Thet Phyo Wai House Painting Contractor

Thet Phyo Wai House Painting Contractor ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Thet Phyo Wai House Painting Contractor, Bangkok.

မိမိတို့ရဲ့ အိမ်ကို ကာလာမျိုးစုံ နဲ့ ချယ်သပြီး လှပတဲ့ အိမ်လေးတစ်လုံးကို တည်ဆောက်ကြပါစို့ ယုံကြည်စိတ်ချစွာ အပ်နှင်းနိုင်ပါတယ် အသေးစိတ်မေးမြန်းလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ် 09660540146

29/11/2025
21/11/2025
21/11/2025

အိမ်သုတ်ဆေး တွက်နည်း
~~~~~~
အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံများ၏ အလျားနှင့် အရှည်ပေများ အားလုံးကို ပေါင်းပါ၊ ထို့နောက် ရလာသော အဖြေကို အခန်း၏အမြင့်ပေ (ကြမ်းခင်းမှ မျက်နှာကျက်အထိ)ဖြင့် မြှောက်ပါ၊ ရလာသော အဖြေသည် ယင်းအခန်း၏ဆေးသုတ်ရမည့် square footage ဖြစ်ပါတယ်

ဆေးသုတ်ရမည့် square feetage တွက်နည်း
~~~

တံခါးရွက်နှင့် ပြူတင်းပေါက်များသည် မတူညီသော ဆေးအမျိုးအစား သုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကို နုတ်ပေးရပါမည်၊ ယေဘူယျအားဖြင့် တံခါးတစ်ချပ်ချင်းစီ အတွက် (20) square feet နှင့်ပြူတင်းပေါက် တစ်ခုချင်းစီအတွက် (15) square feet နုတ်ရမည် ဖြစ်ပါသည်။

ရလာသော အဖြေသည် ဆေးသုတ်ရမည့် အနီးစပ်ဆုံး နံရံဧရိယာ ဖြစ်ပါသည်၊ ယင်းဧရိယာကို တစ်ဂါလံမှာ (350) square feet ရှိတဲ့အတွက် (350) ဖြင့် စားလိုက်ပါက နံရံအတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)ကို ရရှိပါမည်၊ အဖြေတွင် စားကြွင်းက (0.5) ထက်နည်းပါက ကွာတား (2) ဗူးဖြင့် လုံလောက်နိုင်သော်လည်း (0.5) ထက်များပါက (1) ဂါလံ ဝယ်ရပါမည်။

14 × 20 ပေအခန်း အမြင့် (8) ပေ တံခါး (2) ပေါက်၊ ပြူတင်းပေါက် (2) ခုရှိသော အခန်းကို ဥပမာ အနေနဲ့ တွက်ပြပေးပါမည်။

ceiling ဆေးတွက်ဆမှု
~~~~
ceiling ၏ အလျားပေ x အနံပေ = ceiling area

14 × 20 = 280 Square feet

Ceiling အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)

280 ÷ 350 = 0.8

ထိုအဖြေအရ ဆေးတစ်ထပ် သုတ်ရန် (1) ဂါလံ လိုအပ်ပါမည်၊ (2) ထပ်သုတ်လျင် (2) ဂါလံလိုအပ်ပါမည်။

နံရံဆေးတွက်ဆမှု
~~
နံရံတစ်ချပ်ချင်းစီ၏ အလျားပေကို ပေါင်းပါ။

14 + 20 + 14 + 20 = 68 ပေ

နံရံဧရိယာ တွက်ရန် အဖြေကို နံရံအမြင့်ပေဖြင့် မြှောက်ပါ။

68 × 8 = 544 square feet

ဆေးတကယ်သုတ်ရန် လိုအပ်သောနံရံ ဧရိယာကို ရှာရန် တံခါး (1) ချပ်စီတိုင်း အတွက် (20 ) ft နုတ်ပါ ( 20 × 2 = 40 ) ပြူတင်းပေါက် တစ်ခုချင်းစီတိုင်း အတွက် (15) ft နုတ်ပါ ( 15×2 = 30 )

544 - 70 = 474 square feet

နံရံ အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
474 ÷ 350 = 1.4


ထိုအဖြေအရ နံရံ ဆေးတစ်ထပ် သုတ်ရန် (1) ဂါလံ (2) ကွာတားနှင့် (2) ထပ်သုတ်လျင် (2) ဆ လိုအပ်ပါမည်။

တံခါးနှင့် ပြူတင်းပေါက် ဆေးတွက်ဆမှု
~~~~
20 square feet = တံခါး (1) ချပ်
တံခါးအရေအတွက်ကို (20) ဖြင့် မြှောက်ပါ။

