Lay Hnin Yar ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Lay Hnin Yar, ศิลปะ, Bangkok

"အရည်အသွေးရှိတဲ့ ဘဝ" ဆိုတာတခြားလူတွေရဲ့ ထင်မြင်ယူဆချက်တွေထက် ပိုပြီး အရေးကြီးတယ်ဆိုတာ မှတ်ထားပါ။လူတိုင်းကို မြင်သာအောင်လ...
18/09/2026

"အရည်အသွေးရှိတဲ့ ဘဝ" ဆိုတာ
တခြားလူတွေရဲ့ ထင်မြင်ယူဆချက်တွေထက် ပိုပြီး အရေးကြီးတယ်ဆိုတာ မှတ်ထားပါ။
လူတိုင်းကို မြင်သာအောင်လို့
တစ်ခုခုကို အမြဲတမ်း သက်သေပြနေဖို့
ဘဝကို အသုံးချစရာ မလိုပါဘူး။
တခြားလူတွေလို ရှိနေစရာ မလိုသလို၊
တခြားလူတွေ မျှော်လင့်ထားတဲ့ ပုံစံအတိုင်း
အောင်မြင်နေစရာလည်း မလိုပါဘူး။
ဒီနေ့မှာ ငါတို့…
ဝဝလင်လင် စားသောက်ရတယ်၊
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်၊
ကိုယ်ပိုင်အချိန် ရှိတယ်၊
ပြီးတော့ စိတ်အေးချမ်းသာစွာနဲ့
ဘဝကို ဖြတ်သန်းနေရတယ်ဆိုရင်…
ဒါတင်ပဲ အလွန်တန်ဖိုးရှိလှပါပြီ။
ဘာလို့လဲဆိုတော့ နောက်ဆုံးမှာ
ဒီဘဝနဲ့အတူ နေ့တိုင်း ဆက်လက်ရှင်သန်သွားရမှာက
ငါတို့ကိုယ်တိုင်ပဲ ဖြစ်ပြီး၊
တခြားသူတွေ မဟုတ်လို့ပါပဲ။

#ခရီးလမ်း #ဘဝအတွက် #ဗဟုသုတ #ခွန်အား #စာဖတ် Lay Hnin Yar

အဲ့လိုအကြည့်နဲ့ သနားလို့ကျွေးရင်မမျိုတဲ့ကောင်က သတ်သတ်ရှိတယ် 😂😂   #ဟာသ Lay Hnin Yar
18/09/2026

အဲ့လိုအကြည့်နဲ့ သနားလို့ကျွေးရင်
မမျိုတဲ့ကောင်က သတ်သတ်ရှိတယ် 😂😂

#ဟာသ Lay Hnin Yar

ဒါလဲအပူပင် တစ်မျိုးကင်းတာပေါ့ 😂   #ဟာသ  #ရီစရာ  #အမောပြေ Lay Hnin Yar
16/09/2026

ဒါလဲအပူပင် တစ်မျိုးကင်းတာပေါ့ 😂

#ဟာသ #ရီစရာ #အမောပြေ Lay Hnin Yar

ထိုင်းကပါ ၄ နာရီ ၅၅ ဆို စပြီ နေ့တိုင်းလိုလိုအော်တိုပဲ 😂😂   #ဟာသ  #ရီစရာ  #အမောပြေ Lay Hnin Yar
16/09/2026

ထိုင်းကပါ ၄ နာရီ ၅၅ ဆို စပြီ နေ့တိုင်းလိုလိုအော်တိုပဲ 😂😂

#ဟာသ #ရီစရာ #အမောပြေ Lay Hnin Yar

ဘဝမှာ အလုပ်လုပ်တာ၊ ပိုက်ဆံစုတာတွေက ရှေ့ဆက်ဖို့အတွက် သေချာပေါက် လိုအပ်ပေမဲ့ “ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားဖို့” ကို မေ့သ...
07/09/2026

