07/06/2026
Thai TR ကို Laos မှာလျောက်တဲ့အတွေ့အကြုံလေးပါ
၂၆ရက်နေ့ည ၉း၄၀ ရထားကို ဒွန်မောင်းဘူတာကနေသွားစီးပါတယ် နောင်ခိုင်ကိုမနက် ၈နာရီကျော်လောက်ရောက်ပါတယ်
ရထားခက d ticket ကဖြတ်တာ ၄၄၉ဘတ်ကျပါတယ် ရထားခုံတွေကကောင်းပါတယ် စီးရတာလဲတော်တော်လေးငြိမ်ပါတယ်
အဲ့ဒါနဲ့၂၇ရက်နေ့မှာ Borderpass လေးနဲ့ Immegration ဖြတ်ပြီး လာအိုရောက်ပါတယ် လာအို border ကနေ လိုင်းကားလေးစီးပြီး မြို့ထဲသွားသံရုံးငွေသွင်းပြီး Hotel သွားပါတယ် Hotel ကတော့ agoda ကနေပဲ စျေးသက်သာတာရှာပြီးတည်းခဲ့ပါတယ် တည ဘတ်၃၀၀ ဝန်ကျင်နဲ့ ရပါတယ်
စားစရာက စျေးနဲနဲကြီးပါတယ် ဘန်ကောက်ထက်စာရင်
လျောက်လည်တာကတော့ kok kok move နဲ့လျောက်လည်ပါတယ်
နေတာကလဲ ညစျေးနားဆိုတော့ အနီးနားလမ်းလျောက်သွားပါတယ်
Visaလျောက်က်တာကက နောက်ရက် ၂၉ရက်နေ့ နေ့လည် ၃နာရီလောက်ထဲက Pending Approval ဖြစ်ပြီး ၃၀ရက်နေ့ည ၁၀နါရီမှ Visa ပါတယ်
နောက်နေ့ border ကနေပြန်ပြီး နောင်ခိုင် ညစျေး walking street လျောက်လည်ပြီး ညရထားနဲ့ ဘန်ကောက်ပြန်ပါတယ် ရထားရတော့ ရိုးရိုးတန်းပဲရလို့ ဘတ်၂၀၀လောက်နဲ့ ဘန်ကောက်ပြန်ရောက်ပါတယ်
Visa လျောက်တဲ့ document တွေကတော့ Agoda က hotel booking, MAI Website က buy now pay later Airticket နဲ့ bank statement ပဲလိုပါတယ်....