Ye Yint Vlog

Ye Yint Vlog "ဗဟုသုတလည်းရ၊ အပန်းလည်းပြေစေဖို့... Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။"

24/03/2026

ကာဗွန်ဒိုင်အောက်ဆိုက် နဲ့ကျင့်သားရနေပါဘီ🙂🙂🙂
#လွှမ်းပိုင်သီချင်း

24/03/2026

ပြောင်းလဲချက်ကြီး လူချိန်းသွားသလိုဘဲ😂😂

20/03/2026

malaysia trip

🚨🚨 ပြည်ပရောက်မြန်မာများ သတိပြု။ Passport သက်တမ်းတိုးဖို့ UID လိုအပ် 🚨🚨​နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေသစ်အရ ပြည်ပရောက် မြန...
20/03/2026

🚨🚨 ပြည်ပရောက်မြန်မာများ သတိပြု။ Passport သက်တမ်းတိုးဖို့ UID လိုအပ် 🚨🚨
​နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေသစ်အရ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် အပြောင်းအလဲကြီးကြီးမားမား ဖြစ်လာပါတယ်။
​အဓိကအချက်: Passport အသစ်ထုတ်တာ ဒါမှမဟုတ် သက်တမ်းတိုးတဲ့အခါမှာ UID (Unique Identification Number) ကို မဖြစ်မနေ တင်ပြရပါမယ်။
​အခက်အခဲ: UID ကို ပြည်ပသံရုံးတွေမှာ လုပ်လို့မရပါဘူး။ မြန်မာနိုင်ငံအတွင်း မိမိနေထိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာပဲ မှတ်ပုံတင်ရရှိနိုင်ပါတယ်။
​အကျိုးဆက်: ဒါကြောင့် UID မရှိသေးတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ Passport သက်တမ်းတိုးဖို့ ပြည်တွင်းကို ပြန်လာဖို့ လိုအပ်လာပါပြီ။
​နောက်ထပ်အပြောင်းအလဲ: ပြည်ပသံရုံးတွေဟာ Passport ကိစ္စတွေကို ကိုယ်တိုင်ဆောင်ရွက်ခွင့် မရှိတော့ဘဲ နေပြည်တော်ရဲ့ ခွင့်ပြုချက်ယူရမှာပါ။
​⚠️ သတိပေးချက်: Passport မမှန်မကန်လျှောက်ထားရင် ထောင်ဒဏ် ၃ လ ကနေ ၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။
​ #ပြည်ပရောက်မြန်မာများ

📢🚫🇰🇷ကိုရီးယားရောက် မြန်မာတိုင်း မဖြစ်မနေ သိထားရမယ့် - "ပတ်စ်ပို့ကြောင့် အဖမ်းမခံရစေဖို့ ကြိုတင်ပြင်ဆင်ရမယ့် လမ်းညွှန်" "...
20/03/2026

📢🚫🇰🇷ကိုရီးယားရောက် မြန်မာတိုင်း မဖြစ်မနေ သိထားရမယ့် - "ပတ်စ်ပို့ကြောင့် အဖမ်းမခံရစေဖို့ ကြိုတင်ပြင်ဆင်ရမယ့် လမ်းညွှန်"
"ပတ်စ်ပို့သက်တမ်းတိုးဖို့ဆိုရင် သံရုံးတွေမှာ မရတော့ပါ၊ မြန်မာပြည်ပြန်ရတော့မယ်? ကိုရီးယားရောက် မြန်မာတွေ သိထားရမယ့် အန္တရာယ်ရှိတဲ့ ဥပဒေသစ်အကြောင်း"

