Valerie's Lifestyle and Knowledge

  • Home
  • Valerie's Lifestyle and Knowledge

Valerie's Lifestyle and Knowledge Valerie's Lifestyle and Knowledge

23/08/2026

အနာဂတ်ကောင်းတစ်ခုအတွက် ကြိုးစားနေသူများ

ဘဝမှာ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ရရှိနိုင်ဖို့အတွက် လူတော်တော်များများဟာ နေ့စဉ်အခက်အခဲတွေကို ရင်ဆိုင်ပြီး ကြိုးစားအလုပ်လုပ်နေကြပါတယ်။ တစ်ခါတစ်ရံ ပင်ပန်းနွမ်းနယ်မှု၊ အဆင်မပြေမှုနဲ့ စိတ်ဓာတ်ကျစရာတွေ ကြုံရပေမယ့် မိမိရဲ့အိပ်မက်နဲ့ မိသားစုအတွက် မရပ်မနား ဆက်လက်ကြိုးစားကြပါတယ်။ ယနေ့ရဲ့ ပင်ပန်းမှုတွေဟာ မနက်ဖြန်မှာ ပိုကောင်းတဲ့ဘဝတစ်ခုကို တည်ဆောက်ပေးနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။ အောင်မြင်မှုဆိုတာ ချက်ချင်းရရှိတာမဟုတ်ဘဲ နေ့စဉ်ကြိုးစားမှု၊ သည်းခံမှုနဲ့ မျှော်လင့်ချက်တွေကနေ တဖြည်းဖြည်း ဖြစ်ပေါ်လာတာပါ။ ထို့ကြောင့် အခက်အခဲတွေ ဘယ်လောက်များပါစေ မိမိရဲ့ရည်မှန်းချက်ကို မမေ့ဘဲ ဆက်လက်ကြိုးစားနေသူတိုင်းဟာ တစ်နေ့မှာ မိမိအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။




22/08/2026

Workplace competition and Jealousy

❤️💪💪💪❤️လုပ်ငန်းခွင်မှာ ယှဉ်ပြိုင်မှုနဲ့ မနာလိုမှုတွေကို အနိုင်ယူဖို့ဆိုရင် အခြားသူကို အနိုင်ယူဖို့ထက် ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့ ပိုအရေးကြီးပါတယ်။💪💪💪
၁။ ကိုယ့်ရဲ့ ပန်းတိုင်ကိုပဲ အာရုံစိုက်ပါ အခြားသူ ဘာရတယ်၊ ဘယ်လောက်တိုးတက်တယ်ဆိုတာကို အမြဲကြည့်နေမယ့်အစား ကိုယ့်ရဲ့ ကျွမ်းကျင်မှု၊ ရလဒ်နဲ့ တိုးတက်မှုကိုပဲ အာရုံစိုက်ပါ။
၂။ မနာလိုမှုကို သင်ခန်းစာအဖြစ် ပြောင်းပါ တစ်ယောက်ယောက် အောင်မြင်နေတာကို မြင်ရင် "ဘာကြောင့် သူအောင်မြင်တာလဲ၊ ငါ ဘာသင်ယူနိုင်လဲ" လို့ စဉ်းစားပါ။ မနာလိုမှုက ကိုယ့်ကို တိုးတက်စေမယ့် လှုံ့ဆော်မှု ဖြစ်လာနိုင်ပါတယ်။
၃။ အရည်အချင်းကို တိုးတက်အောင်လုပ်ပါ အသိပညာ၊ လူမှုဆက်ဆံရေးစွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်တွေကို ဆက်လက်လေ့လာပါ။ မိမိမှာမရှိတဲ့ သူတပါးအရည်အချင်းကို ကိုအတုယူပါ ကိုယ့်မှာရှိပီးသားအရည်အချင်းကိုပိုကောင်းအောင်လုပ်ပါ
၄။ အလုပ်နဲ့ သက်သေပြပါ အငြင်းပွားတာ၊ အတင်းအဖျင်းပြောတာထက် ကိုယ့်အလုပ်ရလဒ်က အကောင်းဆုံးအဖြေ ဖြစ်ပါတယ်။
၅။ စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းပါ မနာလိုသူတွေကြောင့် ဒေါသထွက်ပြီး တုံ့ပြန်လိုက်ရင် သူတို့လိုချင်တာကို ပေးလိုက်သလို ဖြစ်တတ်ပါတယ်။ တည်ငြိမ်ပြီး ပရော်ဖက်ရှင်နယ်ဖြစ်နေခြင်းက အားသာချက်တစ်ခုပါ။
၆။ မိတ်ဆွေကောင်းများ ရအောင်မိတ်ဖွဲ့ပါ အလုပ်ခွင်မှာ ယုံကြည်စိတ်ချရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိဖို့ အရေးကြီးပါတယ်။ အကောင်းမြင်သူတွေနဲ့ ပေါင်းသင်းရင် အဆိုးမြင်စိတ်တွေ လျော့နည်းလာတတ်ပါတယ်။
မှတ်ထားရမယ့် စကားတစ်ခွန်းကတော့—
"အခြားသူကို အနိုင်ယူခြင်းထက် ကိုယ့်ကိုယ်ကို မနေ့ကထက် ဒီနေ့ ပိုကောင်းတဲ့ အရည်ချင်းရှိလာအောင် လုပ်နိုင်ခြင်းကသာ အကြီးမားဆုံး အောင်မြင်မှု ဖြစ်တယ်။"

