25/07/2026
သောမတ်စ်မူလာကတော့ တကမ္ဘာလုံး အငြင်းပွားရပြီး မိတ်ပျက်ဆွေပျက်ဖြစ်နေရတဲ့အချိန်မှာ အဆင်းဘီးတပ်ပေးလိုက်ပါတယ်။ အဲဒါကတော့ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားနဲ့ပွဲမှာ ဒိုင်လူကြီးက သူ့ကို အဝါကတ်ပြခဲ့တဲ့ဖြစ်ရပ်ကို ပြန်လည်ပြောပြခဲ့တာပါ။
“အဲဒီတုန်းက ပွဲကို ကျနော်တို့က ၂-၀ နဲ့ ဦးဆောင်နေတာပါ၊ ကျနော့်နားမှာ မက်ဆီရှိနေတယ်၊ ဘောလုံးက မြေကြီးထောက်ပြီး ပြန်ထွက်လာတော့ ကျနော့်လက်ကို လာမှန်တယ်၊ အဲဒီမှာပဲ ဒိုင်က အဝါကတ် တန်းပြန်ခဲ့တာပါ၊ မက်ဆီရှိနေလို့ဖြစ်မယ်လို့ ကျနော်ထင်ခဲ့တယ်၊ အဲဒီအချိန်မှာပဲ ငါတို့က ပွဲကို ဦးဆောင်နေတာပဲလေ၊ အာဂျင်တီးနားနဲ့ မက်ဆီကို နည်းနည်းကူညီပေးလိုက်တာပေါ့ဆိုပြီး တွေးခဲ့မိတယ်”
ဒီလိုတွေ ပြောဆိုခဲ့ပြီးနောက် မူလာရဲ့ IG ပို့စ်အောက်မှာ အာဂျင်တီးနားပရိသတ်တွေက ဝေဖန်ပြစ်တင်မှုတွေ ဆက်တိုက်ကို လုပ်ခဲ့ကြပါတယ်။ မူလာကတော့ ဘာမှတုံ့ပြန်ခြင်းမရှိသေးပါဘူး။ အားလုံးအေးဆေးပြီဆိုတော့မှကို မူလာက ပွဲထရှာတော့တာပါပဲ။