Jack Viber

Jack Viber Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jack Viber, Wilayah Persekutuan Kuala Lumpur, Taman P. Ramlee, Jalan Genting Kelang, Kuala Lumpur.

30/07/2026

I like fishing. It’s one of my favorite ways to relax. Have you ever been fishing?

CR7 မှ မက်ဆီအပေါ် စောင်းမြောင်းပြောဆိုခဲ့သော စကားများနှင့် လက်တွေ့အခြေအနေများ၁။ ရွှေဖိနပ် (Golden Boot) နှင့် ရွှေဘောလုံ...
10/07/2026

CR7 မှ မက်ဆီအပေါ် စောင်းမြောင်းပြောဆိုခဲ့သော စကားများနှင့် လက်တွေ့အခြေအနေများ

၁။ ရွှေဖိနပ် (Golden Boot) နှင့် ရွှေဘောလုံး (Ballon d'Or)

၂၀၁၅ ခုနှစ်မှာ- မက်ဆီက ရွှေဖိနပ် ၃ ကြိမ်၊ Ballon d'Or ၅ ကြိမ် ရရှိထားပြီး ရော်နယ်ဒိုက ရွှေဖိနပ် ၄ ကြိမ်၊ Ballon d'Or ၃ ကြိမ် ရရှိထားချိန် ဖြစ်ပါတယ်။

ရော်နယ်ဒိုက "ရွှေဖိနပ်ဆုဟာ မဲပေးရွေးချယ်တာမဟုတ်ဘဲ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရတဲ့ဆုဖြစ်လို့ Ballon d'Or ထက် ပိုကောင်းပါတယ်" ဟု ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်၂၀၁၉ ခုနှစ်မှာ-မက်ဆီက ၆ ကြိမ်မြောက် ရွှေဖိနပ်ဆုကို ရယူသွားနိုင်ခဲ့ပြီး ရော်နယ်ဒိုကတော့ ၄ ကြိမ်ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

Ballon d'Or ရည်မှန်းချက်- ရော်နယ်ဒိုက မက်ဆီနဲ့ Ballon d'Or ၅ လုံးစီ တူညီစွာရရှိသွားချိန်မှာ "ဘောလုံးသမိုင်းမှာ ရွှေဘောလုံး ၆ ခု၊ ၇ ခု ဒါမှမဟုတ် ၈ ခုလောက်ထိ မက်ဆီထက် ပိုရချင်ပါတယ်" ဟု ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်တွင် မက်ဆီက ၈ ကြိမ်မြောက် ဆွတ်ခူးသွားချိန်၌ ရော်နယ်ဒိုမှာ ၅ ကြိမ်ဖြင့်သာ ကျန်ရစ်ခဲ့ပါတယ်။

စကားအပြောင်းအလဲ: မက်ဆီ ၇ ကြိမ်မြောက် Ballon ရချိန်မှာ ချန်ပီယံလိဂ်ရသူကိုသာ ပေးသင့်သည်ဟု သူကဆိုပါတယ်။ (၂၀၁၃ ခုနှစ်က သူကိုယ်တိုင် ဘာဖလားမှမရဘဲ Ballon d'Or ရခဲ့စဉ်က စင်ပေါ်တွင် ငိုယိုကာ ဝမ်းသာခဲ့ဖူးသည်ကို မေ့နေဟန်တူပါတယ်)။ မက်ဆီ ၈ ကြိမ်မြောက် Ballon d'Or ရချိန်မှာတော့ Ballon d'Or ဆုတွေဟာ အရည်အသွေးကျဆင်းပြီး မမျှတတော့ပါဘူးဟု ဝေဖန်ပြန်ပါတယ်။