2 ×20= 40 square feet

ပြုတင်းပေါက် အရေအတွက်ကို (7.5) ဖြင့်မြှောက်ပါ။
.
2 × 7.5 = 15 square feet

ထိုနောက် ရလာတဲ့ အဖြေများကို ပေါင်းပါ။
40 + 15 = 55

ပြီးလျှင် 350 ဖြင့်စားပါ။
54 ÷ 350 = 0.16

ထိုအဖြေအရ တံခါးနှင့် ပြူတင်းပေါက် အတွက် ဆေး (1) ကွာတား ဝယ်ဖို့ လိုအပ်မည် ဖြစ်ပြီး တံခါးနှင့် ပြူတင်းပေါက် တို့အား နှစ်ဖက်စလုံး သုတ်မည်ဆိုပါက အဖြေကို (2) ဖြင့် မြှောက်ရမည် ဖြစ်ပါသည်။

#ဆေးသုတ်လုပ်ငန်း #ဝင်းဆေးသုတ်လုပ်ငန်း #ရန်ကုန် #အိမ်ဆေးသုတ်လုပ်ငန်း

21/11/2025

ကိုယ့်အိမ် ကိုယ့်တိုက်ခန်းတွေကို ဆေးသုတ်ချင်တယ်

ကိုယ့်အခန်း ကိုယ့်တိုက်က ဘယ်နှကျင်းရှိလဲ
ဆိုတာ အလွယ်တွက်နည်းလေး ပြောပြပေးပါ့မယ် ခင်ဗျာ။

တကျင်းဆိုတာ (၁၀ပေပတ်လည်)ကိုပြောတာပါ

( ဥပမာ_ ကိုယ့်ရဲ့တိုက်ခန်းက)

အမြင့်ပေ ( 10 ပေ ) ရှိတယ်
မျက်နှာဝ ( 12 ပေ )ရှိတယ်
အိမ်ရှေ့နဲ့ နောက်ဖှေး အရှည်က( 50 ပေ) ရှိတယ်
ပြတင်းပေါက်က (4×4 )ပတ်လည်( 3 )ပေါက်ရှိတယ်
တံခါးပေါက်က( 3×7) ပတ်လည်( 2 )ပေါက်ရှိတယ်
ဆိုပါတော့

တစ်ခန်းလုံးက ပေတွေ သိရပြီဆိုရင် အရင်ဆုံး

မျက်နှာဝ ပေ အရှေ့ (အနောက် နှစ်ဖက်ရှိတယ်)
အိမ်ရှေ့ နောက်ဖှေး အရှည် (ခြေရင်း၊ခေါင်းရင်းနှစ်ဖက်ရှိတယ် ) သူတို့နှစ်ခုရဲ့ ပေကိုပေါင်းမယ်

မျက်နှာဝ ပေ နှစ်ဘက် 12+12=24ပေ
အိမ်ရှေ့နောက်ဖှေး ပေ နှစ်ဘက် 50+50=100ပေ
နှစ်ခုလုံးကိုပေါင်းမယ်ဆိုရင် ----------------------
( 124ပေ)

ရလာတဲ့( 124 )ပေ ကို အမြင့်( 10 )ပေ နဲ့မြှောက်မယ်

(124×10=1,240 )ရမယ် ပြီးရင် 100 နဲ့ ÷ စားမယ်

(1,240 ÷100=12.4)ကျင်းရမယ်

ဒါဆိုရင် တိုက်ခန်းကရှိတဲ့ နံရံက ကျင်းအရေတွက် ရပါပြီ

ကိုယ့်က မျက်နှာကျက် ကိုပါဆေးသုတ်မယ်ဆိုရင်
မျက်နှာကျက်ကို ကျင်းထက်တွက်ရပါမယ်

မျက်နှာဝ အကျယ်ပေ ( 12 ပေ )ရယ်
အိမ်ရှေ့/နောက်ဖှေး ပေ( 50 ပေ ) ကို မြှောက်ရမယ်

(12×50= 600 )ရမယ် ပြီးရင် 100 နဲ့ ÷စား ရမယ်
(600×100=6 ) ကျင်း ရှိမယ် မျက်နှာကျက်က
အဲ့ဒါဆိုရင် နံရံ ကျင်း ရယ် မျက်နှာကျက်ကျင်းအရေတွက်ရယ် ဘယ်နှကျင်းရှိပြီလဲဆိုရင်

နံရံ ကျင်း -12.4
မျက်နှာကျက် ကျင်း _6
စုစုပေါင်း ကိုယ့် တိုက်ခန်းရဲ့ကျင်း 18.4ကျင်းရှိမယ်ပေါ့ ဒါဆိုရင် ကိုယ့်တိုက်ခန်းက 10ပေပတ်လည် ဘယ်နှကျင်းရှိလဲ သိရပြီ ကဲ့ ကိုယ့်တိုက်ခန်းက( 18.4 )ကျင်းတော့ရှိပြီ ပြတင်းပေါက်တွေ တံခါးပေါက်တွေကို ပြန်နုတ်မယ်

