Smlie To Time Hello "👋

ချင်းမိုင်ရဲ့လိမ္မော်သီးြခံ"🍊🍊🍊
03/01/2026

ချင်းမိုင်ရဲ့လိမ္မော်သီးြခံ"🍊🍊🍊

12/10/2025
11/10/2025
အကို ညီမအနားမရှိတော့တာကလွဲရင်အရာအားလုံးက ပုံမှန်အတိုင်းပါပဲ။
27/09/2025

အကို ညီမအနားမရှိတော့တာကလွဲရင်
အရာအားလုံးက ပုံမှန်အတိုင်းပါပဲ။

02/09/2025

ပြန်ကြားရတဲ့ သတင်းက
သူ့၏ကောင်း‌ကြောင်းနှင့် မိမိ၏စော(က်)ပြ၊စ်များ 😏

30/08/2025

တွေ့ဆုံမှုတိုင်းက ခွဲခွါခြင်းနဲ့
အဆုံးသတ်ရမှာပဲ .. လို့

အစကတည်းက တွေးထားရင်

တကယ်ခွဲခွါရတဲ့အခါ
သိပ်မခံစားရတော့ဘူး .. ပေါ့

တယောက်တည်း
နေတတ်အောင် သင်ယူဖို့

ကျနော်တို့ တစ်ခါတစ်လေ
မေ့နေတတ်တယ်။

28/08/2025

သူ့ကို နောက်ဆုံးအကြိမ်
စကားပြောခွင့်ရမယ်ဆိုရင်
ဘာပြောချင်လဲ

28/08/2025

မကြာခင်မြင်ရတော့မယ်
မညားသေးတဲ့လင်ကို VC ခေါ်ပြီး
ထိုင်ကန်တော့မယ့်
လင်ထိပ်ထားစံမတွေ။

27/08/2025

နောင်တပေါ့ ...

မရှိတော့တဲ့အခါမှ
ပြန်တောင့်တနေလို့လဲ
အပိုပဲ ဆိုတာ သိပေမယ့်

ငါတို့ဝေးခဲ့ပြီးမှ
မင်းကို သိပ်ချစ်ခဲ့မှန်း
အသိနောက်ကျခဲ့ရတယ် ။

ပြန်လာပါလို့
ဘယ်တော့မှ
တောင်းဆိုဖြစ်မယ် မထင်ပါဘူး

ကိုယ့်အတွက်
မင်း ပင်ပန်းခဲ့ရတာတွေ
မင်းနာကျင်ခဲ့ရတာတွေက
ဒီလောက်နဲ့ လုံလောက်ပြီလေ ...

တစ်နေ့ ...
မင်းချစ်တတ်လာတဲ့ တစ်နေ့ကျရင်
ငါ မင်းကို ဘယ်လောက်ချစ်ခဲ့မှန်း
သိလာလိမ့်မယ် တဲ့ ...

အတိတ်တွေဟာ
တရိပ်ရိပ်ပါပဲ ...

ငါ့အတွက်နဲ့
ပတ်၀န်းကျင်က ပြောသမျှကို
ပြုံးပြုံးလေး အဖြေပြန်ပေးခဲ့တာတွေ

နီးဖို့အတွက်နဲ့
တစ်လောကလုံးနဲ့လဲပြီး
ကိုယ့်ကို ရွေးချယ်ခဲ့တာတွေ

နာလောက်ဖို့ လုံလောက်ရဲ့နဲ့
မျက်ရည်တွေကြားက
ခွင့်လွှတ်ခဲ့တာတွေ

ပြီးတော့ ...
ဘာ ပြဿနာမှ မရှာပဲ
တိတ်တိတ်လေး
ပျောက်ကွယ်ပေးခဲ့တာတွေဟာ ...

အချစ်ဆိုတာမှန်း
ကိုယ်​တဖြေးဖြေး နဲ့ သိလာရတာနဲ့အမျှ
ကိုယ်တို့ဟာ တဖြေးဖြေး မဆုံနိုင်တော့တဲ့
အကွာအဝေးတွေ ရောက်နေပါပြီ ...

မင်း နာကျင်ခဲ့ရတာဟာ
တကယ်တော့ မတန်ပါဘူး
ထားခဲ့ဖို့ ရွေးခဲ့တာကလဲ
မင်း မှန်ပါတယ် ...

ပြီးတော့ ...
ဒီလောက် ချစ်ခဲ့တဲ့ လူတစ်ယောက်ကို
တန်ဖိုးထားဖို့ မေ့ခဲ့တဲ့
ကိုယ်ကလည်း

နာကျင်ရဖို့ တန်ပါတယ် ။

27/08/2025

လောကမှာ ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေထဲမှာ
"သူငယ်ချင်းကောင်း" က ထိပ်ဆုံးကပါတယ်
မိဘကိုတောင် ပြောပြလို့မရတဲ့
အကြောင်းအရာတွေကို ပြောပြလို့ရတဲ့သူ....
ငိုချင်ရင်တောင် ရှက်စရာမလိုပဲ
ဖြေသိမ့်ပေးပြီး အကြံပေးနိုင်တဲ့သူ...
ဒုက္ခရောက်ရင် အရင်ဆုံးပြေးလာတဲ့သူ...
တလောကလုံးက ကိုယ်မှားတယ်ပြောနေရင်တောင်
ကိုယ့်ဘက်ကနေ မှန်ပါတယ်ဆိုပြီး အားပေးမယ့်သူ။

27/08/2025

သတိရတယ် ဆိုရုံလေးနဲ့တင်ကိုပဲ
ဒီနေ့ ညအတွက်

ကျေးဇူးတင်ပါတယ် ။

အများကြီး ထပ်မတောင်းဆိုတော့ပါဘူး ။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Smlie To Timeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์