Paletwa Thar

Paletwa Thar ဗီယို နှင့် ဓာတ်ပုံများ နေစဉ် တင်ပါနည်

05/07/2026

#ခက်ခဲပါဘိပလက်ဝဒေသ
#ကုန်သည်များဘဝ

မကောင်း ကျောင်းပို့ (အဓိပ္ပါယ်)           ✍✍✍✍✍"မကောင်းကျောင်းပို့"ဆိုတာ-ကျောင်းမှာ အကြောင်း,အကျိုး အကောင်း,အဆိုးတွေကို ...
25/06/2026

မကောင်း ကျောင်းပို့ (အဓိပ္ပါယ်)
✍✍✍✍✍

"မကောင်းကျောင်းပို့"ဆိုတာ-
ကျောင်းမှာ အကြောင်း,အကျိုး အကောင်း,အဆိုးတွေကို သင်ကြားပြသနိုင်တဲ့ ပုဂ္ဂိုလ်တွေရှိတဲ့အတွက်၊ ထိုပုဂ္ဂိုလ်တို့အထံမှ
အသိပညာ အတတ်ပညာ ဘဝနေထိုင်ရေး လူမှုပေါင်းသင်းဆက်ဆံရေး လိမ္မာယဉ်ကျေးစွာ ပြော,ဆိုကြံဆနိုင်ရေး အစရှိတဲ့ ပညာရပ်တွေကို သိရှိ နားလည် ကျင့်ကြံ နေ.ထိုင် သွား,လာတတ်စေရန် ကျောင်းသို့ ပို့ဆောင်ခိုင်းခြင်း ဖြစ်ပါတယ်။

ကျောင်း၌ တာဝန်ယူ ထမ်းဆောင်နေသော ဆရာတို့၏ နှလုံးသား ပြည့်ဝလျင် ပြည့်ဝသလို၊ နှလုံးသားလှလျင် လှသလို၊ အတွေးခေါ် ကြံဆနိုင်စွမ်းရှိသည်လောက်၊ စုံလင်သော အတတ်ပညာ အသိပညာ အစရှိသည်ကို ရနိုင်ပါလိမ့်မည်။

မိမိအိမ်၌ များစွာသော ပညာရပ် ဘာသာရပ်တို့ ပြည့်ဝစုံလင်စွာ ရရှိနိုင်မှာ မဟုတ်ပေ။
ဗဟုသုတပညာရပ်တို့သည်ကား ကျောင်း၌သာလျင် များစွာရှိနိုင်၏ ရှာဖွေနိုင်၏။
ကျောင်းမှာ ရရှိနိုင်သော အတတ်ပညာများကား အိမ်၌ ပြည့်စုံ ​လုံလောက်စွာ မရရှိနိုင်။

ဘာသာရေးနယ်ပယ်၌လည်း ဤသဘောပါပဲ
အကုသိုလ်၌ ထုံနေသူ၊ ကာမဂုဏ်အာရုံ၌ ပျော်မွေ့နေသူ(မကောင်းသူ)ကို ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်၍ တရားဓမ္မများ နားကြားစေခြင်း၊ တရားဓမ္မ အမေး အဖြေ ပြုလုပ်ခြင်း၊ ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ဗုဒ္ဓဝေယျာဝစ္စ ဓမ္မဝေယျာဝစ္စ သံဃာဝေယျာဝစ္စများ ပြုလုပ်ဆောင်ရွက်ခြင်း၊ ဘာသာတရား၏ ခက်ခဲ နက်နဲသော အသိပညာများရှိရှိစေခြင်း၊ အကုသိုလ် အညစ်အကြေးများကို ပယ်သတ်ဖျက်ဆီးကာ နှလုံးသားကို ယဉ်ကျေးစေ၏ ဘာသာတရား၌ မွေ့လျော်စေ၏။ အိမ်မှာနေတော့ အိမ်စိတ်၊ ကျောင်းမှာနေတော့ ကျောင်းစိတ်ဖြစ်၏။