⚖️ မင်းအောင်လှိုင်ရဲ့ "စစ်ကောင်စီ ပတ်စ်ပို့ဥပဒေသစ် အန္တရာယ်က ဘယ်လောက်ကြီးသလဲ ၊ ကိုရီးယားရောက် ညီအစ်ကိုများအတွက် ၊ ပတ်စ်ပို့သက်တမ်းကုန်တော့မယ့်သူတွေအတွက် အရမ်းအန္တရာယ်များတဲ့အချိန် ဆိုပေမယ့် လက်တွေ့ကျတဲ့ ထွက်ပေါက်တခု နဲ့ ကိုရီးယားမှာ တရားဝင် ဆက်နေနိုင်မယ့် နည်းလမ်း ရှိနေပါတယ်။

📅 ပြီးခဲ့တဲ့ ၂ရက် မတ်လ ၁၇ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီက "မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ" အသစ်တစ်ရပ်ကို ရုတ်တရက် အရေးပေါ် ထုတ်ပြန်ပြဋ္ဌာန်းလိုက်ပါတယ်။

📜 အရင်ကတော့ ဒါတွေကို ညွှန်ကြားချက်အဆင့်နဲ့ပဲ ထိန်းချုပ်ခဲ့တာပါ။ အခုကတော့ ဥပဒေအဖြစ် အတည်ပြုလိုက်ပြီဆိုတော့ မြန်မာ ပတ်စ်ပို့ ကိုင်ထားသူတိုင်းအတွက် အသက်ရှူရ ပိုကျပ်လာမယ့် အခြေအနေပါပဲ။သေချာလေ့လာကြည့်ပြီး သိရှိပြင်ဆင်ထားသင့်တာတွေကို တတ်နိုင်သလောက် အချက်အလက်တွေကို နားလည်လွယ်အောင် ပြန်စုစည်းပေးထားပါတယ်။

⚠️ ⚠️ အရင်ဆုံး စစ်ကောင်စီကနေ နိုင်ငံရေး၊ တော်လှန်ရေးနဲ့ ပတ်သတ်ပြီး ပစ်မှတ်ထားခံရသူတွေနဲ့ "ပုဒ်မ ၂၉ (စ)" ရဲ့ အန္တရာယ်ကို စပြောရရင် အန္တရာယ်ရှိတဲ့ ဒီဥပဒေရဲ့ အဆိုးဆုံးအပိုင်းကတော့ "ပုဒ်မ ၂၉ (စ)" ပါ။

🚫 "နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနိုင်တယ်လို့ ယူဆရသူ" ဆိုရင် ပတ်စ်ပို့ထုတ်ပေးဖို့ ငြင်းပယ်ခွင့်ရှိတယ်လို့ ရေးထားပါတယ်။ ဒါဟာ CDM ဝန်ထမ်းတွေ၊ နိုင်ငံရေးအရ စစ်ကောင်စီကို ဝေဖန်၊ ကန့်ကွက်၊ ဆန့်ကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တိုက်ရိုက်ပစ်မှတ်ထားပြီး ပတ်စ်ပို့ထုတ်မပေးကြဖို့ ဥပဒေပြဌာန်းပြီး တရားဝင် လမ်းပိတ်လိုက်တာပါပဲ။

❌ ဒါတင်မကသေးဘူး... ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရထားပေမယ့် သတ်မှတ်ကာလ မပြည့်သေးသူတွေ၊ နိုင်ငံသားအခွင့်အရေး ရပ်စဲခံရသူတွေ၊ ပြည်ပကနေ ပြန်လည်ပို့ဆောင်ခံရသူ (Deport) တွေနဲ့ Blacklist (အမည်ပျက်စာရင်း) သွင်းခံရသူတွေကိုလည်း ပတ်စ်ပို့ လုံးဝထုတ်မပေးဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။

🔍 တော်လှန်ရေးမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ စောင့်ကြည့် သံသယရှိသူဖြစ်စေ လူတိုင်းကို အားလုံးကို ပစ်မှတ်ထားလိုက်တာကတော့ UID ဆိုတာပါ။ UID မရှိရင် မြန်မာပြည်ကို ပြန်မှရမယ်။ ပတ်စ်ပို့လုပ်မယ့်၊ သက်တမ်းတိုးမယ့် လူတိုင်း Unique Identification Number (ကိုယ်ပိုင်သက်သေခံလက်မှတ်) လုပ်ကြရမယ်။ လုပ်တဲ့အခါလည်း နိုင်ငံခြားက သံရုံးတွေမှာမရဘူး ။