၂။ နိုင်ငံအသင်း အောင်မြင်မှုများ

၂၀၁၆ ခုနှစ်: ပေါ်တူဂီအသင်း ယူရို ၂၀၁၆ ရချိန် (နာနီနှင့် အီဒါတို့ ကျေးဇူးကြောင့်ရခဲ့ပြီး၊ ဂရစ်ဇ်မန်းကMVP ရခဲ့သည်) မက်ဆီမှာ နိုင်ငံအသင်းနှင့် ဖလားမရသေး၍ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပြီး နံပါတ် ၁၀ ဂျာစီပင် မီးရှို့ခံရသည့်အထိ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်ခဲ့တယ်။အဲ့အချိန်မှာ ရော်နယ်ဒိုက "စစ်မှန်တဲ့ ဂန္ထဝင်ဆိုတာ နိုင်ငံအသင်းနဲ့ ဖလားရဖူးမှပါ။ တချို့တွေဆို နိုင်ငံအသင်းနဲ့ ဘာဖလားမှ မရဖူးသေးပါဘူး" ဆိုပြီး မီးလောင်ရာ လေပင့်ခဲ့ပါတယ်။

လက်တွေ့အခြေအနေ: ဒါပေမယ့်၂၀၂၁ ခုနှစ်တွင် မက်ဆီက ကိုပါအမေရိကဖလားကို MVP ရော၊ ဂိုးသွင်းအများဆုံးဆုပါ ရယူကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ မကြာသေးမီကလည်း ကိုပါဖလားကို ထပ်မံဆွတ်ခူးပြီး နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

၃။ ဇာဗီအပေါ် နှိမ့်ချမှုနှင့် ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ခြင်း

ဇာဗီအပေါ် ဝေဖန်မှု: "သူ ကာတာမှာ ကစားနေသလား၊ ဘယ်မှာရှိနေသလဲ ကျွန်တော်မသိဘူး။ အရေးလည်းမကြီးပါဘူး။ ဇာဗီက Ballon d'Or တစ်ခါမှ မရဖူးဘူး၊ ကျွန်တော့်မှာ ၃ လုံးရှိတယ်။ ကျွန်တော် အသက်ကြီးလာရင် ကာတာ၊ ဆော်ဒီ၊ အမေရိကတို့ကို မပြောင်းဘဲ ဂုဏ်သိက္ခာရှိရှိနဲ့ပဲ ဘောလုံးလောကကနေ အနားယူချင်တယ်" ဟု ရော်နယ်ဒိုက ဆိုခဲ့ပါတယ်။

လက်တွေ့အခြေအနေ: သူနိမ်ခဲ့သော ဇာဗီမှာ ကာတာတွင် ၃ ရာသီကစားပြီး ဆုဖလား ၁၁ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ယခု ဆော်ဒီတွင် ကစား​တာ ၄ နှစ်ရှိလာပြီဖြစ်သော်လည်း မေဂျာဆုဖလား ၁ လုံးသာ ရရှိထားပါသေးတယ်။ ဒါ့အပြင် သူသွင်းတဲ့ဂိုးတွေကို နှိမ့်ချခံရမှာစိုးသဖြင့် "ဆော်ဒီလိဂ်က ပြင်သစ် လီဂူး-၁ ထက် ပိုကောင်းတယ်" ဟုပင် ပြောဆိုခဲ့ပါတယ်။

၄။ ကမ္ဘာ့ဖလားအပေါ် သဘောထားများ

၂၀၂၂ မတိုင်မီ-CR7က ကမ္ဘာ့ဖလားသည် သူ့ရဲ့နောက်ဆုံးအိပ်မက်ဖြစ်ပြီး Final မှာ အာဂျင်တီးနားနှင့်တွေ့ပါက မက်ဆီကို "Chess Mate" လုပ်မည်ဟု ကြုံးဝါးခဲ့သော်လည်း တကယ်တမ်းမှာ မက်ဆီက ချန်ပီယံဖြစ်သွားပြီး သူကတော့ ဆီမီးဖိုင်နယ်ပင် မရောက်ခဲ့ပါ။