ကျောင်းသည်-
မယဉ်ကျေးသောသူတို့အား ယဉ်ကျေးစေရာ နေရာဖြစ်၏။
မလိမ္မာသောသူတို့အား လိမ္မာစေရာ နေရာဖြစ်၏။
ကြမ်းတမ်းသူတိူ့အား နူးညံစေရာ နေရာဖြစ်၏။
ကျရှုံးသူတို့၏ အောင်မြေဖြစ်၏။
ပညာဗိမာန်မည်၏။
စာပေဥယျာဉ်မည်၏။
ပန်းတိုင်မည်၏။
လမ်းမှန် ညွှန်ပြရာနေရာဖြစ်၏။
လူငယ်တို့၏ စံပျော်ရာဌာနဖြစ်၏။
ဘဝအောင်မြင်မမှု၏ ပဌမ ခြေချရာ နယ်မြေဖြစ်၏။
ကြီးပွား တိုးတတ်ဖို့အတွက် ပဌမ လှေကားထစ် ဖြစ်၏။

များစွာသော အသိပညာရှင်၊ အတတ်ပညာရှင်၊ အောင်မြင်ကျော်ကြားသောပုဂ္ဂိုလ်၊ ကြီးပွားတိုးတတ် ချမ်းသာသောပုဂ္ဂိုလ်တို့သည် ကျောင်းသင်္ခန်းမှ လာသောသူများသာဖြစ်၏။

ထို့ကြောင့် မကောင်းရာမှ ကောင်းစေချင်လျင် ကျောင်းသို့ပို့ပါ၊
ကောင်းရာမှ ပို၍ သာ၍ ကောင်းစေချင်ပါလျင် ကျောင်းသို့ပို့ပါ။
တိုးတတ်စေချင်လျင် ကျောင်းသို့ပို့ပါ။
အောင်မြင်စေချင်လျင် ကျောင်းသို့ပို့ပါ။

"မကောင်း ကျောင်းပို့"ဟူသော ဝေါဟရကို အတွေးမချော်စေလိုပါ၊
"ကောင်းစေချင်လို့ ကျောင်းသို့ပို့ခြင်း"ဟု တွေးစေ ယူစေချင်ပါ၏။။

သျှင်မင်းနန်း

🍌အသီးတခါသီးပြီးသေ       =====================       ပေ -ဝါး-ငှက်ပျော-တောမြိုင်ခြေသားတခါမွေး-သက်ကြွေရှာ​ကျီးကန်း-မြင်းမအဿ...
23/06/2026

