Young &Thoon simple life

10/09/2026

စိတ်ကူးယဉ်အတွေးထဲတော့ ပြေလည်လိုက်တာ 🎼

08/09/2026

သမီးလေးငယ်ငယ်က ဒို့လင်မယား သရုပ်ဆောင် တစ်ဖြတ်ပေါ့ကွယ်

လင်မယားနှစ်ယောက်အပြင်သွားရင်လူတွေပြောနေကျစကားက ကလေးပစ်ထားပြီး နှစ်ယောက်ထဲ လူပျို အပျိုလုပ်နေတယ်ပေါ့ဆိုတာ အမြဲကြားနေကျ ဓာ...
06/09/2026

လင်မယားနှစ်ယောက်အပြင်သွားရင်လူတွေပြောနေကျစကားက ကလေးပစ်ထားပြီး နှစ်ယောက်ထဲ လူပျို အပျိုလုပ်နေတယ်ပေါ့ဆိုတာ အမြဲကြားနေကျ ဓာတ်ပြားဟောင်း

အိမ်ထောင်ကျပြီးသား အမျိုးသမီးတွေ
လှလှပပ ဝတ်စား ပြင်ဆင်ပီးနေရင်
အပြင်သွား ရယ်မောပျော်ရွှင်၊
ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံလှလှလေးတွေရိုက်ရင်ကို
အိမ်ထောင်သည်လို့ မထင်ရဘူးနော်၊
ကလေးအမေရော ဟုတ်ရဲ့လားဆိုတာ
ချီးကျူးစကားလား အပုပ်ချစကားလား
မကွဲတာတွေကို လူတွေက သိပ်ပြောကြတယ်.
အိမ်ထောင်ရေး မလစ်ဟင်းသ၍
ဒီမိန်းမလည်း လူပဲ၊ ဘာလို့ ဘဝကို
ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခွင့်
မရှိနိုင်ရမှာလဲ

❤ #အထူးသဖြင့်
အိမ်ထောင်ရှိအမျိုးသမီးလှလှလေးတွေ
ဂါဝန်အတိုလေးတွေ ခပ်မိုက်မိုက်လေးတွေ
ဝတ်ပြီး ဓာတ်ပုံတင်ရင်၊ ညဘက်ကို ဘားတွေ
ကလပ်တွေ သွားရင် ဟယ် ဒီမိန်းမက
အိမ်ထောင်သည်ဖြစ်ပြီး ဒါမျိုးတွေ ခုထိ
သွားတုန်းဆိုတာမျိုး သိပ်ပြောတာပဲ..
ကလေးအမေလေးတွေဆို ပိုဆိုး၊
တစ်ယောက်တည်းပုံတင်ရင်ဖြစ်ဖြစ်၊
သူတို့အမျိုးသားနဲ့ နှစ်ယောက်တွဲပုံ
တင်လိုက်ရင်ဖြစ်ဖြစ် ဟယ်ကလေးရော၊
ကလေးက ဘယ်မှာလဲ၊ ကလေးကို
ထားခဲ့တယ်နော်ဆိုတာမျိုးတွေ
အရမ်းပြောကြတာပဲ.. မသိရင်
ကလေးကို ကျီးထိုးထိုး ခွေးစားစား
ပစ်ခဲ့လိုက်သလိုမျိုးပဲ..

❤ #မိန်းမဆိုတာ
ယောက်ျားရပြီးရင်၊ ကလေးရပြီးရင်
ပြင်ပြင်ဆင်ဆင် မနေတော့ဘဲ ဆံပင်စုတ်ဖွား၊
မျက်နှာကြောင်ချေးရုပ်နဲ့ ဘယ်သွားသွား
အိမ်နေရင်းအဝတ်အစား အရောင်မရှိ
အဆင်းမရှိ ရိရိရွဲရွဲ ဟောင်းဟောင်းနွမ်းနွမ်း ဝတ်မှ၊
တတ်နိုင်သမျှ အိမ်တွင်းပုန်းမှ၊ အပြင်ထွက်ရင်
သိပ်မလှမှ ဒါမျိုးတွေမှ မိန်းမဝတ္တရား ကျေတဲ့၊
မိခင်ဝတ္တရားကျေတဲ့ အမျိုးသမီးလို့ သတ်မှတ်တဲ့
လူ့ဘောင်ကို ကိုယ်ကတော့ မကြိုက်ဘူး..
မကြိုက်နိုင်ဘူး

❤ #အဲ့သလို
မပြင်မဆင်မှ မယားကောင်း၊
မိခင်ကောင်းလား အိမ်ထောင်တာဝန်ကျေတဲ့လူဖြစ်ရောလား

❤ #အိမ်ထောင်ကျပြီးလို့၊
ကလေးရပြီးလို့ မိန်းမကို
လှလှပပ နေခွင့်မပေးတဲ့ ယောက်ျားတွေနဲ့
အသိုင်းအဝိုင်းကိုတော့ အထင်သေးတယ်..
ကိုကိုက ချစ်လေးကို သဝန်တိုလို့ပါဆိုတာမျိုး
တော်ကီနဲ့ ကပ်ချုပ်တဲ့ကောင်တွေပဲ
အချိန်တန်တော့ အောက်သွားမရှိတဲ့
နွားပြာကြီးတွေလို စကီအသစ်လေးတွေနောက်
ပါပါသွားတာ