ပြတင်းပေါက်က( 4×4 )ပတ်လည်( 3 )ပေါက်ရှိမယ်
( 4×4=16 )တစ်ပေါက်စာ
3ပေါက်ရှိတဲ့ အတွက် ( 16×3=48 )ပေရှိမယ်

နောက်ပြီး တံခါးပေါက်က( 3×7 )ပေ နှစ်ပေါက်ရှိမယ်
3×7=21 တစ်ပေါက်စာ
နှစ်ပေါက်ရှိတဲ့အတွက် (21×2=42) ပေရှိမယ်

ပြတင်းပေါက်နဲ့ 48ပေ နဲ့ တံခါးပေါက်( 42 )ကို ပေါင်းမယ် ( 48+42= 90 )ပေရမယ် ပြီးရင် 100နဲ့ ÷စားမယ်
(90÷100= 0.9 ) ရမယ် တကျင်းပြည့်ခါနီးပေါ့

ကိုယ့်တိုက်ခန်းရဲ့ ကျင်းအရေတွက်
( 18.4 )ကျင်း ကို ပြတင်းပေါက် တံခါးပေါက်က ထွက်တဲ့ ပေ နဲ့ နုတ်ရမယ်

တိုက်ခန်းရဲ့ကျင်း {18.4 }
ပြတင်းပေါက်တံခါးပေါက်ကျင်း { 0.9 } နဲ့ နုတ်မယ် ဆိုရင် { 17.5 }ကျင်းရရှိပါမယ်

အလွယ်ပြောရရင် ကိုယ့်တိုက်ခန်းက ပြတင်းပေါက်တံခါးပေါက်တွေကို နုတ်ပြီး{ 17 }ကျင်းခွဲ ရှိပါတယ်။

ဒါကတော့ တိုက်ခန်း 12 ×50 ရှိတဲ့ တိုက်ခန်းကို 10ပေပတ်လည်` ကျင်း ´ ဘယ်လောက်ရှိလဲဆိုတာ အလွယ်တကူတွက် ဥပမာအနေနဲ့ တွက်ပြပေးထားတာပါ ခင်ဗျာ

သင်္ချာနဲ့ ကျောင်းပြီးထားတာမဟုတ်တဲ့ အတွက် တွက်
ချက်မှုလိုအပ်မှုရှိခဲ့ရင် ထောက်ပြပေးပါ ခင်ဗျာ😁

#ရွှေပိုးအိမ်_ဆေးသုတ်လုပ်ငန်း
09.971741707
09.252851939

တစ်ထပ်အိမ်လေး ဆေးသုတ်ပြီးစီးပါပြီ မန္တလေးမြို့ မိတ်ဆွေတို့အနေနဲ့ အိမ် ဆေးသုတ်ချင်လိုပါက ဆက်သွယ် လာခဲ့ ပါ ဖုန်း 096605401...
20/11/2025

တစ်ထပ်အိမ်လေး ဆေးသုတ်ပြီးစီးပါပြီ မန္တလေးမြို့
မိတ်ဆွေတို့အနေနဲ့ အိမ် ဆေးသုတ်ချင်လိုပါက ဆက်သွယ် လာခဲ့ ပါ ဖုန်း 09660540146

ဆေးသုတ်ပြီးစီးသွားပြီ ဖြစ်တဲ့ ပြင်ဦးလွင် က နှစ်ထပ်ခွဲအိမ်လေးပါ မှတ်ချက်-အိမ်ကို ဆေးသုတ်ချင်ရင် ဆက်သွယ်လာခဲ့ပါ🤗🤗🤗
20/11/2025

ဆေးသုတ်ပြီးစီးသွားပြီ ဖြစ်တဲ့ ပြင်ဦးလွင် က နှစ်ထပ်ခွဲအိမ်လေးပါ
မှတ်ချက်-အိမ်ကို ဆေးသုတ်ချင်ရင် ဆက်သွယ်လာခဲ့ပါ🤗🤗🤗

ဆေးသုတ်ပြီးစီးသွားပြီးဖြစ်တဲ့ ပြင်ဦးလွင်က တစ်ထပ်ခွဲအိမ်
20/11/2025

ဆေးသုတ်ပြီးစီးသွားပြီးဖြစ်တဲ့ ပြင်ဦးလွင်က တစ်ထပ်ခွဲအိမ်

ที่อยู่

Bangkok

เบอร์โทรศัพท์

+66944194188

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thet Phyo Wai House Painting Contractorผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Thet Phyo Wai House Painting Contractor:

แชร์