18/08/2026
Ronaldo တောင် မင်္ဂလာပွဲကို သေးသေးလေးလုပ်ပြီး ဟန်းနီးမွန်းကို အကြီးကြီးလုပ်တဲ့ပုံစံနဲ့ နေတယ်ဆိုတာ စဉ်းစားကြည့်ပါ။
သူ့မင်္ဂလာပွဲမှာ လူအများကြီးမဖိတ်ဘူး။ သူ့ကလေးတွေလောက်ပဲ ပါတယ်။
ဒါပေမယ့် ကိုယ့်မိဘတွေကတော့ ရပ်ကွက်တစ်ခုလုံးကို ဖိတ်ချင်ကြတယ်။ မင်္ဂလာပွဲကိုလည်း ခမ်းခမ်းနားနားလုပ်ပြီး ငါတို့တတ်နိုင်တယ် ဆိုတာ လူတွေမြင်အောင် ပြချင်ကြတယ်။
တကယ်တော့ ကိုယ်က အဲ့ဒီလောက် မတတ်နိုင်ပါဘူး။
မင်္ဂလာပွဲအတွက် သိန်း ၁၀၀၊ ၂၀၀၊ ၃၀၀ လောက် သုံးနေပေမယ့် အဲ့ဒီပိုက်ဆံတွေက ကိုယ့်မှာရှိတာ မဟုတ်ဘူး။ အကြွေးယူပြီး လုပ်နေရတာ။
ဒါပေမယ့် လူတွေရှေ့မှာ တတ်နိုင်သလို ပြချင်လို့ လူတိုင်းကို ဖိတ်ပြီး မင်္ဂလာပွဲကို အကြီးကြီးလုပ်ဦးမယ်။
တကယ်တော့ မင်းမှာ အဲ့ဒီပိုက်ဆံ မရှိဘူး။
ပြီးတော့ အိမ်ထောင်ကျပြီးတဲ့နောက်မှာလည်း အိမ်ထောင်ရေးကို ပျော်ပျော်ရွှင်ရွှင်တည်ဆောက်ဖို့ထက် မင်္ဂလာပွဲအတွက် ယူထားတဲ့အကြွေးတွေ ပြန်ဆပ်ဖို့ပဲ အချိန်ကုန်နေလိမ့်မယ်။
Ronaldo ကိုပဲ ဥပမာယူကြည့်ပါ။
သူက ဘီလျံနာတစ်ယောက်ဖြစ်တာတောင် မင်္ဂလာပွဲမှာ လူအများကြီးမဖိတ်ဘူး။ ရိုးရိုးရှင်းရှင်းပဲ လုပ်တယ်။ ဘာအရှုပ်အရှင်းမှလည်း မရှိဘူး။
ဘယ်သူ့ကိုမှ မဖိတ်ထားတော့ ဘယ်သူကမှလည်း ငါ့ကို ဘာလို့မဖိတ်တာလဲ ဆိုပြီး စိတ်ဆိုးစရာမရှိဘူး။
တစ်ကမ္ဘာလုံးကို ငါတို့လက်ထပ်လိုက်ပြီ လို့ သိအောင်ပြလို့ရတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးကို မင်္ဂလာပွဲဖိတ်ဖို့တော့ မလိုဘူး။
အဲ့ဒီပိုက်ဆံကို လူတွေကို အထင်ကြီးအောင်လုပ်ဖို့ သုံးမယ့်အစား ကိုယ်လက်ထပ်မယ့်သူနဲ့ ဟန်းနီးမွန်းသွားဖို့၊ အတူတူ အမှတ်တရတွေ ဖန်တီးဖို့ သုံးပါ။
မင်္ဂလာပွဲက တစ်ရက်ပဲ။
အိမ်ထောင်ရေးက တစ်ဘဝလုံးပါ။
နည်းနည်းတော့ ဦးနှောက်သုံးပြီး စဉ်းစားကြည့်ပါ။