🍌အသီးတခါသီးပြီးသေ
=====================
ပေ -ဝါး-ငှက်ပျော-တောမြိုင်ခြေ
သားတခါမွေး-သက်ကြွေရှာ
​ကျီးကန်း-မြင်းမအဿသိုရ်သာ🦄
မေတ္တာရေစင် ✍
၁။ ပေပင် (ပေပင်တသီး သီးသေရသည်)ပေပင်သည် ၎င်း၏ သက်တမ်းတစ်လျှောက်လုံးတွင် အသီးတစ်ခါသာ သီးလေ့ရှိသော အပင်မျိုး ဖြစ်သည်။ သက်တမ်းရင့်လာပြီး နောက်ဆုံးအဆင့်တွင် အသီးများ အပြုံလိုက် သီးပြီးပါက အာဟာရဓာတ်အားလုံး ကုန်ခမ်းသွားပြီး အပင်ပါ လုံးဝခြောက်သွေ့ကာ သေဆုံးသွားရသည်။၂။ ဝါးပင် (ဝါးပင်တသီး သီးသေရသည်)ဝါးပင်များသည် သက်တမ်းကုန်ခါနီးအချိန်တွင် ဝါးပွင့်ပွင့်ပြီး ဝါးသီးများ သီးလေ့ရှိသည်။ ဝါးပင်တစ်ပင် ဝါးသီးသီးခြင်း သို့မဟုတ် ဝါးပွင့်ခြင်းသည် ၎င်း၏ ဘဝနောက်ဆုံးအချိန်သို့ ရောက်ရှိခြင်းကို ပြသခြင်းဖြစ်ပြီး ဝါးသီးသီးပြီးနောက် အပင်တစ်ခုလုံး ဥယျာဉ်လိုက် သေဆုံးသွားတတ်သည်။၃။ ငှက်ပျောပင် (ငှက်ပျောပင်တသီး သီးသေရသည်)ငှက်ပျောပင်သည် ၎င်း၏ သက်တမ်းတွင် ငှက်ပျောခိုင် တစ်ခိုင်သာ သီးနိုင်သည်။ ငှက်ပျောသီးများ ရင့်မှည့်ပြီးနောက် ပင်မအပင်ကြီးသည် ဆက်လက် မရှင်သန်နိုင်တော့ဘဲ နွမ်းခြောက်ကာ သေဆုံးသွားရသည်။ (၎င်း၏ ဘေးမှ ထွက်လာသော ငှက်ပျောသားတက်အသစ်များကသာ ဆက်လက် ရှင်သန်ကြသည်။)၄။ ကျီးကန်း (ကျီးကန်းတသား မွေးပြီးသေရသည်)မြန်မာ့ဆိုရိုးစကားအရ ကျီးကန်းမသည် ဥမှ အကောင်ငယ်လေးများ ပေါက်ပွားလာချိန်တွင် သေဆုံးရသည်ဟု အဆိုရှိသည်။ အဘယ်ကြောင့်ဆိုသော် ကျီးကန်းပေါက်စလေးများသည် အသိုက်ထဲတွင် မျက်စိမပွင့်သေးဘဲ ဆာလောင်လွန်းသဖြင့် မိခင်ဖြစ်သူ၏ အသားကို ပြန်လည်ဆိတ်ဆွစားသောက်ကြသောကြောင့် မိခင်ကျီးကန်း သေရသည်ဟု ပုံပြင်၊ ကဗျာများတွင် တင်စားပြောဆိုကြသည်။၅။ အဿသိုရ်မြင်းမ (အဿသိုရ်မြင်းမသည်လည်း တသားမွေးပြီးသေရသည်)"အဿသိုရ်မြင်း" ဆိုသည်မှာ မြန်မာ့အယူအဆတွင် အလွန်လျှင်မြန်ပြီး အားအင်ကြီးမားသော နတ်မြင်းပျံတစ်မျိုး ဖြစ်သည်။ ဤမြင်းမသည် သားငယ် (မြင်းကလေး) ကို မွေးဖွားပြီးသည်နှင့် တစ်ပြိုင်နက် သေဆုံးရသည့် သဘာဝရှိသည်ဟု ရှေးစာပေများတွင် ဆိုရိုးပြုခဲ့ကြသည်။

တခြားဘာပင်ရှိသေးလဲဘယ်တရိစ္ဆာန်ရှိသေးလဲသိရင်မန့်ခဲပေးပါ တသီးသီးသေတဲ့အပင်နဲ့တသားမွေးသေတဲ့တရိစ္ဆာန်

လူတွင်မကျင့်အပ်
22/06/2026

လူတွင်မကျင့်အပ်

ပလက်ဝမြို့နယ်မှာ ​နေထိုင်လူဦး​ရေ၂၀၁၉ ခုနှစ် စာရင်းအရ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ လူဦး​ရေတွင် ချင်း -၈၈၅၇၇ရခိုင် - ၁၈...
21/06/2026

ပလက်ဝမြို့နယ်မှာ ​နေထိုင်လူဦး​ရေ

၂၀၁၉ ခုနှစ် စာရင်းအရ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ လူဦး​ရေတွင်

ချင်း -၈၈၅၇၇
ရခိုင် - ၁၈၂၃၄

တို့ ​နေထိုင်သည်။

Here is the number of population reside in Paletwa town in Chin State, Myanmar.

ဘုန်းဘုန်းကြီးဘုရား တပည့်တော်မေးခွန်းလေးမေးလျှောက်ချင်လို့ပါ။ ဘုန်းဘုန်းကြီး - မေးပါ။မိမိ - ဃဋိကာရ ဗြဟ္မာကြီးအကြောင်းပါဘ...
19/06/2026

ဘုန်းဘုန်းကြီးဘုရား တပည့်တော်မေးခွန်းလေးမေးလျှောက်ချင်လို့ပါ။

ဘုန်းဘုန်းကြီး - မေးပါ။

မိမိ - ဃဋိကာရ ဗြဟ္မာကြီးအကြောင်းပါဘုရား။ သူဟာ အနာဂါမ်အဖြစ် ကဿပဘုရားလက်ထက်ရော ဂေါတမဘုရားလက်ထက်ပါ မှီခဲ့တဲ့သူလို့ တပည့်တော်သိရှိရပါတယ်။ ဒီဘဒ္ဒကမ္ဘာတည်သ၍ သူအသက်ရှည်မှာပါလား။ အရိမေတ္တယဘုရားရော သူ မှီဦးမှာလား ဘုရား။ ယခုရော ဗြဟ္မာပြည်မှာ ရှိနေသေးပါလားဘုရား။