By Valerie's Lifestyle

20/08/2026

အခက်အခဲမရှိတဲ့ဘဝဆိုတာမရှိပါဘူး ကိုယ့်ရဲ့အကောင်းမြင်စိတ်နဲ့ ဘဝရဲ့မုန်တိုင်းတွေကို အပြုံးမပျက် စိတ်ဓါတ်မကျပဲဖြတ်ကျော်နိုင်မှုအပေါ်မူတည်ပီး ကျမတို့ဘဝက အရမ်း ခက်ခဲနေသလား သိပ်မခက်ခဲပါလားဆိုတာ ကွာသွားတာပါ
မိမိတတ်နိုင်သမျှအကောင်းဆုံးကြိုးစားပါ ရလာတဲ့ရလဒ်ကို လက်ခံတတ်ပါစေ တကြိမ်တည်းနဲ့ ကိုယ့်ရည်မှန်းချက်မရောက်‌နိုင်ပါဘူး ကျမတို့မှာ အကြိမ်ကြိမ်ထပ်ကြိုးစားခွင့်ရှိပါတယ် စိတ်အားမလျှော့လိုက်ဖို့ပဲလိုတာပါ တနေ့တော့သင်လိုချင်တဲ့ပန်းတိုင်ကိုရောက်လာတဲ့နေ့ဖစ်ပါလိမ့်မယ် 💪💪💪
By Valerie's Lifestyle

19/08/2026

‎ကျမက ရိုးရှင်းတဲ့သာမန်အမျိူးသမီးတဦးပါ သူဌေးမဟုတ်ပါဘူး ဒါပေမဲ့ စိတ်ချမ်းသာပါတယ် ကိုယ်ကျင့်တရားအကျင့်စရိုက်ကောင်းအောင်နေပါတယ် ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ပီးကိုယ့်ဝင်ငွေနဲ့ဘဝကိုရပ်တည်တယ် မိမိဘဝရပ်တည်ဖို့ ဘယ်သူ့ကိုမှ မှီခိုနေဖို့မလိုတဲ့ဘဝဟာ စိတ်အချမ်းသာရဆုံးပါပဲရှင် ကျမစားချင်တာ စားတယ် ဝယ်ချင်တဲ့အရာတွေဝယ်တယ် သွားချင်တဲ့ခရီးတွေသွားတယ် ပင်ပန်းတယ်လို့ခံစားရတဲ့နေ့ရက်တွေမှာ အလုပ်မလုပ်ဘဲ အနားယူတယ် ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို တန်ဖိုးထားတယ် ဂရုစိုက်ပေးတယ် ကျမရဲ့နေထိုင်မှုက ဘယ်သူ့ကိုမှ မထိခိုက်စေတဲ့အတွက် ကျမကို လူတွေအဆိုးမြင်မြင် အကောင်းမြင်မြင် ကျမ စိတ်မဝင်စားပါဘူး
‎တကယ်တော့ ဘဝဆိုတာ အချိန်ဆိုတဲ့ရထားကိုစီးပီး ခရီးသွားခြင်းပါပဲ မတူညီတဲ့ပန်းတိုင်တွေကို မတူညီတဲ့လမ်းကြောင်းတွေကနေသွားနေကြတာပါ လူတယောက်နဲ့တယောက် ပန်းတိုင်တွေမတူညီကြလို့ ရလဒ်တွေလည်းမတူပါဘူး သွားတဲ့လမ်းကြောင်းလည်းမတူကြလို့ ကျမတို့ကြုံတွေ့ရတဲ့ဘဝအတွေ့အကြုံအခက်အခဲ တွေလည်းမတူညီကြပါဘူး မွေးဖွားချိန်ကစပီးဘဝကုန်လွန်ချိန်ထိ ခရီးလမ်းမှာ ပြသနာတွေ ရုန်းကန်ရတာတွေ ကျရှုံးပြိုလဲရတာတွေ ဝမ်းနည်းအားငယ်မှုတွေ သိမ်ငယ်မှုတွေ အောင်မြင်ပျော်ရွှင်မှုတွေရှိကြပါတယ် ကိုယ့်ဘဝခရီးလမ်းမှာကိုယ်ကျေနပ်ပျော်ရွှင်နေဖို့ပဲလိုပါတယ်