နောက်ပိုင်းကာလများ-CR7က မက်ဆီ ကမ္ဘာ့ဖလားရပြီးနောက် "ကမ္ဘာ့ဖလားက ကျွန်တော့်အိပ်မက်မဟုတ်ပါဘူး။ ၆ ပွဲ၊ ၇ ပွဲလောက်ပဲ ကန်ရတဲ့ဖလားနဲ့ ဘယ်သူက အကောင်းဆုံးလဲဆိုတာ မဆုံးဖြတ်နိုင်ပါဘူး" ဟု ဆိုကာ (GOAT ကို World Cup ဖြင့် တိုင်းတာမည်စိုး၍) ဖလား၏တန်ဖိုးကို ချနှိမ့်ခဲ့ပါတယ်။ တကယ်တမ်း ကမ္ဘာ့ဖလားဆိုတာ ခြေစစ်ပွဲအောင်ဖို့ပင် ခက်ခဲပြီး ဒဏ်ရာကင်းစင်အောင် ဂရုစိုက်ရသည့်အပြင် အမှားလုံးဝခံ၍မရသော ပြိုင်ပွဲဖြစ်ပါတယ်။ (UCL မှာပင် အဝေးကွင်းရှုံးပါက အိမ်ကွင်းတွင် အနိုင်ပြန်ကစားခွင့် ရှိပါသေးသည်)။

၅။ ၂၀၂၆ ကမ္ဘာ့ဖလားထွက်ရပြီးနောက် စကားများ

ဒီနှစ် ၂၀၂၆ ကမ္ဘာ့ဖလားမှ ထွက်ရချိန်တွင်လည်း "ယူရိုဖလားရတာဟာ ကမ္ဘာ့ဖလားရတာနဲ့ တန်ဖိုးတူတူပါပဲ" ဟု ထပ်မံပြောဆိုခဲ့ပါတယ်။

ပြီးတော့"ကျွန်တော် မတိုင်ခင်က ပေါ်တူဂီဟာ ဘာဖလားမှ ရဖူးတာ မဟုတ်ဘူး" ဟု ပြောဆိုခဲ့ခြင်းမှာ ပေါ်တူဂီဂန္ထဝင် စီနီယာများဖြစ်သည့် အူစီဘီယို၊ ဖီဂို၊ ဒေကို၊ နူနိုဂိုးမက်စ် တို့ကို စော်ကားသလို ဖြစ်နေပါတယ်။

ခြုံငုံသုံးသပ်ချက်: အချက်အလက်များအရ မက်ဆီက သူ့ထက် အများကြီး သာလွန်သွားသောအခါ CR7က မက်ဆီရရှိသော ဆုဖလားများကို အပေါစားဖြစ်အောင် အကုန်လိုက်လုပ်ပစ်နေခြင်းသာ ဖြစ်ပါတယ်။

ဒါကြောင့် CR7 ကို လေးစားပါ၊ သူတို့ ကစားတာ ငါတို့ထပ်မမြင်ရတော့ဘူးဆိုတဲ့ သူတွေကို ပြောချင်ပါတယ် ငါတို့ရဲ့ Idol ကို သူလုံးဝ မလေးစားခဲ့ လူသိရှင်ကြား တိုက်ခိုက်ခဲ့ပါတယ် ဒီလို ကစားသမားကို ငါတို့ လေစားရမလဲ?

31/05/2026

😹😹

26/05/2026

ခွေးတောင် မခံစားနိုင်တော့ဘူး😹

#ဟာသ

24/05/2026

Good Morning 😹😹😹

23/05/2026

ချောင်းသွား ငါးဖမ်း 😹

#ငါးဖမ်း

18/05/2026

Some people feel the rain, others just get wet.

07/05/2026

Vsxn Guitar skill အံ့မခန့်😹

02/05/2026

ရွှေတွေ အပြည့်နဲ့ ထွက်ပြေသွားနိုင်တဲ့ အဖိုးကြီး😱

Address

Wilayah Persekutuan Kuala Lumpur, Taman P. Ramlee, Jalan Genting Kelang
Kuala Lumpur
53300

Website

Alerts

Be the first to know and let us send you an email when Jack Viber posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share