RIP IMBA

RIP IMBA Art Of War-3 /Follow me for promo code

31/03/2026

ကံကောင်းမှုတွေ ယူဆောင်လာပေးပါ April ရယ်

03/03/2026

🇲🇾 မလေးရှားရောက် မြန်မာများ အရေးကြီးအသိပေးချက် 🇲🇾

မလေးရှားမှာ အလုပ်လုပ်နေထိုင်ကြတဲ့ မြန်မာညီအစ်ကိုမောင်နှမများအတွက် လတ်တလော အခြေအနေအရ သတိထားရမည့်အချက်များကို မျှဝေပေးလိုက်ပါတယ်။ ကိုယ့်အနာဂတ်ကို ကိုယ်ကာကွယ်ဖို့ အောက်ပါအချက်များကို ဂရုစိုက်လိုက်နာကြပါစို့။



၁️⃣ မြန်မာဖြစ်သည်ဆိုရင် အိမ်ငှားရန် ပိုမိုခက်ခဲလာခြင်း

လက်ရှိအခြေအနေအရ မြန်မာဖြစ်သူများကို ပါမစ်ရှိသော်လည်း အိမ်ရှင်အချို့က မငှားလိုကြသည့်အခြေအနေများ ရှိနေပါသည်။
👉 ထို့ကြောင့် ကိုယ့်အနေဖြင့် ယုံကြည်စိတ်ချရစွာ နေထိုင်ခြင်း၊ ပြဿနာမဖြစ်စေရန် သတိထားခြင်း အရေးကြီးပါသည်။



၂️⃣ လက်ရှိနေထိုင်နေသော အိမ်မှ မောင်းထုတ်မခံရအောင်
• အိမ်စည်းကမ်းများ လိုက်နာပါ။
• အသံကြီးခြင်း၊ အရက်မူးယစ်ပြဿနာများ မဖြစ်စေရန် ဂရုစိုက်ပါ။
• အိမ်ရှင်နှင့် အဆင်ပြေစွာ ဆက်ဆံပါ။

အိမ်ရှင်ယုံကြည်မှုရရှိခြင်းသည် မိမိအတွက် အလွန်အရေးကြီးပါသည်။



၃️⃣ အိမ်ရှင်မှ စာရွက်စာတမ်း မေးမြန်းပါက

တစ်စုံတရာ မေးမြန်းလာပါက ကိုယ့်ရပ်ကွက်ရှိ သက်ဆိုင်ရာ ခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် တိုင်ပင်ပြီးမှ ဖြေကြားပါ။



⚖️ တရားမဝင်နေထိုင်သူများအား အိမ်ငှားပါက အိမ်ရှင်များအတွက် ပြစ်ဒဏ်များ

(မလေးရှား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၅၅E နှင့် ၅၆ အရ)

💰 ငွေဒဏ်
• တရားမဝင်နေထိုင်သူ တစ်ဦးလျှင်
အနည်းဆုံး RM5,000 မှ အများဆုံး RM30,000 အထိ

👉 တစ်ဦးချင်းစီအလိုက် တွက်ချက်မည်ဖြစ်သောကြောင့် လူဦးရေများပါက ငွေဒဏ်အလွန်မြင့်နိုင်ပါသည်။

⛓️ ထောင်ဒဏ်
• အများဆုံး ၁၂ လ (၁ နှစ်) အထိ

📌 ထို့ကြောင့် အိမ်ငှားသည့်အခါ –
• ပတ်စပို့ စစ်ဆေးပါ
• ဗီဇာသက်တမ်း မှန်ကန်မှု စစ်ဆေးပါ
• အထောက်အထား အစစ်အမှန်ဖြစ်ကြောင်း သေချာပါစေ



၄️⃣ TikTok အသုံးပြုမှု သတိထားရန်

TikTok တွင် တင်သမျှအကြောင်းအရာများကို မလေးရှား သက်ဆိုင်ရာ အာဏာပိုင်များမှ စောင့်ကြည့်နိုင်သည်ဟု သတင်းများရှိပါသည်။
👉 မလိုအပ်သော Live လုပ်ခြင်း၊ တရားမဝင်အလုပ်အကိုင်များပြသခြင်း၊ တည်နေရာဖော်ပြခြင်းတို့ကို ရှောင်ကြဉ်ပါ။

01/03/2026

Address

Kuchai Lama
Kuala Lumpur
58200

Alerts

Be the first to know and let us send you an email when RIP IMBA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share