By Valerie's Lifestyle

19/08/2026

💯💯💯ဘဝတိုက်ပွဲ💪💪💪💯💯💯လက်လျှော့မလား အနိုင်ယူမလား?💪💪💪

‎ကျနော့်က မြို့ငယ်လေးတခုက သာမန်မိသားစုလေးတခုမှာမွေးဖွားလာတဲ့ အကြီးဆုံးသားပါ ကျနော့်မှာ ညီလေးနှစ်ယောက်ရှိပါသေးတယ် ကျနော့်မိဘမချမ်းသာပေမဲ့ ကျနော်တို့ညီကိုတွေဘွဲ့ရအောင်တော့ပညာသင်ခွင့်ရခဲ့ကြပါတယ် အခုဆိုကျနော်ဟာ ဘွဲ့ရပီးလုပ်ငန်းခွင်ဝင်ခဲ့တာဆယ်စုနှစ်တခု ကျော်လာပါပီ အလုပ်ဝင်ခါစမှာ လုပ်ငန်းခွင်နှိပ်ကွပ်မှုတွေ အနိုင်ကျင့်လူပါးဝမှုတွေ တရားမမျှတမှုတွေအများကြီးရင်ဆိုင်ခဲ့ရပါတယ် အဆင်မပြေလို့ အလုပ်တွေတခုပီးတခုပြောင်းခဲ့ဖူးပါတယ် ၃နှစ်လောက်အောက်ခြေသိမ်းဘဝမှာ ကြိုးစားလေ့လာရင်းနဲ့ ကျနော် အလယ်အလတ်နေရာတခုရောက်ခဲ့ပါတယ် ကျနော့်ငယ်ဘဝဟာကံမကောင်းခဲ့ပါဘူး ကံညဏ်ဝီရိယ သုံးခုမှာကံအားနည်းသူဖစ်တာကြောင့် သူများတွေထက် ညဏ်အား ဝီရိယအား ပိုစိုက်ထုတ်ခဲ့ရပါတယ် သူများတွေလွယ်လွယ်ကူကူရနေတဲ့အရာကို ကျနော်ကပင်ပင်ပန်းပန်းလုပ်မှရခဲ့သူပါ လူပဲဗျာ တခါတလေလည်း စိတ်ဓါတ်ကျတာတွေ စိတ်အားငယ်မှုတွေရှိတာပေါ့ ငါပြိုလဲလို့မရဘူး ငါ့နောက်မှာ မျှော်လင့်ချက်ကြီးတဲ့မိဘတွေရှိနေတယ် အိုမင်းလာတဲ့မိဘတွေကို တလှည့်ပြန်ရှာဖွေကျွေးရဦးမယ်ဆိုတဲ့စိတ်လေးနဲ့ပဲ ရှေ့ဆက်ခဲ့ရပါတယ် ဆယ်စုနှစ်တခုကျော်လာချိန်မှာတော့ကျနော်လည်းမိဘတွေကိုပြန်ထောက်ပံ့နိုင်တဲ့ဘဝတခုရောက်လာပါပီ ဒါပေမဲ့ ဆက်လက်ကြိုးစားနေရတုန်းပါပဲ ငယ်ငယ်ကလို ကျနော်ဟာကံအားနည်းသူမဟုတ်တော့ဘဲ ကံကြမ္မာမျက်နှာသာပေးမှုလေးတွေရလာပါပီ ကျနော့်လိုဘဝကိုကြိုးစားနေသူတွေကို အကြံပေးချင်တာက စိတ်ဓါတ်မကျဖို့ပါ ရေတွင်းတူးသလိုပါပဲ အစပိုင်းတော့ရေမသောက်ရဘူးပေါ့ဗျာ ကာလတခုအကြာမှာတော့ ကြိုးစားမှုရဲ့အသီးအပွင့်ကိုခံစားရမှာပါ ဘဝကကျနော်တို့ကိုအရင်စမ်းသပ်ပါလိမ့်မယ် ခံနိုင်ရည်ရှိသူလား လက်လျှော့တတ်သူလားဆိုတာ စမ်းသပ်ပီးမှ ဇွဲမလျှော့သူကို ဆုချတာပါ ..အခက်အခဲပြသနာတွေကြုံရလို့ဝမ်း‌နည်းအားငယ်လာချိန် ငါစမ်းသပ်ခံနေရပါလားလို့တွေးပီး ဘဝအရှုံးမပေးဘဲဆက်လက်တိုက်ပွဲဝင်ဖို့လိုပါတယ်
By Valerie's Lifestyle

