီးသွားတဲ့အခါမှာတော့ ရထားလမ်းတချို့ကို ဖျက်သိမ်းခဲ့သလို တချို့အပိုင်းတွေကတော့ ဆည်ဆောက်လိုက်တဲ့အတွက် ရေအောက်ကို ရောက်သွားခဲ့တာပါ။

ဒီကနေ့မှာတော့ ဒီရထားလမ်းဟာ စစ်ပွဲရဲ့ဆိုးကျိုးတွေကို ပြသနေတဲ့ အမှတ်တရတစ်ခုအနေနဲ့ အရှေ့တောင်အာရှရဲ့ အရေးပါတဲ့ စစ်လက်ကျန် အမွေအနှစ်တစ်ခု ဖြစ်နေဆဲပါပဲ။

#သေမင်းတမန်ရထားလမ်း #ထိုင်းသတင်း #ကန်ချနာဘူရီ #ဒုတိယကမ္ဘာစစ် #သမိုင်းဝင်နေရာ

"ရှီကျင့်ဖျင်" ထိုင်ဝမ်အတိုက်အခံခေါင်းဆောင်နဲ့ တွေ့ဆုံ၊ လွတ်လပ်ရေးကြေညာတာကို လက်မခံဘူးလို့ပြောပြီး နှစ်ဖက်စလုံး ပြန်ပေါင...
10/04/2026

"ရှီကျင့်ဖျင်" ထိုင်ဝမ်အတိုက်အခံခေါင်းဆောင်နဲ့ တွေ့ဆုံ၊ လွတ်လပ်ရေးကြေညာတာကို လက်မခံဘူးလို့ပြောပြီး နှစ်ဖက်စလုံး ပြန်ပေါင်းစည်းမှာကို ယုံကြည်နေ
Thairath - ဧပြီ ၁၀

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ထိုင်ဝမ်ရဲ့ အတိုက်အခံခေါင်းဆောင် ဖြစ်တဲ့ ကူမင်တန် (KMT) ပါတီဥက္ကဋ္ဌ မစ္စစ်ကျိန်းလီဝမ်ကို ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကြေညာမှုကို တရုတ်အနေနဲ့ "လုံးဝလက်မခံနိုင်ဘူး" ဆိုတာကို ထပ်လောင်းပြောကြားခဲ့သလို အနာဂတ်မှာ နှစ်ဖက်စလုံး ပြန်ပြီးပေါင်းစည်းသွားမယ်လို့လည်း ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ထိုင်ဝမ်ရဲ့ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကူမင်တန် (KMT) ပါတီဥက္ကဋ္ဌ မစ္စစ်ကျိန်းလီဝမ်ကို ပေကျင်းမြို့က ပြည်သူ့ခမ်းမဆောင်ကြီးမှာ ကြိုဆိုခဲ့ပါတယ်။

ဒါဟာ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ၁၀ နှစ်အတွင်း ကူမင်တန်ပါတီခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံး တရုတ်ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲအတွင်းမှာ သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်စလုံးက ပြည်သူတွေဟာ နောက်ဆုံးမှာ ပြန်ပေါင်းစည်းသွားကြမှာဖြစ်တယ်လို့ အပြည့်အဝယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ ဒါဟာ "ဘယ်သူမှ တားဆီးလို့မရတဲ့ သမိုင်းရေစီးကြောင်းကြီး" လို့လည်း သူက ဆိုပါတယ်။

တရုတ်ခေါင်းဆောင်က "ရေလက်ကြား နှစ်ဖက်စလုံးမှာရှိတဲ့ မျိုးချစ်တွေဟာ တရုတ်လူမျိုးတွေပဲ ဖြစ်တယ်၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုလားတဲ့ မိသားစုဝင်တွေပဲ ဖြစ်တယ်" လို့ ပြောပါတယ်။ ဒါ့အပြင် နှစ်ဖက်စလုံးဟာ "တရုတ်တစ်နိုင်ငံတည်း" ရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောသွားပါတယ်။

"မိသားစု သဟဇာတဖြစ်ရင် အရာရာ အဆင်ပြေတိုးတက်မှာပါ။ ထိုင်ဝမ် ခွဲထွက်ရေး (ဒါမှမဟုတ်) လွတ်လပ်ရေးလုပ်တာဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတဲ့ အဓိကတရားခံပဲ။ ဒါကို ကျွန်တော်တို့ လုံးဝလက်မခံနိုင်သလို သဘောလည်းမတူဘူး" လို့ ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ "ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်တယ်" ဆိုတဲ့ တူညီတဲ့ နိုင်ငံရေးအခြေခံပေါ်မှာ ရှိနေမယ်ဆိုရင် ကူမင်တန်ပါတီအပါအဝင် ထိုင်ဝမ်က ဘယ်နိုင်ငံရေးအုပ်စုနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါဟာ သူတို့ရဲ့ ဘုံနေရပ်ဖြစ်တဲ့ နယ်မြေဒေသ ငြိမ်းချမ်းတည်ငြိမ်ဖို့အတွက် ဖြစ်တယ်လို့လည်း ပြောပါတယ်။

မစ္စစ်ကျိန်းလီဝမ်ကလည်း တရုတ်လူမျိုးတွေရဲ့ သာယာဝပြောမှုကို ပြန်လည်တည်ဆောက်တာဟာ နှစ်ဖက်စလုံးက ပြည်သူတွေရဲ့ ဘုံဆန္ဒဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ထိုင်ဝမ်ရေလက်ကြားဟာ ပဋိပက္ခတွေ ဖြစ်နိုင်တဲ့ စစ်မက်နယ်မြေ မဖြစ်စေချင်တော့ဘူးလို့လည်း သူက မျှော်လင့်ချက်ကို ပြောပြခဲ့ပါတယ်။

