13/03/2026
Resident Evil မှာ အလုပ်နောက်ကျလို့ အသက်ရှင်ကျန်ခဲ့ပြီး နောက်ပိုင်းဆရာကြီးဖြစ်သွားတဲ့သူတစ်ယောက်ရှိပါတယ်။
အဲ့ဒီသူကတော့ ဇာတ်လိုက်ကျော် Leon S. Kennedy ပဲ ဖြစ်ပါတယ်။
September 28 အလုပ်၀င်ရမှာကို September 29 ညမှာ ရောက်လာတာပဲဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အလုပ်မ၀င်ခင်တစ်ရက်မှာ ကောင်မလေးက ထားသွားလို့ အသည်းကွဲ အရက်သောက် hangover ဖြစ်ပြီး Date ပျောက်နေတာကြောင့် တစ်ရက်နောက်ကျပြီး အလုပ်ကို ရောက်လာဖြစ်ပါတယ်။
ပုံမှန်ရက်အတိုင်းသာ ရောက်လာရင် သူလည်း zombie ဖြစ်လောက်ပါတယ်။ Rookie Police လေးဆိုတော့ အခုလောက်လည်း ကြမ်းမယ့်ပုံမပေါ်သေးဘူး 😂