🆔 🆔 ကိုယ့်မှာ UID မရှိရင် မြန်မာပြည်ကို ပြန်မှရမယ်ဆိုတဲ့ အရေးကြီးဆုံးအချက်ပါ။ အခု ပြည်ပရောက်နေတဲ့သူတွေအတွက် အခက်ခဲဆုံးကတော့ UID ဆိုတဲ့ ကိုယ်ပိုင်သက်သေခံလက်မှတ် ကိစ္စပါ။ ပုဒ်မ ၇ (က) (၅)မှာ နိုင်ငံကူးလက်မှတ် လျှောက်ထားရင် သက်တမ်းတိုးရင် ကိုယ်ပိုင်သက်သေခံလက်မှတ် (UID) တင်ပြရမယ်လို့ သတ်မှတ်လိုက်ပါတယ်။

📑 ဥပဒေသစ်ရဲ့ ပုဒ်မ ၇ အရ ပတ်စ်ပို့အသစ်လျှောက်တာပဲဖြစ်ဖြစ်၊ သက်တမ်းတိုးတာပဲဖြစ်ဖြစ် ဒီ UID နံပါတ် မရှိရင် လျှောက်လို့မရတော့ပါဘူး။

🏢 အကြီးမားဆုံး အခက်အခဲက ဘာလဲဆိုတော့ ဒီ UID ကို ပြည်ပသံရုံးတွေမှာ လုပ်ပေးလို့မရဘဲ "မိမိနေထိုင်ရာ မြို့နယ် လ၀ကရုံးမှာပဲ ကိုယ်တိုင်သွားလုပ်ရမှာ" ပါ။ ဒါကြောင့် UID မရှိသေးတဲ့သူတွေဟာ ပတ်စ်ပို့သက်တမ်းတိုးဖို့အတွက် လူတိုင်း မဖြစ်မနေ ၊ မပြန်မနေရ လူကိုယ်တိုင် မြန်မာပြည်ကို ပြန်ကို ပြန်ရမယ်ဆိုတဲ့ အခြေအနေ ဖြစ်သွားပါပြီ။

🛑 🛑 သံရုံးတွေမှာ လုပ်ပိုင်ခွင့်မရှိတော့ဘူးလား ဆိုတော့ ဟုတ်ပါတယ်။ အခုဥပဒေအရ ပြည်ပသံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေဟာ မိမိသဘောနဲ့မိမိ ပတ်စ်ပို့ သက်တမ်းတိုးပေးလို့ မရတော့ပါဘူး။ နေပြည်တော်မှာရှိတဲ့ "မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့" ရဲ့ ခွင့်ပြုချက်ကို အရင်တောင်းရမှာပါ။ နေပြည်တော်က ခွင့်မပြုရင် သံရုံးက ဘာမှလုပ်ပေးလို့ မရတော့ပါဘူး။

💳 နောက်တစ်ခုက အနာဂတ်အတွက် ကြိုတင်ပိတ်ဆို့ထားတာကတော့ အီလက်ထရောနစ် ပတ်စ်ပို့ (e-Passport)ကိစ္စပါ။ ၂၀၂၇ မှာ စတင်မယ့် ဒီ e-Passport စနစ်ကို ပြောင်းမယ်ဆိုရင်လည်း ပြည်ပရောက်နေသူတွေဟာ မြန်မာပြည်ကို ပြန်လာပြီးမှပဲ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