ဘဝမှာ အလုပ်လုပ်တာ၊ ပိုက်ဆံစုတာတွေက ရှေ့ဆက်ဖို့အတွက် သေချာပေါက် လိုအပ်ပေမဲ့ “ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားဖို့” ကို မေ့သွားကြတဲ့သူတွေ တကယ်ကို မနည်းပါဘူး။

ငွေဆိုတာ ဘဝကို အထောက်အကူပြုတဲ့ ကိရိယာတစ်ခုပဲ ဖြစ်သင့်ပြီး ဘဝရဲ့ စည်းလုံးမှု မပျက်စေဖို့အတွက် ဒီသုံးခုကို ဟန်ချက်ညီညီနဲ့ နေသွားဖို့လိုပါတယ်

- အလုပ်လုပ်ပါ ဝမ်းစာအတွက်၊ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့နဲ့ စိတ်ဓာတ်ကြံ့ခိုင်ဖို့ပါ။

- ငွေလဲစုပါ အရေးပေါ်အခြေအနေတွေအတွက် စိတ်အေးရအောင်နဲ့ နောင်ရေးစိတ်ဓာတ်လုံခြုံမှုရရှိဖို့ပါ။
- ကိုယ့်ကိုယ်ကိုယ် မေ့မထားပါနဲ့ အပင်ပန်းခံထားရတဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ဖို့၊ ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းဖို့ပါ။

အလုပ်ချည်းပဲ ဆက်တိုက်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်မိရင် ကြာလာရင် စိတ်ပင်ပန်းနွမ်းနယ်တာ ဖြစ်လာနိုင်ပါတယ်။

ကိုယ်ပိုင်ဆိုင်ထားတဲ့ အချိန်နဲ့ သက်စောင့်အားတွေကို လောကကြီးကို ပေးဆပ်နေသလို ကိုယ့်ရဲ့ စိတ်ချမ်းသာမှုနဲ့ ကျန်းမာရေးအတွက်လည်း ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်။

ဒီနေ့မှာပဲ ကိုယ့်ကိုယ်ကိုယ် သေးသေးမွှားမွှားလေး ဖြစ်ဖြစ် (ဂိမ်းဆော့တာ၊ ကြိုက်တဲ့ အစားအသောက်လေး စားတာ၊ စာအုပ်ဖတ်တာ၊ ခရီးတိုလေး ထွက်တာ) ဆုလာဘ် ပေးလိုက်ပါဦး။

#ဗဟုသုတ #စာဖတ်သူများ

ဒါဆို ပိန်ပြီ 😂😂   #ဟာသ  #ရီစရာ  #အမောပြေ
07/09/2026

ဒါဆို ပိန်ပြီ 😂😂

#ဟာသ #ရီစရာ #အမောပြေ

မနေ့ညရော ဒီနေ့ရော အပီချထားလို့ 😂   #ဟာသ  #ရီစရာ  #အမောပြေ
06/09/2026

မနေ့ညရော ဒီနေ့ရော အပီချထားလို့ 😂

#ဟာသ #ရီစရာ #အမောပြေ

ကျန်းကဲ (Jiang Ge) ဆိုတာ တိုကျိုမှာ ကျောင်းလာတက်နေတဲ့ အသက် ၂၄ နှစ်အရွယ် တရုတ်ကျောင်းသူလေးတစ်ဦး ဖြစ်ပါတယ်။ စာတော်ပြီး မိဘ...
06/09/2026

ကျန်းကဲ (Jiang Ge) ဆိုတာ တိုကျိုမှာ ကျောင်းလာတက်နေတဲ့ အသက် ၂၄ နှစ်အရွယ် တရုတ်ကျောင်းသူလေးတစ်ဦး ဖြစ်ပါတယ်။ စာတော်ပြီး မိဘအပေါ် သိတတ်တဲ့သူမဟာ သမီးဖြစ်သူကို နိုင်ငံခြားမှာ ပညာသင်နိုင်ဖို့ ဒုက္ခခံ ရုန်းကန်ပေးခဲ့ရတဲ့ မွေးမိခင်တစ်ဦးတည်းရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။