ဘုန်းဘုန်းကြီး၏အဖြေ။

ဘုန်းဘုန်း ဃဋိကာရသုတ္တန်အကြောင်းတရားတစ်ပုဒ် ဟောထားတယ်။

ဟုတ်တယ် အဲ့ဒီဗြဟ္မာကြီးက ကဿပဘုရားလက်ထက်က အိုးထိန်းသည်ကြီး။ ကဿပဘုရားနဲ့အရမ်းကိုရင်းနှီးတဲ့ သူငယ်ချင်းတွေ။ အဲ့ဒီ့အချိန် ဂေါတမဘုရားအလောင်းဟာ ဗြဟ္မဏမျိုးမှ ဇောတိပါလဆိုတဲ့ ပုဏ္ဏားလုလင်။ ဘုရားအလောင်းဟာ ကဿပဘုရားကို မကြည်ညိုတဲ့သူ အရင်က။ ဒါနဲ့ ဃဋိကာရအိုးထိန်းသည်ကြီးက သူ့သူငယ်ချင်းဖြစ်တဲ့ ဇောတိပါလကိုလည်း သျှောင်ကိုဆွဲလုလုနဲ့ ကဿပဘုရားဆီခေါ်သွားတာလည်း သူပဲ။

ကဿပဘုရားနဲ့ ဘယ်လောက်တောင် ရင်းနှီးလဲဆိုရင် သူ့မိဘနှစ်ပါးက မျက်မြစိမမြင်ကြတော့ ဘုရားအတွက်ဆွမ်းတွေပြင်ပြီးထား “ကိုယ်တော့်ဖာသာ ယူပြီးဘုဉ်းပေးလို့လျှောက်ထား”တော့ သူအိုးလုပ်ဖိုတောထဲသွားနေချိန်ဆို ကဿပဘုရားက ဆွမ်းခံဖို့အိမ်ကြွလာတဲ့အခါ သူ့ဖာသာသူပဲ ဘုဉ်းပေးသုံးဆောင်သွားတယ်။

နောက်ပြီး ကဿပဘုရားရဲ့ကျောင်းတော်က အဆောင်တစ်ခု “ဘုန်းထင်တာ သက်ကယ်မိုးပဲဖြစ်မယ် သိပ်ကောင်းပုံ မရဘူး” မိုးမလုံတော့ ဃဋိကာရအိုးထိန်းသည်ကြီးရဲ့အလုပ်တဲမှ အမိုးတွေ ရဟန်းတွေကို ဖြုတ်ယူဖို့ခိုင်းလိုက်တယ်။ အဲ့သလောက်ထိ ရင်းနှီးတာ ကဿပဘုရားနဲ့။

အခုတော့ ဃဋိကာရဗြဟ္မာကြီးက ရဟန္တာအဖြစ်နဲ့ သုဒ္ဓါဝါသ(၅)ဘုံ မှာရှိတယ်။ သူတို့ရဲ့သက်တမ်းဟာ မဟာကပ် ခေါ် ကမ္ဘာပေါင်း ငါးရာမှ တစ်ထောင်အထိ သက်တမ်းရှည်ကြာတယ်။ ဒါကြောင့် နောက်ဘုရားအဆူဆူကို မှီဖို့ရှိနိုင်တယ်။

တင်ပါ့ဘုရား။
ကျေးဇူးကြီးပါတယ်။
တပည့်တော် ဃဋိကာရသုတ္တန်အကြောင်းရှာဖွေ နာယူပါ့မည်ဘုရား။

ဘုန်းဘုန်းကြီး - ကောင်းပြီ။

🙏🙏🙏

၁၈/၆/၂၀၂၆

အုတ်ခဲပုံကြီးကို ရှိခိုးဦးချနေခြင်းမဟုတ် *🙏🙏🙏🌹🌹🌹တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းများမှာ -(၁) တံခွန်တိုင် = မာန ( ရတနာတော်မ...
18/06/2026

