MRT မဟုတ်တာမတင်ရပါ လိမ်မာလား

ထောင်းစားကြမယ်တစ်နေ့တော့😅
26/07/2021

ထောင်းစားကြမယ်တစ်နေ့တော့😅

26/07/2021

အကြည့်လေး

လူမသိသူမသိ အသက်ပေးဆပ်လိုက်ရတဲ့....သူရဲကောင်းတို့၏ ရုပ်အလောင်းများ....😥😥ကယားပြည်နယ်-ဒီမောဆိုမြို့ . Photo
15/06/2021

လူမသိသူမသိ အသက်ပေးဆပ်လိုက်ရတဲ့....

သူရဲကောင်းတို့၏ ရုပ်အလောင်းများ....😥😥

ကယားပြည်နယ်-ဒီမောဆိုမြို့

. Photo

ရှမ်း-ကယားနယ်စပ်၊ ထီးစဲခါးဂိတ်တွင် စစ်ကောင်စီဘက်တော်သား PNO ပြည်သူ့စစ်များ  သောင်းကျန်းနေ၊ ခရီးသည်များ၏ပစ္စည်းများ အဓမ္မသိ...
15/06/2021

ရှမ်း-ကယားနယ်စပ်၊ ထီးစဲခါးဂိတ်တွင် စစ်ကောင်စီဘက်တော်သား PNO ပြည်သူ့စစ်များ သောင်းကျန်းနေ၊ ခရီးသည်များ၏ပစ္စည်းများ အဓမ္မသိမ်းယူ

ရန်ကုန်၊ ဇွန် ၁၅

ရှမ်း-ကယားနယ်စပ်၊ တောင်ကြီး-လွိုင်ကော် လမ်း၊ ထီးစဲခါးဂိတ်တွင် လုံခြုံရေးယူထားသော PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ဖြတ်သွားဖြတ်လာ ခရီးသည်ယာဉ်များပေါ်မှ ပစ္စည်းများကို အဓမ္မ ခြိမ်းခြောက်သိမ်းယူနေသည်ဟု တောင်ကြီးမှ လွိုင်ကော်သို့ ပြန်လာသည့် ခရီးသွားတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

"မနေ့က ကျနော် တောင်ကြီးကနေပြန်လာတာ၊ ဓါတ်ဆီ ၅ ဂါလံဆံ့ ၆ ပုံးပါတာကို အကုန်သိမ်းသွားတယ်၊ လွိုင်ကော်မှာက အခု ဆီဈေးက အရမ်းကြီးနေတာ၊ ဝယ်ရင်လည်း အပြင်မှာ သွားဝယ်ရ၊ လုံခြုံရေးလည်း စိတ်မချရဘူး၊ လိုသလောက်လည်းမရဘူး၊ ကျနော့်ကားအရှေ့က ကားဆိုရင်လည်း ဆန်အိတ်ပါလာတာ သိမ်းသွားတယ်" ဟု တောင်ကြီးမှ ပြန်လာသည့် လွိုင်ကော်မြို့ခံတစ်ဦးမှ ပြောသည်။

ယခင်က အဆိုပါဂိတ်အားဖြတ်သန်းလျှင် ကျပ်ငွေ ၅၀၀ ပေးရပြီး လက်ရှိအချိန်တွင် ကားတစ္စီးကို ကျပ်ငွေ ၅၀၀၀ ကောက်ခံနေကြောင်း သိရသည်။

"အခု လွိုင်ကော်ကနေ ရှောင်လာတဲ့ စစ်ရှောင်တွေ ရှမ်းပြည်ဘက်တက်ရင် တစ္စီးကို ၅၀၀၀ တောင်းနေတာ၊ အနာကပ် ပလာစတာကအစ ဆေးပစ္စည်းတွေ ပါလာရင်လည်း အကုန်သိမ်းတာ" ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးမှ ပြောသည်။

ယခင်က ထီးစဲခါးတံတား ရှမ်းပြည်ဘက်ခြမ်းတွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များရှိပြီး ကယားပြည်နယ်ဘက်ခြမ်းတွင် လွိုင်လင်လေးပြည်သူ့စစ်နှင့် အကြမ်းဖက်စစ်ကောင်စီ ဂိတ်ရှိကြောင်း သိရပြီး၊ လက်ရှိအချိန်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ဂိတ္တစ္ခုသာ ရှိတော့ကြောင်း သိရသည်။

လက်ရှိ ကယားပြည်နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများတွင် PNO ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးနေသည်ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ်က ပြောဆိုထားပြီး ယင်းကိစ္စကို PNO ဘက္က ပြန်လည်ငြင်းဆိုထားသည်။

"အာဏာသိမ်းရခြင်း အဓိကအကြောင်းအရင်းက  ဒေါ်အောင်ဆန်းစုကြည် ရဲ့ခြေလှမ်းကို ကြောက်လို့"သူတို့ ဘယ်လောက်ပိတ်ဆို့ ရေးဆွဲထားပါစေ။...
15/06/2021

"အာဏာသိမ်းရခြင်း အဓိကအကြောင်းအရင်းက
ဒေါ်အောင်ဆန်းစုကြည် ရဲ့ခြေလှမ်းကို ကြောက်လို့"

သူတို့ ဘယ်လောက်ပိတ်ဆို့ ရေးဆွဲထားပါစေ။
ဦးကိုနီက ဖောက်ထွက်ပြလိုက်တယ်။
ဒါကြောင့် အသက်ပါ လုပ်ကြံပစ်လိုက်တယ်။
ဒါပေမယ့် ၂၀၀၈ ကို ဒေါ်အောင်ဆန်းစုကြည်က
တနည်းနည်းနဲ့ ပြင်မှာကို သူသိတယ်။
တပ်အာဏာကို တဖြည်းဖြည်း
လျော့ချတဲ့နည်းနဲ့သွားမယ်။