သူမရဲ့ ဘဝလေးဟာ အရာရာ အဆင်ပြေချောမွေ့နေခဲ့ရာကနေ တစ်နေ့မှာတော့ သူငယ်ချင်းအရင်းဖြစ်သူ လျူရှင်း (Liu Xin) က ရန်စခေါင်းပုံဖြတ်နေတဲ့ ရည်းစားဟောင်းလက်ကနေ ထွက်ပြေးရင်း အဝတ်အထည်အိတ်တွေနဲ့အတူ လာရောက်ခိုလှုံခဲ့ပါတယ်။

ကျန်းကဲဟာ သူငယ်ချင်းဖြစ်သူကို နွေးထွေးစွာ ကြိုဆိုခဲ့ပေမဲ့ ဒီလုပ်ရပ်ဟာ ဘဝဆိုးတွေကို အိမ်ထဲ ဖိတ်ခေါ်လိုက်တာနဲ့ တူမှန်း မသိခဲ့ပါဘူး။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်ညမှာတော့ လျူရှင်းဟာ ထိတ်လန့်ခြောက်ခြားစွာနဲ့ ကျန်းကဲဆီးကို စာပို့ခဲ့ပါတယ်။
ရည်းစားဟောင်း ချင်းရှစ်ဖုန်း (Chen Shifeng) က အနီးအနားမှာ ချောင်းမြောင်းစောင့်ဆိုင်းနေကြောင်း ပြောပြတဲ့အတွက် ကျန်းကဲဟာ သူငယ်ချင်းဖြစ်သူ စိတ်အေးရအောင် မီးရထားဘူတာရုံအထိ သွားရောက်ကြိုဆိုပြီး အဆောင်ကို တူတူ ပြန်လာခဲ့ကြပါတယ်။

သူတို့နှစ်ဦး အခန်းရှေ့ ရောက်ချိန်မှာတော့ ချင်းရှစ်ဖုန်းဟာ ဓားတစ်ချောင်းနဲ့အတူ ရုတ်တရက် ပေါ်ထွက်လာခဲ့ပါတယ်။
ထိုနောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှကတော့ အဆိုးရွားဆုံး အိပ်မက်ဆိုးကြီးပါပဲ။ လျူရှင်းဟာ အခန်းထဲ ပြေးဝင်သွားပြီး တံခါးကို ဂျက်ထိုး ပိတ်လိုက်ပါတယ်။
သူငယ်ချင်းဖြစ်သူအတွက် ရည်းစားဟောင်းကို ကာကွယ်တားဆီးပေးခဲ့တဲ့ ကျန်းကဲကတော့ ကျဉ်းမြောင်းလှတဲ့ စင်္ကြံန်လမ်းမှာ သောင်းကျန်းနေတဲ့ လူသတ်သမားနဲ့ရင်ဆိုင်ဖို့ ကျန်ရစ်ခဲ့ရပါတယ်။
အကူအညီတောင်းသံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ကျန်းကဲဟာ ဓားဒဏ်ရာ ၁၀ ချက်အထိ ထိမှန်ခဲ့ပါတယ်။
သူမဟာ သွေးထွက်လွန်ပြီး တံခါးဝရှေ့မှာတင် အသက်ပျောက်ကွယ်သွားခဲ့ရပါတယ်... အဲဒီတံခါးရဲ့ အနောက်ဘက်မှာတော့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းရှိနေခဲ့ပေမဲ့ တံခါးဖွင့်ပေးဖို့ မဆိုထားနဲ့ အပြင်ထွက်ပြီး ကူညီဖို့တောင် မကြိုးစားခဲ့ပါဘူး။