"နှစ်ဖက်စလုံးဟာ နိုင်ငံရေးအရ ရင်ဆိုင်နေရတာတွေကို ကျော်လွှားပြီး စစ်ပွဲတွေ မဖြစ်အောင် တားဆီးနိုင်မယ့် စနစ်တကျ ဖြေရှင်းနည်းတွေကို အတူတူရှာဖွေသင့်ပါတယ်။ ဒါမှ ထိုင်ဝမ်ရေလက်ကြားဟာ ကမ္ဘာ့ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်တဲ့ စံပြနမူနာတစ်ခု ဖြစ်လာမှာပါ" လို့ သူက ဆိုပါတယ်။

ကူမင်တန်ပါတီဟာ တရုတ်ပြည်ကို အုပ်ချုပ်ခဲ့ဖူးပြီး ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်မှာ မော်စီတုန်းရဲ့ ကွန်မြူနစ်ပါတီကို ရှုံးနိမ့်ခဲ့ပြီးနောက် ထိုင်ဝမ်ကို ထွက်ပြေးခဲ့ရတာပါ။

အခုထိ ငြိမ်းချမ်းရေးစာချုပ် ဒါမှမဟုတ် အပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုတာ မရှိသေးသလို အစိုးရနှစ်ဖက်စလုံးကလည်း တစ်ဖက်ကိုတစ်ဖက် တရားဝင် အသိအမှတ်မပြုကြသေးပါဘူး။

မစ္စစ်ကျိန်းက ရှီကျင့်ဖျင်ကို ပြောတာကတော့ နှစ်ဖက်စလုံးအတွက် အကျိုးရှိမယ့် ဆက်ဆံရေးမျိုးဟာ ပြည်သူတွေ တကယ်လိုလားတဲ့အရာဖြစ်ပြီး အပြန်အလှန် ဆက်ဆံမှုတွေ ရှိသင့်တယ်လို့ ဆိုပါတယ်။

"ကျွန်မအနေနဲ့ အနာဂတ်မှာ တစ်နေ့နေ့ကျရင် သမ္မတ ရှီကျင့်ဖျင်နဲ့ ဒီနေရာမှာရှိနေတဲ့သူအားလုံးကို ထိုင်ဝမ်မှာ ဧည့်ခံကျွေးမွေးခွင့်ရဖို့ အများကြီး မျှော်လင့်ပါတယ်" လို့လည်း သူက ပြောခဲ့ပါသေးတယ်။

ဒီခရီးစဉ်အပေါ် ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ဘက်ကတော့ ပြင်းပြင်းထန်ထန် ဝေဖန်နေပါတယ်။ မစ္စစ်ကျိန်းဟာ တရုတ်အပေါ် အလျှော့ပေးလွန်းတယ်လို့ သူတို့က မြင်နေကြတာပါ။

အထူးသဖြင့် ဂေါ်မင်တန်ပါတီ အများစုရှိတဲ့ ထိုင်ဝမ်လွှတ်တော်ဟာ အမေရိကန်ဆီကနေ ထိုင်ဝမ်ဒေါ်လာ ၁.၂၅ ထရီလီယံဖိုး လက်နက်ဝယ်ယူမယ့် အစိုးရရဲ့ အသုံးစရိတ်စီမံကိန်းအပေါ် ငြင်းခုံနေကြချိန်လည်း ဖြစ်ပါတယ်။

မစ္စစ်ကျိန်းက အဲဒီဘတ်ဂျက်ကို "ထိုင်ဝမ်ဟာ ATM စက် မဟုတ်ဘူး" လို့ပြောပြီး ပြတ်ပြတ်သားသား ကန့်ကွက်နေပါတယ်။ လိုအပ်တဲ့ လက်နက်တွေအတွက်ပဲ ထိုင်ဝမ်ဒေါ်လာ ၃ သိန်း ၈ သောင်းလောက်အထိ လျှော့ချဖို့ သူက အဆိုပြုထားပါတယ်။ တစ်ဖက်မှာလည်း ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က ထိုင်ဝမ်ကျွန်းပတ်ပတ်လည်က တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတာလို့ သူ့ရဲ့ Facebook မှာ ရေးသားခဲ့ပါတယ်။

သမ္မတရှီနဲ့ မစ္စစ်ကျိန်းတို့ရဲ့ တွေ့ဆုံမှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပေကျင်းကိုလာပြီး တရုတ်ခေါင်းဆောင်နဲ့ ထိပ်သီးဆွေးနွေးပွဲ မလုပ်ခင် တစ်လအလိုမှာပဲ ဖြစ်ပေါ်လာတာပါ။ အဲဒီဆွေးနွေးပွဲမှာ ထိုင်ဝမ်ရဲ့ လုံခြုံရေးကိစ္စဟာ အဓိက ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

Crd- Reuters / AFP

#တရုတ် #ထိုင်ဝမ် #ရှီကျင့်ဖျင် #ဂေါ်မင်တန် #နိုင်ငံတကာသတင်း

ที่อยู่

Soi Ramkhamhaeng 140
Bangkok
10240

เบอร์โทรศัพท์

+66861756167

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kawao Newsgroupผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Kawao Newsgroup:

แชร์