⚖️ ⚖️ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ စီမံခန့်ခွဲမှုအာဏအရ ခြိမ်းခြောက်ထားတာတွေကတော့ စစ်ကောင်စီဘက်က တရားဝင်ပြောလာတာက ထုတ်ပေးပြီးသား ပတ်စ်ပို့ကိုတောင် အချိန်မရွေး ပယ်ဖျက် (Cancel/Revoke) လုပ်ပိုင်ခွင့် အပြည့်အဝ ရှိတယ်။ မကျေနပ်ရင် ထုတ်ပေးပြီးသားလည်း ပယ်ဖျက်မယ်ဆိုတာပါပဲ ။ ဒါကတော့ အရင်ကလည်း လုပ်ပါတယ်၊ ကိုရီးယားမှာလည်း ပတ်စ်ပို့ သက်တမ်းရှိတာကိုတောင် ပယ်ဖျက်လိုက်တဲ့ သာဓကလည်း ရှိပါတယ်။

⛓️ နောက်တခုကတော့ ပတ်စ်ပို့ကို မမှန်ကန်တဲ့ နည်းလမ်းနဲ့ လျှောက်တာ၊ အတုပြုလုပ်တာ၊ သူတစ်ပါး ပတ်စ်ပို့ကို သုံးတာတွေအတွက် အနည်းဆုံး ထောင်ဒဏ် ၃ လ ကနေ ၅ နှစ်အထိ ချမှတ်ခံရနိုင်တယ် ဆိုပြီး ထပ်ပြီး ခြိမ်းခြောက်ထားပါတယ်။

😰 ဒီဥပဒေသစ်ဟာ ပြည်ပရောက်နေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို ပြန်လာဖို့ ဖိအားပေးတာတင်မကဘဲနဲ့ နိုင်ငံရေးအရ အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ ကြိုးစားလိုက်တာပါ။ အထူးသဖြင့် UID မရှိသေးတဲ့ ပြည်ပရောက် ညီအစ်ကို မောင်နှမတွေ၊ CDM ဝန်ထမ်းတွေအနေနဲ့ ပတ်စ်ပို့သက်တမ်းကုန်ခါနီးရင် အတော်လေးကို အခက်တွေ့ရမယ့် သဘောရှိပါတယ်။

🆘 အခုအချိန်မှာ တော်လှန်ရေးမှာ ပါဝင်နေသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ မြန်မာ ပြည်တွင်းကို UID (ကိုယ်ပိုင်သက်သေခံလက်မှတ်) အတွက် ပြန်မယ်ဆိုရင် အစိုးရရိမ်ဆုံး နဲ့ "အန္တရာယ် အလွန်ကြီးမားပါတဲ့ " အခြေအနေပါ။ ဘာကြောင့်လဲဆိုတော့ -

📊 ပြည်တွင်းရော ပြည်ပရောမှာရှိတဲ့သူတွေအတွက် UID စနစ်က စောင့်ကြည့်စစ်ဆေးရေးယန္တရားဖြစ်နေလို့ပါ -

👤 UID (Unique Identification Number) ဆိုတာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ Biometric (လက်ဗွေ၊ မျက်နှာသွင်ပြင်) တွေကို စနစ်တကျ မှတ်တမ်းတင်တာ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ တော်လှန်ရေးမှာ ပါဝင်နေသူတစ်ယောက်အနေနဲ့ မြို့နယ် လ၀ကရုံးကို ကိုယ်တိုင်သွားရောက်ပြီး ဒါကို လုပ်ဆောင်ရမှာဖြစ်လို့ ကိုယ်ရေးအချက်အလက်တွေ အသေးစိတ် စစ်ဆေးခံရပါလိမ့်မယ်။

🚔 လ၀ကရုံးတွေမှာ အမည်ပျက်စာရင်း (Blacklist) ဒါမှမဟုတ် ဝရမ်းပြေးစာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးခံရမှာ ဖြစ်ပါတယ်။ အကယ်၍ ကိုယ့်ရဲ့ အမည်စာရင်းက စောင့်ကြည့်စာရင်းထဲမှာ ရှိနေတာ သို့မဟုတ် CDM အဖြစ် မှတ်တမ်းဝင်နေတာ၊ ဒါမှမဟုတ် စစ်ကောင်စီကို ဆန့်ကျင်، ဝေဖန်၊ ကန့်ကွက်တာ မှတ်တမ်းတင်ခံထားရရင် လ၀ကရုံးမှာတင် ဖမ်းဆီးခံရဖို့ ရာခိုင်နှုန်း အတော်လေး မြင့်မားပါတယ်။