19/08/2026

ကိုယ်သည်သာကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်💯💯💯❤️❤️❤️💪💪💪

‎"ကျွန်မကို ဘဝမုန်တိုင်းတွေကြားမှာ ဘယ်သူမှ မကယ်ခဲ့ပါဘူး... ဒါပေမယ့် ကျွန်မ ကိုယ့်ကိုယ်ကို ကယ်ခဲ့တယ်။"

ကျမတို့‎ဘဝမှာ တစ်ယောက်တည်း လျှောက်ရတဲ့ လမ်းက မလွယ်ပါဘူး။
‎တစ်ခါတလေ မျက်ရည်ကျရင်း စားခဲ့ရအိပ်ခဲ့ရတယ်။ တစ်ခါတလေ စိုးရိမ်စိတ်ပျက်ရင်း မနက်ဖြန်ကို ရင်ဆိုင်ခဲ့ရတယ်။
‎အားကိုးစရာ မရှိတဲ့နေ့တွေ ရှိခဲ့တယ်။ နားလည်ပေးမယ့်သူ မရှိတဲ့ အချိန်တွေ ရှိခဲ့တယ်။
‎ဒါပေမယ့် ကျွန်မ လက်မလျှော့ခဲ့ပါဘူး။
‎ဘဝက ကျွန်မကို စမ်းသပ်တိုင်း ပိုပြီး သန်မာလာခဲ့တယ်။
‎တစ်ယောက်တည်း နေတတ်စားတတ်လာတယ်။ တစ်ယောက်တည်း ဆုံးဖြတ်တတ်လာတယ်။ တစ်ယောက်တည်း ပျော်ရွှင်အောင် နေတတ်လာတယ်။
‎လူတိုင်းရဲ့ ချစ်ခြင်းကို မစောင့်တော့ဘူး။ ကိုယ့်ကိုယ်ကို ချစ်ဖို့ သင်ယူခဲ့တယ်။
‎လူတိုင်းရဲ့ အသိအမှတ်ပြုမှုကို မလိုတော့ဘူး။ ကိုယ့်တန်ဖိုးကို ကိုယ်သိလာခဲ့တယ်။
‎ဒီနေ့ ကျွန်မ ပြုံးနေတာက ဘဝက လွယ်လို့ မဟုတ်ဘူး။
‎ဘယ်လောက် ခက်ခဲခဲ့ပါစေ အကောင်းမြင်စိတ်ကို မစွန့်လွှတ်ခဲ့လို့ပဲ။
‎အမျိုးသမီးတစ်ယောက်ရဲ့ အင်အားက သူမ ဘယ်တော့မှ မပြိုလဲခဲ့တာ မဟုတ်ပါဘူး။
လဲ‎ကျသွားတိုင်း ပြန်ထလာနိုင်တာပဲ။
‎ဒါကြောင့်... ဒီဗီဒီယိုကို ကြည့်နေတဲ့ မိန်းမတိုင်းကို ပြောချင်တယ်။
‎ဘဝတိုက်ပွဲဆင်နွှဲနေတာသင်တစ်ယောက်တည်း မဟုတ်ပါဘူး။ သင်ဟာ သင်ထင်ထားတာထက် ပိုတော် ပိုသန်မာပါတယ်။ ပိုတန်ဖိုးရှိပါတယ်။ ပိုလှပါတယ်။
‎ဆက်လျှောက်ပါ... သင့်ရဲ့ အကောင်းဆုံးနေ့တွေက ရှေ့မှာ စောင့်နေတုန်းပဲ။

Address


Website

Alerts

Be the first to know and let us send you an email when Valerie's Lifestyle and Knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your establishment to be the top-listed Arts & Entertainment?

Share