12/09/2026
အချင်းချင်းလည်း မညှော်(မဆွ)ကြပါနဲ့တော့..မေးစရာရှိလည်း Tag တွဲပြီးComment ထဲမှာရှင်းသွားလို့ရပါတယ်..😆
ငယ်ငယ်က အိမ်ရှေ့ အသိ ဧည့်သည် ဖြတ်သွားရင်ဖြစ်ဖြစ် အိမ်က အမေကြီးတွေကလှမ်းအော်လို က်တယ်..
“မဝင်လာတော့ဘူးမလား”တဲ့
ဝင်လာမဲ့သူက ခြံတံခါးကို ဖွင့်နေတန်းလန်း အဲသလိုကြားတော့ သူ့ခမျာ ပြန်လှည့်ရမလိုလို…ခုန်ဝင်လာရမလိုလို ဖြစ်သွားသေး…တကယ်တော့ ဝင်လာစေချင်လွန်းလို့ကို ခေါ်လိုက်တာပါ…😆
ကျောင်းတုန်းကလည်း “လုပ်ကမယ်” အဖွဲ့ နဲ့ “လုပ်ရမယ်” အဖွဲ့ ဆို ပြီး ခွဲခဲ့ သေးတယ်..
မြန်မာဇာတ်ကားထဲမှာဆိုရင် “ယောကျာ်း၊မိန်းမ”ဆိုပြီးလင်မယားအချင်းချင်းခေါ် ကြတယ်၊ အချို့ကျတော့ “အိမ်သူအိမ်သား”တဲ့၊ “အမိုးအပါး”ဆိုတာက ကရင်ပြည်နယ်ဖက်မှာ ကြားရတယ်၊ “အစ်ကိုအစ်မ” ဆိုတာကလည်း ခေါ်ကြသေးတယ်….
မြန်မာက အရမ်းကို ဒေသ အခေါ် အဝေါ် စုံလင်ပြီး၊ ဒီဟာကြောင့် နဲ့ဘဲရယ်စရာ အငြင်းပွားစရာ တွေတစ်ချိန်လုံးဖြစ်နေပါတယ်လို့….အရမ်းကိုမှချစ်ဖို့ကောင်းပါတယ်🥰
"Sorry, we can’t talk to you just yet!
We are busy communicating with each other.
Myanmar is incredibly diverse linguistically, and the regional dialect differences are mind-blowing.
Even a tiny mistake in word choice or connotation, and you could end up meaning something else.
#မြန်မာ့ရိုးရာ