🛫 ပြည်ပကနေ ပြန်မယ့်သူတွေအနေနဲ့ လေဆိပ် နဲ့ နယ်စပ်ဂိတ်တွေမှာတင် စစ်ဆေးမှုတွေနဲ့ ကြုံရနိုင်ပါတယ်။ မြန်မာပြည်ကို ပြန်ဝင်တာနဲ့ လေဆိပ်မှာတင် ပတ်စ်ပို့ကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ဥပဒေသစ်အရ ပုဒ်မ ၂၉ (စ) မှာ "နိုင်ငံတော်လုံခြုံရေးကို နှောင့်ယှက်သူ" လို့ သတ်မှတ်ခံရရင် လေဆိပ်ဝင်ပေါက်မှာတင် ပတ်စ်ပို့ အသိမ်းခံရတာ ဒါမှမဟုတ် ထိန်းသိမ်းစစ်ဆေးခံရတာ၊ ထိမ်းသိမ်းဖမ်းဆီးခံရတာ မျိုးတွေ ကြုံရနိုင်ပါတယ်။

🎯 ဥပဒေသစ်၏ ရည်ရွယ်ချက်ကို အထူး သတိပြုဖို့ လိုပါတယ်။ စစ်ကောင်စီက ဒီဥပဒေကို အခုလိုအချိန်မှာ ရုတ်တရက် ပြဋ္ဌာန်းလိုက်တာဟာ - ပြည်ပရောက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ပြည်တွင်းပြန်လာအောင် ဖိအားပေးပြီး ဖမ်းဆီးဖို့ ဒါမှမဟုတ် CDM တွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်၊ ဝေဖန်၊ ကန့်ကွက်တဲ့သူတွေကို နိုင်ငံပြင်ပမှာ သွားလာခွင့်မရအောင် ပိတ်ဆို့ဖို့ ရည်ရွယ်တာ သိသာပါတယ်။

💡 💡 ကိုရီးယားရောက် ညီအစ်ကိုများအတွက် "ထွက်ပေါက်" အနေနဲ့ အကြံပြုချက် အနေနဲ့ကတော့ -

🛡️ တကယ်လို့ ကိုယ်တိုင်က နိုင်ငံရေး၊ တော်လှန်ရေးနဲ့ ပတ်သက်ဆက်နွှယ်နေသူတစ်ဦး ဖြစ်တယ်ဆိုရင်-

1️⃣ 1. စိတ်တည်တည်ငြိမ်ငြိမ်ထားပါ၊ မြန်မာပြည်ကို "ဇွတ်" မပြန်ပါနဲ့။ ပတ်စ်ပို့ သက်တမ်းတိုးဖို့ တစ်ခုတည်းအတွက်နဲ့ ကိုယ့်ရဲ့ အသက်အန္တရာယ်နဲ့ လွတ်လပ်ခွင့်ကို ရင်းပြီး မပြန်သင့်ပါဘူး။

2️⃣ 2. ကိုရီးယားနိုင်ငံရဲ့ အကူအညီ အကာအကွယ်ကို ရယူပါ။ ရှေ့မှာ ကျွန်တော် ပြောခဲ့သလိုပဲ G1-99 လိုမျိုး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အထားတွေ လျှောက်ထားဖို့ ပြင်ဆင်ပါ။ ကိုရီးယားအစိုးရဟာ မြန်မာပြည်ရဲ့ အခြေအနေကို သေချာ သိရှိထားတာကြောင့် အသက်အန္တရာယ်ရှိသူတွေကို ကာကွယ်ပေးမယ့် လမ်းစတွေ ရှိပါတယ်။

