Ben’s Scent Library

Ben’s Scent Library Let’s talk about liquid arts.

Imaginary Authors ရဲ့ Memoirs Of A Trespasser ဒီရေမွှေးရဲ့ story က Imaginary authors ရဲ့အဓိက fictional writers တွေထဲကတစ်...
21/05/2026

Imaginary Authors ရဲ့ Memoirs Of A Trespasser

ဒီရေမွှေးရဲ့ story က Imaginary authors ရဲ့အဓိက fictional writers တွေထဲကတစ်ယောက်ဖြစ်တဲ့ Phillip Sava ဆိုတဲ့ လူတစ်ယောက်ရဲ့ စပ်စုချင်စိတ်နဲ့ ကိုယ့်အိမ်မဟုတ်တဲ့ အိမ်ကြီးတစ်လုံးကို ခိုးဝင်ပြီး အိမ်ပိုင်ရှင်ရဲ့ဘဝကိုခနတာ ခံစားကြည့်တဲ့အခိုက်အတန့်ကို inspired ယူထားတာပေါ့။ ကိုယ်နဲ့မဆိုင်တဲ့၊ ကိုယ်မရှိသင့်တဲ့နေရာတစ်ခုမှာ မီးဖိုဘေးနားအေးအေးဆေးဆေးထိုင်ပြီး အဲ့နာမှာရှိတဲ့ cognac တစ်ခွက်မော့နေတဲ့ scenario ကိုရေမွှေးတစ်ခုအနေနဲ့ recreate လုပ်ထားတယ်။
သူက “Who needs love when there is still cognac in the glass” တဲ့။
Story လေးကတော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။

အနံ့ကတော့ Vanilla ကို အဓိကသွားထားပေမယ့် smooth ဖြစ်ဖြစ်လေးကိုမှ ဝက်သစ်ချ(oak)ရဲ့ woody ဖြစ်ဖြစ် dry ဖြစ်ဖြစ် အနံ့လေးလိုက်ထားတယ်။ အဲ့တာကိုမှ boozy ပါးပါးလေးဖြစ်တယ်လို့ခံစားရတယ်။
ပထမအဖွင့်မှာ Bergamot နံ့ပါးပါးလေးက vanilla ကိုအရမ်းမအီသွားအောင် fresh ဖြစ်ဖြစ်လေးထိန်းထားပေးပြီး ကြာလာလေ resin နဲ့ oak အနံ့ combo က woody, dry ပိုဖြစ်လာပြီး စာအုပ်အဟောင်းကရသလိုခြောက်ကပ်ကပ်ကိုမှ စေးစေးကပ်ကပ်ဖြစ်တဲ့ vibe ပေးတယ်။ Replica ရဲ့ By the fire place ကြိုက်တဲ့သူတွေဆိုရင် boozy, woody, smoky, vanilla note တွေ ပေါင်းထားတဲ့ vibe ကိုကောင်းကောင်းကြီးသိလိမ့်မယ်ဗျ။ ဒီရေမွှေးက By the fireplace ကိုမှ ပိုပြီး complex ဖြစ်တဲ့ level up version တစ်ခုလို့ တင်စားလို့တောင်ရတယ်။ Complex ဖြစ်တယ်ဆိုပေမယ့် ဒီကောင်က By The Fireplace လောက်လဲ warm မဖြစ်တော့ ပူတဲ့ရာသီဥတုမှာပိုအဆင်ပြေတယ်ဗျ။

တော်တော်လေးလဲ artistic ဖြစ်တဲ့အနံ့တစ်ခုလို့ပြောလို့ရပြီး ခနတာ scene တစ်ခုကို ရေမွှေးတစ်ခုအဖြစ် အနီးစပ်ဆုံးတူအောင်လုပ်ထားတာဆိုတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။

02/05/2026

YSL Tuxedo review video.

ที่อยู่

Bangkok
10260

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ben’s Scent Libraryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท