30/06/2025
အသက်တွေကြီးလာတော့ အဖွားက အယ်လ်ဇိုင်းမားရောဂါ ဖြစ်လာတယ် အဖိုးကအနီးကပ်အနားမှာ နေပေးပြီး ငယ်ငယ်က love story လေးတွေပြန်ဖတ်ပြရင်း ဘဝနေဝင်ချိန်တွေကို ဖြတ်သန်းတယ်။ သားသမီးတွေ လာတွေ့တဲ့အချိန် အဖိုးကို ဘာမှ မသိတော့တဲ့အဖွားနား ဘာလို့ နေနေတာလဲ သားသမီးမြေးမြစ်တွေနဲ့အတူတူ ပျော်ရွှင်စွာ နေဖို့ ပြောတော့ သူချစ်တဲ့ သူ့ဇနီးနားမှာပဲ နေချင်တာ နေပျော်တာတဲ့လေ ဒါသူ့ဘဝမှာ အချစ်ဆုံး အမျိုးသမီး အချစ်ဦးတဲ့ 🥹🤍
အဖွားက Do u think our love could take us always together ? “ကျမတို့ချစ်ခြင်းက ငါတို့ကိုအတူတူ ခေါ်သွားပေးနိုင်တယ် ထင်လား”မေးတော့
အဖိုးက ပြောတာလေး သိပ်သဘောကျတာ
“I think our love can do anything we want it to.”
“ငါတို့ချစ်ခြင်းဟာ ငါတို့ဖြစ်ချင်တာ အကုန်လုပ်ပေးနိုင်တယ်လို့ ငါထင်တယ်တဲ့” 🤍
မင်း မေ့သွားတဲ့ အရာမှန်သမျှတွေကို
ငါ တိတ်တဆိတ်နဲ့ ပြန်လည်မွေးမြူနေမယ်။
ဒီဘဝမှာ မင်းဘာမှမမှတ်မိတဲ့ နေ့တွေမှာတောင်
ငါ မင်းနဲ့အတူတူ ရှိနေဖို့ပဲ ဆုံးဖြတ်ထားတယ်
မင်းကိုမေ့လို့မရတာက ငါ့အတွက်
အချစ်ရဲ့ အမြတ်ဆုံးအချက်တစ်ခုပါပဲ
Love isn’t just about remembering. It’s about choosing. Even when memories fade, staying beside someone and loving them anyway… that’s love. The kind of love that makes you believe leaving the world together wouldn’t be so scary, if it’s with them.