ဂျပန်ရဲတပ်ဖွဲ့က ချင်းရှစ်ဖုန်းကို လျင်မြန်စွာ ဖမ်းဆီးနိုင်ခဲ့ပြီး သူဟာ လူသတ်သမားဖြစ်ကြောင်း သက်သေအထင်အရှား ရှိခဲ့ပါတယ်။
သို့သော်လည်း ဒီအမှုဟာ လူသတ်သမားရဲ့ ရက်စက်မှုကြောင့်တင် မဟုတ်ဘဲ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ လျူရှင်းရဲ့ ပြုမူဆက်ဆံပုံကြောင့် လူသန်းပေါင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

ဖြစ်စဉ်ပြီးနောက် လျူရှင်းဟာ ပျောက်ကွယ်သွားခဲ့ပြီး ကျန်းကဲရဲ့ မိခင်နဲ့ တွေ့ဆုံဖို့ ငြင်းဆဆန်ခဲ့သလို၊ နာရေးကိုလည်း မလာရောက်ခဲ့ပါဘူး။
ဒါ့အပြင် အမှန်တရားကို စုံစမ်းမေးမြန်းနေတဲ့ သားကျန်းကဲရဲ့မိခင်ကိုတောင် အင်တာနက်ပေါ်ကနေ ပြန်လည်တိုက်ခိုက်တဲ့ ပို့စ်တွေ တင်ခဲ့ပါသေးတယ်။ သူမရဲ့ အေးစက်လွန်းလှတဲ့ သဘောထားကြောင့် "လူတွေဟာ မိမိအတွက် အသက်စွန့်ပေးခဲ့သူကို ဒီလောက်အထိ ကျောခိုင်းစွန့်ပစ်နိုင်ကြသလား" ဆိုပြီး လူမှုအသိုင်းအဝိုင်းက မေးခွန်းထုတ်ခဲ့ကြပါတယ်။

တိုကျိုတရားရုံးက ချင်းရှစ်ဖုန်းကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ သို့သော် ကျန်းကဲ၏ မိခင်အတွက်တော့ ဒီပြစ်ဒဏ်ဟာ သမီးဖြစ်သူကို သေဆုံးစေခဲ့တဲ့ နောက်ထပ်တစ်ဦးအပေါ်လွှမ်းခြုံမှုမရှိသေးဟု ခံစားခဲ့ရပါတယ်။
ကျန်းကဲရဲ့ မိခင်ဟာ လျူရှင်းကို တရုတ်တရားရုံးမှာ တရားမကြောင်းအရ တာဝန်ယူမှု တာဝန်ခံမှုရှိလာစေဖို့ နှစ်ပေါင်းများစွာ တရားရင်ဆိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ တရားရုံးက လျူရှင်းကို ဒုက္ခရောက်နေသော သူငယ်ချင်းအား စွန့်ပစ်ခဲ့မှုအတွက် အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့ပြီး ကျန်းကဲ၏ မိခင်ကို လျှော်ကြေးပေးလျော်စေခဲ့ပါတယ်။

ထိုငွေကြေးသည် အသက် ၂၄ နှစ်အရွယ် မိန်းကလေး၏ အသက်ကို ပြန်မရနိုင်သော်လည်း၊ အကန့်အသတ်မရှိ ကိုယ်ကျိုးရှာမှုကြောင့် အခြားသူကို ထိခိုက်နစ်နာစေပါက ပေးဆပ်ရမည့် တန်ကြေးရှိကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်ပါတယ်။

ကျန်းကဲရဲ့ ဇာတ်လမ်းဟာ ဆုံးရှုံးမှုကြီးစွာနဲ့ ပြီးဆုံးသွားခဲ့ပေမဲ့ ကျွန်ုပ်တို့အားလုံးကို ထိခိုက်တုန်လှုပ်စေမယ့် မေးခွန်းတစ်ခု ချန်ထားရစ်ခဲ့ပါတယ်...
"အကယ်၍ အဲဒီနေ့က တံခါးရှေ့မှာရှိနေတဲ့သူဟာ ကျန်းကဲ မဟုတ်ဘဲ သင်သာဆိုရင်... 'သူငယ်ချင်း' ဆိုတဲ့ သံယောဇဉ်စကားလုံးတစ်ခုအတွက် သင့်အသက်ကို စွန့်စားဖို့ သတ္တိရှိမှာလား။"