အုတ်ခဲပုံကြီးကို ရှိခိုးဦးချနေခြင်းမဟုတ် *
🙏🙏🙏🌹🌹🌹
တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းများမှာ -

(၁) တံခွန်တိုင် = မာန ( ရတနာတော်မြတ် ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)

(၂) ပန်းတင်ခုံ = ပတ္ထနာ - နိဗ္ဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃) ရှစ်မြှောင့် = မွေးခြင်း(၄)မျိုး+ သေခြင်း(၄) မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်

(၄) ကြီ၀င်း-၅ခု = ဂတိ-၅ပါးမှ လွတ်အောင် ကြိုးစားကြရန်

(၅) ခါးစည်း = သီလ/သမာဓိ/ပညာ ဟူသော အဓိသိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆) ခေါင်းလောင်း = မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တဝါများသို့ မျှဝေပေးရန်

(၇) ဖောင်းရစ်-၇ရစ် = ဝိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်

(၈) သပိတ်မှောက် = တဏှာ/မာန/ဒိဌိ(အယူမှား) ဟူသော သံသရာနယ်ချဲ့တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန့်ကျင်တော်လှန်ကြရန်

(၉) ဘီလူးပန်းဆွဲ-၁၆ခု = ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀) ကြာမှောက်/ကြာလှန်= ကြာပန်းသည် ဗုဒ္ဓမြတ်စွာဘုရား၏သင်္ကေတ

(၁၁) ထီးတော်ဘုံ ၇ဆင့် = အေးငြိမ်းသည့် အရိယာသူတော်စင်တို့ ရရှိခံစားရသည့်မဂ်(၃)တန်+ ဖိုလ်(၄)တန်(သောတာပတ္တိမဂ်အပါအ၀င်)

(၁၂) ငှက်မြတ်နား = ရဟန္တာအရှင်မြတ်တို. ခန္ဒာ၀န်မချမီ စာရေး စာချ တရားဟော တရားပြ/သာသနာပြုသူတော်မြတ်အလုပ်များဖြင့် ခေတ္တနားခိုရာ

(၁၃) စိန်ဖူးတော် = စိန်တွင် အညစ်အကြေးပါဝင်မှု ကင်းစင်သလို ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊စ်ိတ်အညစ်အကြေး(ကိလေသာ)အားလုံး ကင်းစင်သည့် နိဗ္မာန်တရားတော်မြတ်

သူတော်ကောင်းတရား လွှမ်းပတ်ကမ္ဘာတည်ပါစေ…

ယုတ်မာညစ်ဆိုး ဒုစရိုက်မျိုးကို
သူတော်လက်နက် တရားစက်ဖြင့်
ဖြိုဖျက်နိုင်ကြပါစေ…

အလောင်းအလျာ ဖြည့်ကောင်းရာသည့်
သုံးဖျာဆယ်လီ ပါရမီတော်တို့ကို
မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း…🙏🙏🙏
#မည်သူမဆိုခွင့်မတောင်းဘဲကူးယူနိင်ပါသည်
#ရည်မှန်းချက်ကွာခြားပုံ
#တရားတော်များနာယူနိုင်ပါစေ
#တရားအမေးအဖြေများ

🙏🙏🙏ဘုရားရှင်လက်ထက်၌(ဧတဒဂ်ဘွဲ့)ရအမျိုးသမီး(၆)ယောက်🙏🙏🙏        ========================= ၁။ ဝိသာခါ (ကျောင်းအမကြီး)ရရှိသောဧတ...
18/06/2026

