23/11/2025
"မိန်းကလေးတစ်ယောက်တည်း ခရီးသွားတာ အမှားလား?" 🤔
သီရိလင်္ကာမှာ နယူးဇီလန် ခရီးသွားအမျိုးသမီးတစ်ဦး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကံကောင်းတာက တရားခံကို (၅) ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်
ဒါပေမဲ့ အွန်လိုင်းသုံးစွဲသူ တော်တော်များများက "မိန်းကလေးတစ်ယောက်တည်း ခရီးသွားလို့ ဒီလိုဖြစ်ရတာ၊ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ" ဆိုပြီး ဝေဖန်လျက်ရှိပါတယ်။
ကာယကံရှင် အမျိုးသမီးကတော့ - "အမျိုးသမီးတွေ လုံခြုံစွာ ခရီးသွားခွင့် ရှိရမယ်။ နှောင့်ယှက်တဲ့သူတွေရဲ့ အပြစ်သာဖြစ်တယ်" လို့ တုံပြန်ပြောဆိုပါတယ်။
ဘော်ဒါတို့ရော ဘယ်လိုမြင်လဲ?
Solo Travel ထွက်တဲ့ မိန်းကလေးတွေက ပိုပြီး သတိထားသင့်တာလား၊ ဒါမှမဟုတ် ပတ်ဝန်းကျင်က အမျိုးသားတွေရဲ့ စိတ်ဓာတ်ကို ပြုပြင်သင့်တာလား? ဆွေးနွေးပေးသွားကြပါဦး။ 👇