#ဗဟုသုတ #စာဖတ်သူများ

“ဟီးရိုး” ဆိုတာ အစွမ်းထက် စူပါပါဝါတွေ ရှိနေဖို့ မလိုပါဘူးအိန္ဒိယနိုင်ငံ အလယ်ပိုင်း မဓျပဒေးရှ် (Madhya Pradesh) ပြည်နယ်မှ...
05/09/2026

“ဟီးရိုး” ဆိုတာ အစွမ်းထက် စူပါပါဝါတွေ ရှိနေဖို့ မလိုပါဘူး

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဓျပဒေးရှ် (Madhya Pradesh) ပြည်နယ်မှာ “အရ်ဂျွန် ဘစ်တူ တာဘာဟိုင်း” ဆိုတဲ့ အသက် ၂၀ အရွယ် ကျောင်းသားလေးတစ်ယောက်ဟာ အဂ်နား (Ajnar) မြစ်အတွင်း မျှောပါနေတဲ့ အမှိုက်တွေကို ပြီးခဲ့တဲ့ မတ်လဆန်းကစလို့ ၆ လတိုင်တိုင် တစ်ယောက်တည်း ဒိုင်ခံ ကောက်ယူသန့်ရှင်းရေး လုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၆ လလုံးလုံး ဒေသခံတွေက ဒီမြစ်ဟာ ပြင်မရအောင် ပျက်စီးနေပြီဖြစ်ပြီး ဘယ်သူမှ ပြန်ကောင်းအောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုကာ သူ့ကို “အရူး” ဟုပင် လှောင်ပြောင်ကဲ့ရဲ့ခဲ့ကြပါတယ်။

ဒါပေမဲ့ ၆ လအကြာမှာတော့ အခက်အခဲတွေကို မဆုတ်မနစ် ရင်ဆိုင်ရင်း အမှိုက်တွေကို ဆက်တိုက် ကောက်ယူခဲ့တဲ့ အရ်ဂျွန်ရဲ့ ကြိုးပမ်းမှုကြောင့် အမှိုက်နဲ့ ပေါင်းပင်တွေ ပြည့်နှက်နေခဲ့တဲ့ မြစ်ဟာ သန့်ရှင်းသာယာပြီး ရေပြင်ကျယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ထိုအခါမှပဲ လူအများအပြားက အရ်ဂျွန်ရဲ့ ဇွဲလုံ့လနဲ့ သတ္တိကို ချီးကျူးခဲ့ကြပါတယ်။

သို့သော်လည်း အခြားတစ်ဖက်မှာတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ဒေသခံစည်ပင်အဖွဲ့အစည်းတွေမှာ တာဝန်ရှိရမယ့်အစား ဘာကြောင့်များ ဒီလိုမြစ်ချောင်း သန့်ရှင်းရေးနဲ့ ပြန်လည်ပြုပြင်ရေး လုပ်ငန်းကို လူငယ်တစ်ယောက်တည်းရဲ့ ပုခုံးပေါ် ကျရောက်စေခဲ့ရတာလဲဆိုပြီး မေးခွန်းထုတ် သံသယဝင်သူတွေလည်း ရှိနေပါတယ်။

#ဗဟုသုတ #စာဖတ်သူများ ,

အထင်မမှားကြပါနဲ့   #ဟာသ Lay Hnin Yar
05/09/2026

အထင်မမှားကြပါနဲ့

#ဟာသ Lay Hnin Yar

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Lay Hnin Yar โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่