❤ #တကယ်ကလေ
အိမ်ထောင်ရေးမှာ
လင်မယားနှစ်ယောက် သစ္စာရှိဖို့၊
သူတို့ချင်း အဆင်ပြေဖို့ပဲ လိုတယ်..
အိမ်ထောင်ကျသွားတာနဲ့ ဖြစ်ကတတ်ဆန်း
နေစရာလည်း မရှိဘူး..
ကိုယ့်လင်သားကို အချိန်ပေးရတာ၊
ကလေးကို စောင့်ရှောက်ရတာကြောင့်
အပျိုဘဝကလောက် သူ့မှာ အလှအပအတွက်
အချိန်မပေးနိုင်ရင်တောင် သူအားလို့
အပြင်သွားတဲ့အခါတော့ လှလှပပ နေခွင့်က
ရှိသင့်တာပဲ

❤️ #အဝတ်အစားက
သူတို့အိမ်ထောင်ပေါ် သစ္စာရှိမှု မရှိမှုနဲ့
တိုက်ရိုက်အချိုးကျတယ်လို့ သတ်မှတ်တဲ့
သူတွေကိုတော့ ဥာဏ်သိပ်ပုတာပဲလို့ပဲ ထင်တယ်..
မပြင်မဆင်နေရင်းနဲ့ ဖောက်ပြန်ချင်လည်း
ဖောက်ပြန်ကြမှာပဲ..

🩵 #မိန်းမတွေလှတာဟာ
ဘာအပြစ်မှ မရှိသလို
အပြန်အလှန်သစ္စာရှိနေသ၍
အိမ်ထောင်ရေးလည်း ထိခိုက်စရာမရှိဘူးလို့
မြင်တယ်..ကိုယ်ကတော့
အိမ်ထောင်သည်တွေရော
ကလေးအမေလေးတွေပါ
လှလှလေး ဝတ်စားနေထိုင်သွားလာတာကို
သဘောကျတယ်.. တတ်နိုင်သမျှ
လှစေချင်တာပဲ

.
💖 -Original Writer

06/09/2026

Gym ရောက်ရင် တကယ်ဆော့နေတာပါဆို မယုံကြဘူး 🥴
နောက်ခံ အသံလေးတွေ သည်းခံပေး

#

စံပြစျေးလေး ခဏ သွားမလို့ဟာ ဘာလို့ ဒီသားဖနှစ်ယောက် ရှိုးထုတ်နေကြတာတုန်း ငါ့မှာတော့ သူတို့ကိုထိန်းတဲ့ အမေအို ရုပ်နဲ့  🥴   ...
05/09/2026

စံပြစျေးလေး ခဏ သွားမလို့ဟာ ဘာလို့ ဒီသားဖနှစ်ယောက် ရှိုးထုတ်နေကြတာတုန်း ငါ့မှာတော့ သူတို့ကိုထိန်းတဲ့ အမေအို ရုပ်နဲ့ 🥴

04/09/2026

ဆိုင်မှာ တက်တူးထိုးခဲ့တာ ဆိုပဲ မနိုင်ဘူးဟေ့

01/09/2026

ချစ်ခြင်းကို မခွဲပါနဲ့ 😬

#

Mommy ဘာစားချင်လဲ ပြော ယွန်းဝတီထက် ကြီးလာရင် ချက်ကျွေးမလို့ တဲ့ ၃နှစ် နဲ့ ၆လ သမီးလေး ရဲ့ စကားလေး တစ်ခွန်း မှာ အံ့ဩ ဝမ်းသ...
31/08/2026

Mommy ဘာစားချင်လဲ ပြော ယွန်းဝတီထက် ကြီးလာရင်
ချက်ကျွေးမလို့ တဲ့ ၃နှစ် နဲ့ ၆လ သမီးလေး ရဲ့ စကားလေး တစ်ခွန်း မှာ အံ့ဩ ဝမ်းသာ ဖြစ်ခဲ့ရတယ်

ကိုယ်ဝန် စရှိတဲ့ အချိန် ပြန်သတိရမိ သွားတယ် ကိုယ်ဝန် ရှိပြီ ဆိုထဲက သမီးဦးလေး ရချင်မိတာ ကိုယ်ဝန် ရှိချိန် မှာ ကိုယ့်အမေက ကိုယ့်ဗိုက် ၄လမှာ မိန်းကလေး အကျီနဲ့ ဖိနပ်လေး လက်ဆောင်ပေးတယ် အမေပြောတဲ့ စကားတစ်ခွန်း ခုထိ မှတ်မိ သေးတာ သမီး နဲ့ တူတဲ့ သမီးလေးကို ငါ့သမီး ရပါစေတဲ့

ကိုယ်တိုင် က မိဘ အတွက် ထီး ဖြစ်အောင်နေတယ်
(မီး)မဖြစ်အောင် နေခဲ့တဲ့ သမီးမို့ အမေ ပြောသလို
သမီးနဲ့ တူတဲ့ သမီးလေး အနားမှာ ရှိနေပြီ 🤍

30/08/2026

မိန်းမကို ကြောက်ရတယ် သူ့လက်အောက်မှာပဲ ကျွန်တော် နေပါတယ်

29/08/2026

DNA စစ်ဖို့ လိုအုံးမလား 🥴

ที่อยู่

Bangkok
55000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Young &Thoonผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์