02/11/2024
"တစ်နည်းအားဖြင့် သတိရပါ"
ကြင်နာယုယစွာ ချစ်သူ့ပါးနှစ်ဖက်ကို
သမုဒယလက်ဖြင့်ကိုင်တွယ်
အနမ်းပွင့်တွေ ချွေချင်တယ်...။
ချစ်သူ့ပါးထက်က ပါးချိုင့်ကွက်ပေါ်
ကိုယ့်လက်ညှိုးနဲ့ ထိုးဆွချင်တယ်...။
ချစ်သူ့ဆံနွယ်တို့အား
ကိုယ့်လက်နှစ်ဖက်နဲ့ ပွတ်သပ်ချင်တယ်...။
အကြင်နာ၊အချစ်စိတ်တို့အား
မမြင်သာအောင် အမုန်းစိတ်ဖြင့်
ဖုံးလွှမ်းခိုက်ဝယ် သမုဒယလက်တို့မှာ
မနုရွနိုင်တော့ချေ...။
ကြမ်းတမ်းသော စိတ်ရိုင်းတို့ဖြင့်
အကိုင်အတွယ် ကြမ်းခဲ့သော်
ခနလောက်ဖြစ် မှန်းမျှော်တမ်းတပေးပါ
တစ်ချိန်က ယုယခဲ့သော
ဟောဒီ့ လက်နှစ်ဖက်ကို...။
#