3️⃣ 3. မြန်မာပြည်ပြန်ဖို့ အဆင်မပြေသူများအတွက် G-1 (လူသားချင်းစာနာမှု) ဗီဇာလမ်းကြောင်းနဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထား စုဆောင်းပြင်ဆင် ထားပါ။ ကိုယ်တိုင်က CDM လုပ်ထားသူ ဖြစ်ကြောင်း၊ ဒါမှမဟုတ် တော်လှန်ရေးမှာ ပါဝင်လို့ အန္တရာယ်ရှိနိုင်ကြောင်း၊ တော်လှန်ရေးနဲ့ ပတ်သတ်ပြီး ဆန္ဒပြပွဲ၊ ရန်ပုံငွေပွဲတွေမှာ လှုပ်ရှား ပါဝင် ဆောင်ရွက်ခဲ့တဲ့၊ ဆောင်ရွက်နေတဲ့ ခိုင်လုံတဲ့ ခိုင်မာတဲ့ သက်သေ အထောက်အထား (ဥပမာ- ဓာတ်ပုံ၊ ရုပ်သံ၊ သတင်းစာသား၊ အဖွဲ့အစည်းထောက်ခံစာ၊အဖွဲ့ဝင်ကဒ်၊...) တွေကို ကိုရီးယားအာဏာပိုင်တွေထံ လိုအပ်လာတဲ့အခါ၊ ပြဿနာ ကြုံလာတဲ့အခါ အခိုင်အမာ အထောက်အထားတွေနဲ့ တင်ပြဖို့ ကြိုတင်စုဆောင်းထားပါ။ ဒါ့ကြောင့် ဆန္ဒပြပွဲတွေကို တက်ရောက်ကြပါ၊ လာပြီးရင်လည်း မှတ်တမ်းဓာတ်ပုံ ရိုက်ယူထားကြပါ၊ အထောက်အထားတွေ သိမ်းဆည်းထားကြပါ၊ မလိုရင်တော့ ပြဿနာမရှိပေမယ့် တကယ့်တကယ် လိုအပ်လာတဲ့အခါ တင်ပြနိုင်ဖို့လည်း သိမ်းဆည်းထားကြပါ လို့ လှုပ်ရှားဆောင်ရွက်မှု အထောက်အထားတွေရဲ့ အရေးကြီးကြောင်းကို ပြောတာဖြစ်ပါတယ်။

⚠️ အချုပ်အနေနဲ့ နိဂုံးချုပ်ရရင်တော့ UID လုပ်ဖို့ မြန်မာပြည်ပြန်တာဟာ နိုင်ငံရေး၊ တော်လှန်ရေးတွေမှာ ပါဝင်ပတ်သတ် လှုပ်ရှားသူ တစ်ယောက်အတွက် "(စစ်ကောင်စီ) ရန်သူ့ကျော့ကွင်းထဲကို သားသတ်ရုံထဲကို ကိုယ်တိုင်တိုးဝင်လိုက်သလို" ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ပေါ့ပေါ့လျော့လျော့မနေပဲ အလွန်အမင်း သတိထားကြဖို့ တိုက်တွန်းပါရစေ။

📢 ရှေ့မှာ ကျွန်တော် ပြောခဲ့သလိုပဲ ပတ်စ်ပို့ကိစ္စအဆင်မပြေခဲ့ရင် ခိုင်မာတဲ့ အထောက်အထား သက်သေတွေနဲ့ G-1 ဗီဇာ လိုမျိုး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အထားတွေ လျှောက်ထားဖို့ ပြင်ဆင်ပါ။ ကိုရီးယားအစိုးရဟာ မြန်မာပြည်ရဲ့ အခြေအနေကို သိရှိထားတာကြောင့် အသက်အန္တရာယ်ရှိသူတွေကို ကာကွယ်ပေးမယ့် လမ်းစတွေ ရှိပါတယ်။