နောက်ဆုံး ၂၀၀၈ ကြီးပြိုလဲရင်
ငါတော့ ခွေးဖြစ်ရချည်ရဲ့ ဆိုတဲ့ ကြောက်စိတ်နဲ့
ရှေးက အဘကြီးတွေကို နမူနာယူပြီး
အာဏာထသိမ်းလိုက်တာပဲ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ
ငါးနှစ်အတွင်းမှာ လူထုရရွိခဲ့တဲ့ ဒီမိုကေရစီက
အသေးစားလေးဆိုပေမယ့် တိုးတက်မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခံစားခဲ့ကြပြီကိုး။

မျှော်လင့်ချက်အပြည့်နဲ့ ရှေ့ဆက်ဖို့ပြင်နေကြချိန်မှာအာဏာသိမ်းလိုက်ခြင်းက ပြည်သူလူထုတစ်ရပ်လုံးရဲ့ အရာရာကို ရိုက်ချိုးလိုက်တာပဲကိုး။

ဒါ့ကြောင့် လူထုက ထင်မထားလောက်အောင်
ဆန့်ကျင်ကြတာကို သူခံရတယ်။
သူကိုယ်တိုင်ဝန်ခံထားတယ်။

ပိုဆိုးတာက လက်နက်ကိုင် တော်လှန်ရေးအထိပါ
ကူးပြောင်းသွားတဲ့အပြင် ယာယီပြည်သူ့အစိုးရပါ
ဖွဲ့နိုင်ခဲ့တဲ့အတွက် မအလ တွက်ကိန်းတွေ
အကုန်တလွဲတချော် ဖြစ်ကုန်ပါတယ်။
နောက်ဆုတ်မရအောင် သူ လက်လွန်သွားခဲ့ပြီ။

ရူးရူးမိုက်မိုက် ရှေ့ဆက်တိုးနေတာပါ။
ဘယ်အချိန် ပြိုလဲမလဲ ဘယ်သူမွ အတိအက်
မပြောနိုင်ပေမယ့် ဒီတကြိမ်တော့ စစ်အုပ်စုရဲ့
နောက်ဆုံးအချိန်ပါ။

ဘယ်နည်းနဲ့ဖြစ်ဖြစ် တချိန် ပြိုလဲကို ပြိုလဲရမယ်ဆိုတာ သေချာသွားခဲ့ရပါပြီ။ လပိုင်းကြာမလား။
နှစ်ချီကြာမလား ဆိုတာက
ဘယ်သူမွ အတိအက် မပြောနိုင်ပါ။

သေချာတာ တခုကေတာ့ ပြည်သူ့ကာကွယ်ရေး
တပ္မ တော်ဟာ တဖြည်းဖြည်း အခြေခိုင်လာပြီး
ခြေကုပ်တနေရာ ရတာနဲ့ စစ်အုပ်စုဟာ
ဘယ်နည်းနဲ့မှ တိုင်းပြည်တဝှမ်းလုံးကို
လြယ္လြယ္ကူကူ အုပ်ချုပ်လို့ မရေတာ့ပါ။
ဒါတော့ သေချာပါတယ်။

ပြည်တွင်းက အလိုက်အထိုက် နေတတ်သူတွေ
ဘယ္လိုပဲ နေကြပါစေ။ NUG ကလည်း ရှိနေမယ်
ပိုခိုင်မာလာမယ်။PDF ကလည်း ရှိနေမယ်။
ပိုခိုင်မာလာမယ်။ ပိုထိုးစစ် ဆင်နိုင်လာပါတော့မယ်။

မျှော်လင့်ရင်း ပံ့ပိုးသွားဖို့ကလွဲပြီး နှေးတာ မြန်တာ ညည်းနေစရာ မရှိပြီ။ နေတတ်သူတွေနေကြပါစေ။

ကိုယ္မေနတတ္ဘူးမဟုတ္လား ကိုယ်နိုင်တဲ့ဘက်ကနေ NUG, PDF, CDM တွေကို ကူညီကြပါ။

ဒါပါပဲ




#အရေးတော်ပုံအောင်ရမည်

Crd:DHA NA - ဓန

ယောရှု

(၆)မိုင်ရွာထဲ အလောင်းတလောင်း အပေါ်ပိုင်းတောင်မကျန်ဘူး မြုပ်ပေးမယ့်သူမရှိ ခွေးတွေကဆွဲ😔Photo Oo Shen
15/06/2021

(၆)မိုင်ရွာထဲ

အလောင်းတလောင်း

အပေါ်ပိုင်းတောင်မကျန်ဘူး မြုပ်ပေးမယ့်သူမရှိ

ခွေးတွေကဆွဲ😔

Photo Oo Shen

ကယားရောက်နေတဲ့ တင့်ကားတွေပြန်သယ်သွားပြီ။ မြို့သိမ်းထားတာကနေ ပြန်ဆုတ်တာလားတော့ မသိဘူး။
15/06/2021

ကယားရောက်နေတဲ့ တင့်ကားတွေ
ပြန်သယ်သွားပြီ။ မြို့သိမ်းထားတာကနေ
ပြန်ဆုတ်တာလားတော့ မသိဘူး။

28/04/2021
29/01/2021
29/01/2021

😌

Address

Singapore

Telephone

+6590554697

Website

Alerts

Be the first to know and let us send you an email when MRT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category