🙏🙏🙏ဘုရားရှင်လက်ထက်၌(ဧတဒဂ်ဘွဲ့)ရအမျိုးသမီး(၆)ယောက်🙏🙏🙏
=========================
၁။ ဝိသာခါ (ကျောင်းအမကြီး)ရရှိသောဧတဒဂ်ဘွဲ့ - အလှူဒါနပေးကမ်းရာ၌ အမြတ်ဆုံးဖြစ်သော “ဒါယိကာနံ အဂ္ဂ” ဘွဲ့။အကျဉ်းချုပ် - သာဝတ္ထိပြည်မှ ဓနဉ္စယသူဌေး၏ သမီးဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကပင် သောတာပန် တည်ခဲ့သည်။ မြတ်စွာဘုရားနှင့် သံဃာတော်များအတွက် ပုဗ္ဗာရုံ မိဂါရမာတာ ကျောင်းတော်ကြီး ကို ဆောက်လုပ်လှူဒါန်းခဲ့သူ ဖြစ်သည်။၂။ ခုဇ္ဇုတ္တရာရရှိသောဧတဒဂ်ဘွဲ့ - ဗဟုသုတအကြားအမြင်များသောအရာ၌ အမြတ်ဆုံးဖြစ်သော “ဗဟုဿုတာနံ အဂ္ဂ” ဘွဲ့။အကျဉ်းချုပ် - ကောသမ္ဗီပြည် သာမာဝတီမိဖုရားကြီး၏ ခါးကုန်းသော အစေခံကျွန်မ ဖြစ်သည်။ မြတ်စွာဘုရားထံမှ တရားတော်များကို နာယူမှတ်သားပြီး မိဖုရားကြီးနှင့် အခြံအရံ ၅၀၀ တို့အား တစ်ဆင့်ပြန်လည်ဟောကြားပေးခဲ့ရာ အားလုံးသောတာပန် တည်ခဲ့ကြသည်။ ၎င်းဟောကြားခဲ့သော တရားများကို စုစည်းထားမှုသည် ပိဋကတ်တော်လာ ဣတိဝုတ္တကပါဠိတော် ဖြစ်လာသည်။၃။ သာမာဝတီ (မိဖုရားကြီး)ရရှိသောဧတဒဂ်ဘွဲ့ - မေတ္တာဝိဟာရီ (မေတ္တာပွားများခြင်း) အရာ၌ အမြတ်ဆုံးဖြစ်သော “မေတ္တာဝိဟာရီနံ အဂ္ဂ” ဘွဲ့။အကျဉ်းချုပ် - ကောသမ္ဗီပြည် ဥတေနမင်းကြီး၏ မိဖုရားကြီး ဖြစ်သည်။ မာဂဏ္ဍီမိဖုရား၏ မနာလို ငြူစူဖျက်ဆီးမှုများကို မေတ္တာတရားဖြင့်သာ တုံ့ပြန်ခဲ့သည်။ နောက်ဆုံးတွင် မာဂဏ္ဍီ၏ မီးရှို့လုပ်ကြံမှုကြောင့် အခြံအရံ ၅၀၀ နှင့်အတူ မီးလောင်တိုက်သွင်းခံရစဉ် သေခါနီးအချိန်အထိ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းကာ အနာဂါမ်တည်၍ ကွယ်လွန်ခဲ့သည်။၄။ ဥတ္တရာ (ဥပါသိကာမ)ရရှိသောဧတဒဂ်ဘွဲ့ - မနာလိုဝန်တိုမှုမရှိဘဲ သူတစ်ပါးကောင်းကွက်ကို ကြည့်တတ်သောအရာ၌ အမြတ်ဆုံးဖြစ်သော “အနုဇ္ဈန္တီနံ အဂ္ဂ” ဘွဲ့။အကျဉ်းချုပ် - ရာဇဂြိုဟ်ပြည်မှ သူဌေးကြီး သုမန၏ သမီးဖြစ်ပြီး မိမိလင်သား (မိစ္ဆာဒိဋ္ဌိဖြစ်သူ လင်သားနှင့် ယောက္ခမများ) အား မေတ္တာတရားဖြင့် တရားစီရင်ခဲ့သူ ဖြစ်သည်။ မိမိကိုယ်စား လင်သားကို ပြုစုရန် ပြည့်တန်ဆာမ သိရိမာကို ငှားရမ်းခဲ့သည်။ နောက်ပိုင်းတွင် သိရိမာက မနာလိုသဖြင့် ဥတ္တရာ၏ ဦးခေါင်းပေါ်သို့ ဆီပူများဖြင့် လောင်းချသော်လည်း ဥတ္တရာသည် လုံးဝစိတ်မဆိုးဘဲ မေတ္တာပွားနိုင်ခဲ့သဖြင့် ဆီပူများမှာ ရေအေးကဲ့သို့ ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် မိသားစုတစ်ခုလုံးနှင့် သိရိမာပါ သောတာပန် တည်ခဲ့ကြသည်။၅။ သုပ္ပဝါသာ (ကောလိယမင်းသမီး)ရရှိသောဧတဒဂ်ဘွဲ့ - မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို လှူဒါန်းသောအရာ၌ အမြတ်ဆုံးဖြစ်သော “ပဏီတဒါယိကာနံ အဂ္ဂ” ဘွဲ့။အကျဉ်းချုပ် - ကောလိယမင်းရိုးမှ သုပ္ပဝါသာမင်းသမီးသည် (ရှင်သီဝလိမထေရ်၏ မိခင်) ဖြစ်သည်။ ပဋိသန္ဓေကို ၇ နှစ်၊ ဖွားမြင်ရခက်ခဲခြင်းကို ၇ ရက်တိုင်တိုင် ခံစားခဲ့ရသော်လည်း သောတာပန်ဖြစ်၍ စိတ်ဓာတ်မကျဘဲ မြတ်စွာဘုရားအား မွန်မြတ်လှသော လှူဖွယ်ဝတ္ထုများဖြင့် အမြဲတစေ ဆုတောင်းကာ ပေးလှူပူဇော်လေ့ရှိသည်။၆။ နကုလမာတာ (သူဌေးကတော်)ရရှိသောဧတဒဂ်ဘွဲ့ - အကျွမ်းတဝင်ရှိသောအရာ၌ အမြတ်ဆုံးဖြစ်သော “ဝိဿာသိကာနံ အဂ္ဂ” ဘွဲ့။အကျဉ်းချုပ် - သုသုမာရဂိရမြို့မှ သူဌေးကတော်ကြီး ဖြစ်သည်။ လင်ဖြစ်သူ နကုလပိတာသူဌေးနှင့်အတူ အတိတ်ဘဝများစွာက မြတ်စွာဘုရားလောင်း၏ မိဘ၊ ဘိုးဘွား တော်စပ်ခဲ့ဖူးသဖြင့် မြတ်စွာဘုရားအား မြင်မြင်ချင်း “ငါ့သားကြီး” ဟု ချစ်ခင်စနိုး ခေါ်ဝေါ်ကာ ရင်းနှီးကျွမ်းဝင်မှု အရှိဆုံးအဖြစ် ဧတဒဂ်ရခဲ့သည်။ လင်မယားနှစ်ဦးလုံး သောတာပန် တည်ခဲ့ကြသည်။
မှတ်ချက်.....အမျိုးသမီးတိုင်းဘုရားဆုပန်ခွင့်မရပေမဲ့ယောက်ျားကောင်းယောက်ျားမြတ်ဘဝကိုဆုပန်လို့ရပါသည်ယောက်ျားဘဝကနေဘုရားဆုပန်နိုင်ပါသည်အမျိုးသမီးဘဝနဲ့လဲကောင်းမှုကုသိုလ်ပြုလုပ်လျှင်နိမ္ဗာန်ကိုဝင်စံချုပ်ငြိမ်းနိုင်ပါသည်မိန်းမမြတ်ဘဝမှသူတော်ကောင်းအမျိုးသမီးများဖြစ်ကျပီးပြုပြုသမျှကုသိုလ်အစုစုကြောင့်နိဗ္ဗူရွှေပြည်ကြီးကိုတက်လှမ်းနိုင်တဲ့သူတော်ကောင်းမိန်းမမြတ်များဖြစ်ကျပါစေ
မေတ္တာရေစင်
#အမျိုးသမီးထုအတွက်မျှဝေပေးခြင်းဖြင့်
#ကုသိုလ်ပြုသူတော်ကောင်း
#မိန်းမမြတ်များဖြစ်နိုင်ကျပါစေ
#အသိပညာမျှဝေပါသည်

တစ်ချိန်က ပလက်ဝမြို့အဓိကဆိပ်ကမ်း
14/06/2026

တစ်ချိန်က ပလက်ဝမြို့အဓိကဆိပ်ကမ်း

Address

Karpal Singh 2
George Town
11600

Alerts

Be the first to know and let us send you an email when Paletwa Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share