[ 🛑 ဒီလိုမျိုး အကျပ်အတည်းကာလတွေမှာ "ပွဲစား" ဆိုသူတွေကို အထူးသတိထားကြဖို့ သတိပေးပါရစေ။

💸 အခုလို ပတ်စ်ပို့ (Passport) ဥပဒေသစ်တွေ ထွက်လာပြီး UID နံပါတ်တွေ လိုအပ်လာပြီဆိုတော့ "ပတ်စ်ပို့ သက်တမ်းတိုးပေးမယ်"၊ "UID နံပါတ် လုပ်ပေးမယ်" ၊ "G1 ဗီဇာ လျှောက်ပေးမယ်" ဆိုတဲ့ ကြော်ငြာတွေ၊ ချဉ်းကပ်မှုတွေ ပိုများလာမှာ၊ ပိုပြီးလုပ်ဆောင်လာကြမှာ အသေအချာပါပဲ။ ]

🤝 ကိုရီးယားမှာရှိတဲ့ တရားဝင် မြန်မာအဖွဲ့အစည်းတွေ၊ အလုပ်သမားကူညီရေးစင်တာတွေ နဲ့ NUG ကိုယ်စားလှယ်ရုံးလို နေရာတွေ ကနေတစ်ဆင့် အကူအညီတောင်းပါ။ "မြန်မြန်ရမယ်၊ လွယ်လွယ်ရမယ်" ဆိုတဲ့ ပွဲစားတွေစကားရဲ့ နောက်ကွယ်မှာ အလိမ်အညာ နဲ့ "ငွေကြေး ထောင်ချောက်" တွေ ပါနေတတ်ပါတယ်။ လုံးကနဲ ဝမ်သိန်း ဆယ်ဂဏန်းနီးပါး၊ ဝမ်သိန်းဆယ်နဲ့ချီ ပေးနေရတာတွေ၊ လစဥ် တတိတိ ပေးနေရတာတွေ ရှိနေကြပါတယ်။

🛡️ ဘယ်သူ့စီးပွားရေး မှ တုတ်နဲ့ ထိုးတာမဟုတ်ပါ ၊ သတိထားကြဖို့ပဲပြေတာပါ။ အကျပ်အတည်းကာလတွေမှာ "တောမီးလောင် တောကြောင် လက်ခမောင်းခတ်တဲ့ကာလမို့ ပက်စ်ပို့ ၊ ဗီဇာ ၊ လဝကပွဲစားတွေကြောင့် ငွေကုန်တာအပြင် ရေရှည်မှာ မိမိအတွက် နစ်နာတာတွေ၊ အစုလိုက်အပြုံလိုက် ပြဿနာတက်စရာတွေ ဖြစ်လာနိုင်ခြေကိုလည်း သတိထားပြီး ဆောင်ရွက်ကြဖို့" သတိပေးပါရစေ။ G1-99 လျှောက်ဖို့ လိုအပ်တာတွေကတော့ နောက်နေ့မှ ဆက်ရေးပေးပါ့မယ်။ အားလုံးပဲ စစရာရာ အဆင်ပြေပြီး ဘေးကင်းချောမွေ့ကြပါစေ ...

💻 Dear Facebook Team, This content is a direct translation of a news report from [ Korea News ] for educational and informational purposes only. It is not intended to promote violence or cause harm. Information For Public.

#မြန်မာနိုင်ငံကူးလက်မှတ်ဥပဒေ #ပတ်စ်ပို့ #ကိုယ်ပိုင်သက်သေခံလက်မှတ် #ဂျီဝမ်းဗီဇာ #တော်လှန်ရေး #လူ့အခွင့်အရေး #ခရီးသွားလာခွင့်ကန့်သတ်ချက်

20/03/2026

singapore vlog

Address

Shah Alam
40460

Website

Alerts

Be the first to know and let us send you an email when Ye Yint Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category