21/08/2025
၁၉၉၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Metal Gear Solid မှာပါတဲ့ Boss Fight တစ်ခုဟာဆိုရင် အဲ့ခေတ်အချိန်ခါတုန်းက player တွေကို တော်တော်လေးအံ့အားသင့်စေခဲ့ပါတယ်။ Psycho Mantis လို့ခေါ်တဲ့ ဒီ Boss ရဲ့ အစွမ်းကတော့ psychic power နဲ့ လူတွေစိတ်ကိုဖတ်နိုင်တာ လူတွေကို ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။
Boss fight မှာဆိုရင်လည်း Player ချမယ့် Move တွေကို အကုန်ရှောင်နိုင်ပြီးတော့ သွေးလုံး၀မလျှော့တာကြောင့် player တွေအနေနဲ့ တကယ်ကြီး သူတို့စိတ်ကိုဖတ်နိုင်နေတာလားဆိုပြီး ထင်ယောင်ထင်မှားဖြစ်ခဲ့ကြပါတယ်။ အဲ့ဒါအပြင် cutscene မှာလည်း ကိုယ့်ကစားဖူးတဲ့ ဂိမ်းတွေရှိရင် “You like Castlevania, don’t you?” ကိုယ့်က ပုံမှန် save လုပ်နေကြသူမဟုတ်ရင် “you’re somewhat reckless”လိုမျိုး ဘာမှမမှတ်ထားရင် ‘your memory is wipe clean” အဲ့လိုမျိုးတွေလည်း ပြောတတ်ပါသေးတယ်။
အဲ့ဒီအချိန်တုန်းက ဂိမ်းတစ်ခုက fourth wall ကိုကျော်လွန်ပြီး player ကို တန်းပြောတာ သိပ်မရှိသေးတဲ့ အချိန်မို့ player တော်တော်များများ ဟာတွေဟင်တွေဖြစ်ခဲ့ကြပါတယ်။ Fourth wall break ဆိုတာ ဥပမာပြောရမယ်ဆိုရင်တော့ Detroit Become Human Loading Screen က Chole က game ထဲ၀င်လာရင် player ကိုစကားပြောတာမျိုးကို ပြောတာပါ။
ဆက်ရရင် Psycho Mantis အဲ့လိုမျိူးတွေ ဘာလို့လုပ်နိုင်တာလဲဆို အဲ့ boss fight ရောက်ပြီဆို MGS game က ကိုယ့်ရဲ့ memory card ကို ဖတ်ပါတယ်။ Card ထဲမှာ Konami က ထုတ်ထားတဲ့ Castlevania တို့ Suikoden တို့လို ဂိမ်းတွေတွေ့ရင် response လုပ်ဖို့ voiceline ကြိုထည့်ထားတာပါ။ သွေးမလျှော့တဲ့ Psycho Mantis ကို ချဖို့အတွက်ဆို Controller ကို Player 1 port ကနေဖြုတ် Player 2 port မှာတပ်ပြီး ဆော့ရင်တော့ မင်းရဲ့ move တွေကို ငါဖတ်လို့မရတော့ဘူးဆိုပြီး အဲ့ချိန်မှ ချလို့ရပါတယ်။
Psycho mantis လို idea အထူးအဆန်းနဲ့ gameplay အဆန်းအပြားတွေလုပ်ခဲ့တာကတော့ အားလုံးသိပြီးသား Hideo Kojima ပဲဖြစ်ပါတယ်။